← Chapters

အခန်း (၃၄)

Vol. 3 Ch. 34

အခန်း (၃၄)

Vol. 3 Ch. 34

လတစ်လသည် လျင်မြန်စွာနဲ့ ကုန်လွန်သွားခဲ့သည်။

လင်းပိုင်ဖန်၏ အထောက်အပံ့ဖြင့် နိုင်ငံသူ၊ နိုင်ငံသားများသည် သတ္တုတွင်းတူးသူများ၊ မြေအသစ်ဖော်သူများ၊ တူးမြောင်းတူးတဲ့ အလုပ်သမားများ၊ စစ်သည်တော်များ ဖြစ်လာကြပြီး စည်ကားလျက်ရှိနေသည်။ အရာရာတိုင်းသည် မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီး ကြီးပွားတိုးတက်သော အခြေအနေကို ပြသနေပြီဖြစ်သည်။

သို့သော်လည်း အိမ်နီးချင်း မို နိုင်ငံတော်၏ အခြေအနေမှာမူ ကောင်းမွန်ခြင်းမရှိပေ။

လင်းပိုင်ဖန်သည် မြေဩဇာကောင်းသည့် မြေအားလုံးကို သယ်ဆောင်သွားခြင်းကြောင့် ဟုတ်မဟုတ် မသေချာသော်လည်း အသစ် စိုက်ပျိုးထားသော စပါးပျိုးပင်များသည် တဖြည်းဖြည်း ညှိုးနွမ်းကာ ဝါသွားကြသည်။

စပါးပျိုးပင်များပတ်လည်ရှိ မြက်ပင်များပင် ပေါက်ရောက်မှု ရပ်တန့်သွားခဲ့သည်။

မို နိုင်ငံမှ လယ်သမားများအားလုံး စိတ်ပူပန်မှုတို့ကြောင့် ဆံပင်များပင် ဖြူလာသည်အထိ စိုးရိမ်ပူပန်နေခဲ့ကြသည်။

“ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ? မိုးခေါင်တာလည်း မဟုတ်ဘဲနဲ့ စပါးပျိုးပင်တွေက ဘာလို့ ညှိုးနေရတာလဲ?”

“ဟုတ်တယ်၊ ငါလည်း နားမလည်နိုင်ဘူး! ဒီလယ်ကို ကြည့်စမ်း၊ ရေကလည်း မနည်းဘူး၊ ပိုးမွှားတွေကလည်း ပုံမှန်ထက် မများဘူး။ အရင်နှစ်တွေကဆိုရင် ငါတို့ ဆန်စပါးတွေ အများကြီး ရိတ်သိမ်းနိုင်ခဲ့တာ! ဒါပေမဲ့ အခုတော့ အကုန်လုံး ညှိုးနွမ်းနေပြီ!”

“ငါ အိမ်နီးချင်းရွာက စပါးခင်းတွေကို သွားကြည့်တာ၊ အခြေအနေတွေက အတူတူပဲ။ ဒီနှစ်တော့ ငါတို့ အထွက်နှုန်း နည်းမှာ သေချာပြီ!”

“ဘာတွေဖြစ်နေတာလဲကွာ? တစ်ယောက်ယောက် ဖြေရှင်းနည်း စဉ်းစားပေးကြပါဦး! သီးနှံတွေ မရိတ်သိမ်းနိုင်ရင်တော့ ငါတို့ အပြစ်ပေးခံရတော့မှာ သေချာတယ်!”

“အပြစ်ပေးခံရမှာကို မပြောနဲ့တော့၊ အငတ်မခံရရင်ပဲ ကံကောင်းတယ်လို့ မှတ်ရတော့မယ်!”

လူတိုင်း၏ မျက်နှာများသည် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။

ခြောက်လခန့် ကြိုးကြိုးစားစား လုပ်ကိုင်ပြီးနောက်တွင် ဤရိတ်သိမ်းမှုကနေ ရလာမယ့် ဝင်ငွေအပေါ် မျှော်လင့်ချက်များ ထားခဲ့ကြသည်။

သီးနှံများ ပျက်စီးသွားပါက စားစရာ မရှိတော့မည့်အပြင် ရိုက်နှက်ခြင်းပင် ခံရမည်ဖြစ်ပြီး သူတို့၏ အသက်ပင် အန္တရာယ်ရှိနိုင်သည်။

ဤအရေးကြီးသော အချိန်တွင် လိမ္မာပါးနပ်သော လယ်သမားတစ်ဦးက အကြံတစ်ခု ပေးလိုက်သည်။

“ငါကြားတာကတော့ အိမ်နီးချင်း ရှ နိုင်ငံက လူပေါင်း သန်းချီပြီး ထုတ်လုပ်မှုတွေမှာ ကြီးကြီးမားမား လုပ်ဆောင်နေကြတယ်တဲ့၊ သတ္တုတူးတာ၊ မြေလွတ်တွေ ဖော်တာ၊ တူးမြောင်းတွေ တူးတာနဲ့ အလုပ်တွေ အရမ်းရှုပ်နေကြတာပဲ! မင်းသာ ကြိုးကြိုးစားစား လုပ်မယ်ဆိုရင် စားစရာအပြင်၊ ငွေပါ ရှာလို့ရတယ်။ ဒါဆို ငါတို့ ရှ နိုင်ငံကို ထွက်ပြေးကြရင် မကောင်းဘူးလား?”

ဤစကားသည် လူအများအပြားကို စိတ်ဝင်စားသွားစေခဲ့သည်။

အရင်ကဆိုလျှင် သူတို့သည် ရှ နိုင်ငံသို့ ထွက်ပြေးရန် စဉ်းစားမည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ထိုအချိန်က မို နိုင်ငံသည် ရှ နိုင်ငံထက် အဆများစွာ အင်အားကြီးမားပြီး မြေဩဇာ ပိုကောင်းခြင်း၊ စီးပွားရေး ပိုမိုဖွံ့ဖြိုးခြင်းနှင့် နိုင်ငံအင်အား ပိုမိုတောင့်တင်းခြင်းတို့ကြောင့်ပင် ဖြစ်သည်။

သူတို့၏ အုပ်ချုပ်သူသည် ပညာရှိ ဘုရင်တစ်ပါး မဟုတ်သော်လည်း လက်ရှိအခြေအနေကို ထိန်းသိမ်းထားနိုင်သော ဘုရင်တစ်ပါးဟု ယူဆနိုင်သည်။

အနည်းဆုံးတော့ ရှ နိုင်ငံတော်၏ မိုက်မဲသော ဧကရာဇ်ထက်တော့ အများကြီး ပိုကောင်းသည်။

သို့သော် ယခုအခါတွင် သူတို့သည် စားစရာပင် လုံလောက်စွာ မရနိုင်ဘဲ အငတ်ဘေးနှင့် နီးကပ်နေပြီဖြစ်သည်။ ထိုသို့သော အရာများကို စဉ်းစားရန်အတွက် အခန်းကဏ္ဍ ဘယ်မှာ ရှိတော့မည်နည်း?

ဟုတ်ပါသည်၊ စားစရာရနိုင်တဲ့ နေရာကို သူတို့ ပြေးကြရမှာပေါ့။

“ငါတို့က မို နိုင်ငံကဆိုတော့ ရှ နိုင်ငံက လက်ခံပါ့မလား?” ဟု တစ်စုံတစ်ဦးက အဓိကကျသော မေးခွန်းတစ်ခု မေးခဲ့သည်။

“ဒါက ကြီးမားတဲ့ ပြဿနာတော့ မဟုတ်ဘူး!”

ထိုလိမ္မာပါးနပ်သူက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။ “အိမ်နီးချင်းနိုင်ငံတွေက လူသိန်းပေါင်းများစွာက အသက် မွေးဝမ်းကျောင်းအတွက် ရှ နိုင်ငံကို ထွက်ပြေးသွားကြပြီလို့ ငါကြားတယ်။ အဲဒီ မိုက်မဲတဲ့ ဧကရာဇ်က ဘယ်သူ့ကိုမှ မောင်းထုတ်တာမျိုး မရှိဘဲ တော်တော် ရက်ရောတယ်တဲ့! မင်းသာ ကြိုးကြိုးစားစား အလုပ်လုပ်ရင် စားစရာလည်း ရှိမယ်၊ ငွေပါ ရှာလို့ရသေးတယ်! ငါတို့မှာ တခြား ရွေးစရာမရှိတော့တဲ့အတွက် ဘာလို့ မစမ်းကြည့်ရမှာလဲ?”

“မင်းပြောတာ မှန်တယ်! အနည်းဆုံးတော့ အခွင့်အရေးကို စမ်းကြည့်ရမယ်၊ မဟုတ်ရင်တော့ သေဖို့ပဲ စောင့်နေရုံပဲ ရှိတော့မယ်!”

“နှစ်လ သုံးလလောက်တော့ ဝင်ပြီး ရောနှောပြီး နေကြည့်ရအောင်၊ ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ရအောင်!”

“ငါ အခုပဲ ပစ္စည်းတွေ ထုပ်ပြီး မနက်ဖြန် ထွက်မယ်!”

မို နိုင်ငံမှ လူအများအပြားသည် တစ်ညလုံး ၎င်းတို့၏ ပစ္စည်းများကို ထုပ်ပိုးပြီး အိမ်နီးချင်း ရှ နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။

ရှ နိုင်ငံက အမှန်တကယ်ပင် လာရောက်သူ အားလုံးကို ကြိုဆိုခဲ့သည်။ အလုပ်ကို လုပ်နိုင်သရွေ့၊ ဒုက္ခနှင့် ပင်ပန်းမှုကို မကြောက်သရွေ့၊ စီစဉ်ပေးသည်များကို လိုက်နာလိုသရွေ့ အလုပ်လုပ်ရန်၊ စားရန်နှင့် ငွေရှာရန် အခွင့်အရေးများ ရှိပေသည်။

ထို့ကြောင့် သူတို့၏ စိုးရိမ်ပူပန်နေသော စိတ်နှလုံးများသည် နောက်ဆုံးတွင် ငြိမ်သက်သွားကာ အလုပ်ကို အလေးအနက်ထား လုပ်ဆောင်ခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် မို နိုင်ငံ၏ မြို့တော်တွင် အဓိက ဂိတ်တံခါးများကို ဖြတ်သန်းခွင့်ပြုရန် နောက်ဆုံးတွင် ဖွင့်လိုက်ကြသည်။

တစ်လကြာမှ တံခါးဖွင့်ရခြင်း အကြောင်းရင်းမှာ လင်းပိုင်ဖန်၏ ရုတ်တရက် တန်ပြန်တိုက်ခိုက်လာမည်ကို မို နိုင်ငံ၏ ဧကရာဇ်က ကြောက်ရွံ့နေခြင်းကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် သူတို့သည် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ကြသည်။

အခြားတစ်ဖက်က ပြန်လာတော့မည် မဟုတ်ကြောင်း သေချာမှသာ တံခါးများကို ဖွင့်ခဲ့ကြသည်။

တံခါးဖွင့်ပြီးနောက် ပထမဦးဆုံး လုပ်ဆောင်ရမည့် အရာမှာ စစ်သားစုဆောင်းခြင်းပင် ဖြစ်သည်။

စစ်သည်အင်အား ၂၀၀,၀၀၀ သာ ရှိသဖြင့် နိုင်ငံတော်၏ တပ်ဖွဲ့များသည် ထိုမျှ ကျယ်ပြန့်သော နယ်မြေကို ကာကွယ်ရန် အင်အား နည်းလွန်းလှသည်။

ဒုတိယအချက်မှာ ဆန်စပါးများ စုဆောင်းခြင်းပင် ဖြစ်သည်။

လင်းပိုင်ဖန်သည် ၎င်းတို့၏ မြို့တော်ကို တိုက်ခိုက်ရဲလိမ့်မည်ဟု မည်သည့်အခါမှ မမျှော်လင့်ခဲ့ကြသောကြောင့် မြို့တော်ရှိ စားနပ်ရိက္ခာ သိုလှောင်မှုသည် မလုံလောက်ဘဲ ကုန်လုနီးပါး ဖြစ်နေခဲ့သည်။ ဖြည့်တင်းရန် အချိန်တန်ပြီဖြစ်သည်။

သို့သော်လည်း မို နိုင်ငံ၏ ဧကရာဇ်သည် သတင်းဆိုးများကိုသာ ဆက်လက် ရရှိနေခဲ့သည်။

“ဘာ?! ငါတို့ စစ်သား လုံလောက်အောင် စုဆောင်းလို့ မရဘူးလား? ယောကျာ်းသား အများစုက ရှနိုင်ငံကို ထွက်ပြေးသွားကြပြီတဲ့လား?” မို နိုင်ငံ၏ ဧကရာဇ်သည် တုန်လှုပ် ချောက်ချားသွားခဲ့သည်။

“မှန်ပါသည်၊ အရှင်မင်းကြီး! စပါးပျိုးပင်များက အကြောင်းရင်းမသိရဘဲ ညှိုးနွမ်းကာ ဝါသွားသောကြောင့် စပါးထွက်နှုန်းက ကျဆင်းသွားပါသည်။ အငတ်ဘေးနှင့် ပြစ်ဒဏ်ကို ကြောက်ရွံ့၍ သူတို့သည် မြေအသစ်များ ဖော်ရန်နှင့် တူးမြောင်းများ တူးရန် ရှ နိုင်ငံတော်သို့ ထွက်ပြေးသွားကြပါပြီ” ဟု အသက်ကြီးကြီး ဝန်ကြီးတစ်ဦးက ခါးသီးသော အပြုံးဖြင့် အစီရင်ခံလိုက်သည်။

မိုနိုင်ငံ၏ ဧကရာဇ်၏ မျက်နှာသည် မည်းမှောင်သွားခဲ့သည်။

ဒီရှ နိုင်ငံပဲလား?

ထိုစကားလုံး နှစ်လုံးကို ကြားလိုက်သောအခါ သူသည် ဒေါသထွက်လာခဲ့ပြီး အနည်းငယ်ပင် ကြောက်ရွံ့သွားခဲ့သည်။

“သူတို့ကို ဂရုမစိုက်နဲ့! သူတို့ ထွက်ပြေးချင်ရင် ပြေးပါစေ၊ ရှ နိုင်ငံရဲ့ ရိက္ခာတွေကို သူတို့တွေ ကုန်ခန်းပါလေ့စေ။ ဒါက ငါ့အတွက် သူတို့ရဲ့ လက်စားချေပေးတာ ဖြစ်လိမ့်မယ်!”

မို နိုင်ငံ၏ ဧကရာဇ်သည် မျက်နှာမသာမယာဖြင့် ပြောလိုက်သည်။ “ဆန်စပါးတွေကရော? အရေးကြီးဆုံးက ဆန်စပါးပဲ!”

“ဆန်စပါးလား… အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့ ဆန်စပါး စုဆောင်းဖို့က နည်းလမ်းမရှိပါဘူး!” ဟု ဝန်ကြီးက ခေါင်းငုံ့ကာ ပြောလိုက်သည်။

မို နိုင်ငံ၏ ဧကရာဇ်သည် နောက်တစ်ကြိမ် ထိတ်လန့်သွားပြီး- “ဘာ?! ဆန်စပါးက စုဆောင်းလို့ မရဘူးလား? ဘာဖြစ်လို့လဲ?”

“အရှင်မင်းကြီး၊ ရှ နိုင်ငံတော်ရဲ့ စစ်တပ် ဆုတ်ခွာသွားတုန်းက လမ်းတစ်လျှောက်ရှိ ဆန်စပါးအားလုံးကို ယူသွားခဲ့တယ်! အခုတော့ ကျွန်ုပ်တို့ နိုင်ငံသားတွေက ရှ နိုင်ငံတော်ကို ထွက်ပြေးသွားကြတော့ သူတို့လည်း ဆန်စပါးအချို့ကို ယူသွားကြတယ်။ ဒါကြောင့် ကျွန်တော်မျိုးတို့မှာ ဆန်စပါးက တကယ်ပဲ မကျန်တော့ပါဘူး!”

မို နိုင်ငံ ဧကရာဇ်၏ မျက်နှာသည် ပို၍ပင် မည်းမှောင်သွားကာ ခရမ်းရင့်ရောင်သို့ပင် ပြောင်းသွားခဲ့သည်။

လာပြန်ပီ ဒီ ရှနိုင်ငံပဲ!

ဘာလို့ ဒီလို အစွဲမပြတ်တဲ့ သရဲလိုမျိုး အမြဲတမ်း ရှိနေရတာလဲ?

သူ့ဘဝတစ်သက်တာမှာ ရှိခဲ့သမျှ ဂုဏ်ကျက်သရေ အားလုံးသည် ဤစကားလုံး နှစ်လုံးကြောင့်ပင် ပျက်စီးခဲ့ရသည်!

All Chapters