← Chapters

အခန်း (၃၅)

Vol. 3 Ch. 35

အခန်း (၃၅)

Vol. 3 Ch. 35

ရှ နိုင်ငံရဲ့ အမည်ကို ကြားတိုင်း သူသည် လင်းပိုင်ဖန်၏ မောက်မာသော မျက်နှာကို သတိရကာ ဒေါသတွေသည် မထိန်းနိုင် မသိမ်းနိုင် ပွင့်ထွက်လာတော့သည်။

"လင်းပိုင်ဖန်၊ မင်း ဒီလောက် မမောက်မာစမ်းနဲ့! မကြာခင် ငါ စစ်တပ်ကို ဦးဆောင်ပြီး တောင်ဘက်ကို ချီတက်မယ်၊ ရှ နိုင်ငံကို ဖျက်စီးပြီး မင်းကို ဖမ်းဆီးမယ်၊ ပြီးတော့ တိုင်းပြည်အရေးရော၊ ကိုယ်ရေးကိုယ်တာ အငြိုးတွေရော ပြေစေဖို့ လင်ချီ ( အစိတ်စိတ် အပိုင်းပိုင်း ပိုင်းဖြတ်၍ သေဒဏ်ပေးခြင်း) စီရင်ချက်နဲ့ ကွပ်မျက်ပစ်မယ်!"

မိုနိုင်ငံရဲ့ ဧကရာဇ်သည် ဒေါသကို ထိန်းချုပ်ရန် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်၊ အဘယ်ကြောင့်ဆိုသော် အခုက ဒေါသထွက်နေရမည့် အချိန် မဟုတ်ဘူးဆိုတာ သူသိနေလို့ ဖြစ်သည်။

"အရင်ဆုံး စားနပ်ရိက္ခာပြဿနာကို ဖြေရှင်းပြီးမှ တခြားကိစ္စတွေ ပြောကြမယ်"

"ပြည်တွင်းမှာ ဆန်စပါးမရှိရင် အရာရာ ရပ်တန့်သွားလိမ့်မယ်။ အမတ်တို့၊ မောင်မင်းတို့ထဲမှာ ကောင်းမွန်တဲ့ အကြံညဏ်များ ရှိပါသလား" ဟု မိုနိုင်ငံ ဧကရာဇ်က မေးလိုက်သည်။

"အရှင်မင်းကြီး၊ ပြည်တွင်းမှာ ဆန်စပါးမရှိတဲ့အပြင် ဆောင်းဦး ရိတ်သိမ်းဖို့ကလည်း လပေါင်းများစွာ လိုသေးတာကြောင့် ကျွန်တော်မျိုးတို့ ပြည်ပက ဝယ်ယူရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိပါဘူး! ဒါပေမယ့်လည်း အဲ့ဒီ မျိုးနွယ်စုကြီးတွေက အလွန်တရာကို လောဘကြီးတာမို့ ကျွန်တော်မျိုးတို့ မြင့်မားလှတဲ့ ဈေးနှုန်း ပေးရနိုင်ပါတယ်" ဟု သက်ကြီးအမတ်တစ်ဦးက ပြောလိုက်သည်။

မိုနိုင်ငံ ဧကရာဇ်သည် ခေါင်းညိတ်ပြကာ သူ၏ပူပန်မှုကို ထုတ်ဖော်လိုက်ပြီး- "ဘယ်လောက်ပဲ ကုန်ကျပါစေ၊ ငါတို့ လုံလောက်တဲ့ ဆန်စပါးကို ရအောင် ဝယ်ယူရမယ်။ မဟုတ်ရင် တိုင်းပြည် အန္တရာယ်ကျရောက်လိမ့်မယ်! ဝန်ကြီးလီ၊ ဒီကိစ္စကို ခင်ဗျားကို အပ်နှင်းလိုက်မယ်!"

"အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး!" ဟု သက်ကြီးအမတ်က အမိန့်ကို လက်ခံလိုက်သည်။

ထိုအချိန်တွင် မိုနိုင်ငံ ဧကရာဇ်သည် ရှ နိုင်ငံနှင့် ထိုအရူးဧကရာဇ်ကို မစဉ်းစားဘဲ မနေနိုင်ပေ။

သူတို့လည်း ပြည်ပကနေ အစားအသောက် အမြောက်အမြားကို ဝယ်ယူခဲ့ပုံရပြီး လူဦးရေ တစ်သန်းကို တစ်လစာ ထောက်ပံ့နိုင်ခဲ့သည်!

သာမန် မျိုးနွယ်စုက ဒီလောက်များပြားတဲ့ အစားအစာတွေကို မထောက်ပံ့ပေးနိုင်ဘူး!

ဒါက အဲ့ဒီအရူးဧကရာဇ်ရဲ့ နောက်ကွယ်မှာ ကြီးမားတဲ့ အင်အားစုတစ်ခုက သူ့ကို ထောက်ပံ့နေတယ်ဆိုတာကို ဖော်ပြနေတာပဲ!

မိုနိုင်ငံ ဧကရာဇ်သည် မနာလိုဖြစ်လာပြီး- "အဲ့ဒီ အရူးဧကရာဇ်က အရည်အချင်းမရှိ၊ ဘာသိက္ခာမှလည်း မရှိဘဲနဲ့ ဘာလို့ အင်အားကြီး မိသားစုရဲ့ ထောက်ပံ့မှုကို ရနေရတာလဲ? တကယ်ကို မတရားဘူး!"

ထိုအချိန်တွင် စစ်သားတစ်ဦး အလျင်အမြန် ပြေးဝင်လာခဲ့သည်။

"အစီရင်ခံစာ! အရေးပေါ်သတင်းပါ!"

မိုနိုင်ငံ ဧကရာဇ်၏ မျက်နှာ ပြောင်းလဲသွားပြီး- "ဘာကိစ္စလဲ၊ မောင်မင်း ဘာလို့ ဒီလောက် ထိတ်လန့်နေရတာလဲ?"

"အရှင်မင်းကြီး၊ ဖန်နိုင်ငံက စစ်သား ၂၀၀,၀၀၀ ကို စေလွှတ်ပြီး ကျွန်တော်မျိုးတို့ နိုင်ငံတော်ကို မြောက်ဘက်ကနေ ကျူးကျော်နေပါတယ်!"

မိုနိုင်ငံ ဧကရာဇ်သည် အံ့အားသင့်ကာ မျက်နှာဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့သည်- "ဘာ၊ ဖန်နိုင်ငံက တိုက်ခိုက်လာတယ်?"

"မှန်ပါတယ် အရှင်မင်းကြီး!"

မိုနိုင်ငံ ဧကရာဇ်၏ မျက်နှာ ပြောင်းလဲသွားခဲ့သည်။

ဖန်နိုင်ငံသည် မိုနိုင်ငံ၏ တောင်ဘက်တွင် ရှိသော သေးငယ်သည့်နိုင်ငံဖြစ်ပြီး ရှ နိုင်ငံထက် အများကြီး မသာလွန်ပေ။ နှစ်ပေါင်းများစွာ သူတို့သည် သူ့အပေါ် အမြဲတမ်း ခွေးတစ်ကောင်လို အမြီးကုပ်ကာ ခယနေခဲ့ပြီး အနည်းငယ်မျှပင် ပေါ့ဆမှုကို ပြသရဲခြင်း မရှိခဲ့ပေ။

မမျှော်လင့်ဘဲ၊ သူတို့သည် သူ၏တိုင်းပြည် အားနည်းနေချိန်ကို အခွင့်ကောင်းယူကာ စစ်တပ်စေလွှတ်ကာ တိုက်ခိုက်လာသည်။

သို့သော်လည်း၊ ဒါက သူ့ရဲ့ အကြီးမားဆုံး စိုးရိမ်စရာတော့ မဟုတ်ခဲ့ပေ။

သူရဲ့ အကြီးမားဆုံး စိုးရိမ်စရာက….

ထိုစဉ် နောက်ထပ်စစ်သားတစ်ဦး မောဟိုက်စွာ ပြေးဝင်လာသည်။

"အစီရင်ခံစာ! အရေးပေါ်သတင်းပါ!"

မိုနိုင်ငံ ဧကရာဇ်သည် သူ၏ ဆိုးရွားသော ခံစားချက် ပိုမိုပြင်းထန်လာသည်ကို ခံစားလိုက်ရပြီး- "ဘာလဲ? မြန်မြန်ပြော!"

"အရှင်မင်းကြီး၊ ရှန်နိုင်ငံက စစ်သား ၂၀၀,၀၀၀ ကို စုစည်းပြီး အနောက်ဘက်ကနေ တိုက်ခိုက်နေပါတယ်!"

မိုနိုင်ငံ ဧကရာဇ်၏ အမူအရာသည် ပို၍ပင် ဆိုးရွားသွားခဲ့သည်၊ သူ အကြောက်ဆုံး အရာက ဖြစ်ပျက်လာခဲ့လေပြီ။

ရှန်နိုင်ငံသည် မိုနိုင်ငံ၏ အနောက်ဘက်တွင် ရှိသော သေးငယ်သည့် နိုင်ငံဖြစ်ပြီး မိုနိုင်ငံ၏ နိုင်ငံတော်အင်အားနှင့် အပြိုင်တူညီသော နိုင်ငံဖြစ်သည်။ နှစ်ဖက်စလုံးတွင် အငြင်းပွားမှုများ မကြာခဏ ရှိခဲ့ပြီး ဤအချိန်တွင် သူတို့ တိုက်ခိုက်လာခြင်းက မိုနိုင်ငံ၏ အားနည်းချက်ကို အခွင့်ကောင်းယူလိုကြောင်း ဖော်ပြနေသည်။

ထိုစဉ် နောက်ထပ်စစ်သားတစ်ဦး ပြေးဝင်လာသည်။

"အစီရင်ခံစာ! အရေးပေါ်သတင်းပါ!"

မိုနိုင်ငံ ဧကရာဇ်သည် ကြောက်လန့်တကြား ထရပ်ကာ စိုးရိမ်တကြီးဖြင့်- "နောက်ထပ်နိုင်ငံတစ်ခုက ငါတို့ကို လာတိုက်ခိုက်တယ်လို့ မပြောနဲ့နော်?"

"အရှင်မင်းကြီးရဲ့ ဉာဏ်ပညာက ကြီးမားလှပါတယ်! အန်းနိုင်ငံက စစ်တပ် ၂၀၀,၀၀၀ ကို ဦးဆောင်ပြီး အရှေ့ဘက်ကနေ တိုက်ခိုက်နေပါတယ်!"

မိုနိုင်ငံ ဧကရာဇ်သည် ကြောက်ရွံ့မှုကြောင့် မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး ခန္ဓာကိုယ် တုန်ယင်ကာ လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။

နိုင်ငံ သုံးနိုင်ငံက တိုက်ခိုက်လာခဲ့ပြီး စုစုပေါင်း စစ်အင်အားက ၆၀၀,၀၀၀ ထိ ရှိနေသည်။

မိုနိုင်ငံက အင်အားအပြည့်အဝ ရှိနေချိန်တောင်မှ နိုင်ငံသုံးနိုင်ငံ၏ တိုက်ခိုက်မှုကို ခုခံရန် အထူးခက်ခဲပေလိမ့်မည်။

အခုမူ စစ်သား ၂၀၀,၀၀၀ ပဲ ကျန်တော့တာ ဖြစ်သည်။ ဘယ်လိုလုပ် ပြန်တိုက်ခိုက်နိုင်တော့မှာလဲ?

"ရှ နိုင်ငံကရော ဘယ်လိုလဲ? ရှ နိုင်ငံကရော စစ်တပ်တွေ စေလွှတ်လား?" ဟု မိုနိုင်ငံ ဧကရာဇ်က အလျင်အမြန် မေးလိုက်သည်။

"အရှင်မင်းကြီး၊ ရှ နိုင်ငံက လက်ရှိမှာ သတ္တုတူးဖော်ခြင်း၊ မြေရိုင်းတွေ ဖော်ထုတ်ခြင်း၊ တူးမြောင်းတွေ တူးဖော်ခြင်း တို့ကို လုပ်ဆောင်နေပါတယ်၊ သူတို့မှာ စစ်တပ်ဖြန့်ချထားတဲ့ လက္ခဏာ မရှိပါဘူး!"

"တော်ပါသေးရဲ့..."

မိုနိုင်ငံ ဧကရာဇ်သည် သက်ပြင်းအနည်းငယ် ချလိုက်ပြီး အေးဆေးတည်ငြိမ်သော အမူအရာဖြင့် အမိန့်ပေးလိုက်သည်- "ဖန်နိုင်ငံ၊ ရှန်နိုင်ငံ၊ အန်းနိုင်ငံတို့ သုံးနိုင်ငံလုံးက စစ်တပ်စေလွှတ်ခဲ့ပြီး စုစုပေါင်း အင်အား ၆၀၀,၀၀၀ ရှိနေချိန် ငါတို့မှာ စစ်သား ၂၀၀,၀၀၀ ပဲ ရှိတာမို့ အင်အားအကုန်သုံးပြီး တိုက်ခိုက်လို့က မဖြစ်နိုင်ဘူး!"

"မြို့တိုင်းကို ကာကွယ်ဖို့နဲ့ ရန်သူတွေကို တားဆီးဖို့ စစ်သူကြီးအားလုံးကို အမိန့်ပေးလိုက်! တစ်ချိန်တည်းမှာပဲ၊ မြို့တွေအတွင်းမှာ စစ်သားအသစ်စုဆောင်းပြီး မြင်းတွေဝယ်၊ စစ်သားအသစ်တွေ လေ့ကျင့်ပေး! အချိန်ကျတဲ့အခါ ငါတို့ ပြန်လည်တိုက်ခိုက်ပြီး သူတို့ကို ငါတို့နိုင်ငံရဲ့ နယ်စပ်ကနေ မောင်းထုတ်မယ်!"

"မှန်ပါတယ် အရှင်မင်းကြီး! ဒါပေမယ့် စားနပ်ရိက္ခာက..."

မိုနိုင်ငံ ဧကရာဇ်သည် နဖူးကို ကျုံ့လိုက်ကာ အလွန်ပူပန်သွားပြီး- "မောင်မင်းတို့ အရင် တားဆီးထားလိုက်၊ ငါကိုယ်တော် အဖြေတစ်ခု စဉ်းစားလိုက်ဦးမယ်!"

"မှန်လှပါ အရှင်မင်းကြီး!"

မိုနိုင်ငံအတွက် ကြီးမားသော စစ်ပွဲသည် တစ်ဖန်ပြန်၍ ဖြစ်ပွားခဲ့လေပြီ!

သို့သော် ဤတစ်ကြိမ်တွင်မူ မိုနိုင်ငံနှင့် ရှ နိုင်ငံတော်တို့ တိုက်ခိုက်ခြင်းမဟုတ်ဘဲ မိုနိုင်ငံသည် ဖန်၊ ရှန်၊ အန်း သုံးနိုင်ငံတို့နှင့် တိုက်ခိုက်ခြင်း ဖြစ်သည်။

ဤသုံးနိုင်ငံထဲတွင် မည်သည့်နိုင်ငံမှ ရှ နိုင်ငံထက် အားနည်းခြင်းမရှိပေ။

အစကတည်းက ရှ နိုင်ငံကို တိုက်ခိုက်ရုံနဲ့တင် မိုနိုင်ငံသည် ကြီးမားသော ဆုံးရှုံးမှုများဖြင့် နိုင်ငံတော်အင်အား အကြီးအကျယ် နိမ့်ကျသွားခဲ့သည်။ အခုတွင် ရှ နိုင်ငံထက် မနိမ့်တဲ့ နိုင်ငံသုံးနိုင်ငံကို ရင်ဆိုင်ရချိန်မှာ သူတို့ရဲ့ အောင်မြင်မှုကို ဘယ်သူမှ အကောင်းမမြင်နိုင်ကြတော့ပေ။

"ဒီသုံးနိုင်ငံက အခွင့်ကောင်းယူပြီး သူတို့ ပြိုလဲနေချိန်မှာ တိုက်ခိုက်တာက ရှင်းနေတာပဲ။ မိုနိုင်ငံကတော့ ဒီတစ်ခေါက် တကယ် အဆုံးသတ်ပြီ!"

"တကယ်ပဲ၊ စစ်သည် ၆၀၀,၀၀၀ ကို မိုနိုင်ငံ အင်အားအပြည့်အဝ ရှိနေချိန်တောင်မှ လုံးဝ မခုခံနိုင်ဘူး! အခုက စစ်သည် ၂၀၀,၀၀၀ ပဲ ကျန်တော့တာ၊ သူတို့က သွားကျိုးနေတဲ့ ကျားတစ်ကောင်လိုပဲ အနိုင်ရဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်တော့ဘူး!"

"သူတို့တွေ ရေရှည် ခုခံနိုင်ရင်တောင်မှ စစ်သားအမြောက်အမြား ဆုံးရှုံးပြီးတော့ နိုင်ငံတော်အင်အား သိသိသာသာ လျော့ကျသွားမှာ သေချာတယ်!"

"အခု ငါ တကယ် သိချင်တာက ရှ နိုင်ငံက ဘယ်အချိန် စစ်တပ်စေလွှတ်မလဲဆိုတာပဲ?"

"မကြာခင် ဖြစ်လာလိမ့်မယ်လို့ ထင်တယ်။ ဘာပဲဖြစ်ဖြစ်၊ အဲ့ဒီအရူးဧကရာဇ်က တစ်နေရာတည်းမှာ ထိုင်မနေနိုင်ဘဲ ပြဿနာရှာရတာကို ကြိုက်တဲ့သူပဲလေ!"

All Chapters