← Chapters

အခန်း (၄၀)

Vol. 3 Ch. 40

အခန်း (၄၀)

Vol. 3 Ch. 40

နောက်တစ်နေ့တွင် လင်းပိုင်ဖန် သည် နန်းတော်၌ အစည်းအဝေးပြုလုပ်ပြီး ချိုင်ယွီရှင်း ကို တတိယအဆင့် ရာထူးရှိသော နန်းတွင်းစစ်ဘက်အရာရှိ၊ အနောက်ပိုင်း တပ်စောင့်တပ်မှူးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။

သူမသည် အန်လုရှန် ထံမှ စစ်သားသစ် တစ်သိန်းကျော် ကိုယူဆောင်ကာ အနောက်ဘက်ရှိ ရှန်နိုင်ငံကို တိုက်ခိုက်ရန် ထွက်ခွာသွားခဲ့သည်။

ချိုင်ယွီရှင်း သည် ဘုရင့်အမိန့်တော်ကို ရရှိတာနဲ့ စိတ်လှုပ်ရှားစွာဖြင့် အိမ်သို့ပင် မပြန်တော့ဘဲ တိုက်ပွဲနယ်မြေသို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။

မဟာစစ်သူကြီးချုပ် ချိုင်ယွီလန် သည် နောက်ကျမှ အခြေအနေကို သဘောပေါက်သွားခဲ့ကာ ဒေါသကြောင့် မူးမေ့လဲမလို ဖြစ်သွားခဲ့သည်။ “ယွီရှင်းက စစ်ပွဲတစ်ခါမှ မတိုက်ဖူးသေးဘူး၊ ပြီးတော့ သူက မိန်းမတစ်ယောက်။ ဘယ်လိုလုပ် စစ်သူကြီးအဖြစ် ခန့်အပ်ပြီး တပ်ကို ဦးဆောင်ခိုင်းနိုင်ရတာလဲ? အရှင်မင်းကြီးက လုပ်ချင်တာတွေကို လုပ်နေတာပဲ!

ဝန်ကြီးချုပ် ရှောင်ကော်လျှန် က သက်ပြင်းချလိုက်ပြီး-“ မနေ့က ပြန်လာတုန်းက နည်းနည်း ထူးဆန်းနေတယ်လို့ ထင်နေခဲ့တာ၊ သူက အရှင်မင်းကြီးနဲ့ ကြိုတင်ဆွေးနွေးပြီးသား ဖြစ်နေတာကိုး!”

"စစ်သူကြီးအဖြစ် ခန့်အပ်လိုက်ရင်တောင်မှ ရှန်နိုင်ငံ ကိုတော့ မတိုက်ခိုက်သင့်ဘူး!" ဟု မဟာစစ်သူကြီးချုပ်က ပူပန်စွာ ပြောလိုက်သည်။

"ငါတို့က မို နိုင်ငံ နဲ့ အန်းနိုင်ငံတို့ကို ရန်စပြီးသား၊ အခု ရှန်နိုင်ငံကိုပါ ထပ်ထည့်လိုက်ပြီ။ ဘက်သုံးဖက်က ရန်သူတွေ ဖြစ်ကုန်ပြီ၊ ဘယ်သူကများ ဒီလိုမျိုး စစ်ပွဲကို ဆင်နွှဲမှာလဲ?"

"ဒီလို စစ်ဆင်နွှဲတဲ့နည်းကို ငါ တစ်ခါမှ မမြင်ဖူးဘူး၊ ဒါပေမဲ့ အရှင်မင်းကြီးက ငါပြောတာကို နည်းနည်းလေးမှ နားမထောင်ဘူး! ဒါကိုမေ့ထားလိုက်ပါတော့၊ သွားပြီး အရက်သောက်ရအောင်!"

"သောက်ကြမယ်၊ ဒီနေ့တော့ ငါ မူးအောင်ကို သောက်မယ်!"

အဖိုးကြီးနှစ်ဦးသည် အရက်၌ တစ်ဖန် အားကိုးရာ ရှာခဲ့ကြပြန်သည်။

ဤကိစ္စသည် မကြာမီပင် အပြင်လူများသို့ ပျံ့နှံ့သွားရာ လူတိုင်းက အထင်ကြီး လေးစားခဲ့ကြသည်။

"ဒီမိုက်မဲတဲ့ ဧကရာဇ်က နောက်ထပ် မိုက်မဲတဲ့ လုပ်ရပ်တစ်ခု ကို ထပ်လုပ်လိုက်ပြန်ပြီ၊ တကယ့်ကို ပန်းအိုးမ ကို စစ်သူကြီးခန့်ပြီး စစ်ရေးကိစ္စတွေကို ကလေးကစားသလို လုပ်နေတာပဲ!" (မှတ်ချက်- ပန်းအိုးမ - အလှအပရှိသော်လည်း အရည်အချင်းမရှိသူ)

"ငါထင်တယ် သူက သူ့ရဲ့ မိုက်မဲတဲ့ ဧကရာဇ် သဘာဝအတိုင်း ကာမဂုဏ်ကြောင့် မျက်စိမှောက်နေပြန်ပြီ!"

"ဒါ့အပြင်၊ မို နိုင်ငံက ဘက်သုံးဖက်ကနေ တိုက်ခိုက်ခံနေရတယ်။ အခွင့်အရေးက ငါတို့ရှေ့မှာတင် ရှိနေတာကို မို နိုင်ငံ ကို မတိုက်ဘဲ အန်းနိုင်ငံ ကို တိုက်ခဲ့တယ်။ အခု ရှန်နိုင်ငံ ကို တိုက်ခိုက်ခြင်းအားဖြင့် အင်အားကြီးနိုင်ငံ သုံးနိုင်ငံကို တစ်ပြိုင်နက်တည်း ရန်သူဖြစ်သွားအောင် သူ လုပ်လိုက်ပြီ!"

"သေချင်ရင်တောင်မှ ဘယ်သူမှ ဒီလိုမလုပ်ဘူး၊ ဒါက ပုံမှန်လူတစ်ယောက် လုပ်မယ့်အရာလား?"

"သူ့ရဲ့ မိုက်မဲမှုကို ငါ ခန့်မှန်းတာက အလွန်အကျွံ ဖြစ်နေပြီလို့ ထင်နေခဲ့တာ၊ ဒါပေမယ့် သူက ငါ့ရဲ့ အမြင့်ဆုံး ကန့်သတ်ချက်ကို ချိုးဖျက်နေတုန်းပဲ!"

"အမြဲတမ်း အတုယူခံရသူ၊ ဘယ်တော့မှ မနှိပ်ကွပ်ခံရသူ”

"F**k! ဘယ်သူကများ သူ့ကို အတုယူရဲမှာလဲ၊ ပိုပြီးမြန်မြန် သေချင်လို့လား?"

ထိုသတင်းကို ကြားသိရသောအခါ မို နိုင်ငံ ၏ ဧကရာဇ်သည် အားရပါးရ ရယ်မောလိုက်ပြီး- "ဒီမိုက်မဲတဲ့ ဧကရာဇ်က အများအားဖြင့် စိတ်ဒုက္ခပေးလေ့ရှိပေမယ့် ဒီတစ်ကြိမ်တော့ ငါ့အတွက် ကောင်းတာတစ်ခု လုပ်ပေးလိုက်တာပဲ! ငါသာ ဒီအကျပ်အတည်းကနေ ကျော်လွန်နိုင်ရင် သူ့ကို သေသေချာချာ ကျေးဇူးဆပ်ရမယ်!"

ရှန်နိုင်ငံ ဧကရာဇ်၏ မျက်နှာသည် ဒေါသကြောင့် စိမ်းသွားပြီး-"ဒီမိုက်မဲတဲ့ ဧကရာဇ်ရဲ့ ဦးနှောက်ထဲ ရေဝင်ပြန်ပြီလား? မို နိုင်ငံ နဲ့ အန်းနိုင်ငံ တို့ကို တိုက်ခိုက်တာနဲ့ အားမရသေးဘဲ ငါ့ရဲ့ ရှန်နိုင်ငံ ကိုပါ ချမ်းသာမပေးဘူးလား! သူ့ အဖေက နာမည်ကျော်ကြားပြီး လူတိုင်း လေးစားရတဲ့သူ၊ သူက ဘယ်လိုလုပ် ဒီလိုကောင်မျိုးကို မွေးထုတ်ခဲ့ရတာလဲ?"

ဒီကောင်ကြောင့် သူ့တစ်နေ့တာလုံး စိတ်ကောင်းဝင်နေတာတွေ အားလုံး ပျက်စီးသွားခဲ့သည်။

"အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့ နိုင်ငံရဲ့ နယ်စပ်ကို ရှ နိုင်ငံက စစ်သား တစ်သိန်း ကို စေလွှတ်လိုက်ပါပြီ။ ကျွန်တော်တို့ ဘာလုပ်သင့်ပါသလဲ?"

"ဘာလုပ်ရမှာလဲ၊ နယ်မြေကို ကာကွယ်ဖို့အတွက် စစ်သည်တွေ လွှတ်ရုံပေါ့! မို နိုင်ငံ ကို သိမ်းပိုက်ပြီးတာနဲ့ ရှ နိုင်ငံ ကို ငါတို့ ရှင်းပစ်ရမယ်!" ဟု ရှန်နိုင်ငံ ၏ ဧကရာဇ်က ဒေါသတကြီး ကြေညာလိုက်သည်။

"မှန်လှပါ အရှင်မင်းကြီး!"

သူတို့၏ မြေကို ကာကွယ်ရန်အတွက် ရှန်နိုင်ငံ ၏ ဧကရာဇ်သည် စစ်သည် တစ်သိန်း ကို ပြန်ခေါ်ပြီး သူ၏ ကိုယ်ပိုင်တပ်မှ ငါးသောင်း ကို ထပ်မံဖြည့်စွက်ကာ စုစုပေါင်း တစ်သိန်းငါးသောင်း ရှိသော စစ်အင်အားဖြင့် ရန်သူကို သတိကြီးစွာဖြင့် နယ်စပ်တွင် စောင့်ဆိုင်းနေခဲ့သည်။

ဤအချိန်တွင် မို နိုင်ငံ ကို ကျူးကျော်နေသည့် နိုင်ငံသုံးခု၏ ပူးပေါင်းတပ်များသည် လေးသိန်း သာ ကျန်ရှိတော့သဖြင့် မို နိုင်ငံ အပေါ် ဖိအားများစွာ လျော့ကျသွားခဲ့သည်။

မို နိုင်ငံ ၌ စစ်သား နှစ်သိန်း သာ ရှိသော်လည်း မြို့ကို ပိုင်ဆိုင်ထားခြင်းနှင့် ပထဝီ အနေအထားအရ အားသာချက် ရှိခြင်းတို့ကြောင့် အောင်ပွဲသည် မဖြစ်နိုင်စရာ မရှိတော့ပေ။

ထို့ကြောင့် စစ်ပွဲသည် ပိုမိုရှုပ်ထွေးပြီး မရေမရာ ဖြစ်လာခဲ့သည်။

တစ်လတာသည် လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။

လင်းပိုင်ဖန် ၏ မိုက်မဲသော ဗျူဟာများ ကြောင့် မို နိုင်ငံ အတွက် စစ်ပွဲသည် ရှေ့မတိုး နောက်မဆုတ် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

ထိုအတောအတွင်း၊ နှစ်လကြာ အားထုတ်ကြိုးပမ်းပြီးနောက် ရှ နိုင်ငံ သည် ကဏ္ဍအသီးသီး၌ လမ်းကြောင်းမှန်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

"သတ္တုတူးဖော်ရေး လုပ်ငန်းတွေက တည်ငြိမ်တဲ့ အဆင့်ကို ရောက်ရှိလာပြီ၊ သံမဏိ၊ ကြေးနီ၊ ငွေ နဲ့ အခြားအရာတွေ အများအပြားကို အဆက်မပြတ် ထုတ်လုပ်နေပြီ။ ဒါတွေအားလုံးဟာ ငါတို့ ရှ နိုင်ငံ ရဲ့ ဘဏ္ဍာတွေပဲ!"

"မြေယာပြန်လည်ဖော်ထုတ်ရေး လုပ်ငန်းက ချောမွေ့စွာ တိုးတက်နေတယ်။ နောက်ထပ် နှစ်လဆိုရင် ဖွံ့ဖြိုးရေး ပြီးမြောက်ပြီးလို့ စပါးရိတ်သိမ်းမှုတွေကို ကြိုဆိုဖို့ အသင့်ဖြစ်နေပြီ! နောင်ဆိုရင် အစားအသောက် ပြဿနာတွေအတွက် စိတ်ပူစရာမလိုတော့ဘူး!"

"တူးမြောင်းအမျိုးမျိုးရဲ့ တစ်ဝက်လောက်ကို တူးဖော်ပြီးပြီ၊ နောက်ထပ် နှစ်လဆိုရင် တစ်နိုင်ငံလုံး အပြန်အလှန် ဆက်သွယ်နိုင်မယ့် ကွန်ရက်တစ်ခု ဖြစ်လာပြီး နေရာတိုင်းကို ရောက်ရှိနိုင်တော့မယ်!"

"အဲဒီအချိန်ရောက်ရင် ငါ့ရဲ့ ရှနိုင်ငံက ကြီးပွား တိုးတက်မြင့်မားလာတော့မှာ သေချာတယ်!"

"နိုင်ငံကသာ တိုးတက်လာတာမဟုတ်ဘူး၊ ငါ့ရဲ့ ကိုယ်ပိုင်ခွန်အားကလည်း စောက်ကျိုးနည်းလောက်အောင် တိုးတက်လာတော့မှာ!"

လင်းပိုင်ဖန် သည် အလွန်ပျော်ရွှင်စွာဖြင့် သူ့ဘာသာ တွေးနေခဲ့သည်။

ထိုအချိန်တွင် တစ်စုံတစ်ယောက်က သူ့ပခုံးကို ပုတ်လိုက်သည်။

လင်းပိုင်ဖန် လှည့်ကြည့်လိုက်သောအခါ ယောင်ယောင်ကို တွေ့လိုက်ရသည်။

လွန်ခဲ့သည့် နှစ်လအတွင်း ယောင်ယောင် သည် လင်းပိုင်ဖန် ကို မကြာခဏ လာရောက်တွေ့ဆုံလေ့ရှိသော်လည်း သူမသည် တစ်ခါလာလျှင် ခန့်မှန်းရခက်စွာ ရောက်လာတတ်ပြီး၊ ခန့်မှန်းရခက်စွာ ပျောက်ကွယ်သွားတတ်သည်။ အခုလိုပဲ၊ သူမသည် ကြေညာခြင်းမရှိဘဲ နန်းတော်ထဲသို့ ရောက်ချလာခဲ့သည်။

"ရှင် ဘာတွေတွေးပြီး သရုပ်ပျက်စွာ ပြုံးနေရတာလဲ? မိန်းမတွေအကြောင်း တွေးနေတာလား?" ယောင်ယောင် သည် သကြားသစ်သီးချောင်း ကို ကိုက်စားရင်း ပြုံးကာ မေးလိုက်သည်။

လင်းပိုင်ဖန် အံ့သြသွားပြီး– "မင်း ဘယ်လိုသိတာလဲ?"

"ရှင်… မိုက်မဲတဲ့ ဧကရာဇ်"

ယောင်ယောင် က နှာခေါင်းကို ရှုံ့လိုက်ပြီး မောက်မာသော အမူအရာဖြင့် ပြောလိုက်သည်- "ရှင့် တင်ပါးကို ကြည့်လိုက်တာနဲ့ ရှင် ဘယ်လို ချီး ထွက်မလဲဆိုတာ ကျွန်မ အတိအကျ သိတယ်!"

"အတော်လေး အထင်ကြီးစရာပဲ!"

လင်းပိုင်ဖန် ခဏတာ တိတ်ဆိတ်သွားပြီးနောက် ထရပ်လိုက်ကာ ခေါင်းကိုလှည့်၍ တင်ပါးကို ပြကာ ပြောလိုက်သည်– "ငါ နန်းတော်ကနေ ထွက်ဖို့ ပြင်ဆင်နေတာ။ အခု ငါ ဘယ်လို ချီးပါမလဲဆိုတာ ခန့်မှန်းကြည့်!"

ယောင်ယောင် : “....”

သူမ၏ မျက်နှာသည် ဒေါသကြောင့် နီရဲသွားသည်။

ဒေါသတကြီးဖြင့် သူမက- " ရှင်… သေချင်နေတာလား? ကျွန်မက မိန်းကလေး တစ်ယောက်ကို။ ရှင် ဘယ်လိုလုပ် ဒီလိုဟာသလုပ်ရတာလဲ?"

လင်းပိုင်ဖန် မှာ မတရားခံရသူပမာ ခံစားလိုက်ရပြီး-"ခန့်မှန်းနိုင်တယ်လို့ ပြောတာ မင်းပဲလေ။ ငါက မင်းကို သက်သေပြခိုင်းချင်ရုံပဲ!"

"ရှင်က ပြန်ပြီး ငြင်းခုံရဲသေးတာလား?" ယောင်ယောင် ဒေါသတကြီးဖြင့် သူမ၏ လက်သေးသေးလေးဖြင့် သူ့ကို လိမ်ဆွဲ လိုက်သည်။

လင်းပိုင်ဖန် : “အား…နာတယ်ဟ”

ထိုအချိန်တွင် ဟီရှန်း သည် စိုးရိမ်ပူပန်ပြီး စိတ်အနှောင့်အယှက် ဖြစ်နေသော အမူအရာဖြင့် လျှောက်လာခဲ့သည်။

All Chapters