← Chapters

အခန်း (၃၀)

Vol. 3 Ch. 30

အခန်း (၃၀)

Vol. 3 Ch. 30

ပို့ကုန်ကိစ္စကို ပြောကြရအောင်!

ယောင်ယောင်က ပြုံးပြီးပြောလိုက်သည်– “ရှင်က တွင်းထွက်သတ္တုတွေကို ရောင်းမယ်လို့ ပြောလာတာဆိုတော့ ကျွန်မကို ရောင်းပါလား? ကျွန်မ ရှင့်ကို ကျေနပ်လောက်တဲ့ ဈေးတစ်ခု ပေးမှာပါ!”

လင်းပိုင်ဖန်ကလည်း ပြန်ပြုံးပြီး– “မင်းကို ရောင်းလို့ရပါတယ်၊ ဒါပေမယ့် ပေါက်ဈေးတော့ ဖြစ်ရမယ်!”

“ပေါက်ဈေး? ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?”

ယောင်ယောင်က ဒေါသတကြီး အမူအရာဖြင့် အော်လိုက်ပြီး– “ရှင်တို့ရဲ့ စီးပွားရေးကို ပိတ်ဆို့ထားတာဆိုတော့ ကျွန်မတို့နဲ့ပဲ ရောင်းဝယ်ရမှာလေ။ အကယ်၍ ကျွန်မက ရှင်ရဲ့ ကုန်ပစ္စည်းကို ပေါက်ဈေးနဲ့ ဝယ်နေမယ်ဆိုရင် အဲဒါက မိုက်မဲရာ ရောက်သွားမှာပေါ့!”

လင်းပိုင်ဖန်က ပြန်ချေပလိုက်သည်– “နိုင်ငံရဲ့ စီးပွားရေးကို ပိတ်ဆို့ထားတာ မှန်ပါတယ်။ ဒါပေမယ့် ဩဇာကြီးမားတဲ့ မိသားစု အနည်းငယ်ကိုပဲ ထိခိုက်တာပါ။ သူတို့ထက် ပိုပြီး အင်အားကြီးမားတဲ့ အဖွဲ့အစည်းတွေ အများကြီးရှိပါသေးတယ်။ တခြားသူတွေက ငါ့ရဲ့ သတ္တုရိုင်းတွေက ဈေးလည်းချိုပြီး အရည်အသွေးလည်း ကောင်းတယ်ဆိုတာ သိသွားရင်၊ ကျန်တဲ့ မိသားစုကြီးတွေက လျစ်လျူရှုနေလိမ့်မယ်လို့ မင်းထင်လား? တခြားနိုင်ငံတွေကကော လျစ်လျူရှုနေလိမ့်မယ်လို့ မင်း ထင်နေတာလား?”

သူပြောတာ မှန်တယ်ဆိုတာ ယောင်ယောင် သိလိုက်သည်။ အကယ်၍ ကောင်းမွန်တဲ့ ကုန်ပစ္စည်းဆိုရင် လူတိုင်းက လုယက်လိုကြမှာပဲ။

လင်းပိုင်ဖန်၏ လက်ထဲတွင် ထိုအဖိုးတန်ပစ္စည်း ရှိနေခဲ့သည်။

“ပေါက်ဈေးနဲ့ ရောင်းရင် အမြတ်အစွန်း သိပ်မထွက်ဘူးလေ။ ကျွန်မတို့ရဲ့ ဆက်ဆံရေးကို ထောက်ထားပြီး နည်းနည်းလောက် မလျှော့ပေးနိုင်ဘူးလား?”

ယောင်ယောင်က မျက်တောင်ခတ်၍ အရိပ်အမြွက်ပြလိုက်သည်– “ကျွန်မတို့က ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေပဲလေ။ ရှင့်ရဲ့ နိုင်ငံ အန္တရာယ်ကျရောက်နေချိန်၊ ရှင် အခက်အခဲနဲ့ ရင်ဆိုင်နေရချိန်မှာ ယောင်ယောင်က ရှင့်ကို ကူညီဖို့ ဓားကို ကိုင်ဆွဲပြီး လုပ်ကြံသူတွေကို ရှင်းလင်းဖို့၊ ရှင့်အတွက် ကုန်ပစ္စည်းတွေ ဝယ်ပေးဖို့ မတွန့်ဆုတ်ခဲ့ဘူးလေ။ အဲဒါတွေ အားလုံးကို မေ့သွားပြီလား?”

လင်းပိုင်ဖန်က လှောင်ပြုံးဖြင့် ပြန်ပြောလိုက်သည်– “အဲဒီတုန်းက မင်း ငါ့ကို သတ်ဖို့ ရောက်လာခဲ့တာပဲလေ။ ငါ့မှာသာ ကံကောင်းခြင်းတွေသာ မရှိခဲ့ရင်၊ ငါ သေနေပြီ! နောက်ပိုင်းကျတော့လည်း မင်း ငါ့ဆီကနေ ငွေ ၅၀% ထပ်ပြီး လိမ်ယူသွားသေးတယ်။ ဒီအကြွေးတွေကို မင်း ဘယ်လို ရှင်းပေးဖို့ အစီအစဉ်ရှိလဲ?”

ယောင်ယောင်က စိတ်မကောင်းဖြစ်သည့် ပုံစံဖြင့်– “ကျွန်မတို့က သူငယ်ချင်းတွေ ဖြစ်သွားပြီး အကောင်းအဆိုးကို အတူ မျှဝေကြမယ်လို့ ထင်ခဲ့တာ။ အခုမှ သိလိုက်ရတာ ကျွန်မတို့ သူငယ်ချင်းတောင် မဟုတ်သေးဘူးပဲ! ကျွန်မတို့ကြားမှာ သံယောဇဥ် နှောင်ကြိုး ရှိတယ်မယ်လို့ ထင်ခဲ့ပေမယ့် အဆုံးမှာတော့ စီးပွားရေး သက်သက်ပဲ! ကောင်းပြီ၊ ဒါဆို ပေါက်ဈေးနဲ့ပဲ သွားကြရအောင်။ ဒါက ကျွန်မအတွက် အမြတ်မရှိခဲ့ရင်တောင် ယောင်ယောင်က ရှင်အကြောင်းကို သင်ခန်းစာ ယူလိုက်တယ်လို့ပဲ သဘောထားလိုက်ပါ!”

လင်းပိုင်ဖန်ခင်ဗျာ ပြောစရာ စကားမရှိ ဖြစ်သွားခဲ့သည်– “ဟန်ဆောင်တာ ရပ်လိုက်တော့။ မင်းရဲ့ ပရိယာယ်တွေကို ငါ မြင်ပြီးသွားပြီ။ မင်းကို လျှော့စျေး မပေးနိုင်တာ မဟုတ်ဘူး၊ ဒါပေမယ့်...”

“ဒါပေမယ့် ဘာလဲ?” ယောင်ယောင်ရဲ့ မျက်လုံးများက အရောင်တောက်သွားခဲ့သည်။

“မင်း ငွေသားနဲ့ ပေးမယ်ဆိုရင်တော့ ငါ ပေါက်ဈေးနဲ့ ရောင်းပေးမယ်။ ဒါပေမယ့် ဆန်စပါးနဲ့ တခြား ပစ္စည်းတွေကို သယ်ယူလာပေးမယ်ဆိုရင်တော့ ငါ ၂၀% လျှော့စျေးနဲ့ ရောင်းပေးမယ်။ ဘယ်လိုလဲ?” လင်းပိုင်ဖန်က လက်ချောင်းနှစ်ချောင်း ထောင်ပြလိုက်သည်။

ယောင်ယောင်က ရယ်မောရင်း လင်းပိုင်ဖန်၏ လက်ထဲက လက်ချောင်းနှစ်ချောင်းကို ဆွဲယူလိုက်ပြီး လက်မတစ်ချောင်းသာ ကျန်တော့သည်။

လင်းပိုင်ဖန်၏ မျက်နှာ မည်းမှောင်သွားသည်ကို မြင်တော့ သူမက လျှို့ဝှက်စွာ လျှာထုတ်ပြလိုက်ပြီး လက်ချောင်းတစ်ချောင်း ပြန်ရုပ်သိမ်းလိုက်သည်။

ထို့နောက် မျှော်လင့်ချက် အပြည့်ဖြင့် မေးလိုက်သည်– “၃၀% လျှော့စျေးဆိုရင်ကော ဘယ်လိုလဲ? ဒီကို ပစ္စည်းတွေ အများကြီး စုဆောင်း သယ်ယူလာဖို့ကလည်း လူအင်အားနဲ့ အရင်းအမြစ်တွေ အများကြီး လိုအပ်တယ်လေ!”

“သတ္တုရိုင်း တူးဖော်တာကကော လူအင်အားနဲ့ အရင်းအမြစ်တွေ မကုန်ဘူးလို့ မင်းထင်နေတာလား?” လင်းပိုင်ဖန်က ပြန်ပြောလိုက်သည်။

ယောင်ယောင်က ခေါင်းညိတ်ပြီး– “ကုန်ပါတယ်၊ ဒါပေမယ့် တခြားသူတွေထက် အများကြီး သက်သာတယ်။ ရှင့်ရဲ့ သတ္တုတွင်းတွေက အပေါ်ယံ မြေလွှာနီးပါးပဲလေ သတ္တုရိုင်းတွေကို တိုက်ရိုက် ကောက်ယူရုံပဲ။ ဒီလောက်ကြီး ကြိုးစားပြီး တူးဖော်ဖို့ တကယ် မလိုအပ်ဘူးလေ!”

လင်းပိုင်ဖန်က သက်ပြင်းချလိုက်ပြီး– “ဟူး... ငါ့ ပခုံးတွေက နည်းနည်း ညောင်းညာနေပါလား!”

အရိပ်အမြွက်ကို နားလည်လိုက်သော ယောင်ယောင်က လင်းပိုင်ဖန်၏ နောက်သို့ လျင်မြန်စွာ ရောက်လာပြီး သူ့ပခုံးများကို နှိပ်နယ်ပေးလိုက်သည်– “ကျွန်မ ကူညီပေးပါရစေ!”

ခဏအကြာတွင် သူမ မေးလိုက်သည်– “အရှင်မင်းကြီး၊ ပိုပြီး သက်သာသွားပါသလား?”

“မဆိုးဘူးပဲ၊ မင်းရဲ့ နည်းစနစ်က တော်တော်လေး ကျွမ်းကျင်မှု ရှိလှတယ်။ ဒါပေမယ့်...”

လင်းပိုင်ဖန်က ခေါင်းခါလိုက်ပြီး– “မကြာသေးမီက နိုင်ငံရေး ကိစ္စတွေနဲ့ စိတ်ပူပင်ပြီး အလုပ်တွေ ပင်ပန်းလွန်သွားလို့ ခေါင်းမူးပြီး အားအင် ကုန်ခမ်းနေသလို ခံစားနေရတယ်...”

“အရှင်မင်းကြီး၊ အရှင့်ရဲ့ နားထင်ကို ကျွန်မ နှိပ်နယ်ပေးပါရစေ!” ယောင်ယောင်က လင်းပိုင်ဖန်၏ နားထင်ကို ညင်သာစွာ ဖိနှိပ်ပေးရန် လက်လှမ်းလိုက်သည်။

ခဏကြာပြီးနောက် သူမ မေးလိုက်သည်– “အရှင်မင်းကြီး၊ အခု ပိုပြီး သက်သာသွားပြီလား?”

“အရင်ကထက် အများကြီး ပိုကောင်းသွားပြီ! ဒါပေမယ့်...”

လင်းပိုင်ဖန်က သူ့ပေါင်ကို ပုတ်လိုက်ပြီး– “ငါကိုယ်တော် အကြာကြီး ထိုင်နေတာကြောင့် ခြေထောက်တွေ နည်းနည်း ထုံကျဉ်နေတယ်...”

“အရှင်မင်းကြီး၊ ကျွန်မ အရှင့်ရဲ့ ခြေထောက်တွေကို နှိပ်နယ်ပေးပါ့မယ်!” ယောင်ယောင်က ဒူးထောက်လိုက်ပြီး လင်းပိုင်ဖန်၏ ခြေထောက်များကို စတင် နှိပ်နယ်ပေးတော့သည်။

လင်းပိုင်ဖန်က ကျေနပ်စွာ ပြုံးလိုက်ပြီး သူ့ကိုယ်သူ အားရကျေနပ်သည့် ဟန်ပန်ဖြင့် ထို ငွေရူး အလှလေးကို သူ ထိန်းချုပ်နိုင်ပြီဟု ယုံကြည်နေသည်။

ယောင်ယောင်က သွားများကို တင်းတင်းကြိတ်ကာ စိတ်ထဲမှ လင်းပိုင်ဖန်ကို ဆဲဆိုကြိမ်းမောင်းနေခဲ့သည်။

“မိုက်မဲတဲ့ ဧကရာဇ်၊ ငါ့လို ယောင်ယောင်ကို ဒီလိုမျိုး အစေခံအလုပ်တွေ လုပ်ခိုင်းရဲတယ်”

“ဂိုဏ်းအတွက်သာ မဟုတ်ရင် ယောင်ယောင်က ဒီလို အရှက်ရစရာတွေကို ဘယ်တော့မှ သည်းခံမှာ မဟုတ်ဘူး!”

“မိုက်မဲတဲ့ ဧကရာဇ်လေး၊ စောင့်ကြည့်နေလိုက်!”

“ယောင်ယောင် ဒီအော်ဒါကို ရတာနဲ့၊ ရှင် ဘာဖြစ်မယ်ဆိုတာ မြင်ရလိမ့်မယ်!”

ဒီအချိန်မှာ လင်းပိုင်ဖန်က နည်းနည်းလေး သတိလွတ်သွားပြီး ပြောလိုက်သည်– “ယောင်ယောင်၊ ငါကိုယ်တော်ရဲ့ ကုတင်က နည်းနည်း အေးနေတယ်...”

လက်စားချေဖို့ ကြံစည်နေသော ယောင်ယောင်က ပါးစပ်မှ လွှတ်ခနဲ ထွက်သွားခဲ့သည်– “အရှင်မင်းကြီး၊ ကျွန်မ အရှင့်ကုတင်ကို နွေးအောင်လုပ်ပေးပါရစေ ( အတူအိပ်ခြင်းကို ရည်ညွှန်းသည်)”

လင်းပိုင်ဖန်၊ ယောင်ယောင်–“……”

သုံးစက္ကန့်ကြာပြီးနောက်...

လင်းပိုင်ဖန်– “အား... နာတယ်ဟ...”

တစ်မိနစ်ကြာပြီးနောက်...

ယောင်ယောင်သည် သွေးလည်ပတ်မှု ကောင်းစေရန်နှင့် ဒဏ်ရာများ ပြေပျောက်စေရန် လင်းပိုင်ဖန်၏ ခြေထောက်ကို နှိပ်နယ်ပေးရင်း ပြောလိုက်သည်– “ရွှေ၊ ငွေ၊ ဒါမှမဟုတ် တခြား အဖိုးတန် သတ္တုတွေဆိုရင် ပေါက်ဈေးနဲ့ ကုန်သွယ်မယ်! ကုန်ပစ္စည်းတွေဆိုရင် ၃၀ ရာခိုင်နှုန်း လျှော့စျေး ပေးရမယ်!”

လင်းပိုင်ဖန်က မျက်မှောင်ကြုတ်လိုက်ပြီး– “ဒါက အရေးကြီးတဲ့ ကိစ္စပဲ ငါတို့ ထပ်ပြီး စဉ်းစားသင့်တယ် မဟုတ်လား?”

“စဉ်းစားစရာ ဘာရှိလို့လဲ? ဒီအတိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ဆုံးဖြတ်လိုက်ရအောင်!” ယောင်ယောင်က ပြောပြီး သူ့ပေါင်ကို ရိုက်လိုက်သည်။

လင်းပိုင်ဖန်– “အား.....”

All Chapters