← Chapters

အခန်း (၁၃၉)

Vol. 12 Ch. 139

အခန်း (၁၃၉)

Vol. 12 Ch. 139

စီနီယာအစ်ကို ငါမင်းကို ပြောစရာရှိတယ်။

ကြယ်ကမ္ဘာအတွင်း ကြွယ်ဝသော ဝိညာဉ်စွမ်းအင်များသည် ပျောက်ကွယ်သွားပြီး လုံးဝပါးလျလာ၏။

ကျောက်စိမ်းသစ်ခွဘေးတွင် ထိုင်လျက် ကူချန်တစ်ယောက် အသက်ပြင်းပြင်းရှူရှိုက်ကာ ရှေ့မှ ဆေးပြားကိုယူရန် လက်လှမ်းတော့၏။

“ ဝှစ် ... ။ ”

“ ဟမ့် ... ။ ”

ဆေးပြားသည် သက်ရှိကဲ့သို့ ရုတ်ချည်း ရှောင်ထွက်သွား၏။ အဆိုပါ တုန့်ပြန်မှုကြောင့် အနည်းငယ် ထိတ်လန့်သွားသော်လည်း အဆုံး၌ အပြုံးတစ်ပွင့်ပေါ်လာသည်။

“ သေချာပေါက် သတ္တမတန်းဆေးပြားပဲ ... ။ ”

ဆေးဘက်ဝင်အပင်များ၏ ထောင်ပေါင်းများစွာသော ဝိညာဉ်စွမ်းအင်ကို ထုတ်ယူထားသောကြောင့် ဤဆေးပြားရှိ ဝိညာဉ်ရေးအသိမှာ မနိမ့်ကျချေ။

လက်နက်သန့်စင်ရာတွင် ဝိညာဉ်ရေးရာပါဝင်ပစ္စည်းများဖြင့် ပေါင်းစပ် သွန်းလုပ်ရသည်။ ဤနည်းဖြင့် ဝိညာဉ်အသိကို ပိုင်ဆိုင်သော ဝိညာဉ်လက်နက်ရရှိနိုင်၏။

ထိုနည်းတူပင် ဝိညာဉ်စွမ်းအင်များ ပေါင်းစပ်ထားသော ဆေးပြားများသည်လည်း ဝိညာဉ်အသိကို ပိုင်ဆိုင်ချေပြီ။

ဆေးပြားအဆင့် မြင့်မားလေလေ ၀ိညာဉ်အသိမြင့်မားလေ ဖြစ်သည်။ ပထမတန်း ဆေးပြားသည် ဝိညာဉ်တစ်ကောင်အဖြစ်ပင် ပြောင်းလဲနိုင်၏။ လူသားနှင့် မခြားချေ။

ဤအဆင့်ဆေးပြားများတွင် သာမန်လူများအတွက် စိတ်ကူးမယဉ်နိုင်သော အစွမ်းမျိုးရှိသည်။ ၎င်းတို့သည် ဉာဏ်ပညာနှင့် ခွန်အားများ ပိုင်ဆိုင်ထား၏။

တစ်ချိန်က ပြိုင်ဘက်ကင်း ဆေးပညာရှင်တစ်ပါးသည် အဆင့်(၁)ဆေးကို သန့်စင်ပြီးနောက် ထိန်းချုပ်မှုမှ လွတ်မြောက်သွားသည်။

ဤနည်းဖြင့် ထိုဆေးပြားဝိညာဉ်သည် ပုန်းအောင်းလျက် လူသားတစ်ယောက်ကဲ့သို့ ကျင့်ကြံကာ သန်မာလာသည်ဟူသော ဒဏ္ဍာရီများရှိ၏။

လက်ရှိ ရေမီးဆေးပြားသည် ထိုအဆင့် မရောက်သေးချေ။ ပုလင်းတစ်လုံး ထုတ်ယူကာ ရေမီးဆေးလုံးကို ထည့်လိုက်၏။

ထို့‌နောက် မတ်တပ်ထရပ်လိုက်စဉ် ခန္ဓာကိုယ် အနည်းငယ် အားနည်းနေသည်ကို ခံစားလိုက်ရသည်။

“ စိတ်စွမ်းအင် အရမ်းကုန်ဆုံးနေပြီ။ ”

ယွမ်ဖူနယ်ပယ်တွင် စိတ်စွမ်းအင်ကို ခံစားသိရှိနိုင်ပြီး လက်ရှိတွင် ဝိညာဉ်စွမ်းအင်နှင့် စိတ်စွမ်းအင်နှစ်မျိုးလုံး ကုန်ဆုံးနေ၏။

ထို့ကြောင့် လွန်လပ်ပေါ့ပါးကာ ရှုပ်ထွေးနေသည်။ ရေမီးဆေးပြားကို သန့်စင်ရန် အချိန်တစ်လနီးပါး ပေးခဲ့ရ၏။

အဆုံးတွင် ကြယ်ကမ္ဘာအတွင်းရှိ ဝိညာဉ်စွမ်းအင်သည်ပင် မလုံလောက်နိုင်ချေ။ ကံကောင်းထောက်မစွာ ကြယ်ကမ္ဘာသည် ပြင်ပကမ္ဘာကြီးထံမှ ဝိညာဉ်စွမ်းအင်များကို အဆက်မပြတ် စုပ်ယူပေးနိုင်ခဲ့သည်။

ဤနည်းဖြင့် ကြယ်ကမ္ဘာအတွင်း ဝိညာဉ်စွမ်းအင် သိပ်သည်းဆ ပြန်လည်ရရှိကာ မြူအဖြစ် ဖွဲ့တည်သွားနိုင်ခြင်းပေပင်။

ဤဝိညာဉ်စွမ်းအင်သည် အတိုင်းအတာတစ်ခုအထိ သိပ်သည်းပြီးနောက် အရည်အဖြစ် ပေါင်းစည်းသွားပေမည်။

ထိုဝိညာဉ် အရည်များသည် ဆေးဝါးဖော်စပ်ခြင်း၊ လက်နက်သန့်စင်ခြင်း စသည့် လုပ်ငန်းများ လုပ်ဆောင်ရာတွင် များစွာသော သက်ရောက်မှုများရှိသည်။

ကူချန်တစ်ယောက် ကြယ်ကမ္ဘာအတွင်း ခဏမျှအနားယူပြီး ပြန်လည် ထွက်ခွာလာခဲ့၏။ ပြီးနောက် ကုတင်ပေါ်ရှိ ကြယ်ကျောက်တုံးကို ကောက်ယူလိုက်ပြီး အခန်းအပြင် လှမ်းထွက်လိုက်သည်။

“ ကျွီ ... ။ ”

လေနုအေးများ ဖြတ်တိုက်လာ၏။ မြင်ကွင်းတစ်ခုလုံး နှင်းများကျဆင်းနေသည်။ သစ်ပင်များ၊ တံစက်မြိတ်များနှင့် ကျောက်စားပွဲ ပေါ်တွင် ‌နှင်းထုလွှာတစ်ခု ဖြစ်တည်နေ၏။

“ ဝှစ် ... ။ ”

ရုတ်တရက် နားရွက်လှုပ်သွားကာ တိုးညှင်းသောလေခွင်းသံများ ကြားလိုက်ရ၏။ ကူချန်မှ မျက်ခုံးပင့်လျက် ခြံတံခါးမှထွက်ကာ ‌တောင်အနောက်ဘက် ရင်ပြင်ဆီသို့ လျှောက်လှမ်းလာခဲ့သည်။

အပြာရောင်ကျောက်ခင်း ရင်ပြင်တွင် ချင်းဖန်သည် ဓားရေးလေ့ကျင့်နေခြင်းဖြစ်၏။ ကူချန်က သစ်ပင်အောက်မှ ရပ်ကြည့်သည်။

“ စီနီယာအစ်ကို ... ။ ”

ရုတ်တရက် ချင်းဖန်တစ်ယောက် လူရိပ်ကိုသတိထားမိလာပြီး ချက်ချင်းရပ်ကာ နှုတ်ဆက်လေသည်။

ကူချန်မှ မြေပြင်နှင်းလွှာအတွင်း ရှုပ်ပွနေသော ခြေရာများထံ ငုံ့ကြည့်လိုက်၏။ သည်ကလေး လေ့ကျင့်နေသည်မှာ အချိန် အတော်ကြာနေချေပြီ။

“ ငါမင်းကို လေ့ကျင့်ဖို့ ပြောတုန်းက မင်းမလုပ်ခဲ့ဘူး ... အခုဘာလို့ လုံ့လစိုက်ထုတ် နေရတာလဲ။ ”

ချင်းဖန်မှ သူ့ဓားကို နောက်ကျောသို့ ပို့လျက်၊

“ စီနီယာအစ်ကို ... ဒီအဖြေကို မင်းသိပြီးပါပြီ။ ”

-ဟု ရှက်ရွံ့စွာပြန်ဖြေ၏။

ခွန်အားသည် အရေးပါကြောင်း လက်တစ်ဖက်ပေးကာ သင်ခန်းစာရရှိခဲ့၏။ ထိုစဉ်က သူသည်သာ ရှန်ရှင်းနယ်ပယ်တွင် ရှိသော် ဆုတ်ခွာရန် လိုအပ်မည်မဟုတ်ချေ။

ဓားတစ်လက်တည်းဖြင့် လူတိုင်းကို သတ်ပစ်နိုင်မည်။ အကယ်၌သာ ယွမ်ဖူနယ်ပယ် ဖြစ်သော် စိတ်ဝိညာဉ်အသိဖြင့် ရှားဟဲရွာ၏ မှားယွင်းနေမှုကို ရှာဖွေတွေ့ရှိနိုင်၏။

ဤနည်းဖြင့် ရှက်စရာကောင်းသော ရလာဒ်မျိုး ကြုံရမည် မဟုတ်ချေ။ ကူချန်က ခေါင်းညိတ်ကာ မှတ်ချက်ပေးသည်။

“ ပျက်စီးနေတဲ့ သားတစ်ယောက် အိမ်ပြန်လာတာက ဘယ်တော့မှ နောက်မကျ နိုင်ပါဘူး။ ”

“ ဟား ဟား ဟား ... စီနီယာအစ်ကို၊ ငါလွန်ခဲ့တဲ့ ရက်အနည်းငယ်က ချီစုစည်းခြင်း နယ်ပယ်ကို ရောက်သွားပြီ။ ”

ကူချန်မှ ထိုအရာကို သဘာဝအတိုင်း မြင်ထားပြီးဖြစ်သည်။ သို့သော် ချင်းဖန်၏ အမူအရာကြောင့်၊

“ မင်းအရင်က ဒီလိုကြိုးစားခဲ့မယ်ဆိုရင် အခုချိန်မှာ ရှန်ရှင်းနယ်ပယ်ကို ရောက်နေပြီ။ ”

-ဟု မှတ်ချက်ပေးလိုက်၏။

“ ရှန်ရှင်းနယ်ပယ် ... စီနီယာအစ်ကို မင်းဘာတွေ ပြောနေတာလဲဆိုတာသိရဲ့လား ဒါ ရှန်ရှင်းနယ်ပယ်ပါ ... ဒီကမ္ဘာပေါ်ကလူတိုင်း မင်းလိုသဘာဝမကျတဲ့ အရည်အချင်းတွေ ရှိနေတယ်များ ထင်နေလား ... ။ ”

“ ဖြစ်နိုင်ပါတယ် ... ။ ”

“ ဟမ့် ... နောက်ဆုံးတော့ ငါချင်းဖန် ချီစုစည်းခြင်းနယ်ပယ်ကို ရောက်ရှိလာပြီ မင်း ငါ့ကိုနည်းနည်းလောက် ဂုဏ်ပြုပေးလို့ မရနိုင်ဘူးလား။ ”

“ ဂုဏ်ပြုရမှာလား ... ။ ”

ကူချန်မှ ချင်းဖန်ကို အထက်အောက် စေ့စေ့စပ်စပ် ပြန်ကြည့်ကာ၊

“ မင်း ကြည့်ကောင်းပါတယ် ... ရုပ်အဆိုးကြီး မဟုတ်ပါဘူး။ ”

-ဟု မှတ်ချက်ပေးလိုက်၏။

ချင်းဖန်တစ်ယောက် စကားမဆို နိုင်တော့ချေ။ ဤသည်မှာ မည်သို့သော မှတ်ချက်မျိုးမည်နည်း။

“ စီနီယာအစ်ကို ... မင်းလူတွေကို ဒီလိုဂုဏ်ပြုစကားမမျိုး ပြောနေကြလား ... ။ ”

“ ဟမ့် ... ငါလူတစ်ယောက်ကို ဂုဏ်ပြုတာမျိုး အရင်က မင်းမြင်ဖူးလား။ ”

ချင်းဖန်တစ်ယောက် တုန့်ဆိုင်းသွား၏။ စီနီယာအစ်ကိုစကားအရ ရုပ်မဆိုးခြင်းဟူသည် ရုပ်ချောသည်ဟု အဓိပ္ပါယ်ပင်လော။

( ဟမ့် ... နေဦး ငါက ငါ့ခွန်အားအတွက် ချီးကျူးစကားလိုချင်တာ မဟုတ်လား ... ဘာလို့ ရုပ်ချောရမှာလဲ။ )

ဤသည်မှာ သူ့ကို ပန်းအိုးအဖြစ် ရည်ရွယ်နေသည်လော။ အမူအရာ အမျိုးမျိုး ပြောင်းနေသော ချင်းဖန်ထံကြည့်ပြီး ကူချန်မှ လှည့်ထွက်လာခဲ့၏။

အမှန်အတိုင်း ဝန်ခံရမည်ဆိုသော် ချင်းဖန်သည် အမှန်ပင် အရည်အချင်းရှိသည်။ သူသည်လည်း ဆေးပြားသန့်စင်ရာတွင် အောင်မြင်မှုတစ်ခု ရရှိခဲ့၏။

လက်ရှိအချိန်၌ ပြီးပြည့်စုံသော ယွမ်ဖူနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ခရမ်းရောင်နေမင်းနယ်ပယ်နှင့် ခြေတစ်လှမ်း မျှသာ ဝေးတော့၏။

ယခင် ဆေးပြားသန့်စင်ရာတွင် ဝိညာဉ်စွမ်းအင်စုစည်းခြင်း အစီရင်ကို ခင်းကျင်း ခဲ့ရသည်။ ထို့နောက် ဝိညာဉ်စွမ်းအင်များ စုပ်ယူကာ စွမ်းအင်မီးတောက် ဖန်တီး၏။

ဤနည်းဖြင့် တစ်လနီးပါးကြာပြီးနောက် ကျင့်ကြံမှုသည် ခိုင်မာသော အုတ်မြစ်ကို ရရှိစေ တော့သည်။ ယွမ်ဖူနယ်ပယ်၏ ရည်ရွယ်ချက်မှာ ခရမ်းရောင်နန်းတော်ကို စဉ်ဆက်မပြတ် သန့်စင်ရန်ဖြစ်၏။

ယွမ်ဖူနယ်ပယ်၏ အုတ်မြစ်သည် ခရမ်းရောင်နေမင်းနယ်ပယ်၌ စစ်မှန်သောချီကို ထို့ထက်ပို၍ စုစည်းနိုင်ရန်ပေပင်။

ရေမီးဆေးပြားဖြင့် ခရမ်းရောင်နေမင်း နယ်ပယ်သို့တက်ရောက်ခြင်းသည် အန္တရာယ် အနည်းငယ်ရှိသည်။

သတိမထားသော် ခရမ်းရောင် နန်းတော်ပျက်စီးသွားနိုင်၏။ အတွေးများဖြင့် ကူချန်တစ်ယောက် ခြံဝင်းဆီသို့ ပြန်လည် ထွက်ခွာလာခဲ့သည်။

ထိုစဉ် ချင်းဖန်ခမျာ တစ်စုံတစ်ရာကို ရုတ်တရက် သတိရလာပြီးနောက် မျက်ဝန်းများ အနည်းငယ် မှေးစင်းလျက်၊

“ စီနီယာအစ်ကို ... မင်းကိုပြောဖို့ မေ့သွားတာတစ်ခုရှိတယ်။ ”

-ဟု အော်ဟစ်လိုက်တော့၏။

All Chapters