အခန်း (၁၄၀)
Vol. 12 Ch. 140
နတ်ဘုရား ... ။
“ ဦးလေးကူ နေမကောင်းဘူး။ ”
ကူချန်တစ်ယောက် ချင်းဖန်ထံ ပြန်လှည့်ကြည့်သည်။ တစ်ဆက်တည်းမှာပင် မျက်ဝန်းများ မှေးစင်းသွားတော့၏။
ချီစုစည်းခြင်းနယ်ပယ် နှောင်းပိုင်း ကျွမ်းကျင်သူတစ်ဦး၏ ခန္ဓာကိုယ်သည် ကြံခိုင်မှု ရှိသည်။ အခြေခံအားဖြင့် ရောဂါအားလုံးကို ခုခံနိုင်စွမ်းရှိ၏။ ပြင်ပဗိုင်းရပ်စ်များမှာ ဒုက္ခမပေးနိုင်ချေ။
အတွင်းပိုင်း ရောဂါများသည်သာ ဖြစ်စေနိုင်သည်။ ဥပမာ ကျင့်ကြံနေကြစဉ် အပ်စိုက်မှတ်များ ပျက်စီးခြင်းမျိုးဖြစ်၏။
ရှန်ရှင်းနယ်ပယ် ရောက်ရှိပြီးနောက် ခန္ဓာကိုယ်သည် သေမျိုးခန္ဓာ၏အဆုံးစွန်သော အဆင့်ရောက်ရှိသွားပြီ ဖြစ်သည်။
ရောဂါကင်းစင်ကာ မည်သည့်ဝေသနာမျှ မခံစားရချေ။ တစ်ချိန်တည်းမှာပင် အတွင်းပိုင်း ပျက်စီးခြင်းကိုလည်း ပြုပြင်နိုင်မည်။
ရှန်ရှင်းဟူသည် မူလသဘာဝဖြစ်၏။ ထို့ကြောင့် သဘာဝအတိုင်းတည်ရှိပြီး မွေးရာပါ သဘောသဘာဝကို ရည်ညွှန်းသည်။
လူသားများ မွေးလာသောအခါတွင် အလွန်သန့်စင်ကြပြီး ခန္ဓာကိုယ်၌ ဗိုင်းရပ်စ်များ မရှိခဲ့ချေ။ ထို့ကြောင့် ရှန်ရှင်းနယ်ပယ်သည် ပြင်ပရောဂါများ ကူးစက်မည်မဟုတ်ချေ။
ဆိုလိုသည်မှာ ပလိပ်ရောဂါ၊ ကျောက်ရောဂါ၊ ငှက်ဖျား၊ ကာလဝမ်းစသည်ဖြင့် အမျိုးမျိုးသော ဗိုင်းရပ်များဖြစ်သည်။
ကူဖုန်းသည် ရှန်ရှင်းနယ်ပယ် ကျင့်ကြံသူ ဖြစ်သည်။ ယွမ်ဖူနယ်ပယ်မှ ခြေတစ်လှမ်းသာ ဝေးပြီး နှောင်းပိုင်းအဆင့် ရှန်ရှင်းနယ်ပယ် ကျင့်ကြံသူပေပင်။
အဆိပ်သင့်သည်ဟု ဆိုလျှင်ပင် ယုံကြည့်မိပေမည်။ ဖားနေသည်ဟူသော သတင်းသည် သံသယဝင်စရာပေပင်။
ကူချန်တစ်ယောက် ချင်းဖန်ကိုကြည့်ကာ တဖြည်းဖြည်း မျက်မှောင်ကြုတ်၏။ ချင်းဖန်မှ ထိုအမူအရာအပေါ် သတိပြုမိပြီး နှလုံးခုန်နှုန်း မြန်လာတော့သည်။
“ သူတကယ် ဖျားနေတာပါ ... စိတ်ဓါတ်ကျစရာ အကြောင်းတစ်ခုရှိတယ်လို့ ကြားခဲ့တယ်။ ”
ကူချန်က မျက်ခုံးများ အနည်းငယ် ဖြေလျှော့သွားပြီ ခေါင်းညိတ်ပြကာ၊
“ နားလည်ပြီ ... ငါသွားလိုက်မယ်။ ”
-ဟု တုန့်ပြန်ကာ ပျောက်ကွယ်သွား၏။
ချင်းဖန်က ရိုးသားစွာဖြင့် ခေါင်းညိတ်လိုက်လေသည်။ ခေါင်းပြန်အမော့၌ ကောက်ကျစ်သော အပြုံးတစ်ပွင့် ပူးတွဲ ပေါ်လာချေပြီ။
***
နတ်နဂါးမြို့ ... ။
မြို့တော် လမ်းမကြီး တစ်လျှောက် ဈေးသည်များ၊ ရထားလုံးများ၊ ခရီးသွားများဖြင့် သက်ဝင်စည်ကားလျက်ရှိသည်။
နေရာတိုင်းသည် စည်ကားပြီး သာယာဝပြောသော မြင်ကွင်းတစ်ခုပေပင်။ ဖူစုနိုင်ငံသည် ဤနှစ်ပေါင်းများစွာအတွင်း မငြိမ်းချမ်းခဲ့ချေ။
သို့သော်လည်း ရှန်နန်ပြည်နယ်သည် ရှားပါးပြီးငြိမ်ချမ်းနေ၏။ လူတိုင်းသည် အမြဲ ပျော်ရွှင်ရသည်။
ထို့ပြင် မြို့တော်အတွင်း၌ သူရဲကောင်းများစွာ ပေါ်ထွက်လာမှုကြောင့် အုပ်ချုပ်ရေးယန္တရားသည်လည်း တည်ငြိမ် သကဲ့သို့ စီးပွားရေးသည်လည်း ကောင်းမွန်လာ၏။
မြို့တော်တဝိုက် မြစ်ကြီးသုံးစင်းမှာ ရစ်ခွေနေသောကြောင့် ကုန်သည်များအတွက် ရေလမ်းဖြင့် ကုန်စည်စီးဆင်းမှု လွယ်ကူ စေသည်။
ကုန်သည်များအတွက် သယ်ယူပို့ဆောင်ရေးအတွက် အသုံးစရိတ်သည် အရေးကြီးသော အခန်းကဏ္ဍတွင်ပါရှိ၏။
ကုန်သွယ်ခွန်များ တင်းကြပ်ခြင်း၊ သယ်ယူပို့ဆောင်ရေး ပိတ်ဆို့ထားခြင်း၊ လုံခြုံမှု မရှိခြင်း စသည်တို့သည် ကုန်သည်များအတွက် အသက်သွေးကြောပေပင်။
ရှန်နန်လမ်းကို ပိတ်ဆို့ခဲ့ပါက ၎င်းသည် ပြိုင်ဘက်များအပေါ် (၈၀%) နာကျင်စေနိုင်ပြီး (၁၀၀%)သည် မိမိကိုယ်ကို နာကျင်စေမည့် နည်းဗျူဟာတစ်ခုဖြစ်သည်။
ကူချန်မှ ပြုံးလျက် သူ့နားမှ ဖြတ်ပြေးသွားသော ကလေးငယ်ထံ ငုံ့ကြည့် လိုက်၏။ ဤနှစ်များတွင် နတ်နဂါးမြို့တော်၏ ဖွံ့ဖြိုးလာမှုသည် အံ့အားသင့်ဖွယ်ပေပင်။ လူဦးရေ သုံးသန်းကျော်ချေပြီ။
တစ်ချိန်က မြို့ငယ်လေးအဖြစ် မည်သူမဆိုယုံကြည်မည် မဟုတ်ချေ။ လူဦးရေ သုံးသန်းကျော်ဟူသည် မြို့တော်တွင် နေထိုင်သူများ အကုန်မဟုတ်ချေ။
ဒေသခံ မြို့သားများသာ ဖြစ်၏။ အမှန်တကယ် လာရောက်နေထိုင်နေသည့် လူဦးရေများကို ထည့်သွင်းရေတွက်သော် (၁၀)သန်းကျော် ချေမည်။
ဤနေရာတွင် မြစ်သုံးစင်း ပေါင်းဆုံသည်။ မြေသြဇာကောင်းမွန်လွန်းသော လယ်မြေများ၊ စမ်းချောင်းများ ပြတ်လပ်ခြင်းမရှိချေ။
ငါးနှင့်ဆန်ထွက်ရှိရာ ဒေသတိုင်း ဖူစုနိုင်ငံတော်၏ စပါးကျီများ ဖြစ်လေသည်။ ကူမိသားစု၌ ခွန်အားမရှိသော် ဤမြေ၊ဤရေကို ကာကွယ်နိုင်မည် မဟုတ်ချေ။
အတွေးများဖြင့် အလွန်စည်ကားသော မုန့်စျေးတန်းအတွင်း ရောက်ရှိလာ၏။ မုန့်ဆိုင် အများစုသည် အော်ဟစ်ခေါ်ဆိုနေကြသည်။
အနားတွင် လတ်လတ်ဆတ်ဆတ် ကြက်သွန်ကိတ်မုန့်များ ရောင်းနေသည့်ဆိုင်ကို မြင်နေရ၏။
“ ငါ့ကို ကိတ်မုန့်နှစ်ခုပေးပါ။ ”
ပုံမှန်အချိန်များတွင် ကိတ်မုန့်များကို မစားဖြစ်ချေ။ ယခုမူ သက်ဝင်နေသော မြင်ကွင်း ကြောင့် သူသည်လည်း ပါဝင်ချင်လာသည်။
ကြက်သွန်မြိတ် ကိတ်မုန့်ပိုင်ရှင်သည် အဘွားအိုတစ်ယောက်ဖြစ်သည်။ စားပွဲခုံအပေါ် အဝတ်စဖြင့် သုတ်နေသည့် ပိန်ပိန်ပါးပါး မိန်းကလေးတစ်ယောက်လည်း ရှိနေ၏။
ကိတ်မုန့်ဆိုင်သည် ယာဂုလည်း ရောင်းနေသည်ကို သတိထားမိ၏။ အဘွားအိုက လက်ကျန်ကိတ်မုန့်ကို စက္ကူဖြင့်ပတ်ကာ၊
“ ခဏစောင့်ပါ ... ကိတ်မုန့်က ကုန်သွားပြီ ဒါက မှာထားပြီးသားတွေ။ ”
-ဟု တုန့်ပြန်သည်။
စားပွဲခုံကို သုတ်နေသည့် ကောင်မလေးက သူ့အတွက် ထိုင်ရန်နေရာပြင်ရာမှ မော့ကြည့်ပြီး မျက်လုံးပြူးသွားသည်။
သူမမျက်လုံးထဲ အံ့သြသည့် အကြည့်တစ်ခုပေါ်လာ၏။ ထိုအမူအရာကြောင့် ကူချန်မှ ကောင်မလေးထံ ပြန်ကြည့်သည်။
သူမသည် သာမန်အသွင်အပြင်မျိုးဖြင့် ဖျင်ကြမ်းအင်္ကျီရှည်ကြီးတွင် ကြက်သွေးရောင် ခါးချည်ကြိုး ချည်ထားသည်။
သူမထံမှ ရင်းနှီးသောခံစားချက်ကို ခံစားလိုက်ရ၏။ ကောင်မလေးက ကူချန် အကြည့်ကြောင့် အနည်းငယ် ရဲဝံ့လာပြီး၊
“ ကျေးဇူးရှင် ... ။ ”
-ဟု ရေရွတ်လိုက်သည်။
သူမအသံကြောင့် အဘွားအိုသည်လည်း ခေါင်းမော့ကြည့်ပြီး လက်ထဲရှိ ကိတ်မုန့်ကြီးမှာ ပြုတ်ကျသွားလေသည်။
မျက်လုံးများ၌ မယုံကြည်နိုင်မှုနှင့် စိတ်လှုပ်ရှားမှု အရိပ်အမြွက်ပေါ်လာကာ ကူချန် အနား အပြေးရောက်လာသည်။
“ တကယ်ပဲ ... မင်း ကျေးဇူးရှင်ပဲ။ ”
ကူချန်က တုန်ရင်ဝမ်းသာနေသော အဘွားအိုထံ အနည်းငယ်ကြာ စိုက်ကြည့်ကာ ရုတ်တရက် သတိရသွားသည်။
“ ဒါဆို ... မင်းအဆင်ပြေတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်သွားပြီပဲ။ ”
နှစ်များစွာ ကုန်လွန်လာသည်နှင့် ထိုစဉ်က အမျိုးသမီးသည် အဘွားအိုအရွယ်သို့ ရောက်ရှိ နေပြီဖြစ်သည်။ ထို့နောက် ဘေးနားတွင်ရှိသော ကောင်မလေးထံ လှည့်ကြည့်ကာ၊
“ အဲဒီတုန်းက ... ကလေးငယ်က ဒီမိန်းကလေးလား။ ”
-ဟု မေးလိုက်၏။
ကောင်မလေးမှ စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ် အတွင်း ဟဲရှလမ်းရှိ မိုးခေါင်ရေရှားမှုကြောင့် ဒုက္ခသည်တစ်စု လင်းရင်ဘုံကျောင်းသို့ ရောက်ရှိလာဖူး၏။
အဘွားအိုသည် ကူချန်ထံမှ ကြက်သွန်မြိတ်ကိတ်မု့န်တစ်ခု ရရှိခဲ့ဖူးသည်။ ထိုစဉ်က သူမရင်ခွင်ထဲရှိ ကလေးငယ်သည် ဤကောင်မလေး ဖြစ်၏။
အဘွားအိုက ကူချန်ကို အံ့သြတကြီး ပြန်ကြည့်ပြီး၊
“ နှစ်တွေ အတော်ကြာနေပြီ ... ငါ့ကျေးဇူးရှင်က အခုချိန်ထိ ငယ်ရွယ်နုပျိုနေ သေးတာပဲ ... လွန်ခဲ့တဲ့နှစ်အနည်းငယ်က ...
... နီကျိနဲ့ငါ ... ကျေးဇူးတင်ပြီး လင်းရင်ဘုံကျောင်းကို သွားခဲ့ပေမယ် မင်းကို တစ်ခါမှ မတွေ့ခဲ့ရဘူး ... ဒါပေမယ့် ဒီနေ့တော့ မင်းငါ့တို့ဆီ ရောက်လာပြီ ... ။ ”
ထို့နောက် အဘွားအိုက သူ့သမီးကို လက်ဆွဲပြီး ကူချန်ရှေ့တွင် ဒူးထောက်စေသည်။ သို့သော် ဒူးထောက်၍ မရချေ။
အံ့အားသင့်ဖွယ် စွမ်းအားတစ်ခုက သူမတို့အပေါ် ပြန်လည်မတင်လိုက်လေသည်။ ကူချန်က သားအမိနှစ်ယောက်ကို ကြည့်ပြီး၊
“ ဒီအဖြစ်အပျက်က ငါ့အတွက် ဘာမှ မဟုတ်တဲ့ လုပ်ရပ်တစ်ခုပဲ ... မင်းဒီလိုလုပ်စရာ မလိုပါဘူး ... ငါဒီမှာ ကြက်သွန်မြိတ်ပန်ကိတ် နှစ်လုံးအတွက်ပဲ ရှိနေတာပါ။ ”
-ဟု ပြောကြားလိုက်၏။
သားအမိ နှစ်ယောက်သား အံ့သြသွားကြသည်။ အဘွားအိုက လျင်မြန်စွာ ခေါင်းညိတ်ပြပြီး၊
“ ခဏစောင့်ပါ ကျေးဇူးရှင် ... ။ ”
-ဟု ဆိုလျက် ပြန်လှည့်ဝင်သွား၏။
များမကြာခင် ပူနွေးလတ်ဆတ်သော ကြက်သွန်မြိတ် ပန်ကိတ်(၁၂)လုံးကို ထုပ်ပိုးကာ ကူချန်ထံပေးအပ်လိုက်သည်။
“ မင်းရဲ့အကူမညီကို ငါပြန်မဆပ်နိုင်ပါဘူး ဒီမုန့်တွေကစျေးပေါတယ် ဒါကြောင့် ကျေးဇူးရှင် အတွက် ... ငါပေးပါရစေ။ ”
“ နှစ်လုံးဆို အဆင်ပြေတယ်။ ”
ကူချန်က ကိတ်မုန့်နှစ်ခုသာယူပြီး ကြေးဒင်္ဂါးနှစ်ပြား ပေးလိုက်၏။ အဘွားအိုသည် ငြင်းဆန်လိုသော်လည်း မအောင်မြင်မည်ကို နားလည်လိုက်သည်။
ကြေးနီဒင်္ဂါးနှစ်ပြားက စားပွဲခုံပေါ် ငြိမ်သက်စွာကျန်ရစ်ခဲ့၏။ သားအမိနှစ်ယောက် ခမျာ တိတ်ဆိတ်စွာ ကျန်ရစ်တော့သည်။
“ ငါတို့ ကံကြမ္မာရှိရင် ပြန်ဆုံကြမယ်။ ”
ကူချန်အသံက ပဲ့တင်ထပ် ကျန်ရစ်ချေပြီ။ ကောင်မလေးက ကူချန်ကျောထံ ငေးကြည့်ပြီး နားမလည်ဟန်ဖြင့်၊
“ အမေ၊ ငါတို့ကျေးဇူးရှင်က ... အချုချိန်ထိဘာလို့များ ချောမောပြီး မပြောင်းလဲ သေးတာလဲ။ ”
-ဟု မေးမြန်းလိုက်၏။ သူမ မှတ်ဉာဏ်တွင် ကူချန်သည် လွန်ခဲ့သော နှစ်အနည်းငယ်အတိုင်း ချောမောလွန်းနေသည်။
“ ငါတို့ကျေးဇူးရှင်က နတ်ဘုရားဖြစ်ရမယ် မဟုတ်ရင် ဒီလို့ကြင်နာတတ်တဲ့ စိတ်မျိုးရှိနေမှာ မဟုတ်ဘူး။ ”
***