← Chapters

အခန်း (၁၄၅)

Vol. 12 Ch. 145

အခန်း (၁၄၅)

Vol. 12 Ch. 145

ဘဝအဆက်ဆက် ... ။

“ ဒေါက် ... ဒေါက် ... ။ ”

“ ဝင်ခဲ့ ... ။ ”

ကူချန်မှ တံခါးဝတွင်ရပ်လျက် ခပ်ဖွဖွခေါက်လိုက်၏။ အတွင်းက ကူဖုန်း၏ တုန့်ပြန်သံ ထွက်ပေါ်လာသည်။

ကူချန်က တံခါးကိုတွန်းဖွင့်ကာ လှမ်းဝင်လိုက်၏။ မြင်ကွင်းသည် ထူးဆန်းပြီး သာမန်ဆန်နေသည်။

အခန်းအတွင်း၌ ရွှေသို့မဟုတ် ငွေကဲ့သို့ အဆင်တန်ဆာများ မပါရှိဘဲ အရိုင်းဆန်ဆန် ထွင်းထုထားသော ပရိဘောဂများသာရှိ၏။

ဤနေရာသည် ကူဖုန်းတစ်ယောက် အနားယူသောစံအိမ်ပေပင်။ ဇနီးဆုံးပါးပြီးချိန်၌ သန့်ရှင်းရေးတာဝန်ယူသော အစေခံမှတပါး မည်သူမျှ ဝင်ရောက်ခွင့် မရှိခဲ့ချေ။

ကူဖုန်းက စာရွက်စာတမ်းများဖြင့် ရှုပ်ပွနေသောစားပွဲတွင်ထိုင်နေပြီး သူ့ဘေးနားရှိ နံ့သာပေါင်းအိုးမှ အစိမ်းရောင် အခိုးအငွေ့များ ထွက်ပေါ်နေတော့၏။

အစိမ်းရောင်အခိုးအငွေ့များ၏ ရနံ့မှာ သင်းပျံ့နေသည်။ ရှူရှိုက်ရုံဖြင့် စိတ်ဝိညာဉ်ကို လန်းဆန်းစေပြီး ပျော်ရွှင်စေ၏။

“ မင်းဘာအတွက် ရောက်လာတာလဲ။ ”

ကူဖုန်းက အံ့အားသင့်စွာ မေးသည်။ ကူချန်တစ်ယောက် ချက်ချင်း ပြန်မဖြေသေးဘဲ အခန်းအတွင်း လှမ်းဝင်ကာ စားပွဲပေါ်ရှိ စာရွက် အချို့ကို အမှတ်တမဲ့ ကောက်ယူကြည့်၏။

မြောက်ပိုင်းပြည်နယ်မှ သောင်းကျန်းသူ ဓားပြများအကြောင်း မှတ်တမ်းနှင့် ပြစ်မှုများ အကြောင်းပေပင်။

ဆိုလိုသည်မှာ မြောက်ပိုင်းဓားပြများသည် ရှန်နန်လမ်းကို စတင်ကျူးကျော်လာနေသည်ဟု အဓိပ္ပါယ်ရ၏။

“ အဖေ နေမကောင်းဘူးလို့ ငါကြားတယ်။ ”

“ ငါ ကောင်းပါတယ်။ ”

ကူဖုန်းက လက်ဝှေ့ယမ်းပြီး ငြင်းဆန်လိုက်သည်။ ကူချန်မှ ထိုအမူအရာကို သတိထားကြည့်ကာ၊

“ ဒါပေမယ့် ငါ့အမြင်မှာတော့ အဆင်မပြေဘူးလို့ ခံစားနေရတယ်။ ”

-ဟု ပြောကြားတော့၏။

“ ဖေဖေ ... မင်းနည်းနည်း ပိန်သွားပြီး အားနည်းနေတယ်။ ”

ကူဖုန်းမှ တုန့်ပြန်ခြင်း မပြုချေ။ ကူချန်အမြင်တွင် သူ့အဖေသည် မပျော်မရွင် ဖြစ်ကာ တက်ကြွမှုကင်းနေသည်။

“ ဖေဖေ ... မင်းမှာ စိတ်မကောင်း ဖြစ်စရာတစ်ခုခု ရှိနေတယ်လို့ အဲဒီကလေး ချင်းဖန်ပြောတယ် ... ။ ”

“ မဟုတ်ပါဘူး ... ။ ”

ကူချန်မှ အဝေးကိုကြည့်၏။

“ ဒါက ငါ့ကြောင့်လား ဖေဖေ။ ”

“ ..... ။ ”

ဤတစ်ကြိမ်၌ ကူဖုန်းက သူ့သားကို ပြန်မော့ကြည့်လေသည်။ သူ့မျက်ဝန်းများသည် ‘မင်းမသိဘူးလား’-ဟု ပြောနေသလိုပေပင်။

ထို့နောက် သားအဖနှစ်ယောက်ကြား အနည်းငယ်အကြာ တိတ်ဆိတ်သွားတော့သည်။ ကူချန်က သူ့အဖေ၏ အတွေးကို မြင်နိုင်၏။ ထို့ကြောင့် ကူကယ်ရာမဲ့သွားသည်။

“ တကယ်ပဲ ... တခြားနည်းလမ်း မရှိတော့ဘူးလား ဖေဖေ။ ”

“ ရှိတယ် ... ။ ”

ကူဖုန်းက ချက်ချင်း အသက်ဝင်လာပြီး၊

“ ယွင်အာကို ... သွားပြီးစည်းရုံးပါ။ ”

-ဟု တုန့်ပြန်သည်။

ဤနည်းလမ်းသည် ကူချန်အတွက် သက်ပြင်းချ မိစေသည်။ သူ့၌ အိမ်ထောင်ပြုရန် ရည်ရွယ်ချက် မရှိသည့်နောက် တစ်ဖက်လူကို မည်သို့စည်းရုံးနိုင်မည်နည်း။

ပွင့်ပွင့်လင်းလင်းဝန်ခံရပါမူ ဤအရေးသည် သူ့တာဝန်ဖြစ်သည်။ သူသည် မိသားစု၏ သား အကြီးဆုံးပေပင်။

“ ဘာလို့ အိမ်ထောင်မပြုချင်ရတာလဲ။ ”

တုန့်ဆိုင်းနေသော ကူချန်ကိုကြည့်ပြီး ကူဖုန်းတစ်ယောက် သိချင်လာခဲ့၏။ ကူချန်မှ ကူဖုန်းကိုပြန်ကြည့်ကာ၊

“ ဖေဖေ ... ဘာလို့ မင်းအိမ်ထောင် ထပ်မပြုရတာလဲ ... ဒီနည်းလမ်းက ပိုအဆင် မပြေဘူးလား။ ”

-ဟု ပြန်လှန် မေးခွန်းထုတ်လိုက်သည်။

ကူဖုန်းခမျာ မျက်ခုံးပင့်၏။ ယင်းသည် သူ့တွက်ချက်မှုအတွင်းမှ လွဲချော်သွားစေသော မေးခွန်းဖြစ်နေပုံရသည်။ ထို့ကြောင့် စိတ်ရှုပ်ထွေးသော အကြည့်များဖြင့်၊

“ ငါဘာလို့ အိမ်ထောင်မပြုတာလဲ ... ဒီမေးခွန်းက အရမ်းကောင်းတယ် ... တကယ်ဆို ငါ့အတွက် ဒီကိစ္စမှာ မစွမ်းဆောင်နိုင်တာမျိုး မဟုတ်ဘူး မင်းအမေကို မေ့လို့မရလို့ပဲ။ ”

-ဟု ဖြေကြားလိုက်၏။

အစားအသောက်နှင့် လိင်မှုကိစ္စသည် လူ့သဘာဝဖြစ်သည်။ ယောက်ျားဖြစ်စေ မိန်းမ ဖြစ်စေ ၎င်းကိုလိုအပ်သည်။

သို့သော် အကြင်သူ၏ နှလုံးသားတွင် တစ်စုံတစ်ယောက်ရှိနေသော် တခြားလူအတွက် နေရာမရှိချေ။

ကူချန်အတွက်မူ ကျင့်ကြံခြင်းသည် ဘဝဖြစ်သည်။ လက်ရှိတွင် ယွမ်ဖူနယ်ပယ်သာ ဖြစ်ပြီး သက်တမ်းသုံးရာကို ပိုင်ဆိုင်၏။

ခရမ်းရောင်နေမင်းနယ်ပယ်သို့ ဖြတ်ကျော်ဝင်ရောက်ပြီးသည်နှင့် သက်တမ်း ငါးရာရှိနိုင်ပေမည်။

ထိုသက်တမ်းအတွင်း သူ့တွင် ထပ်မံတိုးတက်လာစေရန် အခွင့်အရေးများ ရှိနေသေး၏။

ဤကမ္ဘာကြီးတွင် လူတိုင်းအတွက် ခွန်အားနှင့်စွမ်းရည်ကွဲပြားပြီး အလားအလာမှာ မတူညီချေ။

ဆိုလိုသည်မှာ လူနှစ်ဦးအတွက် သက်တမ်းနှစ်ခုကြား ကြီးမားသော ခြားနားချက် ရှိနေပေလိမ့်မည်။ ထို့ကြောင့် တစ်စုံတစ်ဦးသည် နုပျိုမှုဆုံးရှုံးကာ အဆုံး၌ သေချေမည်။

ကျန်ရစ်ခဲ့သူအတွက် နှလုံးသားတွင် ဝမ်းနည်းကြေကွဲဖွယ်ရာ အမှတ်တရများစွာကို ဆုပ်ကိုင်ကာ ဖြတ်သန်းရနိုင်၏။

ထို့ကြောင့် ကျင့်ကြံသူများသည် သူတို့၏အိမ်ထောင်ဘက်အပေါ် ပေါ့ပေါ့ဆဆ ရွေးချယ်ခြင်း မပြုချေ။ အချက်အလက်များစွာ ဆင်ခြင်သုံးသပ်ပြီးနောက်မှသာ ဆုံးဖြတ်ချက် ချကြသည်။

ဤနည်းဖြင့် တာအိုအဖော်အဖြစ် သတ်မှတ်ကာ အနာဂါတ်လမ်းကို အတူတကွ လျှောက်လှမ်းကြချေမည်။

ဆိုလိုသည်မှာ ကျင့်ကြံသူအတွက် အိမ်ထောင်ဖက်ရွေးခြင်းသည် အရေးကြီးသော ကဏ္ဍတစ်ရပ်အဖြစ် ရှိနေသည်။

လက်ရှိအချိန်တွင် ကူချန်သည် တာအိုအဖော်မွန်ကို မစဉ်းစားထားချေ။ သူ့ သက်တမ်းသည် နယ်ပယ်တိုင်း၏ ဆယ်ဆဖြစ်သည်။

သူနှင့်အတူ လမ်းအဆုံးထိတိုင် လိုက်ပါလာနိုင်ရန် မည်သူမျှ စွမ်းဆောင်နိုင်မည် မဟုတ်ချေ။ နယ်ပယ်များ၏ ဆယ်ဆသည် နည်းပါးသော သက်တမ်း မဟုတ်ချေ။

ထို့ကြောင့် တာအိုအဖော်မွန်ကို မစဉ်းစားခြင်းဖြစ်သည်။ ဤနည်းဖြင့် သူ့အဖေ ကဲ့သို့ ထာဝရဝမ်းနည်းမှုကို ရင်ဝယ်ပိုက် မထားလိုချေ။ ရှောင်ရှားနိုင်သော် အကောင်းဆုံးပေပင်။

တစ်ဖက်တွင် ကူချန်မေးခွန်းကို ပြန်ဖြေပြီးနောက် ကူဖုန်းခမျာ တစ်စုံတစ်ရာကို ရုတ်တရက် နားလည်လာတော့သည်။

( ဒီကောင် မလွယ်ဘူး ... ။ )

မွေးဖွားခြင်း၊ အိုမင်းခြင်း၊ ဖျားနာခြင်း၊ သေခြင်းစတို့သည် သဘာဝတရား၏နိယာမများ ဖြစ်သည်။ သဘာဝအတိုင်း ဖြစ်နေသရွေ့တော့ အဘယ့်ကြောင့် ကြောက်ရွံ့နေသနည်း။

ကူချန်က သူ့ဖခင်တစ်ယောက် နားလည်သွားသည်ကိုမြင်ပြီး၊

“ ဖေဖေ ... မင်းလည်းသိမှာပါ ... ငါဒီလိုအရာတွေကို မလိုချင်တာမို့ တက်နိုင်သမျှ ရှောင်နေတာပါ။ ”

“ ဒါပေမယ့် ... ဒါက သဘာဝတရားပဲ တချို့အရာတွေကို မင်းရှောင်လွှဲလို့ မရနိုင်ဘူး။ ”

“ မှန်ပါတယ် ... ။ ”

ဤတစ်ကြိမ်တွင် ကူချန်သည် သက်ပြင်းချ လိုက်တော့၏။ သူတစ်သက် အိမ်ထောင်မပြုရ လျှင်ပင် အရေးမကြီးချေ။ သို့သော် သူ့ဖခင် အတွက် လိုအပ်နေသေးသည်။

ဖခင်သည် သူ့ဘဝတစ်လျှောက်လုံး မိသားစုအတွက်အလုပ်ကြိုးစားခဲ့ပြီး ထိုအမွေကို အလေးထားရပေမည်။ မွေးဖွားပြီးနောက် သေခြင်းသည် မလွဲမသွေပေပင်။

ဤမျှစွာသော နှစ်ရှည်လများ တည်ဆောက်ထားသည့် အမွေများသည် ကူဖုန်း နှင့်အတူ ပြန်လည်ပျောက်ကွယ်သွားမည်ဆိုက နှမျောစရာပေပင်။

ချန်ယွင်သည်လည်း ကျင့်ကြံမှုကိုသာ အာရုံစိုက်ပြီး အိမ်ထောင်ပြုရန် ရည်ရွယ်ချက် မရှိချေ။

ထိုကြောင့် ဤတာဝန်သည် သူ့အပေါ် လုံးလုံးလျားလျား ကျရောက်နေသည်။ အချိန် အနည်းငယ်ကြာ တိတ်ဆိတ်နေမိပြန်၏။

လက်ရှိအခြေအနေအရ ရှောင်လွှဲရန် ဖြစ်နိုင်တော့ချေ။ ကြင်နာမှုကို ကျေးဇူးတရား များဖြင့် ပြန်ဆပ်ပြီ အမုန်းတရားအပေါ် ရန်ကြွေးဖြင့် ပြန်ဆပ်ပေမည်။

ဤသည်မှာ သူ့ဘဝအတွက် ချမှတ်ထားသောကျင့်ဝတ်ပေပင်။ ကူဖုန်းသည် သူ့ကိုသဘာဝအတိုင်း မွေးဖွားထားသည်။ ထိုကြင်နာမှုကို ပြန်မဆပ်သော် ကျင့်ဝတ်သည် ရယ်စရာဖြစ်နေပေမည်။

( ဒါဆို ဘာလုပ်မလဲ။ )

သူ့ကိုယ်သူ မေးသည်။ အဖြေမရှိချေ။ ကျင့်ကြံခြင်းဟူသည်ကား အဘယ်နည်း။ ဤမေးခွန်းအတွက်မူ အဖြေရှိသည်။

တစ်စုံတစ်ယောက်သည် နှစ်ပေါင်းများစွာ သက်ရှည်သော်လည်း နောင်တရစရာများဖြင့် ရှင်သန်နေရခြင်းသည် အလကားပေပင်။ ထို့ကြောင့် သူ့ဘဝလမ်းတွင် နောင်တ နည်းပါးစေလိုသည်။

ဤအခြေအနေအရ ဖခင်သည်သာ သေဆုံးသွားသော် သေချာပေါက် ငြိမ်းချမ်းမည် မဟုတ်ချေ။ ယင်းသည် သူ့ကို နောင်တရ ပေလိမ့်မည်။

( ကောင်းပြီ ... ငြင်းလို့မရမှတော့ ... ။ )

လက်ခံလိုက်ရန် အတွေးပေါ်လာ၏။ ထိုနေ့တွင် သူ့အတွက် ခက်ခဲလာတော့မည်မှာ သေချာသည်။ ယင်းသည် သူတစ်ယောက်တည်း ထိုဝေဒနာကို ခံစားရခြင်းမည်ပေမည်။

တစ်ဖက်တွင် သူ့ဖခင် နောင်တရပြီး သေသွားသည်ထက် ပိုကောင်းသည်။ ဤဘဝ၌ ကူဖုန်း၏ သွေးတဝက်သည် သူ့ခန္ဓာကိုယ် အတွင်း စီးဆင်းနေသည်။

“ ကောင်းပြီ ... ဖေဖေ မင်းပဲရွေးလိုက်ပါ။ ”

ရုတ်တရုက် စကားကြောင့် ကူဖုန်းတစ်ယောက် မျက်ခုံးပင့်လိုက်ကာ၊

“ ဒါဆို ... မင်းသဘောတူတာလား။ ”

-ဟု အတည်ပြုချက် ယူလိုက်၏။

“ ဒီအတွက် ငြင်းစရာ အကြောင်းပြချက် ရှိသေးလို့လား ချန်ယွင်ဆန္ဒမရှိတဲ့နောက်တော့ သားကြီးတစ်ယောက် အနေနဲ့ တာဝန်ရှိပါတယ်။ ”

“ အဲဒါကို မင်းသိထားတာ ကောင်းတယ်။ ”

ကူဖုန်းက အော်ဟစ်ရယ်မောလိုသော ပျှော်ရွှင်မှုအပေါ် ချက်ချင်း ထိန်းချုပ်လိုက်၏။ ထို့နောက် လေးနက်သော အသွင်ဖြင့်၊

“ တကယ်တော့ ... ဒီကမ္ဘာကြီးမှာ အားလုံးက မင်းထင်သလောက် ကြောက်စရာ မကောင်းပါဘူး ... ။ ”

-ဟု နှစ်သိမ့်သည်။ ကူချန်မှ စကား မဆိုချေ။ ကူဖုန်းက သူ့စကားကို ဆက်ပြောသည်။

“ မင်းဘဝတလျှောက်လုံး ... လိုက်ပါ မလာနိုင်ဘူးဆိုတာသေချာလား ကျင့်ကြံခြင်းက အဆုံးမရှိဘူး ... ဒီကမ္ဘာကြီးမှာ ဒဏ္ဍာရီလာ လူဝင်စားခြင်း နည်းလမ်း(၆)ပါးရှိတယ် ...

... မင်းချစ်မိသွားရင်တောင် ဒီဘဝမှာ ပေါင်းစည်းနေပြီမို့ နောက်ဘဝမှာ ဘာလို့သူ့ကို မရှာနိုင်ရမှာလဲ။ ”

ဤတစ်ကြိမ်၌ ကူချန်တစ်ယောက် မျက်ဝန်းများ တောက်ပလာကာ သူ့စိတ်ထဲရှိ စိုးရိမ်ပူပန်မှုမှာ လျော့ပါးသွား၏။

လောကတွင် လူတစ်ယောက်အတွက် ဘဝတစ်ခုသာ ရှိသည်ဟု မည်သူပြောသနည်း။ ဤဘဝတွင် လက်ထပ်ခြင်းဖြင့် နောက်ဘဝတွင် ရှာဖွေကာ လက်ထပ်နိုင်ပေမည်။

***

All Chapters