← Chapters

အခန်း (၁၄၇)

Vol. 12 Ch. 147

အခန်း (၁၄၇)

Vol. 12 Ch. 147

နှောင်ကြိုး လှောင်အိမ် ... ။

ကောင်းကင်တွင် တိမ်တိုက်များ ထူထပ်စွာဖုံးလွှမ်းနေပြီး နှင်းများကျဆင်းနေ၏။ တာအိုချင်းရှတစ်ယောက် နေရခက်လာသည်။ ရှက်စိတ်များမှာ သူ့နှလုံးသားထဲ တဟုန်ထိုး ဝင်ရောက်လာချေပြီ။

“ အဟမ်း ... ဒီနေ့ ရာသီဥတုသာယာတယ်နော် မင်းတို့နှစ်ယောက် ဘာကိစ္စဒီကိုရောက်နေရတာလဲ ... ။ ”

ကူဖုန်းမှ ခေါင်းညိတ်လိုက်သည်။

“ အဟမ်း ... ချန်အာက ဆရာတော် အဆင့်ချိုးဖြတ်တော့မယ်လို့ပြောတာနဲ့ ... ငါ ရောက်လာတာပါ ဂုဏ်ယူပါတယ် ...

... အလျင်စလို ထွက်လာရလို့ လက်ဆောင်တွေ ပြင်မလာနိုင်ခဲ့တဲ့အတွက် ပြန်ရောက်ရင် တစ်ယောက်ယောက်နဲ့ ... လက်ဆောင်ပို့ခိုင်းလိုက်ပါမယ်။ ”

“ မဟုတ်ဘူး ... ။ ”

တာအိုချင်းရှက ကျိုးနွံစွာလက်ဝှေ့ယမ်းပြပြီး၊

“ ဒါဟာ ... သေးငယ်လွန်းတဲ့ အောင်မြင်မှုတစ်ခုပါ ... ခေါင်းဆောင်ကူအနေနဲ့ ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး။ ”

-ဟု ငြင်းဆန်လိုက်သည်။

ထိုစကားကြောင့် ကူဖုန်းတစ်ယောက် မသက်မသာဖြစ်သွား၏။ ရပ်ကြည့်နေသော ကူချန်က ပြုံးသည်။ ဆရာတော်သည် စကားကို မည်သို့ပြောရမည် မသိချေ။

“ အပြင်မှာ နှင်းတွေကျနေတယ် အထဲကိုဝင်ပြီး စကားပြောရအောင်။ ”

တစ်ဖက်တွင် တာအိုချင်းရှသည် ခုန်ပေါက်ထွက်လာသော သူ့အသွင်အပြင်ကို မေ့လျော့သွားစေရန် စကားများ စဉ်ဆက်မပြတ် ပြောခြင်းဖြင့် ကြိုးစားလိုက်သည်။

အခန်းထဲ ရောက်ရှိလာသည်နှင့် ရဲရဲနီနေသောမီးဖိုကြီးပေါ်ရှိ ရေနွေးအိုးသည် ပွက်ပွက်ဆူနေသည်ကို မြင်နိုင်၏။

လက်ဖက်စိမ်းရနံ့သည် လေထုအတွင်း ပျံ့နှံ့နေသည်။ ကူချန်က ကြယ်ကမ္ဘာအတွင်းမှ ကျောက်စိမ်းတုံးတစ်လုံး ထုတ်ယူလိုက်ပြီး တာအိုချင်းရှရှေ့ ချပေးသည်။

“ အဖေက လက်ဆောင်ပေးဖို့ မပြင်ဆင်ရသေးပေမယ့် ... ငါမင်းအတွက် ပြင်ဆင်ပေးတယ် ဆရာ ... ။ ”

“ ဒါဘာလဲ ... ။ ”

တာအိုချင်းရှက စူးစမ်းချင်စိတ်ကို မထိန်းနိုင်ဘဲ ကျောက်စိမ်းတုံးကောက်ကိုင်ကာ လှည့်ပတ်ကြည့်လေသည်။

“ လျှို့ဝှက်နည်းစနစ် ... ‘ငွေပြာသွေးကြောကွန်ယက်’ နည်းစနစ်လို့ ခေါ်တယ် ... သူ့ကို အောင်မြင်ရင် ငွေပြာရောင် စပျစ်နွယ်ပင်တွေခေါ်ယူနိုင်ပြီး ...

... ရန်သူအပေါ် ဖမ်းချုပ်နိုင်တယ် ... မှန်ပါတယ် သင်ယူပြီးရင် ... ကျောက်စိမ်းတုံးကို ပြန်ပေးပါ။ ”

“ ကောင်းပြီ ... ။ ”

တာအိုချင်းရှက ကျောက်စိမ်းတုံးကို စိတ်လှုပ်ရှားစွာ သိမ်းဆည်းလိုက်လေသည်။ လျှို့ဝှက်နည်းစနစ်များသည် တစ်စုံတစ်ဦး၏ ခွန်အားကိုများစွာ မြှင့်တင်ပေး၏။

“ ဆရာ ... မင်းငယ်ငယ်က ... ဒီလောက်အထိ ကြည့်ကောင်းလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ ”

“ အဟမ်း ... ။ ”

ဤမှတ်ချက်ကြောင့် တာအိုချင်းရှ တစ်ယောက် ချောင်းဟမ့်ကာ ဝင့်ကြွားသွား လေသည်။

တစ်ဆက်တည်းမှာပင် မုတ်ဆိတ်မွှေးထံ လက်လှမ်းလိုက်၏။ သို့သော် သူ့မုတ်ဆိတ်မှာ မရှိတော့ချေ။ ထို့ကြောင့် မေးစေ့ကိုသာ ပြောင်းလဲပွတ်သပ်ပြီး၊

“ ငါကြွားဝါတာတော့ မဟုတ်ဘူး၊ နှင်းပန်းဓားကျောင်းရဲ့ ပြင်ပတပည့်ဖြစ်တုန်းက မရေမတွက်နိုင်တဲ့ မိန်းမပျိုတွေရဲ့ မျက်နှာသာပေးမှုကို ရခဲ့တယ်။ ”

-ဟု ပြောကြားလိုက်၏။

ကူချန်မှ ပြုံးရယ်လိုက်ပြီး ကြယ်ကမ္ဘာအတွင်းမှ နောက်ထပ် ကျောက်စိမ်း တစ်တုံးကို ထုတ်ယူပြန်၏။

“ ဒါဆို ... ဒါကိုစမ်းကြည့်လို့ရတယ်။ ”

“ ဒါဘာလဲ ... ။ ”

“ သဘာဝလျှို့ဝှက်ချက် ... ။ ”

“ သဘာဝလျှို့ဝှက်ချက် ... ။ ”

တာအိုချင်းရှမှ နားမလည်ဖြစ်လာ၏။ ကူချန်က ခေါင်းညိတ်ပြကာ၊

“ ဒီနည်းစနစ်က အံ့သြစရာပါ ... ဆရာ့အသွင်အပြင်နဲ့ အရိုးတည်ဆောက်ပုံကို ပြောင်းလဲပေးနိုင်တယ် ... ဒါက အနာဂါတ်မှာ ကျင့်ကြံမှုကို ပိုမြန်စေမယ်။ ”

“ ဟမ့် ... တကယ့်ရတနာပဲ။ ”

တာအိုချင်းရှက ရုတ်တရက် ရွှင်မြူးလာကာ၊

“ ငါ့လို ကြည့်ကောင်းတဲ့ လူတစ်ယောက်အတွက် အထိုက်တန်ဆုံး ရတနာပါပဲ။ ”

-ဟု ပြောကြားလိုက်သည်။

ယွမ်ဖူနယ်ပယ်သို့ တက်ရောက်ခြင်းဖြင့် တာအိုချင်းရှသည် ယုံကြည်မှုများ တိုးပွားလာပုံ ရလေသည်။

“ ဒါလည်း ပြန်ပေးရမယ်။ ”

“ ငါနားလည်ပါတယ် ... မင်းအဖေနဲ့ ချန်ယွင်တို့ ယွမ်ဖူနယ်ပယ် ရောက်လာတဲ့အခါ လိုအပ်တယ် မဟုတ်လား။ ”

ကုချန်မှ မျက်ခုံးပင့်သည်။ ကူဖုန်းခမျာ ပို၍မသက်မသာဖြစ်လာ၏။

( ဆရာတော် ... မင်းငါ့နာမည် ထည့်မပြောလို့ရမလား။ )

“ အဟမ်း ... ။ ”

ရုတ်တရက် တာအိုချင်းရှက ထိုအချင်းအရာကို သတိထားမိလာပြီးနောက် တောင်းပန်ဟန် ပြုံးပြသည်။

“ ပလောက် ... ပလောက် ... ။ ”

တစ်ဆက်တည်းမှာပင် မီးဖိုပေါ်မှ ရေနွေးကြမ်းအိုးအမြန်ယူကာ ကူဖုန်းအတွက် ရေနွေးကြမ်းတစ်ခွက် လောင်းထည့်ပေးပြီး၊

“ ခေါင်း‌ဆောင်ကူက ... ငါရဲ့နုံချာတဲ့ အိမ်လေးဆီကို မင်းရောက်မလာတာ ကြာနေပြီ၊ ခုလိုလာခဲ့တဲ့အတွက် ဂုဏ်ယူစရာပါပဲ။ ”

“ ဆရာတော် ... မင်းဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး ဟားဟားဟား။ ”

ကူဖုန်းတစ်ယောက် ခြောက်သွေ့စွာ ရယ်မောလျက် ကူကယ်ရာမဲ့လာသည်။ သူသည် သားနှစ်ယောက်ထက်ပင် ညံ့ဖျင်းချေ၏။

“ ဆရာ ... မင်းအခုဘာဆက်လုပ်မလဲ။ ”

ကူချန်မှ တာအိုချင်းရှကို မေး၏။ တာအိုချင်းရှက ထိုမေးခွန်းအပေါ် နားမလည် တော့ချေ။ မျက်ခုံးပင့်လျက်၊

“ ငါ ကူမိသားစုကို ကာကွယ်ဖို့ ကတိပြုထားတယ်လေ။ ”

“ မဟုတ်ဘူး ... ငါပြောနေတာက နှင်းပန်းဓားကျောင်း အကြောင်းပါ။ ”

“ နှင်းပန်းဓားကျောင်းလား ... ။ ”

ထိုအမည်ကို ကြားသောအခါတွင် တာအိုချင်းရှသည် တခဏမျှ မှင်တက်သွားကာ ရေနွေးကြမ်းခွက်ကို ပြန်ချလိုက်၏။

ကူဖုန်းနှင့်ကူချန်က တိတ်ဆိတ်စွာ စောင့်မျှော်နေတော့သည်။ အချိန်အတော်ကြာ ပြီးနောက် တာအိုချင်းရှမှ သတိဝင်လာပြီး သက်ပြင်းချလိုက်သည်။

“ တောင်းပန်ပါတယ် ... ဒီအကြောင်း နောက်မှပြောကြရအောင် ... အနည်းဆုံးတော့ ယွဲ့နဲ့ဟောက်တို့ ကြီးပြင်းလာတဲ့အထိ ငါစောင့်ရမယ် ... ။ ”

ဖူစုနိုင်ငံနှင့် နှင်းပန်းဓားကျောင်းသို့ ခရီးအကွာအဝေးသည် မိုင်တစ်သန်းကျော် လေသည်။

တည်နေရာ ရွေ့ပြောင်းအစီရင်၊ ဘုံပျံလှေစသည်တို့သာ မရှိသော် အသွားအပြန် အနည်းဆုံး သုံးနှစ်မှလေးနှစ်အထိ ကြာနိုင်၏။

ထိုနှစ်ပမာဏသည် သူ့အတွက် အရေးမကြီးသော်လည်း ကလေးနှစ်ယောက် အတွက် ရှိသေးသည်။ ယင်းသည် သူ့ဘဝ၏ အစိတ်အပိုင်းများဖြစ်၏။

သူဟူသည် မိဘမဲ့တစ်ယောက်ပေပင်။ သဘာဝအတိုင်း ထိုခံစားချက်ကို သားသမီးများ အပေါ် ထပ်တူ မခံစားစေချင်ချေ။

နှင်းပန်းဓားကျောင်းကို အချိန်တိုင်း သတိရနေသော်လည်း ကလေးနှစ်ယောက် ကြီးပြင်းသည်အထိ စောင့်ရပေမည်။

ယင်းသည် ကူချန်ကြောက်သော နှောင်ကြိုးပေပင်။ တခါတရံတွင် နွေးထွေးပြီး ချိုမြိန်သော်လည်း တခါတရံ၌ ကူကယ်ရာမဲ့ စေတတ်၏။

***

ရှန့်နန်လမ်း မြောက်ပိုင်းဒေသ၊ ချန်လင်းမြို့တော်။

ချန်ယွင်တစ်ယောက် နောက်လိုက် စစ်သည်အချို့နှင့်အတူ အမဲလိုက်ရာမှ ပြန်လာ ခဲ့သည်။ သူ အနားယူနေစဉ် စစ်သည်များက အမဲလိုက်ရာမှရရှိသော သားရဲများကို ပိုးစုန်းကြူးထံကျွေးမွေးနေ၏။

“ ကျီး ... ။ ”

မီးစာငှက်သည် သားရဲအသေကောင်ကို ဝမ်းသာအားရ အော်ဟစ်ကာ မြိန်ရေရှက်ရေနှင့် စားသောက်တော့သည်။

များမကြာခင် လေထုအတွင်း သွေးညှီရနံ့များပြည့်နှက်လာ၏။ ချန်ယွင်က အနည်းငယ် မျက်မှောင်ကြုတ်သည်။

မီးစာငှက်သည် ချန်ယွင်၏ စူးရှသောအကြည့်ကို သတိပြုမိပြီး ချက်ချင်းပင် ၎င်း၏လှုပ်ရှားမှုများကို ထိန်းသိမ်းကာ တည်ငြိမ်ယဉ်ကျေးလာ၏။

သားရဲနှစ်ကောင် စားသောက်ပြီးနောက် စစ်သည်တော်တစ်ယောက်က မဝံ့မရဲသွားကာ မီးစာငှက်၏ အမွေးများကို သန့်စင်ပေးသည်။

မိနစ်အနည်းငယ် ကြာပြီးနောက် စစ်သည်တော်များက ပြန်ဆုတ်ခွာလာကြသည်။ သို့မှသာ ချန်ယွင်က မီးစာငှက်ထံ လှမ်းသွားပြီး နူးညံ့သောအမွေးအမှင်များကို ပွတ်သပ်၏။

“ မင်း ... ယွမ်ဖူနယ်ပယ်ကို ဖြတ်ကျော်သွားနိုင်ပြီ ... ငါကတော့ ဘယ်အချိန် ထိတွေ့နိုင်မလဲ မသိသေးဘူး။ ”

မီးစာငှက်သုံးကောင်၏ အောင်မြင်မှုသည် မတူညီချေ။ ကူချန်ထံမှ ချွယ်အာသည် ဦးစွာပင် ယွမ်ဖူနယ်ပယ်ရောက်ရှိခဲ့၏။ သူ့ပိုးစုန်းကြူးမှာ နောက်အကျဆုံး ပေပင်။

အရေးကြီးဆုံးမှာ မီစာငှက်များ၏ ကြီးထွားနှုန်းကို မနာလိုဖြစ်နေခြင်းဖြစ်သည်။ သူသည် ချီစုစည်းခြင်းနယ်ပယ်သို့ ရောက်ရှိလာ သည်မှာ (၈)နှစ်တိုင်နေချေပြီ။

ယခုအချိန်ထိ အတားအဆီးကို မထိတွေ့နိုင်သေးချေ။ အဆုံး၌ ခေါင်းရမ်းလျက် အတွေးများ ရှင်းထုတ်လိုက်သည်။

တစ်စုံတစ်ဦးသည် သူ့ကိုယ်သူ တခြားသူတစ်ယောက်ဖြင့် နှိုင်းယှဉ်ခြင်းသည် ကောင်းမွန်သော လုပ်ရပ်မဟုတ်ချေ။

အထူးသဖြင့် သူ့အစ်ကိုကဲ့သို့ ဘီလူးတစ်ကောင်နှင့်ပေပင်။ အကျိုးဆက်သည် စိတ်ထိခိုက်ရုံသာ ရှိပေမည်။ လူသားသည် တိရိစ္ဆာန်များထက် ခံစားချက် ပြင်း၏။

“ ပိုးစုန်းကြူးလေး ... ။ ”

“ ဝှစ် ... ။ ”

“ ဖရူး ... ။ ”

ထို့ကြောင့် ၎င်းခံစားချက်များသည် ဒုက္ခကိုဖြစ်စေမည်။ ရုတ်တရက် လေထဲခုန်ပြီး ပိုးစုန်းကြူးကျောပေါ် ဆင်းသက်လိုက်၏။

“ ဒီတစ်ခါတော့ ... ငါတို့အဝေးကို ပျံသန်းကြည့်ရအောင် ဟဲရှလမ်းက နည်းနည်း စိတ်ဝင်စားစရာကောင်းတယ်။ ”

“ ကျီး ... ။ ”

မီးစာငှက်က ရှည်လျားစွာ အော်ဟစ်လိုက်ကာ အတောင်ပံများကိုခတ်ပြီး ကောင်းကင်ပေါ် ထိုးတက်တော့၏။

***

All Chapters