← Chapters

အခန်း (၁၄၂)

Vol. 12 Ch. 142

အခန်း (၁၄၂)

Vol. 12 Ch. 142

ယဲ့ဖန် ... ။

ကူချန်မှ ပြုံးလျက် စံအိမ်တော်အတွင်း လှမ်းဝင်လိုက်သည်။ အစောပိုင်းက အတွေးများ လွင့်မျောနေသဖြင့် ရှောင်ယွင်လိုက်ပါလာ သည်ကို သတိမထားမိလိုက်ချေ။

စံအိမ်တော်နှင့် စာဖတ်‌ဆောင်သည် အနည်းငယ် လမ်းလျှောက်ရ၏။ ကူမိသားစုတွင် မိသားစုဝင်ပေါင်း ကိုးရာခန့်ရှိသည်။

ထိုအရေအတွက်တွင် အစေခံများ၊ သင်းထောက်များ မပါဝင်ချေ။ ထိုလူအားလုံး ထည့်သွင်းရေတွက်သော် အရေအတွက် လေးထောင်ကျော်၏။

မူလက ကူမိသားစုအိမ်တော်သည် ‌ရွှေပျံလွှားနန်းတော်ဧရိယာ လေးပုံတစ်ပုံမျှသာ ပိုင်ဆိုင်သည်။

သို့သော် ဤနှစ်များအတွင်း ဖွံ့ဖြိုးလာပြီးနောက် ‌ရွှေပျံလွှားနန်းတော် ဧရိယာ ပုံးသုံနှစ်ပုံအထိ တိုးကျဲလာခဲ့သည်။

စာကြည့်ခန်းတံခါးဝရှိ အစောင့်များက ကူချန်ကိုမြင်ချိန်၌ ရိုသေစွာ ဦးညွှတ်နှုတ်ဆက် တော့၏။

“ သခင်ငယ် ... ။ ”

“ အဖေရှိလား ... ။”

“ ခေါင်းဆောင် စာကြည့်ခန်းထဲမှာ မရှိပါဘူး။ ”

“ ဘယ်မှာရှိလဲ ... ။ ”

“ နွေဥယျာဉ်မှာပါ သခင်ငယ် ... ။ ”

ထိုအဖြေကြောင့် အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ ဤသည်မှာ သူ့ဖခင် အနားယူရာ ဥယျာဉ်တော်ဖြစ်သည်။

ယေဘူယျအားဖြင့် ပြောရလျှင် ညဘက်အိပ်ချိန်မှလွဲ၍ အချိန်တိုင်းထိုအရပ်၌ အနေများသည်။

အဆုံးတွင် ကူမိသားစုသည် ချမ်းသာပြီး တန်ခိုးကြီး၏။ တစ်ချိန်က စီးပွားရေးအင်ပါယာ တစ်ခုကို ထူထောင်ထားပြီး လက်ရှိတွင် ရှန်နန်လမ်းတစ်ခုလုံးကို သိမ်းပိုက်ထား၏။

ထို့ကြောင့် စစ်ရေးနှင့် စီးပွားရေးကိစ္စအားလုံးကို ကိုင်တွယ်ရန် လိုအပ်နေပြီဖြစ်သည်။

“ အဖေ ... နေကောင်းရဲ့လား။ ”

မကြာသေးမီက အဖေ၏ ကျန်းမာရေးအခြေအနေ မည်သို့ရှိသနည်းဟု အစောင့်များထံ မေးမြန်းလိုက်၏။

အစောင့်များသည် တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်ကာ အစောင့်တစ်ဦးမှ သတိထားပြီး၊

“ ခေါင်းဆောင်ကူ နေကောင်းပါတယ် ဒါပေမယ့် စိတ်မကောင်းဖြစ်ပြီး မကြာခဏ သက်ပြင်းချနေပါတယ်။ ”

-ဟု တုန့်ပြန် ဖြေကြား၏။

“ ဒါ ... ။ ”

ကူချန်၏ အကြည့်များ အနည်းငယ် လှုပ်ရှားသွားပြီး ဤအရာများသည် အနည်းငယ် ဆန်းကြယ်သည်ဟု သူ ခံစားမိသည်။

ဒဏ်ရာသည် ကုရလွယ်၏။ နှလုံးရောဂါအတွက်မူ ကုသရန် ခက်ခဲသည်။ အရေးကြီးဆုံးမှာ ထိုရောဂါသည် သူနှင့်များစွာ သက်ဆိုင်ချေမည်။

“ သခင်ငယ် ... ။ ”

ရုတ်တရက် ကူချန်တစ်ယောက် လှည့်ထွက်သွားသဖြင့် အစောင့်တစ်ယောက်မှ တွန့်ဆုတ်စွာ အော်ခေါ်လေသည်။

ကူချန်မှ မျက်ခုံးပင့်လျက် ပြန်လှည့်ကြည့်၏။ လူငယ်တစ်ယောက် ရှေ့လှမ်းတက်ကာ ရပ်နေသည်။

အသွင်အပြင်အရ သာမန်သာဖြစ်ပြီး လူအုပ်အတွင်းထားသော် ထင်ထင်ရှားရှားရှိမည် မဟုတ်ချေ။ ထူးခြားချက်ဟူ၍ မျက်လုံးများ၌ ပြတ်သားသော အငွေ့အသက်များ ရစ်သိုင်းနေခြင်းပေပင်။

သူ့နောက်ပါးရှိ အခြားသော အစောင့်များသည် ဤလူငယ်၏ ရဲရင့်မှုကြောင့် ထိတ်လန့်နေကြသည်။

သူတို့ကဲ့သို့ အစောင့်တစ်ယောက်သည် သခင်ငယ်ကို ဤသို့တိုက်ရိုက်ခေါ်ခြင်းဟူသည် မည်မျှအပြစ်ကြီးကြောင်း မသိ၍ပင်လော။

တစ်ဖက်တွင် လူငယ်သည် ကြောက်ရွံ့ခြင်းမရှိဘဲ သူ့အဖော်များရှေ့တွင် မပြောလိုဟန်ဖြင့် တိတ်ဆိတ်နေ၏။

ထိုအမူအရာကြောင့် ကူချန်က အခြားအစောင့်များထံ တစ်ချက်ကြည့်လိုက်ပြီး အစောင့်လူငယ်ကို ပြုံးပြလိုက်သည်။

“ ပြောပါ ... ဒီကိစ္စက တကယ်သာ အရေးကြီးလို့ ပေါက်ကြားသွားခဲ့ရင် ... ။ ”

သို့သော် သူ့စကားမဆုံးခင် အစောင့်များအားလုံးသည် ကြောက်ရွံ့တုန်လှုပ် လာကာ၊

“ သခင်ငယ် ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ ... ကျွန်တော်တို့ သေရင်တောင် ဒီနေ့ကြားရသမျှ မပေါက်ကြားရစေပါဘူး။ ”

-ဟု အလျင်အမြန် ကတိပေးတော့၏။

ထိုအသံများကြောင့် အစောင့်လူငယ်က သက်ပြင်းချသည်။ ထို့နောက် သူ့စကားများကို အန္တရာယ်ကင်းစေသော အသုံးအနှုန်းများ ရွေးသုံးလိုက်၏။

“ လွန်ခဲ့တဲ့ရက်အနည်းငယ်က နွေဥယျာဉ်အနားကနေ ဖြတ်သွားတုန်း တတိယ အကြီးအကဲနဲ့ ပဉ္စမအကြီးအကဲတို့ စကားဝိုင်းကို အမှတ်မထင် ကြားလိုက်ရပါတယ်။ ”

“ အမှတ်မထင်လား ... ။ ”

ကူချန်မှ အနည်းငယ် စိတ်ဝင်တစား ဖြစ်သွားသည်။ ထိုအဓိပ္ပါယ်ပါသော အကြည့်ကို ခံစားလိုက်ရသော အစောင့်လူငယ်ခမျာ ချက်ချင်းနှုတ်ဆိတ်သွားချေပြီ။

အချိန်အတော်ကြာသည့်တိုင် စကားသံထွက်မလာတော့ဘဲ ထိုနေရာတွင် အသက်မဲ့သွား၏။

“ မင်းက အစောင့်တစ်ယောက်ပဲ ... မမြင်သင့်တဲ့အရာကိုမမြင်ရဘူး .. မကြားသင့်တဲ့ စကားကိုကြားခဲ့ရင် ... ဒီလိုပဲ တခြားလူတွေကို ပြန်ပြောပြမှာလား။ ”

“ မဝံ့ပါဘူး ... ။ ”

အစောင့်လူငယ်မှ မဆိုင်းမတွဘဲ ပြန်ဖြေသည်။ ထို့‌နောက် ချက်ချင်း ဒူးထောက် လိုက်ကာ ခေါင်းငုံ့ထား၏။ ကူချန်မှ ငုံ့ကြည့်ပြီး၊

“ မင်းအသက် ရှည်ချင်ရင် ... စကားလျော့ပြောပါ ... အလုပ်များများလုပ်ပါ ... နားလည်လား ... ။ ”

“ ဟုတ်ကဲ့ ... နားလည်ပါပြီ။ ”

ကူချန်အသံသည် ပေါ့ပေါ့ပါးပါး နိုင်နေသော်လည်း အစောင့်လူငယ်ခမျာ နဖူး၌ ချွေးများရွဲနစ်နေ၏။

အကြိမ်အနည်းငယ်မျှ မြင်ဖူးသော သခင်ငယ်သည် ဤမျှဖိအားများပေးလိမ့်မည်ဟု မမျှော်လင့်ထားချေ။

အကြည့်တစ်ချက်ဖြင့်ပင် စကားမပြောနိုင်လောက်အောင် ကြောက်လန့် လာတော့၏။ သို့တိုင် အံကြိတ်လျက်၊

“ ဒီအစေခံက ကူမိသားစုရဲ့ ကျွန်တစ်ယောက်ပါ ကူမိသားစုကို ဘယ်တော့မှ သစ္စာမဖောက်ပါဘူး ... ခေါင်းဆောင်ကူနဲ့ ပတ်သက်တဲ့ အကြောင်းအချို့ အကြီးအကဲတွေ ပြောနေတာ ကြားလိုက်ရပါတယ်။ ”

“ ဘာအကြောင်းလဲ ... ။ ”

သို့မှသာ အစောင့်လူငယ်မှ သက်သာရာရသွားပြီး၊

“ ခေါင်းဆောင်ကူဟာ မကြာခင်ကမှ ကျင့်ကြံခြင်းမှာ တစ်ခုခု မှားယွင်းသွားတယ်လို့ ပြောနေကြပါတယ် ... အသက်အန္တရာယ် ရှိနိုင်တယ်လို့လည်း ပြောတယ်။ ”

“ ဒါဆို မိသားစုအမွေအတွက် ဆွေးနွေးနေကြတာလား ... ။ ”

“ သခင်ငယ် ... ဘယ်လိုသိတာလဲ။ ”

အစောင့်လူငယ်က အံ့အားသင့်စွာ ပြန်မော့ကြည့်၏။ ကူချန်မှ ပြန်မဖြေတော့ဘဲ ခေါင်းယမ်းပြလိုက်သည်။

မျှော်လင့်ထားသည့် အတိုင်းပေပင်။ ဤသည်မှာ မိသားစုအရေးကို ဂရုမစိုက်လိုသည့် အကြောင်းရင်းပေပင်။ မိသားစုတစ်ခု ကြီးထွား သည်နှင့်အမျှ ဖြစ်ပေါ်လာသည့် လောဘမည်၏။

တတိယ အကြီးအကဲနှင့် ပဉ္စမအကြီးအကဲသည် ကူမိသားစု၏ အဆင့်(၃) ဌာနခွဲ၏ ခေါင်းဆောင်များဖြစ်သည်။ ကျင့်ကြံမှုအရ ရှန်ရှင်းနယ်ပယ်ဖြစ်၏။

သူတို့တွင် မိသားစုအကြီးအကဲဖြစ်ရန် ရည်ရွယ်ချက်မရှိချေ။ သို့သော် ကူချန်ယွင်သည် ချီစုစည်းခြင်း နယ်ပယ်တွင် ရှိနေသဖြင့် အမိန့် ခံယူရန် တွေဝေနေခြင်းပေပင်။

သူသည် မိသားစုအရေးကို ဂရုမစိုက်လို သော်လည်း ချန်ယွင်နှင့် ပတ်သက်သောကြောင့် လျစ်လျူရှုပြီး မနေနိုင်ချေ။

သေမည်မှန်း သိနေသော်လည်း လျှောက်လှမ်းလိုသည့်လူ မရှားချေ။ ကမ္ဘာကြီး မငြိမ်မသက်ဖြစ်စဉ် အတွင်းအပြင် ရန်သူများ ရှိနေမည်မှာ သဘာဝပေပင်။

ထိုအကြောင်းကို တွေးကြည့်ရုံဖြင့် အနည်းငယ် ရင်လေးစရာ ကောင်းနေချေသည်။ ကံကောင်းထောက်မစွာဖြင့် ဤသည်မှာ သူ့အဖေ စိတ်ပူသင့်သောအရာ ပေပင်။

“ ပြောပါ၊ မင်းဘာလိုချင်လဲ။ ”

ကူချန်မှ မေးလိုက်သည်။ အစောင့်လူငယ်သည် ဤအချင်းအရာများကို ပြောကြားရာတွင် ထင်ရှားလိုခြင်းဖြစ်၏။

ဆိုလိုသည်မှာ ထိုလူငယ်တွင် ရည်ရွယ်ချက်တစ်ခုခု ရှိနေပေမည်။ ကူချန်၏ မေးခွန်းကြောင့် အစောင့်လူငယ်မှ အသက် ပြင်းပြင်းရှူပြီး၊

“ သခင်ငယ် ... ငါ ကျင့်ကြံသူ ဖြစ်ချင်ပါတယ်။ ”

-ဟု ဖြေကြားလိုက်၏။

ကူချန်က ထိုလူငယ်ကို စိုက်ကြည့်သည်။ ဤလူငယ်သည် မျှော်လင့်ချက်ကြီး၏။ တစ်စုံ တစ်ဦးသည် ကံကြမ္မာကို ပြောင်းလဲလိုသော ကျင့်ကြံမှုအပေါ်သာ အားကိုးနိုင်မည်။

“ ကောင်းပြီ ... ။ ”

ကူချန်က သဘောတူ၏။ ထို့နောက် အစောင့်လူငယ် နာမည်ကို စိတ်ဝင်တစား မေးမြန်းလိုက်တော့သည်။

“ မင်းနာမည် ဘယ်လိုခေါ်လဲ။ ”

“ ယဲ့ဖန် ... ။ ”

***

All Chapters