← Chapters

ခင်ဗျားတို့ဆီမှာ ကောင်းကျီဓားတစ်လက်ရှိတယ်လို့ ကြားမိတယ်

Vol. 29 Ch. 425

ခင်ဗျားတို့ဆီမှာ ကောင်းကျီဓားတစ်လက်ရှိတယ်လို့ ကြားမိတယ်

Vol. 29 Ch. 425

မိနစ်အနည်းငယ်အတွင်းမှာပင် ကိုင်ဘွန်နိုင်ငံ၏ ဝန်ကြီးအဖွဲ့က အရေးပေါ်အစည်းအဝေးတစ်ခု ချက်ချင်းခေါ်ယူခဲ့သည်။

ကျန်းမုန့်လောင်၏ လွန်ကဲလှသော တောင်းဆိုမှုများနှင့် ပတ်သက်၍ လူတိုင်း အလွန်ဒေါသထွက်နေကြသော်လည်း လောလောဆယ်မှာတော့ သူတို့ဒေါသကိုမျိုသိပ်ပြီး နှုတ်ဆိတ်နေဖို့သာ တတ်နိုင်သည်။

လွန်ခဲ့သောလဝက်ခန့်က ဟွိုက်ကျဲဦးဆောင်သော သေရွာပြန်များအဖွဲ့က ရုတ်တရက်ပေါ်ထွက်လာပြီး ကိုင်ဘွန်နိုင်ငံရှိ ဒုတိယကမ္ဘာတစ်ခုလုံးကို အထက်အောက်ပြောင်းပြန်လှန်ပစ်လုနီးပါးပင်။ ရှေးဟောင်းနင်ဂျာမိသားစုပေါင်းများစွာ သေကြေပျက်စီးခဲ့ရပြီး နင်ဂျာဧကရာဇ်ကိုယ်တိုင်လည်း အပြင်းအထန်ဒဏ်ရာရခဲ့သည်။ သာမန်လက်နက်များမှာ သူတို့ကိုထိခိုက်အောင် လုံးဝမလုပ်နိုင်ပေ။ ထိဖို့ဆိုလျှင် ပိုတောင်ဝေးသေးသည်။

သေရွာပြန်များအဖွဲ့က ကိုင်ဘွန်နိုင်ငံ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဟန်တူသော်လည်း အမှန်စင်စစ်တွင်မူ သူတို့က ဘယ်သူ့အမိန့်ကိုမှ မနာခံပေ။ ဤသည်မှာ တစ်ကိုယ်ရည်စွမ်းအားက နိုင်ငံတော်အာဏာကို ကျော်လွန်သွားသော အခြေအနေတစ်ရပ်ပင်။

ခေါင်းဆောင်နှင့် ရင်ဆိုင်ရချိန်မှာပင် ဟွိုက်ကျဲတို့တစ်သိုက်က တလေးတစားပြောဆိုခဲ့ဖူးခြင်း မရှိပေ။

သူတို့အနေနှင့်လည်း သူတို့အဖွဲ့ကို ဘာမှမလုပ်နိုင်ခဲ့ပေ။ သူတို့က မျက်စိရှေ့မှာ ဆဲဆိုနေလျှင်ပင် ဘာလုပ်နိုင်မည်နည်း။ ဒေါသက လူသတ်နိုင်လေသလား။

ထို့ပြင် ဟွိုက်ကျဲနှင့် သူ့အဖွဲ့က ပြန်လည်ဝင်စားရေးကမ္ဘာတွင် မရေမတွက်နိုင်သော သတ်ဖြတ်မှုများကို ကြုံတွေ့ခဲ့ရသည်။ သူတို့အနေနှင့် လူသတ်ရခြင်းကို စိတ်ပိုင်းဆိုင်ရာဝန်ထုပ်ဝန်ပိုး လုံးဝမရှိဘဲ သူတို့အလိုရှိတိုင်း လုပ်ဆောင်နိုင်ကြသည်။

သူတို့က ကိုင်ဘွန်နိုင်ငံ၏ ခေါင်းဆောင်ရှေ့မှာပင် ဝန်ကြီးအဖွဲ့ထဲရှိ အစွမ်းထက်နင်ဂျာတစ်ယောက်ကို သတ်ပစ်ခဲ့ကြသည်။ ထိုနင်ဂျာ၏ခွန်အားမှာ နင်ဂျာဧကရာဇ်ပြီးလျှင် ဒုတိယ​နေရာတွင် ဗိုလ်စွဲ၏။

သို့သော် ထိုလူတစ်သိုက် ကိုင်ဘွန်နိုင်ငံသို့ ယူဆောင်ပေးနိုင်သော ကြီးမားလှသည့် အကျိုးကျေးဇူးများကို ထည့်သွင်းစဉ်းစားကာ ထိုအရှက်ကွဲမှုကို သည်းခံခဲ့ကြရုံသာမက သူတို့နှင့် နားလည်မှုယူ၍ သဘောတူညီချက်များ ရရန်အတွက် အဖိုးအခခပ်ကြီးကြီးကိုလည်း ပေးခဲ့ကြရသည်။

ထိုသေရွာပြန်များအဖွဲ့ကိုတောင် သူတို့ ဤမျှအထိ သတိကြီးကြီးထားခဲ့ရသည်ဖြစ်ရာ ထိုအဖွဲ့ကို အလွယ်တကူသုတ်သင်ပစ်နိုင်သော ကျန်းမုန့်လောင်ကို သူတို့အနေနှင့် ဘယ်လိုလုပ်ထိပါးရဲမည်တဲ့လဲ။

၎င်းမှာ ဗီလာလေးတစ်ခုလောက်ပင် မဟုတ်လေလား။ သူ့ဘက်ကသာ ကိုင်ဘွန်နိုင်ငံ၏ ဝန်ကြီးအဖွဲ့ဝင်များ နေထိုင်ရာနေရာများတွင် နေထိုင်လိုသည်ဆိုပါက သူတို့ကိုယ်တိုင်လည်း မကန့်ကွက်ရဲကြပေ။ သန့်ရှင်းရေးလုပ်၍ အစားအသောက်များ ပြင်ဆင်ချက်ပြုတ်ကာ ကျန်းမုန့်လောင် ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေရမည်ဖြစ်၏။

"ဒီကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျားတို့ရဲ့ မိသားစုဝင်တွေကို ခင်ဗျားတို့ပဲ ပြောလိုက်ကြတော့။ သူတို့ကို အဲဒီဟိုတယ်ခန်းမှာ ယာယီနေခိုင်းထားလိုက်ကြ။ သိပ်တော့ဒုက္ခများမှာမဟုတ်ပါဘူး။ ကျန်းမုန့်လောင် ကိုင်ဘွန်နိုင်ငံက ပြန်သွားရင် သူတို့ကို အိမ်ပြန်နေခိုင်းလို့ရပြီ"

တစ်စုံတစ်ယောက်က ပြောလာလေသည်။

"ဟူး.. ဒီတစ်နည်းပဲ ရှိတော့တာပဲလေ။ အခုလောလောဆယ်တော့ သူတောင်းဆိုတာမှန်သမျှကို လိုက်လျောပေးရုံပဲပေါ့။ ကျန်းမုန့်လောင်ကို ရင်ဆိုင်နိုင်မဲ့နည်းလမ်းတစ်ခုခုကို ဟွိုက်ကျဲ မကြာခင်ရှာဖွေနိုင်မယ်လို့ မျှော်လင့်ရတာပဲ"

...

"ဘာ? ရှင်က ကျွန်မတို့ကို ထွက်သွားခိုင်းနေတာလား"

အစိုးရအရာရှိများ၏ မိသားစုဝင်များမှာ ထိုသတင်းကို ကြားပြီးသည်နှင့် မလိုလားဟန် ပြသလာသည်။

"ကျွန်မတို့ ဒီလိုနေရာမျိုးမှာ နေနိုင်ဖို့အတွက် ဘယ်လောက်ကြာအောင် ရုန်းကန်ခဲ့ရသလဲ။ ဟွာရှားလူမျိုးတစ်ယောက်​ကို ရှင်တို့ ဒီလောက်တောင်ကြောက်နေကြတာလား။ သိပ်ရှက်ဖို့ကောင်းတာပဲ။ ကျွန်မတော့ ဘယ်မှထွက်မသွားနိုင်ဘူး"

"မိုက်မဲလိုက်တဲ့မိန်းမ.. မင်းရဲ့အစွမ်းအစကြောင့် ဒီနေရာမှာ နေခွင့်ရတာလို့ ထင်နေတာလား"

အရာရှိတစ်ယောက်က အလွန်ဒေါသထွက်သွားလေသည်။ ကျန်းမုန့်လောင်၏ဒေါသကို ကိုင်တွယ်ဖြေရှင်းရန်အတွက် သူ့မှာ ပြဿနာပေါင်းများစွာ ရင်ဆိုင်နေရသည်ဖြစ်ရာ သူ့ဇနီး၏ ပြစ်တင်မာန်မဲမှုကိုပါ ခံနေရဦးမည်လား။

"ထွက်မသွားဘူးဆိုရင် ငါတို့ ကွာရှင်းကြမယ်။ မင်းလည်း လုံးဝပြန်မလာခဲ့နဲ့"

"ကောင်းချွန်းဟွေ့ရှုန်း ရှင် ရူးသွားပြီလား။ ဟွာရှားလူမျိုးတစ်ယောက်အတွက်နဲ့ ကျွန်မကို ကွာရှင်းချင်နေတာလား"

"သူ့တောင်းဆိုချက်ကိုသာ ငါတို့မလိုက်လျောဘူးဆိုရင် တစ်နိုင်ငံလုံး ဒုက္ခရောက်တော့မှာ။ မင်းက လမ်းဘေးရောက်သွားချင်လို့လား မိုက်မဲတဲ့မိန်းမ"

"ဒါ... ဒါက တကယ်ပဲ ဒီလောက်တောင် အ​ခြေအနေဆိုးတာလား"

အဆုံးမှာတော့ ထိုအမျိုးသမီးလည်း အတန်ငယ်ထိတ်လန့်သွားသည်။

"ဒီလောက်ဆိုးဝါးတဲ့အခြေအနေမျိုး မဟုတ်ဘူးဆိုရင် ငါတို့က ဒီလိုဆုံးဖြတ်ချက်မျိုးကို ချမယ်များထင်နေတာလား။ မင်းတစ်ယောက်တည်းတင်မကဘူး။ ဒီဗီလာမှာရှိသမျှလူတိုင်း အဲဒီဟွာရှားလူမျိုး မပြန်ခင်အထိ ပြောင်းနေကြရမှာ"

"ဘာတွေဖြစ်နေတာလဲ။ ရှင်တို့ သူ့ကို ဘာလို့ ဒီလောက်တောင် ကြောက်နေရတာလဲ"

ကောင်းချွမ်းဟွေ့ရှုန်းဟုခေါ်သော ထိုအမျိုးသားက တစ်ခွန်းချင်းစီ ဆိုလာလေသည်။

"သူသာ ငါတို့ကိုင်ဘွန်နိုင်ငံရဲ့ စီးပွားရေးစနစ်ကို ပြိုလဲစေချင်ရင် ဖုန်းတစ်ချက်ဆက်ရုံနဲ့တင် လုပ်နိုင်တယ်"

...

နောက်နာရီဝက်အကြာတွင် မိုတိုကီမြို့သစ်ဟုခေါ်သော ဗီလာရပ်ကွက်ထဲသို့ ကားများရောက်လာကြသည်။ ခမ်းနားထည်ဝါလှသော ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသည့် ယောက်ျား၊ မိန်းမ၊ လူငယ်၊ လူကြီးအားလုံးက ခရီးဆောင်အိတ်များကို ကားပေါ်သို့ တင်လိုက်ကြ၏။ သူတို့၏မျက်နှာထက်တွင် မလိုလားမှုများဖြင့် ပြည့်နှက်နေသည်။ အချို့ဆိုလျှင် မျက်နှာပေါ်တွင် မျက်ရည်စက်များပင် ရှိနေကြသည်။

သို့သော် သူတို့ ဘာများတတ်နိုင်မည်နည်း။ သူတို့တွင်လည်း ရွေးချယ်စရာမရှိပေ။

ထိုအချိန်မှာပင် လူအပြည့်တင်လာသော ယာဉ်တန်းကြီးကလည်း ထိုဗီလာများထံသို့ မောင်းဝင်လာချေသည်။ ထိုလူများမှာ မြို့တော်ရှိ အဆင့်မြင့်ဟိုတယ်များမှ ရွေးချယ်ထားသော ဧည့်ခံရေး၌ အထူးကျွမ်းကျင်သူများဖြစ်၏။ သူတို့သည် အလုပ်လုပ်ရာတွင် ကျွမ်းကျင်ပြီး သေသပ်မှုလည်း ရှိ၏။ အချို့က နှိပ်နယ်ရာတွင် ထူးချွန်ပြီး အချို့ကတော့ အံ့ဖွယ်ကောင်းသော အချက်အပြုတ်စွမ်းရည်မျိုး ရှိကြသည်။ အချို့ကမူ အထူးဝန်ဆောင်မှုမျိုး ပေးနိုင်စွမ်းရှိကြသည်။

ထို့ပြင် သူတို့၏ ရုပ်ရည်သွင်ပြင်နှင့် စိတ်နေသဘောထားက အလွန်ထူးချွန်ထက်မြက်လှပြီး ဟွာရှားလူမျိုးများ၏ အလှအပစံနှုန်းနှင့်လည်း ကိုက်ညီသလို အားကျလေးစားနေသော အကြည့်များကိုလည်း ဆွဲဆောင်နိုင်သည်။

သို့သော် ဤတစ်ကြိမ်တွင်မူ သူတို့သည် ကျန်းမုန့်လောင်နှင့် သူ့သူငယ်ချင်းများ၏ နေ့စဉ်ဘဝအတွက် ဝန်ဆောင်ပေးရမည့် အလုပ်သမားများသာ ဖြစ်၏။

လူများအပြင် နေ့စဉ်သုံးပစ္စည်းများ၊ အစားအသောက်များ၊ ကိရိယာတန်ဆာပလာများနှင့် အခြားအရာများလည်း ပါဝင်သည်။

...

ညနေဆည်းဆာအချိန်၌ ကျန်းမုန့်လောင်တို့တစ်သိုက် မိုတိုကီမြို့သစ်သို့ ရောက်လာကြသည်။ ခမ်းနားလှသော ဗိသုကာလက်ရာနှင့် ခန့်ညားဝင့်ထည်သော အလှဆင်မှုများကြောင့် ကျန်းမုန့်လောင်၏ သူငယ်ချင်းများ အံ့အားသင့်သွားရသည်။

ဤနေရာမှာ ဤအတောအတွင်း သူတို့ နေထိုင်ရမည့်နေရာပင်။

"မစ္စတာကျန်း ဗီလာနံပါတ်၁ကနေ ၇၂အထိ ခင်ဗျားနဲ့ ခင်ဗျားရဲ့သူငယ်ချင်းတွေအတွက် ရှင်းလင်းပေးထားပြီးပါပြီ။ အခန်းတွေကို လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်ပါတယ်။ တခြားဗီလာတွေကတော့ ပြင်ဆင်တာမပြီးသေးလို့ အခုလောလောဆယ် အဆင်မပြေမှုအတွက် စိတ်မကောင်းပါဘူး"

တစ်စုံတစ်ယောက်က ပြောလာလေသည်။

"ထားလိုက်ပါတော့"

ကျန်းမုန့်လောင်က ကြိတ်မှိတ်လက်ခံလိုက်ဟန်ဖြင့် ပြောလိုက်သည်။

"နည်းနည်းတော့ဒုက္ခများပေမဲ့ သည်းခံလို့ရပါတယ်။ ဒီမှာပဲ ယာယီတည်းလိုက်ကြရအောင်"

နိုကီကီမူရာခမျာ မျက်ဆန်လည်လိုက်မိသည်။

သူက ယဉ်ကျေးမှုအရ ပြောနေတာပါနော်? ဒုက္ခများတယ်ဆိုတာက ဘာသဘောလဲ? ကိုင်ဘွန်နိုင်ငံသားတော်တော်များများကတော့ ဒီလိုဒုက္ခမျိုးကို ခံစားဖူးချင်ကြမှာပဲ။ သူကိုယ်တိုင်တောင် အဲဒီဒုက္ခကိုခံစားခွင့်မရှိဘူး။

"သူငယ်ချင်းတို့...ဒီနေရာမှာ ဗီလာအလုံး၇၀ကျော်ရှိတယ်။ ကိုယ့်အုပ်စုနဲ့ကိုယ်ဖွဲ့ပြီး ကိုယ့်ဟာကိုယ် စီမံကြတော့"

ကျန်းမုန့်လောင် အော်ပြောလိုက်လေသည်။

လူတိုင်းကလည်း စိတ်အားထက်သန်နေကြပြီး ခရီးဆောင်အိတ်များနှင့်အတူ ဗီလာထဲသို့ ဝင်သွားကြသည်။

"သောက်ကျိုးနည်း... မင်း ဘယ်လိုတောင်ပြေးသွားတာလဲ"

"သေစမ်း... ဒီဗီလာကို ငါအရင်ဦးထားတာနော်"

"ခွေးမသား... မင်း ကျောင်းအားကစားပွဲတုန်းကတောင် ငါတို့ကျောင်းအတွက် ဂုဏ်ဆောင်ဖို့ ဒီလောက်မြန်မြန်ကြီးမပြေးခဲ့ပါဘူး"

"ဒီမှာ အခန်းဖော်ရှာနေတယ်နော်။ မိန်းကလေးဦးစားပေးဟေ့"

"မင်းမှာ အရှက်မရှိဘူးလား။ မိန်းကလေးတစ်ယောက်က မင်းနဲ့သာနေရင် ညမမှောင်ခင်တင် သူ့စင်ကြယ်မှု ပျက်ပြားသွားမှာပဲ"

"မင်းက ခွေးလား"

...

"သွားကြရအောင်... ငါတို့အားလုံး ဗီလာတစ်ခုတည်းမှာ နေလို့ရတယ်"

ကျန်းမုန့်လောင်က စည်ကားသိုက်မြိုက်နေသော လူအုပ်ကြီးကိုကြည့်ရင်း ကျေနပ်အားရစွာပြုံးလျက် ပြောပြီးနောက် သူ့အခန်းဖော်များဘက်သို့ လှည့်လိုက်သည်။

"မစ္စတာကျန်း.. မနက်ဖြန်ကျရင် ဘယ်ကို အရင်သွားချင်ပါသလဲ"

နိုကီကီမူရာက မေးလိုက်သည်။

"ခင်ဗျား ကိုင်ဘွန်နိုင်ငံရဲ့ နေရာအစုံကို သွားရောက်လည်ပတ်နိုင်ဖို့အတွက် ကျွန်တော်တို့ ခရီးစဉ်ဆယ့်နှစ်ခုကို ကြိုတင်စီစဉ်ထားပါတယ်"

"လူများလွန်းရင် ခရီးသွားရတာ အဆင်မပြေလောက်ဘူး"

ကျန်းမုန့်လောင် ခွန်းတုံ့ပြန်လိုက်လေသည်။

"ကျုပ်တို့တွေ နေရာအလိုက် လူစုခွဲပြီးသွားကြမယ်။ ကျေးဇူးပြုပြီး ကျွန်တော့်သူငယ်ချင်းတွေကို ကြည့်ရှုစောင့်ရှောက်ပေးပါဦး မစ္စတာကီမူရာ... သူတို့တွေရဲ့ စားရေးသောက်ရေးနဲ့ လည်ပတ်ရေးမှာ မပျော်ဘူးဆိုတဲ့စကားကို ကျွန်တော်မကြားချင်ဘူး။ ကျွန်တော့်မှာ အားသာချက်တော့ သိပ်မရှိပါဘူး။ သစ္စာကတော့ရှိတယ်။ တကယ်လို့ ကျွန်တော့်သူငယ်ချင်းတွေသာ မပျော်မရွှင်ဖြစ်ခဲ့ရင် ကျွန်တော်လည်း မပျော်ဘူး။ အဲဒီလိုတွေသာဖြစ်လာရင် ကျွန်တော်လည်း ဘာလုပ်မိမယ်မှန်း မခန့်မှန်းတတ်ဘူးနော်"

"မစ္စတာကျန်း စိတ်ချပါ"

နိုကီကီမူရာက ချက်ချင်းပင် ကတိပေးလိုက်သည်။

"ခင်ဗျားရဲ့သူငယ်ချင်းတွေကို ခင်ဗျားလိုပဲ ဆက်ဆံပါ့မယ်။ သူတို့ကို နည်းနည်းလေးတောင် မမျှမတမဆက်ဆံပါဘူး။ ခင်ဗျားတို့ ကိုင်ဘွန်နိုင်ငံကို ရောက်နေတဲ့ကာလအတွင်း ခရီးသွားလည်ပတ်ရေးနေရာတွေကို တခြားလူတွေအတွက် ပိတ်ထားမှာပါ။ ခင်ဗျားတို့ကို အကောင်းဆုံးခရီးစဉ်အတွေ့အကြုံကို ပေးနိုင်ဖို့လေ"

"သောက်ကျိုးနည်း... ငါတို့အတွက်နဲ့ အဲဒီနေရာတွေကို ပိတ်ထားမှာလား"

လူတိုင်း အံ့အားသင့်သွားကြသည်။ ကိုင်ဘွန်နိုင်ငံမှာ အရည်အချင်းရှိသူများဖြင့် ပြည့်နှက်နေလေသည်။

"ဒါဆို မစ္စတာကီမူရာကိုပဲ အားကိုးလိုက်ပါ့မယ်"

"ပြဿနာမရှိပါဘူး။ လုံးဝပြဿနာမရှိပါဘူး"

နိုကီကီမူရာကလည်း အမြန်ပြန်ဖြေလိုက်သည်။

"ညစာ ဘာစားကြမလဲ"

"ကျွန်တော်တို့ မြို့ထဲက အတော်ဆုံးစားဖိုမှူးအယောက်တစ်ရာကျော်ကို စီစဉ်ပေးထားပါတယ်။ သူတို့တွေက ကမ္ဘာ့ပေါ်က ဟင်းလျာအားလုံးနီးပါးကို ချက်ပြုတ်ပေးနိုင်ပါတယ်။ ခင်ဗျားတို့ ဘာစားချင်လဲဆိုတာကသာ အဓိကပါ"

နိုကီကီမူရာက ရိုသေလေးစားစွာ ပြန်​ဖြေလေသည်။

"ဒါဆို အသားကင်စားကြရအောင်။ တစ်နေ့လုံး သွားလာနေရတာ။ အဝစားလိုက်ကြရအောင်။ မနက်ဖြန်ကျမှ ကိုင်ဘွန်နိုင်ငံရဲ့စားကောင်းသောက်ဖွယ်တွေကို မြည်းစမ်းကြည့်ကြမယ်"

ကျန်းမုန့်လောင်က အဆိုပြုလိုက်သည်။

"သိုးသားကောင်လုံးကင်ဆိုရင်ရော"

"ရတာပေါ့။ ကန့်ကွက်စရာမရှိဘူး"

"ပြီးတော့ သစ်သီးသုပ်လေးရော ထည့်ပေးဦး။ အပူဒဏ်ကို ခံနိုင်အောင်လို့"

"မစ္စတာကီမူရာ.. ဒီလိုပဲစီစဉ်ပေးပါ"

"ဟုတ်ကဲ့ မစ္စတာကျန်း.. ကျွန်တော် အခုချက်ချင်းပြင်ဆင်ပေးပါ့မယ်"

သိပ်မကြာခင်မှာပင် အနံ့မွှေးလှသော သိုးသားကောင်လုံးကင်ကို စားဖိုမှူးများက တွန်းလှည်းဖြင့်သယ်၍ သူတို့ဗီလာထဲသို့ ဝင်လာကြသည်။

"လူကြီးမင်းတို့ သုံးဆောင်ကြပါ"

နိုကီကီမူရာက ပြောလိုက်သည်။

"ငါအရင်စားကြည့်မယ်"

စွန်းယွီလဲ့ မစောင့်နိုင်တော့ပေ။ ထို့ကြောင့် ဓားတစ်ချောင်းကို ချက်ချင်းကောက်ကိုင်ကာ သိုးသားကင်ကို စတင်လှီးဖြတ်လိုက်သည်။

ကြည့်ရသည်မှာ သူသည် သိုးသားတစ်ကောင်လုံးကို ပထမဆုံးအကြိမ် လှီးဖြတ်ဖူးဟန်ပင်။ သူ ဓားသုံးနေသည့်ပုံစံက အလွန်နမော်နမဲ့နိုင်လှ၏။ အသားတစ်တုံးလှီးဖြတ်ပြီးချိန်မှာ ချွေးပင်ပြန်နေပြီဖြစ်၏။

"အရသာရှိသားပဲ"

စွန်းယွီလဲ့လည်း ထိုသို့မရေရွတ်ဘဲ မနေနိုင်ပေ။

ဤအကဲဖြတ်ချက်ကို ကြားရသောအခါ နိုကီကီမူရာလည်း ချက်ချင်းပြုံးလိုက်မိသည်။

သူတို့စိတ်တိုင်းကျဖို့ပဲ အရေးကြီးတာလေ!

"ဒါပေမဲ့ ဒီဓားက သိပ်မထက်ဘူး"

စွန်းယွီလဲ့က ထပ်ဖြည့်ပြီးပြောလိုက်သည်။

"ဒါဆို ကျွန်တော် ဓားထက်ထက်လေးတွေ ချက်ချင်း သွားယူခိုင်းလိုက်မယ်"

"နေဦး"

ကျန်းမုန့်လောင်က နိုကီကီမူရာကို တားလိုက်၏။

"မစ္စတာကျန်း တစ်ခုခုလိုအပ်လို့လား"

ကျန်းမုန့်လောင်က ကလူကျီစယ်လိုဟန်ဖြင့် ပြုံးလိုက်သည်။

"ခင်ဗျားတို့နိုင်ငံမှာ ကောင်းကျီလို့ခေါ်တဲ့ အရမ်းထက်ရှတဲ့ လက်နက်တစ်ခုရှိတယ်လို့ ကျုပ်ကြားဖူးတယ်။ အသားလှီးဖို့အတွက် အဲဒီဓားကို ယူလာခဲ့ပါ့လား"

************

All Chapters