← Chapters

ကျုပ်အကြိုက်ဆုံးအရာက လူတွေကို အရှက်ခွဲရတာပဲ

Vol. 29 Ch. 427

ကျုပ်အကြိုက်ဆုံးအရာက လူတွေကို အရှက်ခွဲရတာပဲ

Vol. 29 Ch. 427

"လူယုတ်မာ! လူယုတ်မာ!"

ဖုန်းချပြီးနောက် နင်ဂျာဧကရာဇ်အိုကာဒါခါဇူအိုမှာ အရှက်ခွဲခံလိုက်ရခြင်းကြောင့် ဒေါသူပုန်ထသွားသဖြင့် သူ၏ဒေါသတကြီးအော်ဟစ်သံနှင့် စွမ်းအင်မြင့်တက်မှုကြောင့် မြေအောက်နင်ဂျာအခြေစိုက်စခန်းတစ်ခုလုံးတုန်ခါသွားခဲ့ရသည်။

သူသည် ကိုင်ဘွန်နိုင်ငံ၏ နင်ဂျာဧကရာဇ်ဖြစ်လာကတည်းက ဟွိုက်ကျဲထံမှ အနိုင်ယူခံခဲ့ရတာကလွဲလျှင် ဘယ်တုန်းကမှ ဤမျှအထိ အရှက်မကွဲခဲ့ဖူးပေ။ ကိုင်ဘွန်နိုင်ငံ့ခေါင်းဆောင်ကပင် သူ့အား တလေးတစားဆက်ဆံရသည်။ သူ့အဖွဲ့သားများကလည်း သူ့အား မလေးမစားမဆက်ဆံရဲပေ။

သူသည် လက်ရည်မယှဉ်နိုင်သောကြောင့် ဟွိုက်ကျဲကိုအရှုံးပေးခဲ့ရသည်။ သို့သော် ဟွာရှားလူငယ်တစ်ယောက်ကများ သူ့ကို လက်ညှိုးငေါက်ငေါက်ထိုး၍ အမိန့်ပေးရဲသတဲ့လား။ သူ ဤအရှက်ခွဲမှုကို အတော်ကြာအောင် သည်းခံခဲ့ရသည်။

ဤအဖြစ်ကို သစ်သားတုံးတစ်တုံးပင် ဒေါသထွက်မိပေလိမ့်မည်။ ကျန်းမုန့်လောင်က သူ့ကို အလွယ်တကူပုံသွင်းပြီး စေလိုရာစေနိုင်သည်ဟု ထင်နေလေသလား။

"နင်ဂျာဧကရာဇ်..ဘာလုပ်ဖို့စီစဉ်ထားလဲ"

အိုကာဒါခါဇူအို၏ လူသတ်လိုသော အရိပ်အယောင်များကို မြင်လိုက်ရသောအခါ ကျွယ်ကျင်းရှုန်း ရုတ်ခြည်းစိတ်လှုပ်ရှားသွားသည်။

"အရှင် မဆင်မခြင်မလုပ်သင့်ပါဘူး။ ဟွိုက်ကျဲတောင် သူ့ကြောင့် အပြင်းအထန်ဒဏ်ရာရခဲ့တာလေ ခင်ဗျား..."

"ငါက ဆာမူရိုင်းမျိုးနွယ်ကွ!"

နင်ဂျာဧကရာဇ်က ကြေညာလိုက်လေသည်။

"ငါ့လိုဆာမူရိုင်းတစ်ယောက်ရဲ့ ဂုဏ်သိက္ခာက ဒီလောက်အထိ နင်းခြေခံလိုက်ရတာ။ အခုလိုအရှက်ကွဲခံနေမဲ့အစား သေလိုက်တာကမှ ပိုကောင်းဦးမယ်"

"ဒါပေမဲ့... ဒါပေမဲ့ ဒီနည်းလမ်းက ကိုယ့်သေတွင်းကိုယ် တူးနေတာပါ။ ကျန်းမုန့်လောင်သာ ကျွန်တော်တို့နိုင်ငံကို ဒေါသထွက်သွားရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမယ်ဆိုတာ တွေးဖူးရဲ့လား"

ကျွယ်ကျင်းရှုန်းက သူ့ခံစားချက်များကို ငြိမ်ကျသွားအောင် ကြိုးစားနေသည်။

အမှန်ပင်။ သူကိုယ်တိုင်က သေရမှာမကြောက်သော်လည်း သူ့မှာ ကာကွယ်ရမည့် မိသားစုနှင့် သစ္စာခံရမည့် နိုင်ငံရှိနေဆဲပင်။

သို့သော် ဤလုပ်ရပ်ကို ဆက်သည်းခံနေပါက ကျန်းမုန့်လောင်၏ အပြုအမူများကလည်း ပိုပိုပြီးလွန်ကဲလာနိုင်သည်။ တစ်နေ့နေ့တွင် ထိုအရာကို သူ သည်းမခံနိုင်တော့တာလည်း ဖြစ်နိုင်သည်။

ထိုအခိုက် နင်ဂျာဧကရာဇ်၏လက်ထဲတွင် အနီရောင်ဆေးလုံးတစ်လုံး ပေါ်လာသည်။

"အရှင်နင်ဂျာဧကရာဇ် ခင်ဗျား..."

နင်ဂျာဧကရာဇ်၏လက်ထဲရှိ အရာကို ကျွယ်ကျင်းရှုန်း ချက်ချင်းသတိထားလိုက်မိသည်။ ထိုအရာမှာ ကိုင်ဘွန်သုတေသီများ တီထွင်ထားသော ဆေးဝါးတစ်မျိုးဖြစ်၏။ ထိုအရာမှာ ရှေးဟောင်းဟွာရှားအဂ္ဂိရတ်နည်းပညာကို ခေတ်သစ်သိပ္ပံပညာနှင့်ပေါင်းစပ်ထားပြီး ခန္ဓာကိုယ်ထဲရှိ အင်အားနှင့် အလားအလာကို သိသိသာသာလှုံ့ဆော်ပေးသည်။

သို့သော် ဤလှုံ့ဆော်မှုက သုံးစွဲသူ၏သက်တမ်းကို ထိခိုက်စေသည်။ ထိုဆေး၏ ဘေးထွက်ဆိုးကျိုးကြောင့် ယခုအချိန်အထိ စမ်းသပ်သူတစ်ယောက်မှ အသက်မရှင်ခဲ့ပေ။ နင်ဂျာဧကရာဇ်ကိုယ်တိုင်ပင် အသက်ရှင်နိုင်ခြေ ဆယ်ရာခိုင်နှုန်းထက် မပိုပေ။

သူ ဤဆေးကိုသောက်လိုက်ပါက ဒဏ္ဍာရီလာဂမ္ဘီရနင်ဂျာအဆင့်ကို ချက်ချင်းရောက်သွားနိုင်သည်။ ထိုအဆင့်မှာ ဟွာရှားသိုင်းပညာရှင်များအတွက်တော့ ထျန်းယွမ်အဆင့်နှင့် အလားသဏ္ဍာန်တူပေသည်။

"သူ့မှာ တစ်နေ့ကို ၂၄နာရီလုံးလုံး အကာအကွယ်ရှိတယ်ဆိုတာ ငါမယုံဘူး။ အခွင့်အရေးတစ်ခုသာရရင် ငါ သူ့ကိုသတ်နိုင်တယ်"

အိုကာဒါခါဇူအိုက ပြောလိုက်၏။

"ကျရှုံးခဲ့ရင်တောင် နောက်တစ်ခုရှိသေးတယ်"

အိုကာဒါခါဇူအို၏ လက်ထဲ၌ နောက်ထပ်ဆေးတစ်လုံး ထပ်ပေါ်လာသည်။ ဤဆေးကတော့ အနက်ရောင်ဖြစ်သည်။ ဤသည်မှာ ပါးစပ်ထဲမှာဝါးလိုက်လျှင် ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်းပျော်ဝင်သွားပြီး ဘာမှမကျန်တော့သည်အထိ လုပ်ပေးနိုင်သော အဆိပ်ပြင်းလှသည့် ဆေးတစ်မျိုးပင်။

သူ ကျန်းမုန့်လောင်ကိုလုပ်ကြံဖို့ ကြိုးစားခဲ့သည့်တိုင် မအောင်မြင်ခဲ့လျှင်ပင် အလောင်းမရှိပါက သက်သေလည်းမရှိနိုင်ပေ။ သို့ဖြစ်လေရာ ကျန်းမုန့်လောင်လည်း ကိုင်ဘွန်နိုင်ငံကို ဒုက္ခမပေးနိုင်တော့ချေ။

"စိတ်ချ.. ငါ လုံးဝသက်သေချန်ထားမှာမဟုတ်ဘူး"

နင်ဂျာဧကရာဇ်၏ မျက်လုံးထဲမှာ သေခြင်းတရားကို ရင်ဆိုင်ရဲသော သတ္တိများအပြည့်ပင်။

"ငါ ငတ်သေရင်တောင်၊ မတ်တတ်အသက်ပျောက်ရရင်တောင်၊ ပင်လယ်ထဲတွန်းချခံရပြီး ရေနစ်သေရင်တောင် ဒီဟွာရှားလူမျိုးကိုတော့ လုံးဝဦးညွှတ်မှာမဟုတ်ဘူး"

"ဝမ်ကျင်းကျယ်ရဲ့"စစ်မှန်တဲ့မွှေးရနံ့"မူဝါဒကို ကြားဖူးလား။ အဲဒါက အမြဲနောက်ကျတယ်ဆိုပေမဲ့ လုံးဝမပျက်ကွက်ဘူး"

"ဘယ်သူလဲ"

"ဘယ်သူလဲ"

အသံတစ်သံက သူတို့အနားတွင် ပဲ့တင်ထပ်လာသဖြင့် အိုကာဒါခါဇူအိုနှင့် ကျွယ်ကျင်းရှုန်းတို့ ရုတ်တရက်မတ်တတ်ထရပ်လိုက်ကြသည်။ သို့သော် ထိုနေရာတွင် ဘယ်သူမှမရှိပေ။

"ခင်ဗျားတို့ လေးလေးနက်နက်မေးနေမှတော့ ကျုပ်လည်း.. သနား....ညှာတာမှုအပြည့်နဲ့.. ပြောပြရမှာပေါ့"

"မင်း ​ဖြောင့်ဖြောင့်ဖြူးဖြူးမပြောနိုင်ဘူးလား။ အထစ်ထစ်အငေါ့ငေါ့နဲ့ပြောနေတာက ငါတို့ကို မကျွမ်းကျင်ဘူးလို့ အထင်ခံရနိုင်တယ်ကွ"

"ဒါပေမဲ့ မစ္စတာကျန်း ကျွန်တော်ပြောရမှာရှက်လို့"

"ပါးစပ်ပိတ်စမ်း။ ငါတို့မရှက်သရွေ့ သူတို့ပဲရှက်ရမှာ"

"ဟွာရှားနိုင်ငံကို မဖျက်ဆီးအောင်တားဆီးဖို့!"

"ဟွာရှားနိုင်ငံရဲ့ငြိမ်းချမ်းရေးကိုကာကွယ်ဖို့!"

...

"မစ္စတာကျန်း ကျွန်တော်တကယ်မပြောနိုင်ဘူး။ ရှက်စရာကြီး"

"ဒီလောက်ရှက်နေတာနဲ့တင် မလုံလောက်နိုင်သေးဘူးလား။ မင်းလိုလူကြီးတစ်ယောက်က ဘာရှက်စရာရှိလဲ"

အသံနှစ်သံက အချင်းချင်းစကားများလုဆဲဆဲ ဖြစ်နေပေသည်။

"အား!"

ကျန်းမုန့်လောင် ရောက်ရောက်ချင်း အန်ချမိမတတ်ပင်။ ကံကောင်းချင်တော့ အစောတုန်းက သူ အသားကင်မစားခဲ့ရသေးပေ။ မဟုတ်ပါက ယခုလောက်ဆိုလျှင် အန်ပြီးနေလောက်ပြီဖြစ်၏။

"မင်း. မင်းက ကျန်းမုန့်လောင်လား"

အိုကာဒါခါဇူအိုနှင့် ကျွယ်ကျင်းရှုန်းတို့မှာ ဓာတ်ပုံထဲရှိ ထိုဟွာရှားလူမျိုးကို ချက်ချင်းမှတ်မိလိုက်သည်။

"အမှန်ပဲ။ အခု ခင်ဗျားရှေ့မှာရပ်နေတဲ့လူလေ"

"မင်း ဒီကိုဘာလာလုပ်တာလဲ"

အိုကာဒါခါဇူအိုက သတိကြီးကြီးထား၍ အနောက်ကို ခြေနှစ်လှမ်းဆုတ်လိုက်သည်။

"အရေးမပါတာ..ခင်ဗျားက ကျုပ်ကိုသတ်ဖို့ တခြားလူတစ်ယောက်နဲ့အတူ ကြံစည်နေတာလေ။ အခုကျတော့ ကျုပ် ဒီကို ဘာလို့ရောက်လာတာလဲလို့ လာမေးနေတယ်ပေါ့"

ကျန်းမုန့်လောင်က အေးစက်စက်ရယ်လျက် ပြောလိုက်လေသည်။

"သိုးသားလှီးဖို့ ကောင်းကျီဓားကို ငှားရုံလေးပဲမဟုတ်လား။ ဒါလေးအတွက်နဲ့ ကျုပ်ကို ဒီလောက်အငြိုးထားဖို့လိုလို့လား။ ကျုပ်ဘယ်သူလဲဆိုတာ ခင်ဗျားသိလား။ ကျုပ်ကိုသတ်ချင်တယ်လို့ပြောခဲ့တဲ့ နောက်ဆုံးတစ်ယောက်ကိုတော့...သူတို့ရဲ့အုတ်ဂူနေရာကို ကျုပ် နိုက်ကလပ်အဖြစ် ပြောင်းလိုက်ပြီ"

"မင်း ဘယ်လိုလုပ်သိတာလဲ"

အိုကာဒါခါဇူအို၏ မျက်နှာထက်တွင် ထိတ်လန့်မှုများနှင့် ပြည့်နှက်နေသည်။ ကျန်းမုန့်လောင်ကိုသတ်မည့်အကြောင်း သူပြောနေသည်မှာ နှစ်မိနစ်ပင်မရှိသေးပေ။ အနားမှာလည်း ဘယ်သူမှမရှိချေ။

သူ ဘာလုပ်လိုက်တာလဲ။ သူ ထရီဆိုလာရန်တွေဆီကပရိုတွန်တစ်ခုရခဲ့တာလား?

"အရေးမပါတာ...ကျုပ်မသိတာမရှိဘူး။ ခင်ဗျားမိန်းမက ဒီည သူ့ချစ်သူနဲ့ သွားတွေ့မယ်ဆိုတာတောင် ကျုပ်သိတယ်"

"မင်း.. ကျန်းမုန့်လောင် မင်း.."

"ဒေါသမထွက်ပါနဲ့။ ဒေါသမထွက်ပါနဲ့။ ဒီည ကျုပ် တစ်ယောက်ယောက်ကို ဗီဒီယိုရိုက်ခိုင်းပြီး ခင်ဗျားရဲ့အီးမေးလ်ကို ပို့လိုက်မယ်။ ဘယ်လိုဖိုင်အမျိုးအစားကို ပိုသဘောကျလဲ။ AVIလား။ RMVBလား။ MP4လား"

"ကျန်းမုန့်လောင် မင်း လွန်နေပြီနော်"

အိုကာဒါကာဇူအိုက အနီရောင်ဆေးလုံးကို မျိုချလိုက်၏။

"ကျုပ်က လွန်တယ်တဲ့လား။ ကိုင်ဘွန်နိုင်ငံသားတွေက ဟွာရှားမှာ လူသတ်ခဲ့တယ်။ အခုလည်း ခင်ဗျား ကျုပ်ကိုသတ်ဖို့ ကြံစည်နေတာမလား။ ဘယ်သူကများ လွန်နေတာလဲ"

ကျန်းမုန့်လောင် လှောင်ပြောင်ထေ့ငေါ့လိုက်သည်။

"သောက်ကျိုးနည်း?"

အိုကာဒါခါဇူအို၏ခန္ဓာကိုယ်က ပူပြင်းလာဟန်တူပြီး အပူချိန်က လျင်မြန်စွာထိုးတက်လာသည်။ အဒရီနလင်ကလည်း မြင့်တက်လာပြီး ခဏအကြာမှာ သူ့စွမ်းအားများက နတ်ဘုရားနင်ဂျာအဆင့်မှ ဖောက်ထွက်သွားခဲ့သည်။

"ဆေးသောက်လိုက်တာလား"

ကျန်းမုန့်လောင်လည်း အနောက်ကို ခြေနှစ်လှမ်းဆုတ်လိုက်သည်။ ယခုလောလောဆယ်မှာ သူသည် ဂမ္ဘီရနင်ဂျာအဆင့်တစ် သို့မဟုတ် အဆင့်နှစ်ကို ရင်ဆိုင်နိုင်သော်ငြား အိုကာဒါခါဇူအိုကတော့ သူ့အား ချက်ချင်းသတ်ပစ်နိုင်လောက်သည်။

သို့သော် အိုကာဒါခါဇူအိုက ဆေးသောက်လိုက်သည့်တိုင် ဟွိုက်ကျဲ၏အဆင့်ကိုတော့ မမီသေးပေ။

"ယဲ့ရင် သူ့ကိုအလဲထိုးပစ်လိုက်"

ကျန်းမုန့်လောင်၏အမိန့်ကြောင့် ယဲ့ရင်၏ခြေထောက်က အိုကာဒါခါဇူအို၏ ဝမ်းဗိုက်ပေါ်သို့ တည့်တည့်ကျရောက်သွားသည်။

"ဘန်း!"

သူ့ခန္ဓာကိုယ်မှာ အမြောက်ဆန်လို ပျံတက်သွားပြီး အနားရှိ တောင်နံရံကိုပင် ကွဲကြေသွားစေကာ မြေအောက်အခြေစိုက်စခန်းထဲမှ လွင့်ထွက်သွားသည်။

ကျွယ်ကျင်းရှုန်း၏ မျက်လုံးများမှာ ထွက်ကျလုမတတ်ပင်။ အသက်ကို လောင်းကြေးထပ်ရသည့်ဆေးကို သောက်ပြီးသည့်တိုင် နင်ဂျာဧကရာဇ်က အသာလေးသုတ်သင်ခံလိုက်ရသတဲ့လား။

ဟွိုက်ကျဲတို့အဖွဲ့ ဟွာရှားနိုင်ငံမှာ ဘာကြောင့်ရှုံးနိမ့်ခဲ့ရသလဲဆိုတာကို သူ သဘောပေါက်လိုက်လေပြီ။ ဘယ်သူကများ သူနှင့်ယှဉ်တိုက်နိုင်မည်နည်း။

"သေစမ်း..မင်း သူ့ကို တစ်ချက်တည်းနဲ့ သတ်လိုက်တာတော့ မဟုတ်ဘူးမလား"

ကျန်းမုန့်လောင်က ပြစ်တင်မာန်မဲလေဟန်ဖြင့် မေးလိုက်သည်။

"ငါတို့က ဒီကိုရှုခင်းကြည့်ဖို့လာတာ။ လူသတ်ဖို့မဟုတ်ဘူး။ ဒီလိုဆိုရင် ရှင်းပြရခက်လိမ့်မယ်"

"ကျွန်တော် သွားကြည့်လိုက်မယ်"

ယဲ့ရင်က ချက်ချင်းပျောက်သွားပြီးနောက် ခဏအကြာတွင် အိုကာဒါခါဇူအိုကို ခြေထောက်ကဆွဲခေါ်လာပြီး ကျန်းမုန့်လောင်ရှေ့ကို ပစ်ချလိုက်သည်။

"မစ္စတာကျန်း သူ အသက်မျှင်မျှင်လေးပဲ ကျန်တော့တယ်။ သေမှာတော့မဟုတ်ဘူး။ ဒါပေမဲ့ သူ့ဗီဇတွေကိုအားဖြည့်ပေးနေတဲ့ အင်အားတစ်ရပ်ရှိပုံရတယ်။ တိုးတက်မှုက မြန်လွန်းလို့ သူ့ခန္ဓာကိုယ်က သည်းခံနိုင်တဲ့အကန့်အသတ်ကိုတောင် ကျော်နေပြီ"

"ဒါဆို ငါ ဘာလုပ်သင့်လဲ"

ကျန်းမုန့်လောင် မေးကြည့်လိုက်သည်။

"ငါကဖြင့် ပျော်လို့မဝသေးဘူး"

"ကျွန်တော် ဖြေရှင်းပေးနိုင်ပါတယ်"

ယဲ့ရင်က အိုကာဒါခါဇူအို၏ရင်ဘတ်ပေါ်ကို လက်တင်လိုက်သောအခါ စွမ်းအင်များ ဆန်တက်လာသည့်အတွက် ကာဇူအို၏ဗီဇများလည်း နှေးကွေးသွားပြီးနောက် အဆုံးမှာတော့ ရပ်တန့်သွားလေသည်။ သူ့အဆင့်ကလည်း နင်ဂျစ်ဆုအဆင့်မှာ မြဲမြံသွားခဲ့သည်။

အိုကာဒါခါဇူအို၏ မျက်နှာထက်၌ မယုံကြည်နိုင်လေဟန် အမူအရာတစ်ခု ပေါ်ပေါက်လာသည်။ ကျန်းမုန့်လောင်က သူ့ကို မသတ်ခဲ့ရုံသာမက နှစ်ပေါင်းများစွာကြာသည်အထိ မည်သူမှမရောက်ခဲ့ဖူးသည့် နင်ဂျစ်ဆုအဆင့်ကိုရောက်အောင်ပင် ကူညီပေးခဲ့သည်။

"မင်း.. ကျန်းမုန့်လောင် မင်း ဘာလုပ်ချင်နေဘာလဲ။ ငါ့ကို ဘာလို့မသတ်တာလဲ"

"ကျုပ်ကို ခင်ဗျားလို ရွံစရာကောင်းတဲ့လူလို့ ထင်နေတာလား"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"ကျုပ် ဒီကိုအလည်လာတာလို့ ပြောခဲ့တယ်လေ။ ကျုပ်ဆိုလိုချင်တာ အဲဒါပဲ။ ကိုင်ဘွန်လူမျိုးတွေကို ကျုပ်သတ်မှာမဟုတ်ဘူး"

"ဒါပေမဲ့ ခင်ဗျားက ငတ်သေသွားရင်တောင်၊ မတ်တတ်အသက်ပျောက်ရရင်တောင်၊ ပင်လယ်ထဲတွန်းချခံရပြီး ရေနစ်သေရင်တောင် ကျုပ်ကို ဘယ်တော့မှဦးညွှတ်မှာမဟုတ်ဘူးမလား"

"မင်း.. မင်းဘာလုပ်ချင်လို့လဲ"

"ဘာမှမလုပ်ချင်ပါဘူး!"

အိုကာဒါခါဇူအို : "???"

ကျွယ်ကျင်းရှုန်း : "မဖြစ်နိုင်တာ.."

"ကျုပ်သဘောအကျဆုံးက ဘာလဲသိလား။ လူတွေကို အရှက်ခွဲရတာကို အကြိုက်ဆုံးပဲ!"

****************

All Chapters