ငါတို့မိန်းကလေးတွေကရော ပျော်လို့မရဘူးလား
Vol. 29 Ch. 430
"ညနက်ပိုင်းအစီအစဉ်လား"
နိုကီကီမူရာကလည်း သေချာအတည်ပြုလိုက်လေသည်။
"ခင်ဗျားပြောတာ အဲဒီညနက်ပိုင်းအစီအစဉ်ကိုပြောတာလား"
"တခြားဘာရှိသေးလို့လဲ"
ကျန်းမုန့်လောင်ကလည်း သူ့အား စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။
"အိုး နားလည်ပြီ။ နားလည်ပြီ"
နိုကီကီမူရာခမျာ ကျန်းမုန့်လောင်ဆိုလိုချင်သော အဓိပ္ပာယ်ကို ချက်ချင်းနားလည်သွားသည်။
"ဟွာရှားစကားပုံတစ်ခုရှိတယ်မလား။ အပျော်အပါးမကြိုက်တဲ့လူငယ်က အလကားပဲတဲ့။ မစ္စတာကျန်းကတော့ တကယ်ကိုတက်ကြွတဲ့လူငယ်ပါပဲ"
"ခင်ဗျားနားလည်ပြီလား"
ကျန်းမုန့်လောင်က မသတီစရာကောင်းအောင် ပြုံးပြလိုက်သည်။
"နားလည်ပါပြီ။ ကျွန်တော်တို့ မစ္စတာကျန်းအတွက် အကုန်ပြင်ဆင်ပေးထားပြီးသားပါ။ အခုချက်ချင်းသွားစီစဉ်လိုက်ပါ့မယ်"
"မြန်မြန်လုပ်"
ကျန်းမုန့်လောင် လက်ခါယမ်းပြလိုက်သည်။
"ခဏလေးပါ မစ္စတာကျန်း.. ကျွန်တော်တို့ရဲ့အစီအစဉ်က ခင်ဗျားကို သေချာပေါက်စိတ်ကျေနပ်စေမှာပါ"
နိုကီကီမူရာလည်း သုတ်သုတ်ပျာပျာဖြင့် ဗီလာထဲမှ ထွက်သွားလေတော့သည်။
…..
"သောက်ကျိုးနည်း ဒီနေရာက သိပ်လည်းမကျယ်ဘူး။ ဒါပေမဲ့ သူတို့မှာ ညနက်ပိုင်းအစီအစဉ်လေးတွေတောင် ရှိသားပဲ"
"ဟုတ်တယ်။ နေရာကိုကြည့်ရတာတော့ တရားဝင်မဲ့ပုံပဲ။ သူတို့မှာ ပြင်သစ်မလေးတွေရော ရှိလားမသိဘူး"
သူတို့ စကားပြောဆိုနေချိနန်မှာပင် ရှုလီနှင့် ကျန်လူများက အဝတ်အစားများနှင့် ဘောင်းဘီများကို ချွတ်နေလေပြီ။
"နေပါဦး။ နေပါဦး။ မင်းတို့ ဘာလုပ်နေကြတာလဲ။ စောစောစီစီးရေချိုးကြမလို့လား။ မင်းတို့ကောင်တွေ ဘယ်လောက်ပဲရင်းနှီးရင်းနှီး ရေတော့ အတူချိုးစရာမလိုဘူးမလား"
ကျန်းမုန့်လောင်က သူတို့အား မသတီဟန်ဖြင့် ကြည့်လိုက်လေသည်။
"မင်းပဲ ညနက်ပိုင်းအစီအစဉ်တွေရှိတယ်လို့ ပြောလိုက်တာမဟုတ်ဘူးလား။ ငါက အဆင်သင့်ပြင်ထားတာလေ"
"ဟားဟားဟား.. ဘယ်ဆရာများ ရောက်လာမလဲမသိဘူး။ ငါတော့ ဆရာမယူကီနိုဇိုမီကို တွေ့ချင်တယ်ဟေ့"
"ငါကတော့ ဆရာမအာယာမိ"
"ဒါဆို ဆရာမအိတာနိုက ငါ့ဟာနော်"
"မင်းတို့ ဘာတွေတွေးနေတာလဲ"
ကျန်းမုန့်လောင်က သူတို့ကို ဆောင့်ကန်ပစ်လိုက်လေသည်။
"ကျန်းမုန့်လောင်က အဲဒီလိုလူစားမျိုးလို့ မင်းတို့ထင်နေကြတာလား။ မသတီစရာကောင်းပြီး အရှက်မရှိတဲ့အပြင် စက်ဆုပ်ဖို့ကောင်းတဲ့ လူပေလူတေလား"
"အင်းလေ"
"တခြားဘာရှိသေးလို့လဲ"
"မေးနေစရာလိုသေးလို့လား"
သူတို့သုံးယောက်သား မတ်တတ်ထရပ်၍ တင်ပါးများကိုပွတ်ကာ စိတ်ထိခိုက်နေဟန်ပင်။
"သေစမ်း"
ကျန်းမုန့်လောင် ဆဲရေးလိုက်ချေသည်။
"ငါတို့က လည်ပတ်ဖို့ရောက်လာတာ။ ပျော်ပျော်ပါးပါးအနှိပ်ခံဖို့ ရောက်လာတာမဟုတ်ဘူး။ ငါပြောတဲ့ညနက်ပိုင်းအစီအစဉ်ဆိုတာ တရားဝင်တဲ့ဟာကိုပြောတာ။ မာကျောက်ကစားတာတို့ သမန်းဝံပုလွေလုပ်တမ်းကစားတာတို့ ကေတီဗီတို့ ကလပ်တက်တာတို့ကိုပြောတာကွ။ မင်းတို့က ဘာတွေတွေးနေတာလဲ"
သူတို့သုံးယောက်လည်း ရှက်သွေးဖြာသွားရပြီးနောက် အရှက်မရှိပြန်ပက်လေသည်။
"ငါတို့ကလည်း ကလပ်တက်မဲ့အကြောင်းပြောနေတာလေ။ အဝတ်မပါဘဲ ကရရင် ပိုသက်သောင့်သက်သာမရှိဘူးလား"
"ဟုတ်တယ်။ အဝတ်အစားတွေဝတ်ထားရင် ငါ့တင်ဆက်မှုကို အနှောင့်အယှက်ဖြစ်တယ်"
"သောက်ကျိုးနည်း… ဘယ်နှလပိုင်းတောင်ရှိနေပြီလဲ။ ကိုင်ဘွန်လူမျိုးတွေက ဘာလို့ဒီလောက်တောင်အုံခဲနေရတာလဲ"
…..
"မင်းတို့ကောင်တွေ ဘောင်းဘီချွတ်ချလိုက်တဲ့ပုံက တအားကျွမ်းကျင်လွန်းလို့ ငါ့အသည်းတောင်ကွဲသွားတယ်"
ကျန်းမုန့်လောင်က အထင်အမြင်သေးဟန်ဖြင့် ပြောလိုက်လေသည်။
"မင်းတို့မှာ အတွေ့အကြုံအများကြီးရှိထားမှာ သေချာတယ်"
"သက်သေမရှိဘဲ ပေါက်ကရတွေမပြောနဲ့နော်"
သူတို့ကလည်း ပြန်ခံပြောလေသည်။
"အမှန်ပဲ။ တစ်ချိန်လုံး မင်း ငါတို့ကို အထင်လွဲနေတာမလား။ ငါတို့က လူပျိုတွေပဲရှိသေးတယ်"
"ဟုတ်တယ် ကျန်းမုန့်လောင်.. မင်း ငါတို့ကို အခုလိုအထင်လွဲနေမယ်ဆိုရင် ငါတို့တွေ သူငယ်ချင်းလုပ်လို့မရတော့ဘူးနော်"
"ဪ ဒါဆိုလည်း သူငယ်ချင်းမလုပ်ကြနဲ့တော့လေ။ ငါ့ကုမ္ပဏီကို ပြန်ပေးတော့။ မင်းတို့ ကိုင်ဘွန်နိုင်ငံမှာ ကိုယ့်ဝမ်းကိုယ်ကျောင်းနိုင်လား"
"မလုပ်ပါနဲ့ ဒယ်ဒီရာ"
"ငါတို့မှားတာပါ ငါတို့မှားတာပါ"
"ငါတို့ကမှ စက်ဆုပ်ရွံရှာဖို့ကောင်းပြီး မသတီစရာနဲ့ အရှက်မရှိတဲ့ကောင်တွေပါ"
……
"မစ္စတာကျန်း.. ခင်ဗျားတောင်းဆိုထားတဲ့ ညနက်ပိုင်းအစီအစဉ်တွေ ရောက်လာပါပြီ"
ထိုအချိန်မှာပင် နိုကီကီမူရာက စိတ်လှုပ်ရှားနေသော အမူအရာဖြင့် ပြန်ရောက်လာပြီး သူနှင့်အတူ အလှပဂေလေးအများကြီးလည်း ပါလာလေသည်။
"သောက်ကျိုးနည်း.. ဆယ်ဒေါ်လာကောင်မလေးတွေလား"
"သောက်ကျိုးနည်း ကူဒိုကယိုယာလား"
"ဒါ..ဒါက ယူကီနိုဇိုမီလား"
ကျန်းမုန့်လောင်တို့တစ်သိုက်လည်း သူတို့ရှေ့ရှိ အမျိုးသမီးလေးယောက်ကို ချက်ချင်းမှတ်မိလိုက်သည်။ သူတို့အားလုံးက ကိုင်ဘွန်နိုင်ငံ၏ နာမည်ကြီးများပင်။ တချို့က ဟွာရှားနိုင်ငံမှာပင် အလွန်နာမည်ကြီးကျော်ကြားသည်။
ထိုသရုပ်ဆောင်များက အပြုံးတုကို ဆင်မြန်းထားကြသဘည်။ တစ်နေ့မှာ သူတို့ ကစားစရာအဖြစ် သဘောထားခံရပြီး ယောကျ်ားတစ်ယောက်၏အိမ်သို့ အပို့ခံရလိမ့်မည်ဟု လုံးဝထင်မထားခဲ့ပေ။
လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်ကပင် သူတို့ထံသို့ သူတို့၏အေဂျင်စီမှ အရေးပေါ်သတိပေးစာတစ်စောင် ရောက်လာခဲ့သည်။ အံ့ဩဖို့ကောင်းစွာပင် ထိုအမိန့်က အစိုးရအဖွဲ့ထံမှ တိုက်ရိုက်ရောက်လာခြင်းပင်။
ကိုင်ဘွန်နိုင်ငံတွင် အိုင်ဒေါများ၏အဆင့်အတန်းက အလွန်နိမ့်ကျလှသည်။ တချို့အနုပညာရှင်အငယ်လေးများဆိုလျှင် လူရှေ့သူရှေ့မှာပင် ပရိတ်သတ်များထံမှ မဖွယ်မရာပြုလုပ်ခံရတတ်သည်။ Aအဆင့်အနုပညာရှင်များကလည်း နည်းနည်းပိုသာရုံသာရှိ၏။
သူတို့၏အေဂျင်စီက ရှင်းရှင်းလင်းလင်းမှာထားသည်။ လာမည့်နေ့ရက်များအတွင် ထိုဟွာရှားလူငယ်လေးကို သူတို့ခန္ဓာကိုယ်ဖြင့် စိတ်ကျေနပ်အောင် ထားပေးရမည်။ ခြွင်းချက်မရှိလိုက်လျောရမည်။ မဟုတ်ပါက သူတို့၏ဂုဏ်သိက္ခာ ပျက်စီးရရုံသာမက သူတို့မိသားစုများလည်း အကျိုးဆက်ကို ခံစားရမည်တဲ့။
ဤနည်းဗျူဟာမှာ ကျန်းမုန့်လောင် ချင်းချိုးနိုင်ငံကို ရောက်သွားစဉ်က ချင်းချိုးနိုင်ငံ၏ နိုင်ငံရေးသမားများက လီဆာတို့တစ်သိုက်ကို ခြိမ်းခြောက်ခဲ့သော နည်းဗျူဟာများနှင့် ခပ်ဆင်ဆင်ပင်။
သူတို့တွင်လည်း အရှက်သိက္ခာရှိသည်။ အညံ့ခံရမည့်အစား သေလိုက်တာက ပိုကောင်းသည်။ သို့သော် သူတို့မိသားစုဝင်များမှာ သူတို့အတွက် အဖိုးမဖြတ်နိုင်ပေ။ ဤကဲ့သို့သော ခြိမ်းခြောက်မှုမျိုးဖြင့် ရင်ဆိုင်ရသောအခါ သူတို့လည်း ဘာမှမတတ်နိုင်တော့ချေ။
"မစ္စတာကျန်း.. ခင်ဗျား ဒီမိန်းကလေးတွေကို မှတ်မိမှာပါ။ သူတို့တွေက ကိုင်ဘွန်နိုင်ငံရဲ့ နာမည်ကျော်စတားတွေပါ။ ခင်ဗျား ကိုင်ဘွန်နိုင်ငံမှာ ရှိနေစဉ်အတောအတွင်း သူတို့က ခင်ဗျားတို့ကို အဖော်ပြုပေးပါလိမ့်မယ်"
နိုကီကီမူရာက ပြုံးလျက် ထိုသရုပ်ဆောင်များကို လူများလိုသဘောမထားဘဲ အရာဝတ္ထုများနှယ် သဘောထား၍ ပြောလိုက်လေသည်။
"မင်းတို့ ဘာတွေစောင့်နေတာလဲ"
နိုကီကီမူရာက ခြိမ်းခြောက်လိုက်သည်။
ခိုက်ခိုက်တုန်နေရှာသော သရုပ်ဆောင်လေးယောက်ခမျာ လေးလံလှသော ခြေလှမ်းများဖြင့် ကျန်းမုန့်လောင်တို့အဖွဲ့ဆီသို့ ချဉ်းကပ်သွားလေသည်။
"လူရှစ်ယောက်ပြည့်ပြီဆိုတော့ မာကျောက်ဆော့လို့ရပြီ"
ကျန်းမုန့်လောင်က နူးညံ့ညင်သာစွာ ဆိုလိုက်သည်။
"ငါတို့ ဘယ်လိုလူခွဲကြမလဲ"
"ငါနဲ့ရှုလီ မင်းနဲ့ယွီလဲ့… ငါ ဆယ်ယွမ်မိန်းကလေးနဲ့ ကူဒိုကယိုယာကို လိုချင်တယ်"
"ကောင်းပြီလေ.. ကျန်တဲ့နှစ်ယောက်က ငါတို့ဘက်ကပေါ့"
"အမှန်အတိုင်းပြောရရင် ငါတို့ အခုလိုလုပ်တာ တအားသူတော်ကောင်းမဆန်လွန်းဘူးလား"
"ဘာလဲ.. မင်းက သားရဲကောင်ဆန်ချင်တာလား။ ငါတို့အိမ်ပြန်ရောက်ရင် မင်းရဲ့နတ်ဘုရားမကို ပြန်မတိုင်ဘူးလို့ ထင်နေတာလား"
ကျန်းမုန့်လောင် ခြိမ်းခြောက်လိုက်လေသည်။ သူလုပ်နိုင်သည့်ကိစ္စနှင့် မလုပ်နိုင်သည့်ကိစ္စဟူ၍ ရှိသည်။ ဤသည်မှာ သူကိုယ်တိုင်ချမှတ်ထားသော သူ့ကိုယ်ကျင့်တရားပင်။
သူ့အနေနှင့် အိုကာဒါကာဇူအိုတို့တစ်သိုက်ကို ညစ်ညစ်ညမ်းညမ်း အရှက်ခွဲနိုင်ခဲ့ခြင်းမှာ ဟွိုက်ကျဲနှင့် ဒုတိယကမ္ဘာသားတစ်သိုက်က သူတို့ဟွာရှားနိုင်ငံကို ဖောက်ဝင်လာပြီး လူသတ်ခဲ့သောကြောင့်ပင်။
ထို့ကြောင့် ကိုင်ဘွန်နိုင်ငံရေးသမားတစ်စုကို သူ ခြိမ်းခြောက်ပြီး ပြဿနာရှာခဲ့ခြင်းဖြစ်၏။ ဤသည်မှာ သူတို့နှင့်ထိုက်တန်သော ပေးဆပ်မှုပင်။
သို့သော် ဤမိန်းကလေးများကတော့ အပြစ်ကင်းသည်။
"ငါတို့ ဘာမှမလုပ်မှာမှမဟုတ်တာ"
"အမှန်ပဲ။ ငါတို့က မာကျောက် ဒါမှမဟုတ် သမန်းဝံပုလွေတမ်းကစားဖို့ တွေးထားတာလေ။ မင်းကသာ ညစ်ညစ်ပတ်ပတ်တွေတွေးနေတာ"
သူတို့သုံးယောက်၏ ခရက်ရှ်များကို ကျန်းမုန့်လောင် သိထားသည်။ ဤသို့ခြိမ်းခြောက်ခံရသောအခါ သူတို့လည်း ချက်ချင်းနောက်ဆုတ်သွားကြသည်။
……
"မစ္စတာကျန်း.. အနားယူလိုက်ပါဦး။ ကျွန်တော် ခင်ဗျားကို မနှောင့်ယှက်တော့ပါဘူး"
နိုကီကီမူရာက ခိုးကြောင်ခိုးဝှက်နိုင်သောအမူအရာဖြင့် ကုပ်ချောင်းကုပ်ချောင်းထွက်သွားလေသည်။ သူ တံခါးဖွင့်လိုက်ချိန်မှာတော့ အပြင်ဘက်၌ အံ့အားသင့်နေသော မျက်နှာပေါင်းများစွာ ထွက်ပေါ်လာသည်။
ထိုလူမှာ ကျန်းမုန့်လောင်၏ အထက်တန်းကျောင်းတုန်းက ထိုင်ခုံဖော်ရှီဝမ်ဖြစ်ပြီး လျှာဆိပ်ပြင်းသော မိန်းကလေးတစ်ယောက်လည်းဖြစ်၏။ ကျန်းမုန့်လောင်သည် သူ့လျှာစွမ်းထက်မှုတစ်ဝက်လောက်ကို သူ(မ)ထံမှ သင်ယူခဲ့ရခြင်းပင်။
သူ(မ)နှင့်အတူ အခြားကောင်လေးများနှင့် ကောင်မလေးများလည်း အများကြီးပါလာသည်။ အကုန်လုံးက ကျန်းမုန့်လောင်၏အထက်တန်းကျောင်းတုန်းက အတန်းဖော်များပင်။ တက္ကသိုလ်ရောက်သွားသည့်တိုင် သူတို့က နွေရာသီနှင့် ဆောင်းရာသီကျောင်းပိတ်ရက်များတွင် အတူစုံပြီး စားသောက်ပျော်ပါးကြသည်။ ထိုအခန်းဖော်များနှင့်ယှဉ်လျှင် သူတို့၏ဆက်ဆံရေးက ဒုတိယနေရာချိတ်သည်။
ထိုသရုပ်ဆောင်များကို မြင်လိုက်ရသောအခါ ရှီဝမ်က အထင်အမြင်သေးလေဟန်အကြည့်တစ်ချက် ပို့လွှတ်လိုက်သည်။
"ကျန်းမုန့်လောင်.. နင့်အခန်းဖော်တွေကို အခန်းထဲကနေ ဘာလို့နှင်ထုတ်လိုက်လဲလို့ အောက်မေ့နေတာ။ နင်ကတော့ ထုတ်ပြောလို့မရတဲ့ကိစ္စလေးတွေ လုပ်မလို့ပေါ့လေ"
"ဟေး ဟေး ဟေး"
"ကျစ် ကျစ် ကျစ်"
လူအုပ်ကြီးကလည်း စိတ်လှုပ်ရှားတက်ကြွလာလေသည်။
"အားလုံးပဲ မြန်မြန်လာကြ.. ကျန်းမုန့်လောင်မှာ ပျော်စရာပါးစရာလေးတစ်ခုရှိနေတယ်"
ရှီဝမ်က အပြင်ဘက်မှ အော်ဟစ်လိုက်လေသည်။
"ပျော်စရာပါးစရာလား.. ငါကြိုက်တယ်"
"ရှေ့ဆုံးကလာပြီပဲ"
"သေစမ်း..ငါ့ရဲ့DSLRက ဘယ်မလဲ။ တိုက်ရိုက်ထုတ်လွှင့်ရအောင်"
"ဘယ်ဆရာမများ ရောက်လာတာလဲ။ ငါလည်း ကြည့်ချင်တယ်"
နှစ်မိနစ်မပြည့်သေးခင်မှာပင် လူတိုင်းနီးပါးက ကျန်းမုန့်လောင်တည်းသည့် ဗီလာအပြင်ဘက်သို့ ရောက်လာကြသည်။ သူတို့အားလုံးက ကျန်းမုန့်လောင်တို့တစ်သိုက်ကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်နေကြသည်။
"ငါ ရှင်းပြမယ်"
ကျန်းမုန့်လောင်တို့အဖါဲ့လည်း သူတို့၏အပြစ်ကင်းစင်မှုကို သက်သေပြရန်အတွက် ကီးဘုတ်မှ လက်ဖယ်လိုက်ရသည်။
"နင့်ကို ရှင်းပြဖို့ အချိန်တစ်မိနစ်ပေးမယ်။ နင်ပြောသမျှစကားတိုင်းက နင့်ကောင်မလေးရှေ့မှာ သက်သေဖြစ်လာမှာနော်"
ရှီဝမ်က ကျန်းမုန့်လောင်ကို ကင်မရာနှင့်ချိန်ထားလိုက်သည်။
"ငါ..ငါ သူတို့ကိုခေါ်လိုက်တာ မာကျောက်ကစားဖို့ဆိုရင် ယုံလား"
"ဖူး"
"နင် ဘယ်သူ့ကို အရူးလာလုပ်နေတာလဲ"
"ငါယုံတယ်"
"မြေခွေးအိုကြီး.. အသုံးကိုမကျဘူး"
ရှီဝမ်က ယုတ်မာရက်စက်လေဟန် အပြုံးတစ်ပွင့်ကို ဆင်မြန်းလိုက်သည်။ ကျန်းမုန့်လောင်၏ထိုင်ခုံဖော်အဖြစ် အချိန်အကြာကြီးနေလာခဲ့သည်ဖြစ်ရာ သူ့စရိုက်ကို သူ(မ) ကောင်းကောင်းသိသည်။
ကျန်းမုန့်လောင်က ဘယ်သူမို့လို့လဲ? နာမည်ကြီး သစ္စာရှိခွေး.. အချစ်ရဲ့ကျေးကျွန်လေးပင်။ အချစ်နှင့်ပတ်သက်လာလျှင် အမြဲသစ္စာရှိသူပင်။ သူ့တွင် သတ္တိဆယ်ဆလောက် ရှိလျှင်ပင် ထိုစရိုက်ကို သွေဖည်ရဲမည်မဟုတ်။ အစောတုန်းက သူ့ရှင်းချက်က ယုတ္တိမတန်ဟန်တူသော်ငြား အမှန်တကယ်တော့ အမှန်တရားများပင်။ သူသည် ထိုသို့သူတော်ကောင်းဆန်လှသောအရာမျိုးကို တကယ်လုပ်နိုင်လေသည်။
သို့သော် သူ(မ)က သူ့အား စနောက်ချင်ရုံသက်သက်သာ။
"မဖြစ်နိုင်တာ.. နင် ဒီနေ့ ငါတို့ပါးစပ်ကိုပိတ်ဖို့ နည်းလမ်းတစ်ခုရှာမှဖြစ်မယ်နော်။ နှုတ်ပိတ်ငွေနဲ့တင် မရဘူးနော်"
ရှီဝမ်က အတိအလင်းကြေညာလိုက်သည်။
"ဒါဆို နင်က ဘာလိုချင်တာလဲ"
ကျန်းမုန့်လောင် ပြန်မေးလိုက်သည်။
"နင်တို့တွေတောင် အလှလေးတွေကို ခေါ်လို့ရမှတော့ ငါတို့ကရော ကောင်ချောလေးတွေကို ဘာလို့ခေါ်မရရမှာလဲ"
"ဟားဟား ဟုတ်တယ်"
"ငါတို့မိန်းကလေးတွေကရော ပျော်လို့မရဘူးလား"
မိန်းကလေးများအားလုံး ကျွဲမြီးတိုသွားကြလေတော့သည်။
"ငါ မူရူကာဝါယူကီကို ငါနဲ့အတူ ရုပ်ရှင်လာကြည့်စေချင်တယ်"
"ငါလည်း မာဆာကီဆူဒါဆီက အနှိပ်ခံချင်တယ်"
"တိုမိုဟီဆာယာမာရှိတကိ ငါနဲ့အတူ ကာရာအိုကေဆိုစေချင်တယ်"
…..
"ဟေး ဟေး ဟေး.. အနှိပ်ခံရုံပဲလို့ ပြောလိုက်တာမဟုတ်ဘူးလား။ ဘာလို့သွားရည်ယိုနေတာလဲ"
"သီချင်းဆိုမှာဆိုရင်လည်း သီချင်းပဲဆိုလေ။ ဘာလို့ အဝတ်တွေချွတ်နေတာလဲ"
"ဝိုး အစ်မရေ.. တော်တော်ဆိုးတာပဲနော်"
***********