လူချမ်းသာအမျိုးသမီးတစ်ယောက်ရဲ့ပျော်ရွှင်မှုကို ခံစားစေချင်ရုံပါ
Vol. 29 Ch. 428
"ကျန်းမုန့်လောင်.. မင်း ငါ့ကိုသတ်ချင်ရင်လည်း သတ်လိုက်"
နင်ဂျာဧကရာဇ်က အာခံဖီဆန်လိုဟန်ဖြင့် တစ်ဖက်ကို ခေါင်းလှည့်လိုက်သည်။ ထိုအနီရောင်ဆေးလုံးကို သူ မျိုချလိုက်သည့်အချိန်မှာပင် သူ့ကိုယ်သူစတေးဖို့ ပြင်ဆင်ထားပြီးဖြစ်၏။
"ကျုပ်ကို ဘယ်သူလို့များ ထင်နေတာလဲ။ ကျန်းမုန့်လောင်တဲ့.. ကျုပ် လူသတ်မှာမဟုတ်ဘူးလို့ ပြောထားပြီးသား။ မသတ်ဘူးဆို မသတ်ဘူးပဲ။ ကျုပ် ခင်ဗျားကို အရှက်ခွဲရုံခွဲမှာ"
"မစ္စတာကျန်း..လူကြီးမင်း အခု သူကို လုပ်ချင်တာလုပ်လို့ရပါတယ်။ ခုနတုန်းက နောက်ဆက်တွဲ ဗီဇပြိုလဲမှုကြောင့် သူ နာရီပိုင်းလောက် လှုပ်နိုင်ဦးမှာမဟုတ်ဘူး"
"ဪ ဒီလိုလား"
ကျန်းမုန့်လောင်၏အမူအရာမှာ ရုတ်ခြည်းဆိုသလို ထူးဆန်းသွားလေသည်။
"မစ္စတာကျန်း ခင်ဗျား…"
ကျွယ်ကျင်းရှုန်းက သူ့ကို ဝင်တားရန် ကြံရွယ်ထားသော်ငြား ကျန်းမုန့်လောင်၏အကြည့်တစ်ချက်မျှဖြင့် ခြေလှမ်းပေါင်းများစွာ နောက်ဆုတ်လိုက်ရသည်။
သူသည် အစိုးရအဖွဲ့ထဲတွင် အာဏာခပ်ကြီးကြီးကို ကိုင်စွဲထားသော်လည်း သာမန်လူတစ်ယောက်သာ ဖြစ်ပေသည်။ စိတ်စွမ်းအားရှင်များနှင့် နင်ဂျာများ၏ မျက်လုံးထဲမှာတော့ သူသည် ပုရွက်ဆိတ်တစ်ကောင်သာသာဖြစ်၏။
"ခင်ဗျားက ကျုပ်ကို တားချင်လို့လား"
ကျန်းမုန့်လောင်က သူ့ကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။
"ဒါမှမဟုတ် ခင်ဗျားကိုပါ အရှက်ခွဲရမယ်လို့ ပြောချင်တာလား"
ကျွယ်ကျင်းရှုန်း၏ မျက်နှာပေါ်ရှိ ကြွက်သားများမှာ အကြိမ်အနည်းငယ်မျှ လှုပ်သွားပြီးနောက် အဆုံးမှာတော့ သက်ပြင်းတချချဖြင့် အနောက်သို့ ခြေလှမ်းပေါင်းများစွာ ပြန်ဆုတ်လိုက်ရသည်။
"တွေ့လား။ ခင်ဗျားတို့ကိုင်ဘွန်လူမျိုးတွေရဲ့ စိတ်အားထက်သန်မှုက ဒါပဲ"
ကျန်းမုန့်လောင် လှောင်ပြောင်သရော်လိုက်လေသည်။
"ခင်ဗျားတို့တွေက အတူတူမစွန့်စားခဲ့ဖူးကြတာ အသိသာချည်းပဲ။ ခင်ဗျားတို့ကြားမှာ ရဲဘော်ရဲဘက်စိတ်ဓာတ်မျိုး နည်းနည်းမှမရှိဘူး"
သို့သော် အိုကာဒါခါဇူအိုကတော့ ခေါင်းကို တစ်ဖက်လှည့်ထားပြီး ကျန်းမုန့်လောင်ကို တစ်ချက်မျှပင် လှည့်မကြည့်ချေ။
"ခင်ဗျားက သတ္တိရှိသေးသားပဲ"
ကျန်းမုန့်လောင် လက်မြှောက်၍ ပါးတစ်ချက်ရိုက်လိုက်လေသည်။
"ဖြောင်း!"
ပါးရိုက်သံကြီးက အခန်းထဲ၌ ပဲ့တင်ထပ်သွားပြီးနောက် လက်ဝါးရာကြီးနီနီကြီးတစ်ခုက နင်ဂျာဧကရာဇ်၏မျက်နှာထက်၌ ပေါ်ပေါက်လာသည်။
ကျွယ်ကျင်းရှုန်း တုန်ပင်တုန်သွားရသည်။ ကျန်းမုန့်လောင်၏ရိုက်ချက်ကား စင်စစ်ကြောက်မက်ဖွယ်ကောင်းလှသည်။
"မင်း.."
နင်ဂျာဧကရာဇ်လည်း ဒေါသထွက်မိလေတော့သည်။ သူ့အနေနှင့် ကျန်းမုန့်လောင်ကို အပိုင်းပိုင်းအစစဆုတ်ဖြဲပစ်လိုက်ချင်သော်ငြား လက်ရှိအချိန်မှာတော့ သူ့ခန္ဓာကိုယ်က ထိန်းချုပ်မှုအောက်မှ လွတ်ထွက်နေသည်ဖြစ်ရာ သူ့လည်ချောင်းထဲတွင် ဓားတစ်ချောင်းမွှေနှောက်နေသည့်အလားပင်။
ဂုဏ်သရေရှိနင်ဂျာဧကရာဇ်ဖြစ်သော သူသည် ယခင်ကလည်း ရှုံးနိမ့်ဖူးခဲ့သော်ငြား မျှမျှတတသာ ရှိခဲ့သည်။ ဘယ်တုန်းကများ ယခုလိုမျိုး မြေကြီးပေါ်မှာ လူးလိမ့်နေခဲ့ရဖူးသလဲ။
သူ့အတွက်တော့ ကျန်းမုန့်လောင်၏ခွန်အားမှာ ပုရွက်ဆိတ်တစ်ကောင်အလား မပြောပလောက်ပေ။ သို့သော် နာကျင်မှုမှာ သေးငယ်လွန်းလှပြီး စော်ကားခံရခြင်းမှာမူ ကြီးမားလွန်းလှသည်။
"သေစမ်း။ နာတယ်ဟ"
ကျန်းမုန့်လောင်က သူ့လက်ကိုကိုင်ထားပြီး အော်ဟစ်လိုက်သည်။
နင်ဂျာဧကရာဇ်၏ ရုပ်ပိုင်းဆိုင်ရာခွန်အားက သူ့ထက်သာလွန်သည်။ မျက်နှာပေါ်ရှိ ကြွက်သားများနှင့် အရိုးများက နူးညံ့သည်ဆိုသော်ငြား ယီးတီးယားတားလည်း သွားလုပ်၍ မရနိုင်ပေ။ ဤရိုက်ချက်က သူ့လက်အရိုးများပင် ကျိုးကြေသွားလုနီးပါးပင်။
ကျန်းမုန့်လောင်ကိုယ်တိုင်လည်း ဒေါသထွက်နေလေဟန်ဖြင့် မတ်တတ်ထရပ်လိုက်ပြီးနောက် နင်ဂျာဧကရာဇ်၏မျက်နှာကို ခြေထောက်ဖြင့် ကန်လိုက်၏။
"ဒါက ငါ့ကိုသတ်ဖို့ကြံစည်တဲ့အတွက်"
"ဒါက ကိုင်ဘွန်လူမျိုးတွေကိုလွှတ်ပြီး ဟွာရှားနိုင်ငံထဲမှာ ပြဿနာရှာခိုင်းတဲ့အတွက်"
"ဒါက လူသတ်တဲ့အတွက်"
"ဒါကတော့ အရှက်မရှိတဲ့အတွက်"
သူ့ကန်ချက်များက လူမသတ်နိုင်ကြောင်း ကျန်းမုန့်လောင်သိသည်။ သို့သော် တစ်ချက်ချင်းစီတိုင်းတွင် အားကုန်ထုတ်သုံးထားသည်။ မကြာခင်မှာပင် နင်ဂျာဧကရာဇ်၏မျက်နှာမှာ ဒဏ်ရာဗရပွနှင့် ရောင်ရမ်းလာသည်။
ထိုအချိန်မှာပင် ယူနီဖောင်းဝတ်ဆင်ထားသော လူတစ်စုက အထဲသို့ ပြေးဝင်လာသည်။ ယဲ့ရင်၏ကန်ချက်က အခြေစိုက်စခန်း၏ ကာကွယ်ရေးနှင့် တပ်လှန့်ရေးကိရိယာများကို လှုံ့ဆော်မိသွားသည်။
သို့သော် ထိုအနှောင့်အယှက် နင်ဂျာဧကရာဇ်၏နေရာမှ လာခြင်းဖြစ်သည့်အတွက် သူတို့လည်း အတော်ကြာအောင် တုံ့ဆိုင်းနေပြီးနောက်မှ အပြေးဝင်လာရဲသည်။
ထိုအခိုက်အတန့်တွင် သူတို့တစ်သက် မေ့မရနိုင်တော့မည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရ၏။
နတ်ဘုရားတစ်ပါးအလား သူတို့လေးစားရပါသော နင်ဂျာဧကရာဇ်က ယခုတော့ ခွေးသေတစ်ကောင်အလား မြေကြီးပေါ်တွင် လဲနေချေသည်။ အနက်ရောင်ဆံပင်ပိုင်ရှင် လူငယ်လေးတစ်ယောက်ကလည်း သူ့မျက်နှာကို ခြေထောက်နှင့် တစ်ချက်ပြီးတစ်ချက် ကန်ကျောက်နေသေးသည်။
ထို့ပြင် ဝန်ကြီးကျွယ်ကျင်းရှုန်းကမူ နာခံတတ်သော ကြောင်လေးတစ်ကောင်အလား ထောင့်တစ်ထောင့်တွင် ဝင်ခွေနေပြီး "ငါ ဘာမှမမြင်လိုက်ဘူး"ဟု တတွတ်တွတ်ရွတ်နေချေသည်။
ဒါက အိပ်မက်မက်နေတာလား?
"နင်ဂျာဧကရာဇ်ကို လွှတ်လိုက်"
နင်ဂျာဧကရာဇ်အပေါ်ထားသော မြေအောက်နင်ဂျာများ၏ သစ္စာရှိမှုမှာ ယုံကြည်သက်ဝင်ခြင်းကိုပင် ကျော်လွန်နေပြီဖြစ်၏။ ထိုသစ္စာမှာ နိုင်ငံ့အပေါ်ထားသော သစ္စာထက်ပင် ပိုသာသည်။ နှစ်ခုထဲက တစ်ခုရွေးရမည်ဆိုလျှင် သူတို့နိုင်ငံထက် နင်ဂျာဧကရာဇ်ကို မတုံ့ဆိုင်းဘဲ ရွေးချယ်ရဲသည်။
နင်ဂျာဧကရာဇ် အရှက်ခွဲခံနေရသည်ကို မြင်လိုက်ရချိန်မှာ သူတို့အနေနှင့် မည်သို့သည်းခံနိုင်မည်နည်း။
"ယဲ့ရင်.. တစ်ယောက်မှ ရောက်မလာစေနဲ့။ သူတို့ကို ပွဲကြည့်ခိုင်းထားလိုက်"
"ဟုတ်ကဲ့"
ယဲ့ရင်၏အကြည့်က ထိုနင်ဂျာများထံသို့ ကျရောက်သွားသည်။ ပတ်ပတ်လည်ရှိ အပူချိန်ကလည်း ကျဆင်းသွားပြီးနောက် လေထု၏စိုစွတ်မှုက ရေခဲအလွှာပါးတစ်ခုအဖြစ် သိပ်သည်းသွားလေသည်။ ထိုရေခဲက သံမဏိထက်ပင် ပိုမာသေးသည်။
ထိုနင်ဂျာများမှာ ရုပ်တုများအလား ထိုနေရာမှာပင် အေးခဲသွားလေသည်။ သူတို့ခမျာ ရှုထောင့်ကိုပင် မပြင်နိုင်ပေ။ သူတို့ မျက်လုံးဖွင့်လိုက်သည်နှင့် ကျန်းမုန့်လောင်၏ကန်ချက်အောက်မှာ အရှက်ကွဲနေရရှာသည့် နင်ဂျာဧကရာဇ်ကို မြင်နေရသည်။
"မင်းက တော်တော်မောက်မာနေတာပဲ။ ငါ အခု မင်းရှေ့မှာ မတ်တတ်ရပ်နေတယ်လေ။ ငါ့ကိုလာသတ်လှည့်"
"ငါက နေစရာနေရာကောင်းကောင်းနဲ့ အစားအသောက်ကောင်းကောင်းလေး လိုချင်တာပဲရှိတာ။ အဲဒါက များသွားလို့လား"
"ငါ့စရိတ်နဲ့ငါ ခရီးထွက်မှာပါလို့ ပြောခဲ့သားပဲ။ ဒါပေမဲ့ မင်းတို့တွေပဲ တအားတက်ကြွနေခဲ့တာလေ။ ဒါပေမဲ့ မင်းတို့က ပိုက်ဆံမရှိဘဲ ဘာလို့ရှိချင်ယောင်ဆောင်ရတာလဲ။ ရှက်ဖို့မကောင်းဘူးလား"
"ပြီးတော့ ငါက ကျိုးကြောင်းမဆီလျော်ဘူးလို့ ပြောတယ်နော်။ မင်းတို့က ငါ့ကို လုပ်ကြံဖို့တောင် ကြိုးစားခဲ့ကြတာမလား။ မင်းတို့က ကောင်းကင်ပေါ်ပျံတက်ပြီး နေကိုတောင် တက်ခူးချင်နေတာလား"
…..
"အား!"
အရှက်ခွဲမှုကို သည်းမခံနိုင်တော့သဖြင့် နင်ဂျာဧကရာဇ်လည်း ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်ကို ပြန်ထိန်းချုပ်ခွင့်ရအောင် သူ့ခွန်အားများကို စုစည်းလိုက်ပြီးနောက် ကျန်းမုန့်လောင်၏ခြေထောက်ကို ဆုပ်ကိုင်လိုက်သည်။
သူ့ခန္ဓာကိုယ်ထဲတွင် အင်အားတစ်ရပ် စုစည်းသွားလေသည်။ ထိုအရာမှာ ပူဖောင်းတစ်လုံး ပေါက်ကွဲလုမတတ် လေဖြည့်ခံလိုက်ရသည့်အလားပင်။
ဤသည်မှာ နတ်ဘုရားအဆင့်နင်ဂျာတစ်ပါး၏ စွမ်းအားများပင်။ ထိုအရာများမှာ စိတ်ပျက်အားလျော့ဖွယ် အခြေအနေနှင့် ကြုံတွေ့ရလျှင် ကိုယ်တိုင်ဖျက်ဆီးနိုင်စွမ်းရှိသည်။
ပုံမှန်အားဖြင့်ဆိုလျှင် ထိုကဲ့သို့သောနည်းလမ်းမျိုးကို ဘာရွေးချယ်စရာမှ မရှိသည့်အဆုံး သူတို့ရန်သူကိုပါ ပျက်စီးစေချင်သည့်အခါမျိုးတွင်သာ ရွေးချယ်တတ်ကြသည်။
သူ့အနေနှင့် ယဲ့ရင်ကို ဘာမှမလုပ်နိုင်သော်လည်း ကျန်းမုန့်လောင်ကတော့ သိပ်မသန်မာပေ။ သူ့ခန္ဓာကိုယ်က သူ့စွမ်းအားဒဏ်ကို ခံနိုင်ရည်မရှိလောက်ပေ။
"မကောင်းတော့ဘူး"
ရုတ်တရက်ဆန်လှသော ထိုလှုပ်ရှားမှုကို ယဲ့ရင်ကိုယ်တိုင်လည်း မျှော်လင့်မထားပေ။ ယခုအချိန်တွင် ရွှေရောင်အလင်းတန်းတစ်ခုက ကျန်းမုန့်လောင်အား လွှမ်းခြုံထားသည်။ ထိုကဲ့သို့သော ခွန်အားမျိုးဖြင့်ဆိုလျှင် ဒဏ္ဍာရီလာအထွတ်အထိပ်အဆင့် သိုင်းပညာရှင်တစ်ယောက်ပင် ချက်ချင်းအရည်ပျော်သွားနိုင်သည်။
"ငါရှေ့မှာ မင်း ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးခွင့်တောင်မရှိဘူး"
နင်ဂျာဧကရာဇ်က ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးဖို့ ရွေးချယ်လိုက်သည်နှင့် ကျန်းမုန့်လောင်ကလည်း ကျောင်းအုပ်လက်စွပ်၏ အခွင့်အာဏာကို ချက်ချင်းထုတ်သုံးကာ အူချီဟာအီတာ့ချိ၏အစွမ်းကို သူ့အစွမ်းနှင့် ပေါင်းစပ်လိုက်၏။ တစ်စက္ကန့်ကို ခွန်အားအမှတ်တစ်ရာပေးလိုက်ရသည့်အတွက် ကျန်းမုန့်လောင်အဖို့ တော်တော်အထိနာလှသည်။
"ဂြိုလ်သားနတ်ဘုရား"
လျှပ်တစ်ပြက်အတွင်းမှာပင် ကျန်းမုန့်လောင်၏အသိစိတ်က အိုကာဒါခါဇူအို၏ ခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်သည်။ မိမိကိုယ်ကိုဖျက်ဆီးမည့် လုပ်ငန်းစဉ်လည်း ရပ်တန့်သွားလေတော့သည်။
ထိုအချိန်မှာ သူ့နောက်ဆုံးအားကိုးရာကိုပါ ဆုံးရှုံးလိုက်ရလေသည်။ ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးမည့် နည်းလမ်းကိုလည်း ရွေးမရတော့ပေ။
ထိုမြင်ကွင်းကို မြင်သောအခါမှသာ ယဲ့ရင် စိတ်သက်သာရာရသွားသည်။ အကယ်၍ အိုကာဒါခါဇူအိုသာ ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးနိုင်ခဲ့လျှင်ပင် သူ ကျန်းမုန့်လောင်ကို ကယ်တင်နိုင်ပါသေးသည်။ သို့သော် အနည်းနှင့်အများတော့ ဒဏ်ရာရဦးမည်ဖြစ်ရာ ထိုကဲ့သို့သော ပေါ့ဆမှုမျိုးက သူ့အတွက်တော့ ခွင့်မလွှတ်နိုင်စရာကိစ္စတစ်ခုပင်။
ချက်ချင်းဆိုသလို သူ့စိတ်စွမ်းအားများကို ကျွန်းတစ်ကျွန်းလုံးပေါ်သို့ ဖြန့်ကြက်လိုက်ပြီးနောက် ထိုကဲ့သို့သောအဖြစ်မျိုး ထပ်ဖြစ်မလာအောင် တားဆီးလိုက်သည်။
"ဘယ်…ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
အိုကာဒါကာဇူအို၏စိတ်အစဉ်မှာ ထိုအခိုက်အတန့်တွင် ပြိုလဲသွားရလေတော့သည်။ သူ မတိုက်ခိုက်နိုင်တော့သည့်အပြင် သေလို့လည်းမရတော့ပေ။ အစောတုန်းက ကျန်းမုန့်လောင်၏ခန္ဓာကိုယ်ပေါ်တွင် လက်ခနဲဖြစ်သွားသော အစွမ်းက ဘာကြီးလဲ။ သူ့အဆင့်က ထျန်းနင်အဆင့်၏အထွတ်အထိပ်ကို ရောက်သွားလျှင်ပင် ဤလူငယ်လေးက သူ့အား အကြည့်တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်ကြောင်း သေချာသိလိုက်ရသည်။
"သေစမ်း။ ခင်ဗျားကြောင့် ကျုပ် ခွန်အားအမှတ်တစ်ရာကို သုံးလိုက်ရတယ်"
ကျန်းမုန့်လောင်မှာ မဖြစ်မနေထုတ်သုံးလိုက်ရသည့်အတွက် သူ့အမှတ်များကို ပြန်စုမှဖြစ်ပေတော့မည်။
"ကြည့်ရတာတော့ ခင်ဗျားကိုရိုက်နှက်ရုံနဲ့တင် အရှက်ခွဲဖို့ မလုံလောက်တော့ဘူးထင်တယ်"
ကျန်းမုန့်လောင်က ခေါင်းတခါခါလုပ်၍ သူ့ခန္ဓာကိုယ်ထဲမှ စတီးစနှစ်ချပ်ကို ထုတ်လိုက်သည်။
"မင်း..မင်း ဘာလုပ်မလို့လဲ"
ကျန်းမုန့်လောင်၏အကွက်မှာ သူ နားမလည်နိုင်သည့်အရာပင်။ ဤပစ္စည်းများမှာ ဟွာရှားလူမျိုးများ ပန်းကန်ဆေးရာတွင် အသုံးပြုသောအရာမဟုတ်လား။
"ဘာရယ်မဟုတ်ပါဘူး။ ခင်ဗျားကို လူချမ်းသာအမျိုးသမီးတွေရဲ့ပျော်ရွှင်မှုကို ခံစားစေချင်ရုံပါ"
ကျန်းမုန်လောင်လည်း အိုကာဒါကာဇူအို၏ အဝတ်အစားများကို ဆွဲချွတ်၍ သူ့လက်ထဲရှိ စတီးစနှစ်ချပ်ကို မြှောက်လိုက်သည်။
"ဟီးဟီးဟီး"
"ကျန်းမုန့်လောင် ပြဿနာမရှာနဲ့နော်။ ငါ မင်းကို ကြိုသတိပေးလိုက်မယ်"
"ဟစ် အား!"
"အား!"
အော်ဟစ်သံများကား မြေအောက်နင်ဂျာဌာနချုပ်အနှံ့ ပျံ့နှံ့သွားလေသည်။
"ကျောင်းအုပ်ကြီးက ပတ်ပတ်လည်မှာရှိတဲ့လူတွေကို အထိတ်တလန့်ဖြစ်အောင် လုပ်နိုင်ခဲ့တဲ့အတွက် ခွန်အားအမှတ်တစ်ရာကို ရရှိပါတယ်"
"ကျောင်းအုပ်ကြီးက ပတ်ပတ်လည်မှာရှိတဲ့လူတွေကို အထိတ်တလန့်ဖြစ်အောင် လုပ်နိုင်ခဲ့တဲ့အတွက် ခွန်အားအမှတ်တစ်ရာကို ရရှိပါတယ်"
……
"သေစမ်း! ဒီအပေးအယူက မြတ်သားပဲ!"
*************