← Chapters

သူ့ကို နောက်ဆုံးနေရာရောက်အောင် ဝယ်လိုက်

Vol. 30 Ch. 436

သူ့ကို နောက်ဆုံးနေရာရောက်အောင် ဝယ်လိုက်

Vol. 30 Ch. 436

"ဘာဖြစ်လို့လဲ။ နင့်ကိုကြည့်ရတာ အရမ်းစိတ်တိုနေသလိုပဲ"

လုရီယောင်က ကျန်းမုန့်လောင်၏ မျက်နှာပေါ်ရှိ ပုံမှန်မဟုတ်သော အမူအရာကို သတိထားမိလိုက်သည်။

"သြော်... ဘာမှမဟုတ်ပါဘူး"

ကျန်းမုန့်လောင် ခေါင်းသာခါပြလိုက်သည်။ သူ့အနေနှင့် လုရီယောင်ကို ထိုကိစ္စများအကြောင်း မသိစေချင်ပေ။

"အာ... စိတ်မပူပါနဲ့။ ဒုတိယနေရာဆိုတာကတင် ကောင်းနေပါပြီ။ ငါဆိုရင် ထိပ်ဆုံးငါးယောက်ထဲ ဝင်နိုင်မယ်လို့တောင် မထင်ထားဘူး"

လုရီယောင်က ဆိုသည်။

"ဟွားယွီဟန်က အရမ်းအံ့ဩဖို့ကောင်းတာပဲ။ အဆိုလည်း ကောင်းသလို အကလည်းတော်တယ်။ ငါသာ ယောကျ်ားလေးဆိုရင် သူ့ကို သေချာပေါက် ကြိုက်မိမှာပဲ"

"မင်းက အရမ်းရိုးသားတာပဲ"

ကျန်းမုန့်လောင်က လုရီယောင်၏နှာခေါင်းကို တောက်လိုက်သည်။

"ဒါပေမဲ့ ငါလည်း သိပ်မဆိုးပါဘူး။ သေချာပေါက် သူ့ကိုကျော်တက်နိုင်မှာပါ"

လုရီယောင်က ဆို၏။

"နင်မသိဘူးနော်။ ငါတို့Seasonမှာ အာရှအကဘုရင်ကိုယ်တိုင် နည်းပြအဖြစ်လာပြီး သင်ပေးနေတာ။ အဲဒါက ဘာအကြည့်လဲ။ ငါပြောနေတာ ကစားသမားအများကြီးနဲ့ ကစားရတဲ့ ကစားနည်းကို ပြောနေတာမဟုတ်ဘူး။ နတ်ဘုရားကျန်းကို ပြောနေတာ။ သူက ငါ့ရဲ့အကပါရမီကိုတောင် ချီးကျူးသေးတယ်"

"တကယ်လား"

ကျန်းမုန့်လောင် ပြုံးလိုက်သည်။ နတ်ဘုရားကျန်း၏ အာရှအကဘုရင်ဟူသော ရာထူးမှာ လူစုံအားကစားနည်းများထက် ပိုတန်ဖိုးရှိသည်မှာ အမှန်ပင်။ ကျန်းကသာ သူ(မ)ကို အသိအမှတ်ပြုသည်ဆိုပါက လုရီယောင်၏ အကစွမ်းရည်က စင်စစ်ထူးခြားလှသည်ဟု ဆိုနိုင်သည်။

မည်သို့ပင်ဖြစ်စေ ကျန်းမုန့်လောင် အားလုံးကို ထပ်တလဲလဲ သတိပေးထားပြီးသားပင်။ ယုတ်ညံ့သောနည်းလမ်းများ မသုံးနိုင်အောင် စီစဉ်ထားတာကလွဲလျှင် သူ လုရီယောင်ကို သာမန်ပြိုင်ပွဲဝင်တစ်ဦးအဖြစ်သာ ဆက်ဆံပြီး အထူးအခွင့်အရေးများလည်း မပေးခဲ့ချေ။

"ကောင်းပြီလေ။ ဒီနှစ်ရက်အတွင်း အနားယူလိုက်ဦး။ ကနဦးအဆင့်ပြီးတာလည်း သိပ်မကြာသေးတော့ မဲအရေအတွက်လည်း အစပဲရှိပါသေးတယ်။ ဘယ်သူကြိုသိမှာလဲ။ နှစ်ရက်နေရင် နောက်ဆုံးရလဒ်မှာ မင်းက ဟွာယွီဟန်ကို ကျော်သွားနိုင်တာပဲ"

...

ညခုနစ်နာရီတွင် "အနာဂတ်ရဲ့ရောင်နီဦး"၏ ထုတ်လုပ်ရေးအဖွဲ့က ပထမနေ့၏ မဲရလဒ်အခြေအနေကို ကြေညာခဲ့သည်။ ဟွားယွီဟန်က မဲအရေအတွက် ၁.၇၈သန်းဖြင့် ယာယီပထမနေရာတွင် ရပ်တည်နေပြီး လုရီယောင်ကတော့ မဲအရေအတွက်၁.၅၉သန်းဖြင့် ဒုတိယနေရာတွင် ရောက်နေသည်။ တတိယနေရာရှိ ပြိုင်ပွဲဝင်ခမျာ မဲအရေအတွက်တစ်သန်းပင် မရောက်ရှာပေ။ ကွာဟချက်ကား သိသာလှ၏။

ဒေတာများကို ထုတ်ပြန်ပြီးသည်နှင့် ကြည့်ရှုသူများကလည်း အပူတပြင်းဆွေးနွေးကြလေတော့သည်။

"ဘာ? လုရီယောင်က ဒုတိယနေရာပဲ ရတယ်ပေါ့? မဖြစ်နိုင်တာ။ သူ့အဆိုစွမ်းရည်က ဟွားယွီဟန်ထက် အဆပေါင်းများစွာ ပိုသာတယ်မဟုတ်ဘူးလား"

"ဟွားယွီဟန်က သူ့ဖျော်ဖြေမှုမှာ အကကိုပါ ထည့်ထားလို့ဖြစ်မယ်။ အမှန်အတိုင်းပြောရရင် သူ့အကက သိပ်မဆိုးဘူး"

"ဒါပေမဲ့ ဒါက လွန်လွန်းနေတယ်မဟုတ်ဘူးလား။ ငါ့သူငယ်ချင်းအများစုက လုရီယောင်ကိုပဲ မဲပေးကြတာ။ မဲအရေအတွက်နှစ်သိန်းနီးပါးတောင် ဘာလို့ကွာနေတာလဲ။ ဒါက သိပ္ပံနည်းမကျဘူး"

"လိမ်လည်မှုတစ်ခုခု ရှိနေတာများလား။ ဒီဟွားယွီဟန်က အမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာ ပိုင်ဆိုင်မှုရှိတဲ့ ဟွားယဲ့ရဲ့ညီမလို့ ကြားတယ်။ သူ့အတွက် မဲဝယ်ဖို့ဆိုတာ သိပ်မခက်ဘူးလေ"

"သေလိုက်လေ... ကာကွယ်ရေးသမားပရိသတ်တွေက တကယ့်ကိုရွံစရာပဲ။ သူက မင်းတို့အိုင်ဒေါလ်ထက် မဲပိုရတာနဲ့ပဲ တိုက်ခိုက်ကြတော့တာပေါ့"

"မင်း ဘာတွေလာပြောနေတာလဲ။ ဒါက အမှန်တရားကွ။ ဒိုင်လူကြီးတွေအားလုံးက လုရီယောင်ကို အဆိုပိုင်းမှာ မတော်ဆုံးအဖြစ် သတ်မှတ်ထားတာ။ ဒါက မဲဝယ်ထားတာမဟုတ်ဘူးဆိုရင် တခြားဘာဖြစ်နိုင်မှာလဲ"

"ညီအစ်ကို ညီအစ်မတို့ မဲထပ်ပေးကြရအောင်။ ငါတို့ အမီလိုက်ကြမယ်"

"ဟုတ်တယ်..သူတို့ကို ပရိသတ်အစစ်နဲ့ ငွေပေးပြီးဝယ်ထားတဲ့ပရိသတ်က ဘယ်လိုကွာခြားလဲဆိုတာ သိအောင် ပြကြမယ်"

...

နာရီဝက်အကြာတွင် လုရီယောင်၏မဲအရေအတွက်က မျှော်လင့်မထားသည့်အရှိန်ဖြင့် တစ်ဟုန်ထိုးမြင့်တက်သွားသည်။ အဆုံးမှာတော့ သူသည် ဟွားယွီဟန်ထက် မဲအရေအတွက်နှစ်သောင်းကျော်သာ နည်းတော့သည်။

ထိုအချိန်တွင် ဟွားယွီဟန်၏ မဲအရေအတွက်က တစ်ဖန်များပြားလာပြီး မဲအရေအတွက်တစ်သိန်းကျော်အထိ ကွာသွားပြန်၏။

"အင်း... ဒါကြီးကတော့ မဲဝယ်ထားတာ သိသာနေပြီ"

ကျန်းမုန့်လောင်က ဟုန်းရီ၏အစီရင်ခံစာကို နားထောင်ရင်း ဆိုလာသည်။

လုရီယောင်၏ မဲအားလုံးက တရားဝင်ပြီး အစစ်အမှန်များဖြစ်သော်လည်း ဟွားယွီဟန်၏မဲများမှာ အမှန်တကယ်တွင် ၁.၂သန်းခန့်သာရှိပြီး ကျန်မဲအရေအတွက်ကား ဝယ်ယူထားသော မဲများသာဖြစ်၏။

"ငါနဲ့လာကစားချင်တယ်ပေါ့လေ ဟမ်?"

ကျန်းမုန့်လောင်၏အသံက ရေခဲတမျှ အေးစက်နေသည်။

"ဟုန်းရီ.. ဒီမဲတွေကို ဘယ်လိုဝယ်ရလဲဆိုတာ မင်းသိလား"

"မစ္စတာကျန်း... ဒီနယ်ပယ်က တော်တော်ရှုပ်ထွေးပါတယ်။ ဟွားယွီဟန်ဝယ်ထားတဲ့ မဲတွေအကုန်လုံးက လူအစစ်တွေဆီက ဝယ်ထားတာမို့ အရမ်းစိတ်ချရပြီး ဖော်ထုတ်ခံရဖို့လည်း မလွယ်ကူပေမဲ့ ဈေးနှုန်းက တော်တော်များပါတယ်။ တရားဝင်မဲတစ်မဲကို ဟွာရှားငွေ ၅ယွမ်ကနေ ၁၀ယွမ်အထိ ပေးရပါတယ်"

"ငမွဲ...မဲအရေအတွက်သန်းဂဏန်းဝယ်တယ်ဆိုတော့ ငွေကလည်း သန်းဂဏန်းလောက်ပဲ သုံးထားတဲ့သဘောပေါ့"

ကျန်းမုန့်လောင် ရယ်မောလိုက်ချေသည်။

"ဟုန်းရီ..ဒီလိုကိစ္စမျိုးက မင်းအတွက် မခက်ခဲဘူးမလား"

"ဟုတ်ပါတယ်။ မစ္စတာကျန်းလိုအပ်ရင် ကျွန်မ အခုချက်ချင်းစီစဉ်ပေးနိုင်ပါတယ်"

ဟုန်းရီက ဆို၏။

"မဲဘယ်နှမဲ ဝယ်မှာပါလဲ"

"လောလောဆယ်တော့ မဲအရေအတွက်သန်းတစ်ရာလောက်နဲ့ စကြတာပေါ့"

"အာ?"

ဟုန်းရီ အံ့အားသင့်သွားသည်။

"မစ္စတာကျန်း.. ဒါက အရမ်းမလွန်လွန်းဘူးလား။ လူတစ်ယောက်တည်းအတွက် မဲအရေအတွက်သန်းတစ်ရာဆိုတာက မဲဝယ်ထားတယ်ဆိုတာ အသိသာကြီးလေ"

"ဟားဟားဟား.. ငါဆိုလိုချင်တာက ဒီမဲတွေကို ကျန်တဲ့ ပြိုင်ပွဲဝင်အားလုံးကို ခွဲပေးလိုက်လို့"

ကျန်းမုန့်လောင်က ရယ်မောလိုက်၏။

"အရည်အချင်းစစ်ပွဲမှာ လူအယောက်၆၀ကျော် ဝင်ခွင့်ရခဲ့တယ်မဟုတ်လား။ တစ်ယောက်ကို မဲလက်မှတ်နှစ်သန်းစီ ရောင်းချပြီး ဟွားယွီဟန်ကို နောက်ဆုံးနေရာရောက်အောင် လုပ်လိုက်"

"သူမက မဲဝယ်ရတာ ကြိုက်တယ်မဟုတ်လား။ သူမဘယ်နှမဲလောက် ဝယ်နိုင်မလဲဆိုတာ ကြည့်လိုက်ရအောင်"

...

"လုရီယောင်လို့ခေါ်တဲ့ ဒီမိန်းကလေးက ဒီလောက်နာမည်ကြီးလိမ့်မယ်လို့ ထင်မထားဘူး"

အခြားအခန်းတစ်ခန်းတွင် ရုပ်ရည်ချောမောပြီး ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ပိုင်ရှင် မိန်းကလေးတစ်ယောက်က တစ်စုံတစ်ယောက်နှင့် ဖုန်းပြောနေသည်။ သူ(မ)က ဟွားယဲ့၏ညီမ ဟွားယွီဟန်ဖြစ်ပြီး ဟွားမိသားစုထဲတွင် မင်းသမီးတစ်ပါးအလား ဖြစ်တည်မှုမျိုးပင်။

ဟွားယွီဟန်၏ အကြီးမားဆုံးဝါသနာမှာ အဆိုနှင့် အကဖြစ်၏။ သူ(မ)က စီးပွားရေး သို့မဟုတ် နိုင်ငံရေးကို စိတ်မဝင်စားပေ။ ဟွားမိသားစုကလည်း ထိုနယ်ပယ်များအတွက် လူပေါင်းများစွာ ရှိထားပြီးသားဖြစ်သောကြောင့် သူ(မ)လည်း စိတ်ကြိုက်လုပ်ပိုင်ခွင့်ရှိသည်။

ဟွားယွီဟန်ကို ဟွားယဲ့က အစဉ်အမြဲချစ်ခင်စောင့်ရှောက်ခဲ့သည်ဖြစ်ရာ သူ(မ)ပါဝင်သည့် "အနာဂတ်၏ရောင်နီဦး"အစီအစဉ်ကိုလည်း သူ အလွန်အလေးအနက်ထားခဲ့သည်။ အစတုန်းက ပွဲစီစဉ်သူများကို ဆက်သွယ်ကာ ဟွားယွီဟန်အတွက် ချန်ပီယံဆုရအောင် ကြိုပြင်ဆင်ပေးထားရန် မျှော်လင့်ခဲ့သည်။

သို့သော် သူ့တောင်းဆိုမှုမှာ ပယ်ချခံခဲ့ရသည်။ ဤအစီအစဉ်၏ စပွန်ဆာများမှာ နေရာအပြည့်ဘိုကင်ယူထားပြီးသားဖြစ်သည့်အပြင် ထိုစပွန်ဆာများကလည်း ရလဒ်ကို ကြိုတင်ဆုံးဖြတ်ထားသော ပြိုင်ပွဲဝင်များကို ပါဝင်ခွင့်မပြုဟု ဆိုသည်။ ပြိုင်ပွဲဝင်အားလုံးက မိမိ၏ကိုယ်ပိုင်စွမ်းရည်ဖြင့်သာ အနိုင်ယူရမည်။

ဟွားယဲ့က ဤကိစ္စနှင့်ပတ်သက်ပြီး သိပ်စိတ်မပူခဲ့ပေ။ ဟွားယွီဟန်က နာမည်ကြီးဂီတပညာရှင်များနှင့် အကပညာရှင်များထံတွင် ငယ်စဉ်ကတည်းက အဆိုနှင့်အကပိုင်းကို သင်ယူခဲ့သဖြင့် သူ(မ)၏အရည်အချင်းများက အလွန်ကောင်းမွန်သည်။ အကယ်၍ တစ်စုံတစ်ယောက်ကသာ ပိုတော်နေခဲ့လျှင် ဟွားမိသားစု၏ အရင်းအမြစ်များဖြင့် ဤကိစ္စကို ကိုင်တွယ်ရန် လွယ်ကူလှသည်မဟုတ်လော။

ပြိုင်ပွဲအစီအစဉ်မစတင်ခင် လဝက်အလိုကတည်းက ဟွားယဲ့သည် သူ့အရင်းအမြစ်များကို အသုံးပြုကာ ဟွားယွီဟန်၏ ကျော်ကြားမှုနှင့် ရေပန်းစားမှုကို စတင်ဖန်တီးခဲ့သည်။ ဟွားယွီဟန်ဆီသို့ သွားရောက်လည်ပတ်ထားသည့် ဓာတ်ပုံများကိုပင် မီဒီယာများထံသို့ တမင်တကာထုတ်ပေးခဲ့သည်။ အစီအစဉ်စတင်သည့်အချိန်၌ သူ(မ)မှာ အာရုံစိုက်မှုတော်တော်များများကို ရရှိနေပြီဖြစ်၏။

ပထမအကြိမ် အဆင့်သတ်မှတ်ချက်တွင် သူ(မ)၏ သန်မာလှသော စွမ်းရည်များကို ပြသနိုင်ခဲ့ပြီး နည်းပြများစွာ၏ အာရုံစိုက်မှုကိုလည်း ရရှိခဲ့သည်။ သန်မာသောစွမ်းရည်၊ အင်အားတောင့်သောနောက်ခံနှင့် ကြင်နာတတ်သော ပင်ကိုစရိုက်တို့က ပရိသတ်အများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။

အနိုင်ရရန် သေချာနေပြီဟု သူ(မ)ခံစားမိချိန်မှာပင် လုရီယောင်၏ ပေါ်ထွက်လာမှုက သူ(မ)၏ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို ဖျက်ဆီးလိုက်သည်။

ဘွဲ့လွန်စာမေးပွဲမတိုင်ခင်က လုရီယောင်သည် ဒိုမင်ဂိုနှင့် မက်ဒေါနားတို့နှင့် တစ်လနှစ်လခန့် လေ့ကျင့်ခဲ့သည်။ နောက်ပိုင်းတွင်လည်း သူ(မ)၏လေ့ကျင့်မှုများက ရပ်တန့်မသွားခဲ့ပေ။ ကျန်းမုန့်လောင်ကလည်း ကမ္ဘာအနှံ့မှ အဆိုနှင့်တူရိယာဆရာများကို စီစဉ်ပေးသည်။ အစပိုင်းကတည်းက လုရီယောင်က အုတ်မြစ်အခိုင်အမာရှိနေပြီးသားဟု ဆိုနိုင်သည်။

အဆင့်သတ်မှတ်ချက် ပြိုင်ပွဲအတွင်း သူ(မ) ပါးစပ်ဟလိုက်သည်နှင့် မရေမတွက်နိုင်သော ပရိသတ်ပေါင်းများစွာကို ကြက်သီးတဖြန်းဖြန်းထစေခဲ့ပြီး နည်းပြများထံမှ အလွန်မြင့်မားလှသော အကဲဖြတ်ချက်များကိုပင် ရရှိခဲ့သည်။ ပြိုင်ပွဲဝင်အယောက်တစ်ရာအနက် သူ(မ)က အဆိုပိုင်းတွင် ပထမနေရာဖြစ်​သည်မှာ မှားနိုင်ဖွယ်ရာမရှိချေ။

ထိုအချိန်မှစ၍ ဟွားယွီဟန်က လုရီယောင်ကို အထူးအလေးပေး၍ အာရုံစိုက်လာခဲ့ပြီး သူ(မ)၏အစ်ကိုဖြစ်သူ ဟွားဟဲ့ကိုပါ ပြောပြခဲ့သည်။ ဟွာယဲ့ကလည်း စောစောစီးစီးကတည်းက ပြင်ဆင်မှုများစတင်ခဲ့ပြီး ဟွားယွီဟန်၏ ကျော်ကြားမှုကို မြှင့်တင်ရန်အတွက် ပရိသတ်အများအပြားနှင့် အင်တာနက်စစ်သည်များကို ဝယ်ယူခဲ့သည်။

လူသိရှင်ကြားဖျော်ဖြေပွဲအပြီးတွင် လုရီယောင်၏မဲအရေအတွက်များက ဒုံးပျံအလား မြင့်တက်လာကာ အခြားပြိုင်ပွဲဝင်များထက် သိသိသာသာ ရှေ့ရောက်နေပြီး ဟွားယွီဟန်ကိုယ်တိုင်ကလည်း မဆိုးဝါးလှသော်ငြား ဒုတိယနေရာသာ ရရှိခဲ့သည်။

အတွင်းလူများထံမှ ရရှိသော အချက်အလက်တချို့ကြောင့် ဟွားယဲ့က သူ့အင်တာနက်စစ်သည်များကို ဟွားယွီဟန်ကို မဲပေးရန် စတင်လှုံ့ဆော်ခဲ့သည်။ ထို့ကြောင့် ကြည့်ရှုသူများ မြင်တွေ့နေရသည့် မဲအရေအတွက်များတွင် သိသာထင်ရှားလှသော ကွာဟချက်များ ပေါ်ပေါက်လာခဲ့သည်။

"လုရီယောင်ဆိုတဲ့ မိန်းကလေးက တော်တော်အထင်ကြီးဖို့ကောင်းတာပဲ"

ဖုန်းတစ်ဖက်မှ လူငယ်လေးတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။

"ဒါပေမဲ့ စိတ်မပူပါနဲ့ ယွီဟန်.. နောက်ဆုံးအဆင့်မှာ မင်း Cအဆင့်နဲ့ ပွဲဦးထွက်ရမှာ။ မင်းအတွက် မဲဝယ်ဖို့ ဒေါ်လာငါးသန်းသုံးထားတယ်။ လုရီယောင်လည်း လိုက်မမီတော့ပါဘူး"

"အစ်ကို.. အစ်ကိုက အကောင်းဆုံးပဲ"

"ဟားဟားဟား ဒီကလေးမလေးကတော့...ငါ့တာဝန်သာထားလိုက်။ မင်းစိတ်ချမ်းသာရင် ပြီးရော"

ဟွားယဲ့ ရယ်မောလိုက်လေသည်။

"နောက်တစ်ဆင့်ဖျော်ဖြေပွဲက ပူးတွဲသီဆိုမှုနှင့် သရုပ်ဆောင်မှုဖြစ်မယ်လို့ ကြားထားတယ်။ ငါ မင်းအတွက် အတော်ဆုံးဧည့်သည်တစ်ယောက်ကို ရှာပေးမယ်။ မင်း ပရိသတ်တွေအကုန်လုံးကို အံ့အားသင့်အောင်လုပ်နိုင်မှာ သေချာတယ်"

"နေဦး"

ဟွားယဲ့၏လေသံက ရုတ်တရက်တည်ကြည်လေးနက်သွားသည်။

"ဘာဖြစ်လို့လဲ အစ်ကို"

"ပြိုင်ပွဲဝင်တွေရဲ့ မဲအရေအတွက်က ထူးထူးဆန်းဆန်းမြင့်တက်လာပြီး အခုဆိုရင် နောက်ဆုံးနေရာမှာရှိတဲ့ ပြိုင်ပွဲဝင်တောင် မဲအရေအတွက်၁.၂သန်းအထိ ရောက်နေပြီလို့ ငါ့လက်ထောက်က ပြောတယ်"

*****************

All Chapters