← Chapters

မင်းတို့မိသားစုပိုင်စည်းစိမ်လောက်နဲ့ ငါ့မုန့်ဖိုးကို လာမယှဉ်နဲ့

Vol. 30 Ch. 439

မင်းတို့မိသားစုပိုင်စည်းစိမ်လောက်နဲ့ ငါ့မုန့်ဖိုးကို လာမယှဉ်နဲ့

Vol. 30 Ch. 439

"ယွီဟန်ရဲ့ အဆင့်သတ်မှတ်ချက်ကို ဖိနှိပ်နေတဲ့လူက ဘယ်သူလဲဆိုတာ ရှာလို့တွေ့ပြီလား"

ထပ်ခါတလဲလဲ ဖိနှိပ်ခံနေရသည့်အတွက် ဟွားယဲ့လည်း ကုန်ကျငွေကို သိပ်စိတ်မပူသော်ငြား ဂုဏ်သိက္ခာနှင့် မာနတော့ အလွန်ထိခိုက်သည်။

ချင်းဖုန်းနှင့် သူ့အပေါင်းအသင်းများမှာ ဟွာရှားနိုင်ငံထဲတွင် ဩဇာညောင်းသော ဒုတိယမျိုးဆက်များအဖြစ် အလွန်နာမည်ကြီးသည်။ အခြားလူများက သူ့အား 'သခင်လေးချင်း'ဟု တလေးတစားခေါ်ဝေါ်ကြခြင်းမှာ သူတို့၏အဖေတွေက ထိုခေတ်၏တည်ထောင်သူသူရဲကောင်းများ ဖြစ်သောကြောင့်ပင်။ သူ့အဖေ အသက်ရှိနေစဉ်ကာလပတ်လုံး ချင်းမိသားစုလည်း သာယာဝပြောပေလိမ့်မည်။

ချင်းဖုန်းဖခင်၏ မျိုးဆက်ကလည်း ပင်မအသိုင်းအဝိုင်းထဲသို့ ဝင်ရောက်လာခဲ့ပြီး သုံးနှစ်မှ ငါးနှစ်အတွင်း သူ့အဘိုးမရှိသည့်တိုင် မိသားစု၏အခြေခံအုတ်မြစ်ကတော့ မထိခိုက်ခဲ့ပေ။

ချင်းဖုန်းက ဒုတိယမျိုးဆက်များအကြားတွင် စံနမူနာတစ်ခုဖြစ်ပြီး ဝမ်လင်၏အဆင့်အတန်းကပင် သူ့ကိုလိုက်မမီပေ။

သို့သော် ချင်းဖုန်းကိုယ်တိုင်ကပင် ဟွားယဲ့ကို 'အစ်ကိုဟွား' သို့မဟုတ် 'သခင်လေးဟွား'ဟု တရိုတသေခေါ်ရသည်။ အကြောင်းမှာ နိုင်ငံတွင်းရှိ အင်အားစုများထဲတွင် ဟွားမိသားစုမှ သိသိသာသာ ဩဇာလွှမ်းမိုးနိုင်သော အထူးအုပ်စုတစ်စုရှိသောကြောင့်ပင်။

"လုံရှားအထူးတပ်ဖွဲ့"၏ ခေါင်းဆောင်ပင် သူတို့မိသားစုနှင့် ဆွေမျိုးနီးစပ်တော်သည်ဖြစ်ရာ ဤသည်မှာ သူတို့အတွက်တော့ အကြီးမားဆုံးသော အားကိုးရာတစ်ခုပင် ဖြစ်၏။

သူတို့မိသားစုက ယခင်ကထက် အလွန်နှိမ့်ချစွာ နေထိုင်လာခဲ့သော်လည်း အဆင့်အတန်းမြင့်မားသူတိုင်းက ဟွားမိသားစု၏ ဖြစ်တည်မှုကို သိထားကြပြီး မည်သူကမှလည်း သူတို့ကို ရန်မစဝံ့ကြချေ။

"တောင်းပန်ပါတယ် သခင်လေး.. ကျွန်တော် အရင်းအမြစ်တွေအကုန်လုံးကို ထုတ်သုံးခဲ့ပေမဲ့ အဲဒီလူရဲ့အချက်အလက်တွေကို ရှာမတွေ့ခဲ့ပါဘူး"

ဟွားယဲ့၏ဘေးနားရှိ သက်လတ်ပိုင်းအရွယ်အမျိုးသားက ကြောက်ရွံ့တုန်လှုပ်နေသည့်အသံဖြင့် ပြောလာလေသည်။

ဟွားယဲ့ ဤမျှအထိဒေါသထွက်နေတာကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၏။ အကြောင်းမှာ ယနေ့အချိန်အထိတိုင်အောင် ဟွားယဲ့ကို ထိပ်တိုက်ရင်ဆိုင်ရဲသူဟူ၍ ထိုလူတစ်ယောက်တည်းသာ ရှိသောကြောင့်ပင်။

"အသုံးကိုမကျဘူး"

ဟွားယဲ့ ဆူပူကြိမ်းမောင်းလိုက်သည်။

"လုံရှားရဲ့ အရင်းအမြစ်တွေကရော"

"ကျွန်တော်တို့ အဲဒါတွေကိုလည်း သုံးပြီးပါပြီ.."

"ဘာ?"

ဤတစ်ခေါက်တွင် ဟွားယဲ့၏အမူအရာက အတန်ငယ်ရုပ်ဆိုးအကျည်းတန်လာသည်။ သူသည် လုံရှားအဖွဲ့အစည်း၏ အမြင့်ဆုံးခွင့်ပြုချက်များကို များများစားစားမရယူနိုင်သော်လည်း သူအသုံးပြုနိုင်သည့် အစိတ်အပိုင်းကပင် သူလိုချင်သော မည်သည့်အချက်အလက်ကိုမဆို ရယူရန် အမြဲလုံလောက်ခဲ့သည်။ သို့သော် လုံရှားအဖွဲ့အစည်းကပင် ထိုလူ၏ဒေတာများကို ရှာဖွေနိုင်ခြင်းမရှိပေ။

"သူလည်း လုံရှားအဖွဲ့အစည်းနဲ့ ဆက်စပ်မှုရှိနေတာလား"

ဟွားယဲ့ နက်နက်နဲနဲ စဉ်းစားမိသည်။ ဤလူ၏အာဏာက သူ့ထက် ပိုမြင့်မားနေလေသလားဟုပင် တွေးမိသည်။ သို့မဟုတ်ပါက လုံရှားအဖွဲ့အစည်း၏ ထောက်လှမ်းမှုအောက်က ရှောင်ရှားနေရန် မဖြစ်နိုင်ပေ။

"သခင်လေး.. ဒီလူရဲ့သရုပ်မှန်က ထူးခြားလိမ့်မယ်လို့ ခံစားမိပါတယ်။ သူနဲ့ဆက်ပြိုင်ဖို့ မသင့်တော်ဘူးထင်တယ်"

"မသင့်တော်ဘူးတဲ့လား။ ငါတို့ဟွားမိသားစုက သူတို့ကို ကြောက်ရမယ်လို့ ဆိုလိုချင်တာလား"

ဟွားယဲ့ ရယ်မောလိုက်သည်။

"ဟွာရှားတစ်နိုင်ငံလုံးမှာ ငါတို့ထက် ပိုအင်အားတောင့်တဲ့ မိသားစုဆိုတာရှိလို့လား"

သက်လတ်ပိုင်းအရွယ်အမျိုးသားခမျာ ဆွံ့အသွားရသည်။ အမှန်စင်စစ်ပင်။ ဟွာရှားနိုင်ငံတွင် ဟွားမိသားစုထက် ပိုအင်အားတောင့်သောမိသားစု မရှိပေ။ သို့သော် သူတို့ အဘယ်ကြောင့် ထင်ထင်ပေါ်ပေါ်နေရာက နှိမ့်နှိမ့်ချချပုံစံဖြင့် ပြောင်းနေခဲ့ရသလဲဆိုသည်ကို သတိရဖို့ လိုလေသည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက သူတို့ မထိပါးသင့်သောလူကို ထိပါးစော်ကားမိခဲ့သောကြောင့်ပင်။

"ဟွားမိသားစုနဲ့ လာယှဉ်ရလောက်တဲ့အထိ ဒီလူ့မှာ စည်းစိမ်ဘယ်လောက်ရှိလဲဆိုတာ ငါကြည့်ချင်သေးတယ်"

ဟွားယဲ့ ရယ်မောလိုက်မိသည်။

"ငါတို့ဟွားမိသားစုသာ တစ်ခုခုကိုလိုချင်ရင် ဘယ်သူမှတားလို့မရခဲ့ဖူးဘူး။ သာမန်အရည်အချင်းပြပွဲတစ်ခုရဲ့ ချန်ပီယံဆုလေးကိုတောင် မရနိုင်ဘူးဆိုရင် အဓိပ္ပာယ်ရှိမှာမဟုတ်ဘူး"

"သခင်လေး မဲဆက်ဝယ်ဦးမှာလား"

"သူက သိပ်ကစားချင်နေတယ်မလား။ ဒါဆို ဆက်ကစားကြတာပေါ့။ ယွီဟန်အတွက် မဲသန်းငါးဆယ်ထပ်ဝယ်လိုက်"

"သခင်လေး..."

"ငါ့စကားကို မနာခံဘူးလား"

"ဟုတ်ကဲ့။ ကျွန်တော် အခုချက်ချင်းသွားလုပ်လိုက်ပါ့မယ်"

...

"သန်းငါးဆယ်ဟေ့..မဲအရေအတွက်သန်းငါးဆယ်ပဲ"

"အမလေး..မနှစ်တုန်းက နောက်ဆုံးအဆင့်မှာတောင် မဲအရေအတွက်အများဆုံးက ၁၃သန်းပဲရှိတယ်။ ဒါက မဲဝယ်ထားတာမှန်း မသိသာလွန်းဘူးလား"

"ညီအစ်ကိုရေ.. ဒါက မဲဝယ်တာဟုတ်မဟုတ် ပြောနေစရာမလိုတော့ဘူး။ အခုဆိုရင် နှစ်ဖက်စလုံးက ထိပ်တိုက်ပစ်ခတ်နေကြပြီ"

"ဒီလူ ဆက်ဝယ်ရဲဦးမယ်လို့ မင်းတို့ထင်လား။ ဒီလိုသာဆက်သွားမယ်ဆိုရင် ၅၉ဆတောင်တက်သွားမှာ။ ငါးဆယ်ဘီလီယံဆိုတာ အသာလေးပဲ။ ဟွာရှားမှာ ငွေငါးဆယ်ဘီလီယံကို အသာလေးထုတ်နိုင်တဲ့လူ ဘယ်နှယောက်ရှိလို့လဲ"

"မဲအတုထည့်ပေးတဲ့လုပ်ငန်းထဲကို ဝင်လို့ရမဲ့နည်းလမ်း ဘယ်သူ့မှာရှိလဲ။ ဒါက ငွေရှာနိုင်မဲ့အခွင့်အလမ်းတစ်ခုလို့ ခံစားမိတယ်"

"ဒရိုင်ဘာအိုကြီးရေ..ငါ့ကိုပါခေါ်သွားပေးဦး"

"ငါ ရုတ်တရက်ကြီး ရဲတင်းတဲ့အတွေးတစ်ခု တွေးမိတယ်"

"ညီအစ်ကိုရေ..ငါ့မှာလည်း ရဲတင်းတဲ့အတွေးတစ်ခုရှိတယ်"

"မင်းပြောတာ အဲဒီလူလား"

"၇၇၇၇၇၇၇? ၇ရဲ့သေတမ်းစာလား?"

"အပေါ်ထပ်.. လစ်စမ်းပါ"

...

"မစ္စတာကျန်း.. ဟွားယဲ့က သူ့လက်အောက်ငယ်သားတွေကို ဟွားယွီဟန်အတွက် မဲသန်းငါးဆယ်ထပ်ထည့်ခိုင်းထားတယ်"

"ဟားဟား ကြည့်လိုက်ဦး။ ဒီလူ တော်တော်အပူတပြင်းဖြစ်နေပြီပဲ"

ကျန်းမုန့်လောင် ရယ်မောလိုက်သည်။

"ဒီလောက်ပေါ်တင်နိုင်တဲ့လူကို ငါ လုံးဝမမြင်ဖူးဘူး။ ငါ ငါးဆယ်ဘီလီယံကို မထုတ်နိုင်ဘူးလို့ သူထင်နေတာလား။ ပိုက်ဆံတွေက မဲအတုလုပ်ပေးတဲ့လူတွေရဲ့ အိတ်ကပ်ထဲကို ရောက်သွားမှာတော့ နှမြောစရာပဲ"

"မစ္စတာကျန်း.. ဆက်လုပ်ဦးမှာလား"

"ဒါပေါ့။ သူနဲ့ဆက်ပြိုင်လိုက်။ ဟွားမိသားစုရဲ့ ခေါင်းဆောင်လောင်းတစ်ယောက်အနေနဲ့ သူ့ကို သူ့မိသားစုက ငွေဘယ်လောက်ထောက်ပံ့နိုင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"

ကျန်းမုန့်လောင်က ဆက်ပြောလိုက်သည်။

"စကားမစပ် သူ့မိသားစုရဲ့ကုမ္ပဏီကို စုံစမ်းစစ်ဆေးပြီး သူတို့ရဲ့ဘဏ္ဍာရေးအခြေအနေကို ကျပ်တည်းအောင်လုပ်လိုက်။ ငွေက အဓိကမဟုတ်ဘူး။ မဲအတုထည့်ပေးတဲ့လူတွေ ငါ့ဆီက အမြတ်ထုတ်နေတာကို စိတ်အနှောင့်အယှက်ဖြစ်လို့"

"ဟုတ်ကဲ့ မစ္စတာကျန်း"

...

"စပြီဟေ့။ စပြီ"

ညနေခြောက်နာရီတွင် မဲအရေအတွက်များက တစ်ဖန်မြင့်တက်လာခဲ့ပြီး ဟွားယွီဟန်၏မဲများမှာ ဒုံးပျံအလား စတင်မြင့်တက်လာခဲ့သည်။

အခြားလူများက ကျန်ပြိုင်ပွဲဝင်များ၏ မဲအရေအတွက်ကို အာရုံစိုက်ရန်ပြင်လိုက်ချိန်မှာပင် သူ(မ)၏မဲအရေအတွက်က မြန်နှုန်းနှစ်ဆဖြင့် မြင့်တက်လာသည်။

"မဲအရေအတွက်သန်းနှစ်ဆယ်ရှိသွားပြီ"

"သန်းသုံးဆယ်ရှိသွားပြီ"

"ဟွားယွီဟန်ရဲ့မဲတွေက သန်းငါးဆယ်ကျော်သွားပြီဟ။ ဒါကြီးက ရူးလောက်တယ်ဟေ့။ ဒိတ်ဒိတ်ကြဲသူဌေးတွေရဲ့လက်ချက်လား"

"သူတို့ပိုက်ဆံက တကယ့်ပိုက်ဆံအစစ်ရော ဟုတ်ရဲ့လား"

"မင်းတို့... မင်းတို့တွေ ကြည့်လိုက်ကြဦး။ လုရီယောင်ရဲ့မဲအရေအတွက်က သန်း၇၀ရှိသွားပြီ။ ဆက်တက်နေတုန်းပဲ"

"အမလေး။ နောက်ဆုံးနေရာကတောင် မဲအရေအတွက်သန်း၆၀ကျော်နေပြီ။ ဒါက ဘယ်လောက်တောင်ပေးရမှာလဲ။ ငါးဘီလီယံလား။ ခြောက်ဘီလီယံလား။ သူက အတည်ပေါက်ကြီးလုပ်နေတာလားဟ"

"မစ္စတာကျန်း..ဟန်ဆောင်မနေပါနဲ့တော့။ ခင်ဗျားမှန်း ကျွန်တော်သိတယ်"

"ဟားဟားဟား.. ငါလည်း မစ္စတာကျန်းပဲလို့ ထင်တယ်။ ဟွာရှားတစ်နိုင်ငံလုံးမှာ ဒီလိုအကွက်မျိုးထွင်နိုင်တာ မစ္စတာကျန်းကလွဲရင် ဘယ်သူမှမရှိဘူး"

"ကောင်းပြီ။ ငါ အချိန်အကြာကြီးမျိုသိပ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခုကို ထုတ်ပြောတော့မယ်။ ငါက ကူစူးတက္ကသိုလ်က ကျောင်းသူတစ်ယောက်။ မနှစ်တုန်းက မစ္စတာကျန်းက သူ့ပြိုင်ကားနဲ့ ငါတို့ကျောင်းဝင်းထဲကိုလာပြီး မိန်းကလေးတစ်ယောက်ကို လာရှာခဲ့တယ်။ လုရီယောင်ကလည်း ငါတို့ကူစူးတက္ကသိုလ်ရဲ့ ကျောင်းသူတစ်ယောက်ပဲ။ အခု နားလည်ကြပြီမလား"

"သေစမ်း။ ဒီလိုကိုး!"

"အမှန်ပဲ။ ဟွားယွီဟန်က မဲအတုတွေထည့်ပြီး လုရီယောင်ရဲ့အဆင့်ကို ဖိနှိပ်ထားတာ။ မစ္စတာကျန်းကလည်း ဒါကို သည်းခံ​နေမှာမဟုတ်ဘူး"

"ငါ့ကောင်..ဒီလောက်ကြုံဖူးထားတာတောင် သူတို့တွေ သင်ခန်းစာမရကြသေးဘူးလား။ မစ္စတာကျန်းကို စိန်ခေါ်မိတဲ့လူတိုင်း ကံဆိုးမိုးမှောင်ကျတာ မသိကြသေးဘူးလား"

"ဒါပေမဲ့ ဒီဟွားမိသားစုကလည်း နယ်နယ်ရရမဟုတ်ဘူး။ ဒီတစ်ခါတော့ မစ္စတာကျန်းလည်း အရင်ကလိုမလွယ်လောက်ဘူး"

...

နှစ်နာရီအကြာတွင် ဟွားယွီဟန် နောက်ဆုံးနေရာသို့ တွန်းပို့ခံရပြန်သည်။

သို့သော် အခြားပြိုင်ပွဲဝင်များ၏ မဲအရေအတွက်များမှာ ရပ်တန့်မသွားဘဲ သန်းခုနစ်ဆယ်၊ သန်းရှစ်ဆယ်အထိ ဆက်လက်မြင့်တက်နေဆဲပင်။

"ဖုံးကွယ်မနေတော့ဘူး။း အခုလိုအကွက်ဆင်နေတာ ငါပဲ"

ကျန်းမုန့်လောင်က ဝေးပေါ်တွင် ပို့စ်တင်လိုက်လေသည်။

"ဒီပြဿနာကို ငါဖန်တီးနေတာ။ တရားမျှတတဲ့ ပြိုင်ပွဲတစ်ခုကို ဝင်ဖျက်ချင်တယ်ဆိုရင် မင်းတို့တွေ ငါ့ဆီက အရင်ခွင့်ပြုချက်တောင်းတာပိုကောင်းမယ်။ ဒီလိုနည်းဗျူဟာမျိုးသုံးပြီး ချန်ပီယံဆုကို အနိုင်ရချင်တယ်ပေါ့လေ။ အိပ်မက်မက်နေလိုက်"

"ဟားဟားဟား! သေချာပေါက် မစ္စတာကျန်းပဲ။ ခင်​ဗျားဆိုတာ သိပြီးသား"

"သူပဲ။ သူပဲ။ သေချာပေါက် သူပဲ..."

"အပေါ်ထပ်ကလူက ဘယ်လိုလုပ်ပြီး အသံဖိုင်ကြီးပို့လို့ရတာလဲ"

"မစ္စတာကျန်း.. ဒီတစ်ခါတော့ ခင်ဗျားနဲ့လက်ရည်တူတဲ့လူကို တွေ့ပြီပဲ။ ဒီဟွားမိသားစုက နယ်နယ်နနမဟုတ်ဘူးနော်။ ခင်ဗျား သတိထားမှဖြစ်မယ်။ ခြုံခိုအတိုက်မခံရစေနဲ့။ အဲလိုမှမဟုတ်ရင်လည်း ခင်ဗျား သေတမ်းစာအရင်ရေးလိုက်ပါလား။ ကျွန်တော် ခင်ဗျားရဲ့သားလေး လုပ်ပေးနိုင်ပါတယ်"

...

"ဆက်ဝယ်! ဆက်ဝယ်!"

ဟွားယဲ့က ကျန်းမုန့်လောင်ရန်စထားသော​ ဝေးပေါ်ပို့စ်ကို ကြည့်ရင်း ဒေါသထွက်နေလေသည်။

"သူက သူ့ကိုယ်သူချမ်းသာလှပြီထင်​နေတာလား။ မဲတစ်ဘီလီယံဝယ်လိုက်။ သူ ဆက်ဝယ်နိုင်သေးလားဆိုတာကြည့်ရအောင်"

ဟွားယွီဟန်၏မဲများ တစ်ဖန်မြင့်တက်လာပြီးနောက် အဆင့်သတ်မှတ်ချက်ဇယား၏ ထိပ်ဆုံးသို့ ပြန်ရောက်သွားကာ ထိုနေ့တုန်းက မဲအတုဖန်တီးသော အေဂျင်စီများကို ခြေကုန်လက်ပန်းကျစေသည်။

"ဒီလူ ရူးသွားပြီလား။ မဲပေါင်းသန်းငါးရာတဲ့လား"

"ဒီတစ်ခေါက် အအောင်မြင်ဆုံးလူကတော့ မစ္စတာမာပဲ! သူကတော့ နောက်ကွယ်ကနေ ရယ်နေတော့မှာ"

"ဒါပေမဲ့ မစ္စတာဟွားယဲ့က တော်တော်နုံအတာပဲ။ သူတို့က မစ္စတာကျန်းထက် ပိုအာဏာကြီးချင်သာကြီးမယ်။ ဒါပေမဲ့ ပိုက်ဆံနဲ့ပတ်သက်လာရင် အမေရိကတုန်းက မစ္စတာကျန်းရဲ့အလုပ်သမားရန်ပုံငွေကို မေ့သွားပြီလား။ သူက ဒေါ်လာဘီလီပေါင်းများစွာကို ဒီအတိုင်းပေးပစ်တာနော်။ သူက ဒီပိုက်ဆံလောက်လေးကို ဂရုစိုက်မယ်များ ထင်နေတာလား"

...

အမှန်ပင်။ ဟွားယဲ့ဘက်က မဲဘယ်လောက်ဝယ်ဝယ် ဟွားယွီဟန်၏ အဆင့်သတ်မှတ်ချက်က နောက်ဆုံးနေရာမှာသာ မြဲနေခဲ့သည်။

ကျန်းမုန့်လောင်ဘက်ကတော့ လူသိရှင်ကြား ထပ်ကြေညာလာပြန်သည်။

"မင်းတို့မိသားစုပိုင်စည်းစိမ်လောက်နဲ့ ငါ့မုန့်ဖိုးကို လာမယှဉ်နဲ့... ဟုတ်ပြီလား"

*************

All Chapters