← Chapters

သမိုင်းတစ်လျှောက် အင်အားအကောင်းဆုံးစုစည်းမှု

Vol. 30 Ch. 441

သမိုင်းတစ်လျှောက် အင်အားအကောင်းဆုံးစုစည်းမှု

Vol. 30 Ch. 441

"ထိပ်တန်းအနုပညာရှင် ဝမ်ကျန့်၊ ရှောင်းရိပေါ်နဲ့ ချိုက်ကွမ်ရွှီးတို့က 'အနာဂတ်ရဲ့ရောင်နီဦး'အစီအစဉ်မှာ ပါဝင်မယ်လို့ အတည်ပြုပြီးပြီ။ ဟွားယွီဟန်ရဲ့ဧည့်သည်အဆိုရှင်တွေအဖြစ် တက်ရောက်မယ်တဲ့!"

အင်တာနက်ပေါ်တွင် ပေါက်ကွဲအားပြင်းသော ထိပ်တန်းသတင်းတစ်ပုဒ် ထွက်ပေါ်လာသည်။

ဤသုံးဦးအနက် ထိုပုဂ္ဂိုလ်နှစ်ယောက်၏ ပရိသတ်များမှာ တစ်ခါတုန်းက ကမ္ဘာမြေတုန်လှုပ်ဖွယ်တိုက်ပွဲကြီးတစ်ခု ဖြစ်ထားကြောင်း လူတိုင်းသိသည်။ ယခုမူ သူတို့နှစ်ယောက် စင်မြင့်တစ်ခုတည်း၌ အတူပေါ်ပေါက်လာခြင်းမှာ ပရိသတ်အားလုံးကို အရူးအမူးစိတ်လှုပ်ရှားစေခဲ့သည်။

အင်တာနက်ပေါ်မှာ အမှတ်မရှိကြပေ။ ဟွားယွီဟန်နှင့်ပတ်သက်သော မကောင်းသတင်းများမှာ လုံးဝပျောက်ကွယ်သွားပြီး ဤဖျော်ဖြေပွဲစင်မြင့်ကို မျှော်လင့်စောင့်စားရင်း ဟွားမိသားစု၏ ဩဇာလွှမ်းမိုးမှုကို ချီးကျူးဂုဏ်ပြုမှုများက အစားထိုးဝင်ရောက်လာသည်။

စင်မြင့်ထက်၌ အတူသီဆိုဖျော်​ဖြေရခြင်းမှာ နာရီပိုင်းမျှဖြင့် ပြီးမြောက်နိုင်သည်မဟုတ်။ ပြီးပြည့်စုံသော ဖျော်ဖြေမှုတစ်ခုဖြစ်ရန် အနည်းဆုံးတော့ တစ်ပတ်ကြာအောင် လေ့ကျင့်ရန်လိုအပ်သည်။

ထိပ်တန်းနာမည်ကြီးအနုပညာရှင်များအနေနှင့် သူတို့၏အချိန်ဇယားများမှာ အလွန်ကျပ်လှသည်။ အချိန်တစ်ပတ်ယူရန် မဆိုထားနှင့်။ နေ့တစ်ဝက်လောက် အချိန်ယူရန်ပင် ခက်ခဲလှ၏။

ဝမ်ကျန့်နှင့် ရှောင်းရိပေါ်တို့က ရိုက်ကူးရေးအဖွဲ့တစ်ခုစီတွင် ပရောဂျက်အသစ်များကို ကိုယ်စီရိုက်ကူးနေကြပြီး ချိုက်ကွမ်ရွှီကလည်း ရသစုံရှိုးတစ်ခုကို ရိုက်ကူးနေရသည်။ သူတို့ကို ရိုက်ကူးရေးရပ်တန့်ခိုင်းရန်အတွက် ငွေရှိရုံဖြင့် မပြီးပေ။ သူတို့နောက်ကွယ်ရှိ ပိုင်ရှင်များမှာ သာမန်လူများမဟုတ်ကြပေ။

ထိုသို့သော အခြေအနေများအောက်တွင် ဤသုံးယောက်ကို အဆိုပြိုင်ပွဲတစ်ခုတွင် ဧည့်သည်အဆိုရှင်များအဖြစ် ဖိတ်ခေါ်နိုင်ခြင်းမှာ ဟွားမိသားစုက မည်မျှအထိအင်အားကြီးမားကြောင်း ပြသလိုက်ခြင်းပင်။

"ချီတက်ကြ"

"ရိပေါ်"

"တိုက်ကြဟေ့"

"ယောကျ်ား"

"ဟွားယွီဟန်ရဲ့ဖျော်ဖြေမှုကို မျှော်လင့်နေပြီ"

"သူတို့ကို မဲပေးဖို့အဆင်သင့်ပဲ။ မဲပေးဖို့စောင့်နေတယ်နော်"

"မဲမပေးတဲ့လူတွေက ဟွာရှားလူမျိုး မစစ်လို့ပဲ"

....

ထိုအချိန်မှာ ဟွားယွီဟန်၏ အထောက်အပံ့များက အဆမတန်မြင့်တက်လာသည်။

သို့သော် ကျန်းမုန့်လောင်နှင့် လုရီယောင်တို့၏ ပရိသတ်များကတော့ သဘောထားမတူကြပေ။

ပြီးခဲ့သည့်အခေါက်က ငွေကြေးတိုက်ပွဲမှာ နတ်ဘုရားများအကြားက တိုက်ပွဲတစ်ခုအလားပင်။ ထိုတိုက်ပွဲတွင် ကျန်းမုန့်လောင်က အနိုင်ရရှိခဲ့ပြီး ဟွားယဲ့ခမျာ နောက်ဆုံးတွင် အသံပင်မ​ထွက်နိုင်ခဲ့ပေ။ ကျန်းမုန့်လောင်က သူ့ချစ်သူကို ကျော်တက်နေကြသည့်အဖြစ်ကို သည်အတိုင်း ထိုင်ကြည့်နေမည်တဲ့လား။ မဖြစ်နိုင်ချေ။ ကျန်းမုန့်လောင်က ဘယ်တုန်းကမှ မရှုံးဖူးပေ။

"ဟားဟား..ဦးနှောက်သေနေတဲ့ ပရိသတ်တွေက နာမည်ကြီးအနုပညာရှင်တွေကို ခေါ်လာရုံလောက်နဲ့ အနိုင်ရမယ်လို့ ထင်နေကြတာလား"

"မင်းတို့က မစ္စတာကျန်းကို အထင်သေးနေကြတာပဲ။ ငွေနဲ့လုပ်လို့ရတဲ့ကိစ္စမှန်သမျှ သူ မလုပ်နိုင်တာ ဘာမှမရှိဘူး"

"မစ္စတာကျန်းက ငွေနဲ့ ရုပ်ရည်ပဲ ရှိတယ်လို့ ထင်နေကြတာလား။ အဆက်အသွယ်တွေနဲ့ နောက်ခံအင်အားတွေမရှိဘူးလို့ ထင်နေကြတာလား။ သူက ငွေတစ်ခုတည်းနဲ့ ဒီနေရာအထိ ရောက်လာတယ်လို့ ထင်နေကြတာလား"

"ရယ်ရတယ်။ သေမျိုးတစ်သိုက်က ချမ်းသာကြွယ်ဝခြင်းနတ်ဘုရားနဲ့ လာပြိုင်နေကြတာဟေ့။ ငါတော့ ဖျော်ဖြေပွဲကို မျှော်နေမိပြီ"

"ငါ ဒီမှာမှတ်ထားတယ်။ တကယ်လို့ လုရီယောင်ရဲ့ဖျော်ဖြေမှုက ဟွားယွီဟန်ထက် မသာဘူးဆိုရင် ငါ တိုက်ရိုက်ထုတ်လွှင့်မှုမှာ မစင်ငါးတန်စားပြမယ်လို့ ကတိပေးတယ်"

"မှတ်ထားလိုက်ပြီဟေ့။ မူရင်းပို့စ်ပိုင်ရှင်.. ကတိမဖျက်နဲ့နော်"

"ဘော့စ်ကျန်း တစ်ခုခုပြောပါဦး။ ခင်ဗျား ဘယ်သူ့ကိုဖိတ်ထားတာလဲ။ ဗုဒ္ဓကိုပင့်ဖို့ ကောင်းကင်ဘုံကို တက်မှာလား"

"အနည်းဆုံးတော့ စူပါစတားအဆင့်ဖြစ်ရမယ်နော်။ ဘော့စ်ကျန်းက ဝမ်ယိဂီတကုမ္ပဏီကို အနိုင်ပိုင်းခဲ့တုန်းက ထိပ်တန်းအဆိုတော်တွေရဲ့ သီချင်းမူပိုင်ခွင့်အားလုံးနီးပါးကို ဝယ်ခဲ့တယ်ဆိုတာ မမေ့နဲ့ဦး။ သူ့ပိုင်ဆိုင်မှုနဲ့ဆိုရင် ဒီစူပါစတားတွေ တောင့်ခံနိုင်မယ်ထင်လား"

...

သူတို့မှန်းဆထားသည့်အတိုင်း ကျန်းမုန့်လောင်သာ ရွေးချယ်မည်ဆိုပါက စူပါစတားများကို ရွေးချယ်မည်ဖြစ်၏။

နာမည်ကြီးအနုပညာရှင်များတွင် ပရိသတ်အများအပြားရှိသည်မှာ မှန်သော်ငြား စူပါစတားစစ်စစ်များနှင့်ယှဉ်လိုက်လျှင် သူတို့၏အဆိုစွမ်းရည်က ကောင်းကင်နှင့် မြေကြီးအလား ကွာခြားလှသည်။

သူတို့က ဖျော်ဖြေရေးဈေးကွက်ထဲတွင် ရှယ်ယာအမြောက်အများရှိသည်ဟု ထင်ရသော်လည်း ဂီတနတ်ဘုရားများနှင့် စူပါစတားများက မကောင်းတော့ဘူးဟုတော့ မဆိုလိုချေ။

ရယ်စရာပင် ကောင်းလှ၏။ သူတို့က အနုပညာလောကထဲတွင် တက်ကြွလှုပ်ရှားခြင်း မရှိတော့သော်လည်း သူတို့၏ သီချင်းများကို လမ်းမများနှင့် ရပ်ကွက်များထဲတွင် ယနေ့အထိတိုင် ကြားနေရဆဲပင်။ သူတို့၏သီချင်းများကို ထုတ်ပြလိုက်ရုံဖြင့် လူတွေက သီချင်းခေါင်းစဉ်များနှင့် ဖန်တီးသူများ၏ အမည်များကိုပင် ချက်ချင်းမှတ်မိကြသည်။ ထိုလက်ရာများမှာ ထာဝရဂန္တဝင်တွင်နေမည်သာ။

ဟွာရှားနိုင်ငံရှိ ဂီတနတ်ဘုရားလေးယောက်ထဲမှ တစ်ယောက်ဖြစ်သော ကွမ်းဖုချန်က ဂီတလောကကို ဆယ်စုနှစ်ပေါင်းများစွာ စိုးမိုးလာခဲ့ပြီး ယခုလက်ရှိတွင် ဖျော်ဖြေရေးလောကထဲမှထွက်ခွာကာ ချစ်ဇနီးလေးနှင့်အတူ သာယာပျော်ရွှင်သောဘဝကို ခံစားနေပေသည်။

သူသည် ပုံမှန်အတိုင်း ဥယျာဉ်ထဲတွင် သူ့ကလေးနှင့်အတူ ကစားနေစဉ် သူ့ဖုန်းက ရုတ်တရက်တုန်ခါလာပြီး ဘဏ်မှပေးပို့သော အသိပေးစာတစ်စောင်က သူ့တစ်ကိုယ်လုံးကိုပင် တုန်လှုပ်သွားစေခဲ့သည်။

ချစ်ခင်ရပါသော မစ္စတာကွမ်းဖုချန်.. 9834နဲ့ဆုံးတဲ့ သင့်ငွေအကောင့်ထဲကို အမေရိကန်ဒေါ်လာ 100,000,000 လက်ခံရရှိပါတယ်!"

"ဒေါ်လာသန်းတစ်ရာတဲ့လား"

ဤကိန်းဂဏန်းကို မြင်သောအခါ ကွမ်းဖုချန် မျက်လုံးပြူးသွားရသည်။

ထိပ်တန်းအဆိုတော်တစ်ဦးအနေနှင့် သူ့ပိုင်ဆိုင်မှုတန်ဖိုးမှာ လွန်ခဲ့သည့်ငါးနှစ်ကတည်းက ဟွာရှားယွမ်ငွေ နှစ်ဘီလီယံကျော်ခဲ့ပြီဖြစ်ကာ ဇိမ်ခံကားများနှင့် စံအိမ်ကြီးများကိုပါ ပိုင်ဆိုင်ထားပြီး ဘဝကို ပူပင်ကြောင့်ကြကင်းစွာ နေထိုင်နေသည်။

ယခုအခါတွင် သူသည် ကုမ္ပဏီပေါင်းများစွာကို စီမံခန့်ခွဲနေပြီး ထိုလုပ်ငန်းများကလည်း အဆင်ပြေသည်ဟု ဆိုနိုင်ပေသည်။

သို့သော် ဤမျှကောင်းမွန်သော ဘဝမှာပင် သူလည်း ငွေ​ကို အပြင်းအထန်ရှာဖွေသုံးစွဲပေသည်။ သူ၏စုစုပေါင်းပိုင်ဆိုင်မှုက ယခုအချိန်တွင် ဟွာရှားယွမ်ငွေ ၃၀ဘီလီယံခန့်ရှိနေပြီဖြစ်သော်ငြား အများစုက ရင်းနှီးမြှုပ်နှံမှုများဖြစ်ပြီး ငွေသားရန်ပုံငွေကတော့ နှစ်ဘီလီယံ သို့မဟုတ် သုံးဘီလီယံခန့်သာရှိသည်။

ဤဒေါ်လာသန်းတစ်ရာမှာ သူ့ပိုင်ဆိုင်မှု၏ ငါးပုံတစ်ပုံပင်။

"ဒီပိုက်ဆံကို ဘယ်သူလွှဲလိုက်တာလဲ"

ကွမ်းဖုချန်လည်း သူ့ဇနီးကို ခေါ်မေးပါသော်ငြား သူ(မ)လည်း ဘာဖြစ်နေမှန်း မသိချေ။

ထိုအချိန်တွင် သူ့ကိုယ်ပိုင်ဖုန်းက နံပါတ်စိမ်းတစ်ခုမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။

အစကတော့ နားလည်ရခက်သော ငွေလွှဲပြောင်းမှု။ ယခုလည်း သူစိမ်းတစ်ယောက်၏ဖုန်းခေါ်ဆိုမှု။ ဤအရာများက သူ့ကို အလွန်စိတ်လှုပ်ရှားစေသည်။

"ဟယ်လို.. မစ္စတာကွမ်းဖုချန်နဲ့ စကားပြောလို့ရမလား"

ဖုန်းတစ်ဖက်ရှိ အသံက အလွန်ငယ်ရွယ်ဟန်တူသည်။

"အခုပြောနေပါတယ်။ ဒါက ဘယ်သူလဲ"

"ကျွန်တော် ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ပါရစေ။ ခင်ဗျား ကျွန်တော့်အကြောင်း ကြားဖူးမယ်ထင်တယ် ဂီတနတ်ဘုရား.. ကျွန်တော့်နာမည်က ကျန်းမုန့်လောင်ပါ။ ခုနကငွေလွှဲလိုက်တာ ကျွန်တော်ပါပဲ"

"ကျန်းမုန့်လောင်? ကမ္ဘာ့အချမ်းသာဆုံးလူလား"

သူက မိသားစုနှင့်အတူ အချိန်ကုန်ဆုံးနေသော်ငြား ကမ္ဘာ့အချမ်းသာဆုံးလူ ပြောင်းသွားသည့်သတင်းကိုမူ လူတိုင်းသိထားကြသည်။ ကျန်းမုန့်လောင်က သူ့မူလအေဂျင်စီမှ သူ့သီချင်းများ၏ မူပိုင်ခွင့်ကိုလည်း ဝယ်ယူခဲ့သည်။ သို့သော် သူတို့က လုံးဝအဆက်အသွယ်မရှိခဲ့ပေ။

"မစ္စတာကျန်း..ဒီလောက်ငွေတွေအများကြီးကို ရုတ်တရက်ကြီးပို့တာက ဘာအဓိပ္ပာယ်လဲဗျ"

"မစ္စတာကွမ်းကို အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ"

ကျန်းမုန့်လောင်က လိုရင်းကိုသာ ပြောလိုက်သည်။

"ဒါက စရန်ငွေပါ။ မစ္စတာကွမ်းဘက်ကသာ ကူညီဖို့သဘောတူရင် ကျန်တဲ့တစ်ဝက်ကိုလည်း မစ္စတာကွမ်းရဲ့အကောင့်ထဲကို နောက်ပိုင်းမှာ လွှဲ​ပေးမှာပါ"

"မစ္စတာကျန်း..ကျေးဇူးပြုပြီး ဆက်ပြောပါ"

ငွေရှာနိုင်မည့် အခွင့်အရေးကို ငြင်းဆန်ခြင်းမှာ မိုက်မဲမှုတစ်ခုပင်။ အထူးသဖြင့် ပမာဏက အလွန်များပြားနေသော ယခုလိုအချိန်အခါမျိုးပင်။ ဤတစ်ဘီလီယံက တစ်ဝက်မျှသာရှိသေးသတဲ့။ အခကြေးငွေနှစ်ဘီလီယံဆိုလျှင် သူ့ပိုင်ဆိုင်မှု၏တစ်ဝက်ပင် ရှိနေချေပြီ။

"မစ္စတာကွမ်းကို ကျွန်တော့်ချစ်သူအတွက် အဆိုပြိုင်ပွဲမှာ ဧည့်သည်အဆိုရှင်အဖြစ် ကူညီပေးစေချင်ပါတယ်"

ကျန်းမုန့်လောင်က အခြေအနေကို အတိုချုံးရှင်းပြလိုက်သည်။

"ဒါပဲလား"

ကမ္ဘာလှည့်ဖျော်ဖြေပွဲတစ်ခုလုပ်သည့်တိုင် ကွမ်းဖုချန်း ဟွာရှားယွမ်ငွေ သန်းဂဏန်းမျှပင် ရမည်မဟုတ်ပေ။

သူသည် အသက်ကြီးလာပြီဖြစ်ရာ ငယ်ရွယ်စဉ်ကကဲ့သို့ ဝင်ငွေမျိုး မရနိုင်တော့ပေ။ ယခုမူ ပရိုဂရမ်တစ်ခုတွင် ဧည့်သည်အဆိုရှင်အဖြစ် တစ်ပတ်တိတိ ပါဝင်ပေးရုံဖြင့် ဒေါ်လာနှစ်ဘီလီယံရနိုင်မည်ဆိုခြင်းမှာ အလကားရလိုက်သလိုပင်။

"ဒါပါပဲ"

...

ထိုနေ့တွင် ဟွာရှားဖျော်ဖြေရေးလောကရှိ ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်များမှာ အလားတူငွေပမာဏကို လက်ခံရရှိခဲ့ကြသည်။ ကျန်းမုန့်လောင်က ပြည်တွင်းစတားများကိုသာမက နိုင်ငံခြားအထိပါ နယ်ဆန့်လိုက်သေးသည်။

"အန်ဒီလော့.. အားလား။ သီချင်းတစ်ပုဒ်လောက်ဆိုပေးပါဦး"

"မင်းက ဘယ်သူလဲ။ ငါ မင်းကိုသိလို့လား"

"ကျုပ်ဘယ်သူလဲဆိုတာ အသာထားလိုက်။ ကျုပ်ရဲ့ချစ်သူက လဝက်လောက်နေရင် ပြိုင်ပွဲဝင်ရမှာမို့ ဧည့်သည်အဆိုရှင်တစ်စုလောက် လိုနေတာ"

"မင်း ငါ့ကိုဘာများမှတ်နေတာလဲ။ လမ်းဘေးအဆိုတော်များ ထင်နေလား။ ဧည့်သည်အဆိုတော်တဲ့လား။ အုပ်စုလိုက်ဆိုပဲ"

"စရန်ငွေသန်းတစ်ရာ.. နောက်ဆုံးငွေပေးချေမှုအတွက် နောက်ထပ်သန်းတစ်ရာ.. အမေရိကန်ဒေါ်လာနဲ့နော်"

ကျန်းမုန့်လောင်က သူ့ဝှက်ဖဲကို ချပြလိုက်သည်။

ဒင်! ချစ်ခင်ရပါသော မစ္စတာလျို.. 9834နဲ့အဆုံးသတ်တဲ့ သင့်ငွေအကောင့်ထဲကို အမေရိကန်ဒေါ်လာ 100,000,000 လက်ခံရရှိပါတယ်!

အန်ဒီလော့ မျက်လုံးပြူးသွားချေသည်။

"ဆိုမယ်! ဘယ်သီချင်းလဲ။ မဟုတ်သေးဘူး။ နေဦး။ ဘယ်သီချင်းပဲဖြစ်ဖြစ်ရတယ်"

...

"ဂျေးချောင်.. ငွေပြတ်နေလား"

"ဆရာကုန်..သီးသန့်အလုပ်လက်ခံလား"

"မစ္စတာဒိုမင်ဂို..အချိန်ရလား။ တစ်ပတ်တည်းနဲ့ ဒေါ်လာနှစ်ဘီလီယံရမယ်။ ကုန်ကျစရိတ်အားလုံးကိုလည်း ရှင်းပေးမှာပါ!"

"မစ္စတာကာရီရက်စ်..."

...

"တစ်ခုခုလိုနေသေးသလိုပဲ"

ကျန်းမုန့်လောင်က တစ်ကိုယ်တည်းရေရွတ်လျက် တွေးလိုက်သည်။

"ဟုတ်သားပဲ။ ဧည့်သည်အဆိုရှင်အပြင် အကသမားတွေနဲ့ တူရိယာပညာရှင်တချို့ကိုလည်း လိုတယ်လေ"

ကျန်းမုန့်လောင်က ဖုန်းခေါ်ဆိုမှုကို ဆက်လက်လုပ်ဆောင်လေတော့သည်။

"ဆရာလော့? မဟုတ်ဘူး။ အချိန်စီမံခန့်ခွဲမှုအကြောင်း ပြောမလို့မဟုတ်ဘူး။ ခင်ဗျားက အကဘုရင်မဟုတ်လား။ အကပိုင်းနဲ့ပတ်သက်ပြီး ခင်ဗျားဆီက နည်းနည်းလောက်အကူအညီတောင်းချင်လို့"

"လျန်လျန် မင်းလား? ဟုတ်တယ်။ ငါ ကျန်းမုန့်လောင်လေ.. မင်း ငါ့ကို ကူညီပေးလို့ရလား။ သြော် မင်းက ပိုက်ဆံကို စိတ်မဝင်စားဘူးလား။ ရှို့ပင်တီးခဲ့တဲ့စန္ဒရားက ငါ့ဆီမှာရှိတယ်ဆိုရင်ရော.. စိတ်ဝင်စားလား"

...

ဤတစ်ခေါက်မှာတော့ သမိုင်းတစ်လျှောက် အင်အားအတောင့်တင်းဆုံး ပူးပေါင်းမှုကို သူ ဖန်တီးပေတော့မည်။

***************

All Chapters