ဒိုင်လူကြီးနေရာ၌ နေရာပေးရမည့် နိုင်ငံတော်အသင်း
Vol. 30 Ch. 442
ဒုတိယအကြိမ် ဖျော်ဖြေပွဲက ထုတ်ပယ်ရေးစနစ်ဖြင့် ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အယောက်ခြောက်ဆယ်အနက် တစ်ဝက်ကို ရက်ရက်စက်စက် ထုတ်ပယ်ခဲ့သည်။
ဤပြိုင်ပွဲတွင် အဆင့်ကောင်းကောင်းရရှိရန်အတွက် ပြိုင်ပွဲဝင်အားလုံးမှာ သူတို့၏အေဂျင်စီများထံမှ ပံ့ပိုးမှုဖြင့် လေ့ကျင့်ရေးနှင့် ပြင်ဆင်မှုများတွင်လည်း အင်အားအလုံးစုံထုတ်သုံးပြီး သူတို့ရှာဖွေနိုင်သမျှထဲ၌ အကောင်းဆုံးဧည့်သည်တော်များကို ဖိတ်ကြားခဲ့ကြသည်။
ဟွားယွီဟန်နှင့် လုရီယောင်တို့ကြားရှိ ချန်ပီယံဆုအတွက် ယှဉ်ပြိုင်မှုမှာ "အနာဂတ်၏ရောင်နီဦး"အစီအစဉ်၏ အဓိကအသားပေးအကြောင်းအရာဖြစ်ပြီး ကြည့်ရှုသူများကလည်း တိုက်ရိုက်ထုတ်လွှင့်ရေးချန်နယ်ထဲတွင် အစီအစဉ်စတင်မည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ မျက်နှာပြင်တစ်ခုလုံးကို ဟွားယွီဟန်နှင့် သူ(မ)ဖိတ်ကြားထားသော ဧည့်သည်တော်သုံးဦး၏ ပရိသတ်များက အပြည့်အဝလွှမ်းမိုးထားသည်မှာ ဤဖျော်ဖြေပွဲ၏ အဆင့်သတ်မှတ်ချက်များကို ဆုံးဖြတ်ပြီးပြီဟုပင် ထင်ရ၏။ ဟွားယွီဟန်က ထိပ်ဆုံးအဆင့်ပြိုင်ပွဲဝင်ဖြစ်လာပြီဟုပင် ထင်မှတ်မှားစေသည်။
မရေမတွက်နိုင်သော မျက်လုံးများအောက်တွင် အစီအစဉ်ကို တရားဝင်စတင်ခဲ့ပြီး ပုံမှန်အတိုင်းပင် ပြင်ဆင်နေသည့်ကာလအတွင်း ပြိုင်ပွဲဝင်တစ်ဦးချင်းစီ၏ အားထုတ်ကြိုးပမ်းမှုများကို ပထမဦးစွာမိတ်ဆက်ပေးပြီးနောက်မှသာ သူတို့၏ဖျော်ဖြေမှုများကို ဆက်လက်ပြသကြသည်။
ထုတ်ပယ်ခြင်းကဏ္ဍကြောင့် ဤဖျော်ဖြေပွဲ၏ အရည်အသွေးက ပထမဆုံးဖျော်ဖြေပွဲထက် သိသာထင်ရှားစွာ မြင့်မားလှပြီး ဖိတ်ကြားထားသော ဧည့်သည်တော်အားလုံးကလည်း ကျွမ်းကျင်လှသော အရည်အချင်းနှင့် ဖျော်ဖြေတင်ဆက်နိုင်စွမ်းများ ရှိကြသည်။
အလွန်အမင်းဆိုးရွားခြင်းမရှိပါက အားလုံးကလည်း လက်ခုပ်သြဘာဝိုင်းပေးကြသည်သာ။
အမှန်ပင်။ ပရိုဂရမ်အဖွဲ့၏ စီစဉ်မှုကြောင့် လူတိုင်းက ဟွားယွီဟန်နှင့် လုရီယောင်၏ ဖျော်ဖြေမှုကို မျှော်လင့်စောင့်စားနေကြသည်။ အထူးသဖြင့် လုရီယောင်ပင်။ သူ(မ)သည် သူ(မ)ဖိတ်ကြားထားသော ဧည့်သည်ကို ထုတ်မပြဘဲ ယခုအထိ လျှို့ဝှက်ချက်အဖြစ် ထားနေဆဲပင်။
မီဒီယာများကလည်း လဝက်တိတိ အသည်းအသန်ကြိုးစားခဲ့ရသည်။ သူတို့မှာ သတင်းရရန်အတွက် လမ်းကြောင်းအမျိုးမျိုးကို အသုံးချကာ ပရိုဂရမ်ထဲရှိ အတွင်းလူများကိုပင် ငွေအမြောက်အမြားဖြင့် လာဘ်ထိုးခဲ့သော်လည်း ထိုအတွင်းလူများပင် သူ(မ) မည်သူ့ကိုဖိတ်ထားသလဲဆိုတာကို မသိခဲ့ကြပေ။
ထိုအတောအတွင်း နောက်ထပ်သတင်းတစ်ပုဒ် ပေါက်ကြားလာခဲ့သည်။ ယခုနှစ် "အနာဂတ်၏ရောင်နီဦး"အစီအစဉ်၏ ရင်းနှီးမြှုပ်နှံသူမှာ ကျန်းမုန့်လောင်ဖြစ်ကြောင်းပင်။
ဤရင်းနှီးမြှုပ်နှံသူက မည်သည့်အမှတ်တံဆိပ်ကိုမှ ကြေညာရန်မလိုဘဲ ပရိဟိတသမားတစ်ယောက်နှင့် တူနေခြင်းမှာ အံ့သြစရာတော့မရှိပေ။
သို့သော် ငွေကို ငွေလိုသဘောမထားသော ကျန်းမုန့်လောင်ကသာ ထိုသို့သောကိစ္စမျိုးကို ပြုလုပ်နိုင်သည်။
ထို့ကြောင့် ချစ်ရသူအတွက် ကျန်းမုန့်လောင်ဘက်က ဒေါသတကြီးတုံ့ပြန်မှုမှာ နားလည်နိုင်သောအရာပင်။
သူ ရင်းနှီးမြှုပ်နှံထားသော ပိုက်ဆံဖြင့် ပရိုဂရမ်အဖွဲ့ကို တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသော ပြိုင်ပွဲမျိုး ကျင်းပပေးရန် တောင်းဆိုခဲ့သည်။ သို့သော် ဟွားမိသားစုကတော့ တရားမျှတစွာ မယှဉ်ပြိုင်ခဲ့ပေ။ သူက ထိုအဖြစ်ကို မည်သို့သည်းခံနိုင်မည်နည်း။ ပထမနေရာကိုရဖို့ ပိုက်ဆံထုတ်သုံးချင်ပါက ကျန်းမုန့်လောင်က ထိုလူ့အား နောက်ဆုံးနေရာသို့ တွန်းပို့ရန်အတွက် ငွေထုတ်သုံးနိုင်သည်။
အကြီးအကျယ် မျှော်လင့်စောင့်စားမှုများအောက်တွင် ဟွားယွီယန်၏ ဖျော်ဖြေတင်ဆက်မှုကား စတင်လေပြီ။
မီးရောင်များ လင်းလက်လာသောအခါ ဟွားယွီဟန်က နတ်သမီးတစ်ပါးကဲ့သို့ စင်မြင့်ထက်သို့ရောက်ရှိလာပြီး ညင်သာသိမ်မွေ့သော ဂီတသံကလည်း စင်မြင့်တစ်လျှောက် ပဲ့တင်ထပ်သွားသည့်နောက် လက်ခုပ်သြဘာသံများလည်း ချက်ချင်းပေါ်ပေါက်လာချေသည်။
သူ(မ) သီချင်းစတင်သီဆိုချိန်မှာ ကြည့်ရှုသူများကလည်း ဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်ကြသည်။ ဟွားဟွီဟန်၏ အရည်အချင်းက ထူးချွန်လှသည်ဟု ဆိုနိုင်ပေသည်။ သူ(မ)အဆိုစွမ်းရည်က ယနေ့ခေတ်အဆိုတော်အများစုကိုပင် လွှမ်းမိုးနိုင်သည်အထိ ကောင်းမွန်လှ၏။ ဤတစ်ခေါက် ဖျော်ဖြေမှုမှာ တိုက်ရိုက်ထုတ်လွှင့်နေခြင်းဖြစ်သောကြောင့် သူ(မ)၏အသံမှာ ပြုပြင်ထားခြင်းမရှိကြောင်း သိသာလှသည်။
လူသစ်တစ်ယောက်အနေနှင့် ထိုကဲ့သို့သော အသံမျိုးကို ပိုင်ဆိုင်ထားခြင်းကတင် အလွန်ချီးကျူးထိုက်သည်။
သီချင်းစာသားအနည်းငယ်သီဆိုပြီးနောက် ဂီတသံက နူးညံ့သိမ်မွေ့နေရာမှ စည်းချက်ညီညီတက်ကြွမှုအဖြစ်သို့ ရုတ်တရက်ပြောင်းလဲသွားပြီး လှပချောမောသော လူငယ်သုံးယောက်၏ ပုံရိပ်များက စင်မြင့်ထက်တွင် ပေါ်လာလေသည်။ တစ်ယောက်က အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး တစ်ယောက်က အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ကျန်တစ်ဦးကမူ အရောင်အသွေးတောက်ပသော ဝတ်စုံကို ဝတ်ဆင်ထားသည်။
"အား! ယောကျ်ားရေ.. ယောကျ်ားရေ"
"အမလေး ချောလိုက်တာ။ ငါတော့သေပြီ"
"ဒါက ရာစုနှစ်ရဲ့အကောင်းဆုံးဖျော်ဖြေမှုပဲ... သူငယ်ချင်းတို့.. ငါတို့ရဲ့စည်းလုံးမှုကို ပြရမဲ့အချိန်ပဲ။ ဟွားယွီဟန်ကို မြန်မြန်မဲပေးကြနော်!"
"အမျိုးသားနတ်ဘုရားတွေနဲ့ နတ်ဘုရားမတစ်ယောက်ပါလား... ငါ အရမ်းအားကျနေပြီ!"
...
မဲပေးစနစ်ကို ပြိုင်ပွဲဝင်တစ်ဦးချင်းစီ၏ ဖျော်ဖြေမှုစတင်သည်နှင့် ဖွင့်လှစ်ပေးထားသည်ဖြစ်ရာ ပရိုဂရမ်တစ်ဝက်သို့ ရောက်ရှိလာချိန်တွင် ဦးဆောင်ထားသော ပြိုင်ပွဲဝင်မှာ တစ်နာရီကျော်မျှသာ မဲပေးခွင့်ရထားသေးသည်။
သို့သော် ထိုတစ်နာရီအတွင်းမှာပင် သူတို့၏မဲအရေအတွက်က ခြောက်သောင်းကျော်သာ ရရှိခဲ့သည်။
သို့သော် ဟွားယွီဟန်၏ မဲအရေအတွက်ကတော့ ဖျော်ဖြေမှုစတင်ပြီး လေးမိနစ်အတွင်းမှာပင် မဲအရေအတွက်ငါးသန်းကျော်သို့ ခုန်တက်သွားပြီး အဆတစ်ရာကွာခြားချက်ဖြင့် သူ(မ)၏မဲအရေအတွက်က ဒုံးပျံကဲ့သို့ ဆက်လက်မြင့်တက်နေဆဲပင်။
ဤသည်မှာ ဤထိပ်တန်းအနုပညာရှင်သုံးဦး၏ ပံ့ပိုးမှုကြောင့် ရရှိခဲ့သော အံ့အားသင့်ဖွယ်ကောင်းသည့် ကျော်ကြားမှုပင်။
"အမလေး..ငါးမိနစ်အတွင်းမှာတင် မဲခြောက်သန်းနီးပါးတောင် ရလိုက်တာလား။ တခြားဘယ်သူ့မှာများ ဒီလိုပံ့ပိုးပေးနိုင်စွမ်းမျိုး ရှိသေးလို့လဲ"
"ဒါက ထိပ်တန်းအနုပညာရှင်တစ်ယောက်ရဲ့အစွမ်းလား။ သိပ်ကြောက်ဖို့ကောင်းတာပဲ!"
"ဒီတစ်ခါတော့ မစ္စတာကျန်းလည်း လက်ရည်တူတဲ့ပြိုင်ဘက်တစ်ယောက်ကို တွေ့ရပြီပေါ့။ အခုအချိန် ဖျော်ဖြေရေးလောကထဲမှာ သူတို့ထက်သာတဲ့လူတွေ အများကြီးမရှိဘူးလေ"
...
"ပြိုင်ပွဲဝင်ဟွားယွီဟန်က ပြီးပြည့်စုံတဲ့ဖျော်ဖြေမှုကို တင်ဆက်သွားတာပဲ။ ဖျော်ဖြေမှုကို တစ်ဝက်ပဲကြည့်ရသေးတယ်ဆိုပေမဲ့ ချန်ပီယံဆုကို ဘယ်သူရမလဲဆိုတာကို သိပ်တွေးနေစရာမလိုတော့ဘူးလို့ ထင်တာပဲ"
နည်းပြအားလုံးကလည်း အကောင်းဆုံးမှတ်ချက်များကိုသာ ပေးခဲ့ကြသည်။ ဟွားယွီဟန်၏ တင်ဆက်မှုအရည်အသွေးမှာ အလွန်မြင့်မားပြီး ဖျော်ဖြေတင်ဆက်မှုကိုလည်း အသေးစိတ်ဒီဇိုင်းဆွဲထားသည်။ သူ(မ)ဝတ်ဆင်ထားသော ဝတ်စုံက အလွန်စျေးကြီးသည်မှာ သိသာလှ၏။ ဤဖျော်ဖြေမှုအတွက် သူ(မ) ငွေကြေးအမြောက်အမြား အကုန်အကျခံခဲ့ရမည်မှာ သေချာပေါက်ပင်။
ဟွားယွီဟန်၏ ဖျော်ဖြေမှုအပြီး၌ ကျန်ရှိနေသေးသော ဖျော်ဖြေမှုများမှာ ရုတ်တရက်ကြီး ပေါ့ပြက်ပြက်နိုင်သွားလေရာ တချို့လူများက တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ထွက်ခွာသွားကြပြီး လူနည်းစုသာ ကျန်ရစ်ခဲ့သည်။ အကြောင်းမှာ ထိုလူကတော့ ဘယ်သောအခါမှ ရှုံးနိမ့်နိုင်မည်မဟုတ်ကြောင်း သူတို့ ယုံကြည်ထားကြသောကြောင့်ပင်။
...
"နောက်ထပ်ဖျော်ဖြေမဲ့လူကတော့ လုရီယောင်ဖြစ်ပါတယ်။ လက်ခုပ်သြဘာလေးနဲ့ ကြိုဆိုလိုက်ရအောင်ပါ!"
မီးရောင်များ မှိန်ကျသွားသည်နှင့် အသက်ဝင်လှသော စန္ဒရားသံတစ်သံ ပေါ်ထွက်လာပြီးနောက် စင်မြင့်၏အစွန်းနားရှိ အနောက်တိုင်းဝတ်စုံဝတ်ဆင်ထားသော လူတစ်ယောက်က ရှေးဟောင်းစန္ဒရားတစ်လုံးကို တီးခတ်နေသည်။
ကင်မရာက အနီးကပ်ရိုက်ပြလိုက်သောအခါ လူတိုင်းလည်း သူ့မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
"အဲဒါ လျန်လျန်ပဲ"
"ဝိုး...သူတို့က ဒီစန္ဒရားဆရာကြီးကိုပါ ရအောင်ခေါ်လာတာလား? ဒါပေမဲ့ သူနဲ့တင် ဟိုသုံးယောက်ကိုတော့ မယှဉ်နိုင်သေးဘူးမလား?"
"အင်း... မဖြစ်နိုင်ဘူး။ သူက နိုင်ငံတကာစန္ဒရားပညာရှင်တစ်ယောက်ဆိုပေမဲ့ အနုပညာရှင်စူပါစတားတစ်ယောက်ရဲ့ ဆွဲဆောင်မှုကတော့ သူများနဲ့မတူဘူးလေ!"
"တိတ်တိတ်နေကြ! အဲဒါ ဘာအသံလဲ"
စင်မြင့်ထက်မှ အသံတစ်သံထွက်ပေါ်လာသောအခါ တစ်စုံတစ်ယောက်က အသက်ရှူအောင့်ထားလိုက်မိသည်။ စင်မြင့်၏တစ်ဖက်ခြမ်းတွင် ပိန်သွယ်သွယ်အမျိုးသားတစ်ယောက် ပေါ်လာသည်။
"ကျိုးရှန့်! ဗီတက်စ် အမလေး.. သူတို့နှစ်ယောက်က တကယ့်အကျော်အမော်တွေဟ!"
"နေဦး. အသံသြဇာကောင်းတဲ့ ဒီလူက ဘယ်သူလဲ? သူတို့အသံတော့ မဟုတ်ဘူးမလား"
"ဟင်? ဆံဖြူအဘိုးကြီးနှစ်ယောက်က ဘယ်သူတွေလဲ။ အသံပါဝါက ကြောက်ဖို့ကောင်းလိုက်တာ"
"သောက်ကျိုးနည်း! ဒိုမင်ဂိုနဲ့ ကာရီရက်စ်ပါလား.. သက်ရှိဂီတနတ်ဘုရားနှစ်ပါး!"
"သောက်ကျိုးနည်းဟေ့? ဒါက ဘယ်လိုစုစည်းမှုမျိုးလဲ? ဆယ်စက္ကန့်အတွင်းမှာတင် ကမ္ဘာကျော်အဆိုတော်တွေက အဖွင့်တေးကို ဆိုသွားတာတဲ့လား"
"နောက်တစ်ယောက်ထွက်လာပြီ!"
"လီယွန်လိုင်?"
"ဂျက်ကီ?"
"အာရွန်ဂွမ်!!
"လီယွန်လိုင်!"
"အမလေး ဂီတနတ်ဘုရားလေးပါးလား? ဒီဂီတနတ်ဘုရားလေးပါးကို အတူတွဲမမြင်ရတာ ဘယ်လောက်ကြာပြီလဲ"
"ပြီးတော့ အချိန်စီမံခန့်ခွဲရေးဆရာလော့? ကျစ် ကျစ် ကျစ် သူ့ခါးက လှုပ်ရှားတာ တော်တော်မြန်တာပဲ!"
"နေဦး? သူတို့ ဘာလုပ်နေတာလဲ? နောက်ခံအကလား? ဂီတနတ်ဘုရားလေးပါးက သူ့အတွက် နောက်ခံအကကပေးနေတာလား"
"မပြီးသေးဘူးနော်!"
ဧည့်သည်အသစ်တစ်ယောက်ပေါ်လာတိုင်း ကြည့်ရှုသူများမှာ ထိုမျှသာဟု ထင်နေကြသော်ငြား နောက်ထပ်ဧည့်သည်တစ်ယောက်က ထပ်ထပ်ထွက်လာသည်။
"ဆရာထန်အာလား?
"ဆရာကုန်လီနာ?"
"ဂျေးချောင်? သူ ဘာလို့ဝိတ်ကျသွားတာလဲ? နောက်ဆုံးတော့ သူ Bubble Teaမသောက်တော့ဘူးလား"
"ဂျေဂျေလင်း!"
"အမ်? နေဦး ဒိုင်လူကြီးတွေ ဘယ်ရောက်ကုန်တာလဲ? နည်းပြက ငါးယောက်ဖြစ်ရမှာမဟုတ်ဘူးလား။ ဘာလို့တစ်ယောက်မှမရှိတော့တာလဲ?"
"သေစမ်း! ဒိုင်လူကြီးတွေအကုန် စင်ပေါ်ရောက်ကုန်ပြီ! ခင်ဗျားတို့တွေက ဒိုင်လူကြီးတွေလေ! ကိုယ့်သိက္ခာကိုယ်မထိန်းနိုင်ကြဘူးလား"
"သောက်ကျိုးနည်း.. သူတို့က ဖျော်ဖြေရေးလောကတစ်ခုလုံးကို ခေါ်ချလာတာလား"
...
"ဆရာထန်ကျင်း? ဆရာလျိုဟွမ်း?"
"ဆရာဟန်ဟုန်?"
"သောက်ကျိုးနည်း..နိုင်ငံတော်အသင်းတောင် ရောက်လာတာလား? ဘာများအသုံးဝင်ဦးမှာလဲ? ဒါက ဘော့စ်ကျန်းရဲ့ငွေကြေးအစွမ်းလား"
"ရိုက်ချက်ပြင်းတယ်ဟေ့။ နိုင်ငံတော်အသင်းနဲ့ယှဉ်လိုက်ရင် ပြီးခဲ့တဲ့ဖျော်ဖြေမှုက ဘာအရေးလဲ"
"နိုင်ငံတော်အသင်းရဲ့ အဖွဲ့ဝင်တွေ... ခင်ဗျားတို့ ဒိုင်လူကြီးနေရာမှာ ဝင်ထိုင်ပေးလို့ရမလား?"
****************