← Chapters

အခန်း (၇၇၁)

Vol. 56 Ch. 771

အခန်း (၇၇၁)

Vol. 56 Ch. 771

မကြာမီမှာပင် တိုင်လင်စင်မြင့် အနောက်ဘက်မှ ခြေသံများ ထွက်လာကြသည်။

" ရှောက်ရ ၊ ဘာလို့ အဲ့လောက်အကျယ်ကြီး အော်နေတာလဲ ။ ငါက အစီအမံတွေကို လေ့လာနေတာ.. မင်းအော်လိုက်တော့ လန့်တောင်သွားတယ် "

" ဟုတ်ပါ့ကွာ ၊ ငါက ကောင်းကင်ဘုံတံခါး အစီအမံအဆင့်လေးကိုတောင် ရောက်တော့မှာကို မင်းအော်လိုက်တော့ အကုန်ပျက်စီးသွားပြီ "

ရှောက်ရ ဆိုသည့် အမျိုးသမီးက အေးစက်စက် နှာခေါင်းရှုံ့၏ ။

" ကျွန်မကို အပြစ်တင်မနေပါနဲ့ ။ ရှင် ကောင်းကင်ဘုံတံခါး အစီအမံအဆင့်လေးကို လေ့လာနေတာ နှစ်ပေါင်း သုံးရာတောင် ကျော်သွားခဲ့ပြီလေ ။ ဘယ်မှာ တိုးတက်မှု ရှိလို့လဲ ။ ကျွန်မ မအော်ရင်တောင် အောင်မြင်မှာမို့လား ။ အခု အဲ့ဒါကို ခဏထားလိုက်ဦး ၊ အားလုံးလဲ စုံနေပြီဆိုတော့ ကျွန်မ အရေးကြီးကိစ္စကြီးတစ်ခု ကြေငြာစရာရှိတယ် "

" ဘယ်လောက်အရေးကြီးတဲ့ ကိစ္စမို့လို့ အားလုံးကို ခေါ်လိုက်ရတာလဲ "

အဘွားအိုတစ်ယောက်က ပျင်းပျင်းရိရိ ပုံစံဖြင့် မေးလာ၏။

" အပြင်မှာ ဘီလူးကြီးတစ်ကောင် ရောက်နေတယ် "

ရှောက်ရက အသက်ပြင်းပြင်းရှိုက်၍ ပြောလိုက်သည်။

" ဘယ်လို... ဘီလူးကြီး.. ဟုတ်လား ၊ ဘယ်လိုလုပ်ပြီး အထဲဝင်လာတာလဲ ။ အစီအမံကို မြန်မြန်အသက်သွင်းပြီး သတ်လိုက်လေ "

အဘိုးအိုတစ်ယောက်က အလန့်တကြား ပြန်ပြောသည်။

ရှောက်ရ မျက်နှာကြီး သုန်မှုန်သွား၏။

" ရှင် ပါးစပ်ပိတ်ထားဦး ။ အဲ့လို ဘီလူးမျိုးကို ပြောတာမဟုတ်ဘူး.... ကျွန်မလဲ သေချာမရှင်းပြတတ်ဘူး.. ကိုယ်တိုင်ပဲ ကြည့်လိုက်ကြတော့ "

သူမ ပြောပြီး လောထျန်း စမ်းသပ်ခဲ့သော ပုလဲလုံး

နှစ်လုံးအား အားလုံးကို ပြလိုက်သည်။

တဖက်လူများ ရှေ့ထွက်လာကာ ကြည့်လိုက်ကြပြီးနောက်... ချက်ချင်း မျက်လုံးပြူးကုန်ကြ၏။

" ဘယ်လိုလုပ်ပြီး... အဲ့လောက်သန့်စင်တဲ့ စိတ်ဝိဥာဥ်အစွမ်း ရှိနေရတာလဲ "

အဘိုးအိုတစ်ယောက်က တုန်တုန်ယင်ယင် ဆိုသည်။

" သန့်စင်ရုံတင် မကဘူး ၊ ဒီ စိတ်ဝိဥာဥ်အစွမ်းက ငါ မြင်ဖူးသမျှထဲမှာ အစွမ်းအထက်ဆုံးပဲကွ "

အခြား အဘိုးအိုတစ်ယောက်ကလည်း ပြော၏။

အဘွားအိုက ထိတ်လန့်နေသော မျက်နှာဖြင့် မေးသည်။

" ရှောက်ရ ၊ ဘာတွေဖြစ်နေတာလဲ ။ မဟုတ်မှလွဲရော.. ဟို မိစ္ဆာကြီး ရောက်နေတာလား "

ရှောက်ရက ချက်ချင်းခေါင်းယမ်း၍ ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြလိုက်၏။

စကားဆုံးအောင် နားထောင်ပြီးနောက်တွင် အဘွားအို မျက်လုံးပိုပြူးသွားကာ ပြောသည်။

" အဲ့ကောင်လေးက ဒီကို စမ်းသပ်ပွဲမှာ ဝင်ပြိုင်ဖို့လာတာ.. ဟုတ်လား "

" အမှန်ပဲ "

ရှောက်ရ ပြန်ပြောလိုက်သည် ။

" ငါတို့ကို သူ့ဆီ ခေါ်သွားဦး "

ထို့နောက်... လူများစွာပင် ရှောက်ရနောက်မှလိုက်၍ ခန်းမရှေ့သို့ သွားလိုက်ကြသည်။

" ဟင်... "

ခန်းမရှေ့ပိုင်းတွင် ရှိနေသော လောထျန်းမှာလည်း အဘိုးအို ၊ အဘွားအိုတစ်စု လာနေသည်ကို မြင်ပြီး အနည်းငယ် အံ့အားသင့်သွားသည်။

" အားလုံး... သူပဲ "

ရှောက်ရက လောထျန်းအား ညွှန်ပြ၍ ဆို၏။

ထို့နောက် သူမ လောထျန်းအား ပြောလိုက်သည်။

" သခင်လေး ၊ ဒီလူတွေအားလုံးက ကျွန်မတို့ တိုင်လင်စင်မြင့်ရဲ့ အကြီးအကဲတွေပါ "

လောထျန်း ခေါင်းညိတ်၍ အားလုံးကို နှုတ်ဆက်လိုက်၏။

" တွေ့ရတာ ဝမ်းသာပါတယ် အကြီးအကဲတို့ "

မည်သို့ပင်ဆိုစေ ၊ သူ့ဘက်မှ ယဥ်ကျေးရမည် မဟုတ်ပါလား ။

ထိုစဥ် လူအုပ်အလယ်မှ မုတ်ဆိတ်မွေးရှည်ရှည်နှင့် အဘိုးအိုတစ်ဦးက သူ့မုတ်ဆိတ်ကို ကိုင်ရင်း ခေါင်းညိတ်၍ ပြောသည်။

" အင်း.. မင်းက တကယ့်ကို လူချောလေးပဲကွ ။ မင်း ဒီကို တိုင်လင်စင်မြင့် စမ်းသပ်ပွဲမှာ ဝင်ပြိုင်ဖို့လာတာဆို "

လောထျန်း ခေါင်းညိတ်လိုက်သည်။

" ဟုတ်ပါတယ် "

" ဒါဆို... မင်း တိုင်လင်စင်မြင့်အကြောင်းကို

ဘယ်လောက်သိထားလဲ "

မုတ်ဆိတ်ရှည် အဘိုးအိုက ဆက်မေး၏။

လောထျန်း ခေတ္တမျှ အံ့အားသင့်နေပြီးမှ အမှန်တိုင်းပင် ဖြေလိုက်သည်။

" ကျုပ်က မကြာသေးခင်ကမှ အောက်ကမ္ဘာကနေ တက်လာတာမို့ ဘာမှ သိပ်မသိသေးပါဘူး " .

" အောက်ကမ္ဘာကနေ တက်လာတာ.. ဟုတ်လား "

သူ့စကားကြောင့် တဖက်လူများ၏ မျက်လုံးများ တစ်ပြိုင်နက်တည်း အရောင်လက်သွားကြသည်။

" သခင်လေး ၊ ဘယ်ကမ္ဘာက တက်လာလဲဆိုတာ ပြောပြပေးလို့ ရမလား "

အဘွားအိုက မျက်မှောင်အနည်းငယ်ကြုံ့ရင်း မေး၏။

လောထျန်းမှာလည်း ဖုံးကွယ်မထားလိုသဖြင့် အမှန်အတိုင်း ဖြေလိုက်သည်။

" ထျန်းယွမ်ကမ္ဘာကပါ "

တဖက်လူများ တစ်ယောက်ကိုတစ်ယောက် လှည့်ကြ

ည့်လိုက်ကြ၏။

" ထျန်းယွမ်ကမ္ဘာ .... အဲ့နာမည်ကို သေချာတောင် မကြားဖူးဘူး ။ ကြည့်ရတာ အဲ့ကမ္ဘာကနေ ဘယ်သူမှ တက်မလာတာ ကြာပြီနဲ့တူတယ် "

" အင်း ... အဲ့လိုက ပိုကောင်းပါတယ်လေ ။ အခြေခံ ရှင်းတာပေါ့ "

အဘိုးအို ၊ အဘွားအိုများ တိတ်တဆိတ် အသံလွှင့်နည်းဖြင့် ဆွေးနွေးလိုက်ကြသည်။

ထိုစဥ် မုတ်ဆိတ်ရှည်အဘိုးအိုက ချောင်းအနည်းငယ်ဟန့်၍ လောထျန်းအား ပြောလာ၏။

" မင်းက တက်လာတာ မကြာသေးဘူးဆိုတော့ ငါတို့ရဲ့ တိုင်လင်စင်မြင့်အကြောင်းကို နည်းနည်းရှင်းပြမယ် "

" ငါတို့ တိုင်လင်စင်မြင့်ဆိုတာ အပေါ်ကမ္ဘာမှာရှိတဲ့ သက်တမ်းအကြာဆုံး အစီအမံအဖွဲ့ကြီး ကိုးခုထဲက တစ်ခုပဲကွ ။ အရင်ကဆိုရင် ငါတို့အဖွဲ့က ထိပ်တန်းနေရာကို ရခဲ့တာပေါ့ကွာ ။ မသေမျိုးဘုရင်ဘွဲ့ ရထား

ကြတဲ့ သူတွေကတောင် ငါတို့ကို တလေးတစား ဆက်ဆံကြရတယ် "

" အဲ့အချိန်ကဆို အစွမ်းထက် ကျင့်ကြံသူတွေအများကြီးကို ငါတို့ဘက်က စကားတစ်ခွန်းပြောရုံနဲ့ အမိန့်ပေးလို့ရတယ် ။ ငါတို့ တိုင်လင်စင်မြင့်ရဲ့ အစီအမံကို လိုချင်ကြတဲ့သူတွေလဲ အများကြီးပဲပေါ့ "

သူ ထိုသို့ ပြောလိုက်စဥ်တွင် ကျန်လူများ သက်ပြင်းကိုယ်စီ ချလိုက်ကြပါ၏။

မုတ်ဆိတ်ရှည်အဘိုးအိုက စကားဆက်သည်။

" ဒီနေ့ထိလဲ ငါတို့ တိုင်လင်စင်မြင့်က အပေါ်ကမ္ဘာမှာရှိတဲ့ အမွေအနှစ်အပြည့်စုံဆုံး အဖွဲ့ ၁၂ ခုထဲမှာ တစ်ခုအပါအဝင်ပဲ ။ မင်းတို့ အောက်ကမ္ဘာကတော့ သိချင်မှသိမှာ ဆိုပေမယ့်... ပုံမှန်ဆိုရင် မသေမျိုး အစီအမံတွေမှာ အဆင့်ကိုးဆင့် ရှိတယ်ကွ ။ ပထမအဆင့်ကတော့ အစွမ်းအနိမ့်ဆုံး နဲ့ အဆင့်ကိုးကတော့ အစွမ်းအထက်ဆုံးပေါ့ "

" ဒါပေမယ့်.. ဒါက သာမာန် အစီအမံတွေအတွက်ပဲ အကျုံးဝင်တာ ။ ငါတို့ တိုင်လင်စင်မြင့်က သူတွေ

အားလုံးကတော့ အဲ့ အဆင့်ကိုးရဲ့အထက်မှာ မူလအဆင့်အစီအမံ ဖြစ်တဲ့ အဆင့် ၁၀ ရှိသေးမှန်း သိကြတယ် "

" ဒါပေမယ့် ဒီလောက်နှစ်တွေကြာခဲ့တာတောင် ငါတို့ အပေါ်ကမ္ဘာမှာ အဲ့လို မူလအဆင့် အစီအမံပုံကြမ်းကို ပိုင်ဆိုင်တာ အဖွဲ့ကြီး ၁၂ ခုပဲ ရှိတယ် ။ ငါတို့ တိုင်လင်စင်မြင့်ကတော့ အဲ့ထဲက တစ်ခုပေါ့ "

ထိုစကားကို ပြောချိန်တွင်မူ သူ့ရှေ့မှ လူများအားလုံး ဂုဏ်ယူနေသည့် မျက်နှာထားများ ရှိနေကြသည်ကို လောထျန်း သတိထားမိလိုက်သည်။

သူ နေရာမှန်ကို ရောက်လာခဲ့ပြီဟုလည်း လောထျန်းစိတ်ထဲ ကြိတ်တွေးလိုက်ပါသည်။

ထိုမူလအဆင့်အစီအမံ ကိုသာ သေချာလေ့လာသင်ယူလိုက်နိုင်ပါက အစွမ်းထက်လက်နက်တစ်ခုအဖြစ် သုံး၍ရမည် မလွဲပါချေ။

ထိုစဥ် မုတ်ဆိတ်ရှည်အဘိုးအိုက သက်ပြင်းချလိုက်ပြီးနောက် လောထျန်းဘက်လှည့်၍ ပြော၏။

" အခု ငါ ပြောတာတွေ နားထောင်ပြီးသွားပြီဆိုတော့ ငါတို့ တိုင်လင်စင်မြင့်ရဲ့ နောက်ခံအကြောင်းကို သိလောက်ရောပေါ့ "

တဖက်လူက စိတ်ရှည်ရှည်ဖြင့် အကြောင်းစုံ ရှင်းပြပြီး ရုတ်တရက် ခေါင်းစဥ်ပြောင်းလိုက်ခြင်းမှာ.. သူ့အား ပြဿနာအချို့ကို အကူအညီတောင်းလိုခြင်း ဖြစ်နိုင်ကြောင်း လောထျန်း ရိပ်မိလိုက်သည်။

မုတ်ဆိတ်ရှည်အဘိုးအိုက လောထျန်းကို စိုက်ကြည့်ကာ ဆက်ပြောလာ၏။

" ဒီတော့... မင်းသာ ငါတို့ တိုင်လင်စင်မြင့်ထဲကို အဖွဲ့ဝင်မယ်ဆိုရင် မင်းကို တိုင်လင်စင်မြင့်ရဲ့ လက်ထောက်ဂိုဏ်းချုပ်အဖြစ် ရာထူးပေးပါ့မယ် ။ အဆင်ပြေနိုင်လား... "

" အင်.. "

ကြားလိုက်ရသည့်စကားကြောင့် လောထျန်း မှင်သက်သွားရတော့သည်။

လက်ထောက်ဂိုဏ်းချုပ်တဲ့လား ...

ဘာတွေ ဖြစ်နေပါသလဲ ..

သူက အစီအမံပုံကြမ်းအချို့ကို လိုချင်၍ စမ်းသပ်ပွဲတွင် ဝင်ပြိုင်ရန် လာခဲ့ချိန်၌... လက်ထောက်ဂိုဏ်းချုပ်အဖြစ် လုပ်ခိုင်းနေသတဲ့လား ...

ထိုစဥ် တဖက်မှ မုတ်ဆိတ်ရှည်အဘိုးအိုက လောထျန်း ငြင်းလိုက်မည်ကို စိုးရိမ်သည့်အလား မြန်မြန်ဆက်ပြော၏။

" ငါတို့ တိုင်လင်စင်မြင့်က တခြားအဖွဲ့တွေနဲ့ ကွဲတယ်ကွ ။ ငါတို့ရဲ့ အဖွဲ့ဝင်တွေကို ဘာကန့်သတ်ချက်မျိုးမှ လုပ်ထားတာမရှိဘူး ။ အဲ့တော့ မင်းအနေနဲ့ ဘာကိုမှ စိတ်ပူစရာမလိုဘူး "

" ပြီးတော့... လက်ထောက်ဂိုဏ်းချုပ် ဖြစ်သွားရင် မင်းအနေနဲ့ ငါတို့ တိုင်လင်စင်မြင့်ရဲ့ အမွေအနှစ်တွေအားလုံးကိုလဲ ကြိုက်တဲ့အချိန် ယူကြည့်လို့ရတယ် ။ မင်းမှာ အဲ့လိုလေ့လာနိုင်ဖို့ လုံလောက်တဲ့အစွမ်း ရှိထားဖို့ပဲ လိုတာ "

" ငါတို့ဘက်က မင်းကို တောင်းဆိုချင်တာကလဲ တစ်ခုပဲ ။ အဲ့ဒါကတော့ ဆယ်နှစ်ကိုတစ်ကြိမ် ငါတို့ တိုင်လင်စင်မြင့်အတွက် အစီအမံတစ်ခု လုပ်ပေးဖို့ပဲ...

အဲ့ဒါလေးလုပ်ပေးရင် ရပြီ "

သူ ထိုသို့ပြောပြီးနောက် လောထျန်းအား မျှော်လင့်ချက်အပြည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။

လောထျန်းမှာကား လုံးဝ ဆွံ့အမှင်သက်လျက် ...

" ခင်ဗျားတို့... ကျုပ်ကို လှည့်စားဖို့ ကြိုးစားနေကြတာတော့ မဟုတ်ဘူးမလား "

လောထျန်း ခေါင်းကုတ်၍ ပြောလိုက်သည် ။

ထိုလူများပြောသည့် အချက်များက အလွန်ကောင်းလွန်းနေပေရာ သူ သံသယဝင်မိသည်မှာ မဆန်းပေ ။

" အဟမ်း.. အဲ့ဒါကိုတော့ လုံးဝ စိတ်မပူပါနဲ့ ။ ငါ ပြောခဲ့တဲ့ စကားတွေအားလုံးက အမှန်တွေဆိုတာ ကျိန်ရဲပါတယ် ။ ငါပြောတဲ့ထဲမှာ တစ်ခုလောက် အမှားပါခဲ့ရင်တောင် အသေဆိုးနဲ့ သေပါစေကွာ "

မုတ်ဆိတ်ရှည်အဘိုးအိုက ပြန်ပြောသည်။

ဝီ ...

စကား ဆုံးသည်နှင့် သူ့ဘေးတွင် ကောင်းကင်ဘုံ စည်းမျဥ်းများ စီးဆင်းလာကြပါ၏။ သူ ကျိန်လိုက်သည့် စကားက ကောင်းကင်ဘုံစည်းမျဥ်းများအပေါ် အကျိုးသက်ရောက်သွားသည်မှာ အသိသာပါပင် ။

တဖက်လူက ထိုသို့ ကျိန်မည်ဟု ထင်မထားသဖြင့် လောထျန်း အမှန်တကယ်ပင် အံ့အားသင့်သွားရပြန်တော့သည်။

သူ ခေတ္တမျှ စဥ်းစားနေပြီး နောက်တွင်မူ ဆုံးဖြတ်ချက် ချလိုက်ပါ၏။ သူသည် ဤနေရာသို့ အစီအမံပုံကြမ်းအတွက် လာခဲ့ခြင်းဖြစ်ရာ.. အစီအမံအဖွဲ့ကြီးတစ်ခု၏ လက်ထောက်ဂိုဏ်းချုပ် ဖြစ်ရခြင်းက အရှုံးမရှိနိုင်ဘူး မဟုတ်ပါလား ။

ထိုသို့တွေးကာ လောထျန်း ခေါင်းညိတ်လိုက်သည်။

" အင်း... ကောင်းပါပြီ "

" ကောင်းတယ်ကွာ.. "

" သဘောတူပြီးပြီဆိုတော့.. ပြန်နောက်ဆုတ်လို့ မရတော့ဘူးနော် "

" အကြီးအကဲ ရှု ၊ ရှင်က ခုထိ လူတွေကို အရူးလုပ်နိုင်သေးတာပဲ "

ကျန် လူများနှင့် ရှောက်ရတို့က မုတ်ဆိတ်ရှည် အဘိုးအိုအား လက်မကိုယ်စီ ထောင်ပြလိုက်ကြသည်။

လောထျန်းမှာ သူတို့ကိုကြည့်ရင်း မှင်သက်သွားရပါ၏။

ထိုစဥ် အကြီးအကဲ ရှုက အားလုံးကို လက်ကာပြ၍ အသံတိတ်နေကြရန် အချက်ပြလိုက်သည်။ ထို့နောက် သူတို့အားလုံး လောထျန်းရှေ့ ဒူးတစ်ဖက် ထောက်လိုက်ကြ၏။

" ကြိုဆိုပါတယ် လက်ထောက်ဂိုဏ်းချုပ်ကြီး "

လောထျန်းမှာ ပင်လယ်ဓားပြ လှေကြီးတစ်ခုပေါ် ရောက်နေရသလို ခံစားလိုက်ရပြီး မျက်နှာကြီး ရှုံ့မဲ့သွားတော့သည်။

All Chapters