← Chapters

တိုင်လင်စင်မြင့်၏ ထူးဆန်းသော ကန့်သတ်ချက်

Vol. 56 Ch. 772

တိုင်လင်စင်မြင့်၏ ထူးဆန်းသော ကန့်သတ်ချက်

Vol. 56 Ch. 772

" အားလုံး ကျေးဇူးပြုပြီး ပြန်ရပ်ကြပါ "

လောထျန်းမှာ သူ့ရှေ့မှ လူများကိုကြည့်ရင်း ဘာပြောရမည်ပင် မသိတော့ပါချေ။

တဖက်လူများ တစ်ယောက်ပြီးတစ်ယောက် ပြန်ထရပ်လိုက်ကြ၏။

ထိုစဥ် မုတ်ဆိတ်ရှည် အဘိုးအို ၊ အကြီးအကဲရှု က ရုတ်တရက် ရှက်သွားသည့် မျက်နှာထားဖြင့် လောထျန်းအား ပြောလာသည်။

" လက်ထောက်ဂိုဏ်းချုပ်ကြီး... အခု သခင်လေးက တိုင်လင်စင်မြင့်ရဲ့ လက်ထောက်ဂိုဏ်းချုပ်ကြီး ဖြစ်သွားပြီဆိုတော့... ကျုပ် အမှန်တိုင်းပြောချင်တဲ့ ကိစ္စတချို့ ရှိပါတယ် "

လောထျန်း မျက်မှောင်ကြုံ့သွားသည်။

" ဘာတွေ ဖြစ်နေတာလဲ ။ မဟုတ်မှလွဲရော.. တိုင်လင်စင်မြင့်ရဲ့ အမွေအနှစ်က ဖြတ်တောက်ခံထားရတာလား "

သူ တဖက်လူ၏ အဆိုကို သဘောတူခဲ့ခြင်းမှာ တိုင်လင်စင်မြင့်၏ အမွေအနှစ်ဖြစ်သော ၊ အစီအမံပုံကြမ်းကြောင့် ဖြစ်ပါသည် ။

ထိုအရာသာ မရှိပါက သူ့အတွက် ကြီးမားသောဆုံးရှုံးမှုကြီးပါပင် ။

သို့သော် အကြီးအကဲရှုက မြန်မြန်လက်ယမ်း၍ ပြောလာပါ၏။

" မဟုတ်ပါဘူးဗျာ... တိုင်လင်စင်မြင့်ရဲ့ အမွေအနှစ်က ရှိပါတယ် ။ ဒါပေမယ့် နည်းနည်းလေးတော့.. အပြောင်းအလဲ ရှိတယ် "

လောထျန်း မျက်မှောင်ကြုံ့သွားသည်။

" ကျုပ်ကို အသေးစိတ် ပြောပြပါ "

အကြီးအကဲရှု က အပြစ်မကင်းသည့် မျက်နှာဖြင့် သူ့နောက်မှ လူများအား လှည့်ကြည့်၏။

အဘွားအိုက ချောင်းဟန့်၍ ပြောလာသည်။

" အကြီးအကဲရှု ပြောသွားခဲ့တာ မှန်ပါတယ် ။ ကျွန်မ

တို့ တိုင်လင်စင်မြင့်က တကယ်လဲ သက်တမ်းအကြာဆုံး အစီအမံအဖွဲ့ကြီး ကိုးခုထဲက တစ်ခုပါ ။ ဒါပေမယ့် အခုက ကျွန်မတို့အဖွဲ့ အကျဘက် ရောက်လာခဲ့ပြီ ။ အရင်က တစ်ကမ္ဘာလုံးမှာ ဖြန့်ကျက်ပြီး ရှိလာခဲ့တဲ့ အဖွဲ့ကြီးအဖြစ်ကနေ... အခုဆို ဒီအဆောက်အဦးလေး တစ်ခုပဲ ကျန်တော့တာ ။ ပြီးတော့... ပုံမှန်လဲ ရတာထက် ကုန်တာများ .... "

" ဟင်... "

လောထျန်း နှုတ်ခမ်းမဲ့သွားတော့သည်။

ရှောက်ရက ဝင်ပြော၏။

" လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ အစောပိုင်းမှာ ကျွန်မဘက်က ဆက်ဆံရေး နည်းနည်းမပြေပြစ်သွားခဲ့တာလဲ... ကျွန်မတို့ တိုင်လင်စင်မြင့်ကို ဂိုဏ်းသားအသစ်တွေ မဝင်ကြတာ နှစ်တော်တော်ကြာခဲ့ပြီ မို့လို့ပါ ။ ပုံမှန်ဆိုရင် ပါရမီထူးတဲ့ လူငယ်လေးတွေက ကျွန်မတို့တိုင်လင်စင်မြင့်ကို လာဖို့ တွန့်ဆုတ်ကြတယ်ရှင့် ။ တချို့ စမ်းသပ်ပွဲကို အောင်သွားခဲ့တဲ့ ပါရမီရှင်လူငယ်လေးတွေကလဲ ဒီက အခြေအနေကို မခံနိုင်ကြတာနဲ့... တခြားအဖွဲ့တွေက လုသွားကြတာ

နဲ့.... "

လောထျန်း ခဏတာမျှ စကားမဆိုနိုင် ဖြစ်သွားရတော့သည်။ ထိုစဥ်မှလည်း ရှောက်ရက အဘယ့်ကြောင့် သူ့အပေါ် ထိုသို့ဆက်ဆံခဲ့ရသည်ကို နားလည်လိုက်ပါသည်။

သို့သော်.. မကြာခင်မှာပင်... တစ်ခုခုလွဲနေသည်ကို သူ ရိပ်မိသွားပါ၏။

" ခဏနေပါဦး ၊ ခုနက ခင်ဗျားပြောတာတော့ တိုင်လင်စင်မြင့်မှာ အစီအမံ အမွေအနှစ်တွေ ပြည့်ပြည့်စုံစုံ ရှိတာဆို ။ ဒါဆို ဘာလို့ ဂိုဏ်းသားအသစ်တွေ မလာချင်ကြတာလဲ "

သူ မေးလိုက်သည်။

တိုင်လင်စင်မြင့်ကဲ့သို့ ရှေးဟောင်းအဖွဲ့ကြီးတစ်ခုသည် အကျဘက် ရောက်လာခဲ့သည်ဆိုလျှင်ပင် ပြည့်စုံသော အမွေအနှစ် ရှိထားပါက ယခုလောက် အခြေအနေ မဆိုးသင့်ပါချေ။

အကြီးအကဲရှုက အောင့်သက်သက်ပြုံး၍ ပြန်ပြော

ရှာ၏။

" လက်ထောက်ဂိုဏ်းချုပ်ကြီး... ဒီလိုဗျ ။ ကျုပ်တို့ တိုင်လင်စင်မြင့်ရဲ့ အမွေအနှစ်က ရှိပေမယ့်... ကျုပ်တို့ကိုယ်တိုင်တောင် အဲ့ဒါကို လုံးဝယူလို့မရပါဘူး "

" ဟင်.. အဲ့ဒါ ဘာအဓိပ္ပါယ်လဲ "

လောထျန်း ပိုပို၍ အံ့သြသွားရတော့သည်။

အကြီးအကဲက ဆက်ရှင်းပြ၏။

" အဲ့ဒါတွေအားလုံးက ကျုပ်တို့ဘိုးဘေး ချထားခဲ့တဲ့ စည်းကမ်းတွေကနေ စခဲ့တာပဲဗျာ ။ အဲ့တုန်းက တိုင်လင်စင်မြင့်ရဲ့ လူငယ်မျိုးဆက်ကို ကျင့်ကြံအောင် အားပေးတဲ့အနေနဲ့ ဘိုးဘေးက တိုင်လင်စင်မြင့် အမွေအနှစ်တွေအားလုံးကို ကန့်သတ်ချက်တွေ ချထားခဲ့တယ် "

" ဘယ်လိုကန့်သတ်ချက်တွေလဲ "

လောထျန်း စိတ်ဝင်တစား မေးလိုက်သည်။

" ပထမတစ်ခုကတော့ ... တိုင်လင်စင်မြင့်ရဲ့ ဂိုဏ်းသားတွေကပဲ အဲ့အမွေအနှစ် အစီအမံကို လေ့လာခွင့်ရှိတယ်ပေါ့ဗျာ "

လောထျန်း ခေါင်းညိတ်လိုက်သည်။

" ကိုယ့်ဂိုဏ်းရဲ့ အစီအမံတွေကို အပြင်လူတွေဆီ အလွယ်တကူ မပေးတာကို နားလည်လို့ရပါတယ် "

အကြီးအကဲရှုက အောင့်သက်သက်အပြုံးဖြင့် ဆက်ပြော၏။

" အမှန်ပါပဲ... အဲ့တစ်ခုက တကယ်လဲ ဆီလျော်ပါတယ် ။ ဒါပေမယ့်.. ကျိုးကြောင်းမဆီလျော်တာက ဒုတိယတစ်ချက်ပဲ "

ထို့နောက် သူ ကူကယ်ရာမဲ့ သက်ပြင်းချလိုက်ပြီး စကားဆက်သည်။

" ကျုပ်တို့ တိုင်လင်စင်မြင့်ရဲ့ အမွေအနှစ်တွေ အားလုံးက မူလဖန်တီးခြင်းစာကြည့်တိုက် မှာ ရှိတာ ။ အဲ့ဒီ မူလဖန်တီးခြင်းစာကြည့်တိုက်မှာ အလွှာပေါင်း ဆယ်လွှာရှိပြီးတော့ တစ်လွှာစီက အစီအမံအဆင့်တစ်ခုကို ကိုယ်စားပြုတယ် ။ ဒီ ဒုတိယ ကန့်သတ်ချက်ကတော့... ပထမအလွှာက အစီအမံတွေ အားလုံးကို ကျွမ်းကျင်သွားပြီးမှ ဒုတိယအလွှာကို ထပ်တက်ပြီး အဲ့က အစီအမံတွေကို လေ့လာခွင့်ရတာပဲ "

" နောက် ဒုတိယအလွှာအတွက်လဲ အဲ့လိုပဲပေါ့ဗျာ ။ အဲ့က အစီအမံတွေအားလုံးကို ကျွမ်းကျင်သွားမှ တတိယအလွှာကို ထပ်တက်လို့ရမယ် "

" ဘိုးဘေးရဲ့ ရည်ရွယ်ချက်ကတော့ အဲ့နည်းနဲ့ တကယ့်ကို အစွမ်းထက်တဲ့ ပါရမီရှင်တွေကို မွေးထုတ်ဖို့ပေါ့ ။ တကယ်လို့ လူတစ်ယောက်က အောက်အလွှာက အစီအမံတွေအားလုံးကို ကျွမ်းကျင်ထားရင် ဆယ်လွှာကို ရောက်တဲ့အခါ မူလအဆင့်အစီအမံတွေကို လေ့လာဖို့ ပိုလွယ်သွားမယ်လေ ။ ဘိုးဘေးရဲ့ ရည်ရွယ်ချက်ကိုတော့ နားလည်လို့ရပါတယ် "

" ဒါပေမယ့်.. ဘိုးဘေး မေ့သွားတဲ့ ကိစ္စတစ်ခုတော့ ရှိတယ် ။ အဲ့ဒါက.... အားလုံးက သူ့လို ပါရမီရှင် မဟုတ်ကြဘူး ဆိုတာပဲ ။ အစီအမံတွေကို လေ့လာဖို့ဆိုရင်.. တခြားဟာတွေကို ခဏထားလိုက်ဦး ၊ အဲ့အတွက် လိုအပ်တဲ့ စိတ်ဝိဥာဥ်အစွမ်း ပမာဏကတောင် ကြောက်စရာကောင်းတယ်ဆိုတာ လက်ထောက်ဂိုဏ်းချုပ်ကြီးလဲ သိတာပဲဗျာ ။ စိတ်ဝိဥာဥ်အစွမ်း လုံလောက်အောင် မကောင်းတဲ့သူတွေဆိုရင် လေ့လာဖို့မပြောနဲ့ ၊ အဆင့်တစ် အစီအမံပုံကြမ်းလေးတစ်ခုကို ပြီးအောင်ဖတ်ဖို့တောင် နှစ်ဝက်ထက်

ပိုပြီး အချိန်ယူကြရတယ် ။ အဲ့အစီအမံကို ကျွမ်းကျင်ဖို့ဆိုရင် နောက်ထပ် သုံးနှစ်ကနေ ငါးနှစ်အထိ ကြာနိုင်သေးတယ်ဗျ "

" ပြီးတော့ ကျုပ်တို့ တိုင်လင်စင်မြင့်မှာက ပထမထပ်မှာတင်ကို အဆင့်တစ် အစီအမံတွေ အားလုံးပေါင်း သုံးထောင်ကျော် ရှိတယ် ။ အဲ့တော့ ပါရမီနည်းတဲ့ သူတွေဆိုရင် နှစ်ပေါင်းသောင်းချီ ကြာရင်တောင် ဒုတိယထပ်ကို ရောက်နိုင်ဖို့ မလွယ်ဘူး "

" တကယ့် ပါရမီထူးကြတဲ့ သူတွေကသာ ပထမထပ်ကို နှစ်တစ်ရာအတွင်း ကျော်ဖြတ်နိုင်ကြတာ ။ ဒါပေမယ့်... ဒုတိယထပ်မှာ ကုန်ရတဲ့ အချိန်က အများကြီး ပိုတိုးသွားပြန်တယ် "

" အဲ့အချိန်အတွင်းမှာ တခြားအဖွဲ့တွေဆီသွားပြီး အစီအမံတွေကို သင်ယူရင် အဆင့် သုံး ၊ လေး မသေမျိုးအစီအမံတွေကို တတ်နေလောက်ပြီလေ ။ အဲ့တော့ အချိန်ကြာလာတာနဲ့အမျှ ပါရမီ ထူးတဲ့သူရော ၊ မထူးတဲ့သူတွေရော ကျုပ်တို့ တိုင်လင်စင်မြင့်ကို မလာချင်ကြတော့ဘူးပေါ့ "

" အဲ့လိုနဲ့ပဲ ကျုပ်တို့ တိုင်လင်စင်မြင့်ရဲ့ ဂိုဏ်းသား

အရေအတွက်က နည်းသထက် နည်းသွားခဲ့တာပဲ ။ ဟိုးအရင်.. ဘိုးဘေးရဲ့ တပည့်တွေ ရှိနေတုန်းကတော့ သူတို့က လူငယ်ဂိုဏ်းသားတွေကို သင်ပြ၊ ပြောပြပေးကြတဲ့အတွက် သူတို့ကို အားကိုးလို့ ရခဲ့သေးတယ် "

" ဒါပေမယ့်.. သူတို့လဲ နောက်ဆုံးမှာ သက်တမ်းတွေ ကုန်သွားခဲ့ကြတယ်လေ ။ အဲ့ဒီ သခင်ကြီးတွေ သေသွားတဲ့နောက်ပိုင်း တိုင်လင်စင်မြင့်ကလဲ အခြေအနေ ပိုပိုဆိုးလာခဲ့တော့တာပဲ "

" ပြီးခဲ့တဲ့ နှစ်တစ်ထောင်လောက်က ၊ ပါရမီရှင်တစ်ယောက်ဖြစ်တဲ့ ကျုပ်တို့ တိုင်လင်စင်မြင့်ရဲ့ ဂိုဏ်းချုပ်ကြီးကတောင် မူလဖန်တီးခြင်းစင်မြင့်ရဲ့ ခြောက်လွှာကိုပဲ ရောက်ခဲ့တာ ။ သူက အဆင့်ခြောက် မသေမျိုးအစီအမံ သခင်ကြီးတွေထဲမှာ အစွမ်းအထက်ဆုံး ဆိုပေမယ့်... သူ့အရွယ် မသေမျိုးအစီအမံ သခင်ကြီးတွေဆိုရင် အနည်းဆုံး အဆင့် ၇ ၊ အဆင့် ၈ လောက်ကို ရောက်နေကြပြီ "

" ကျုပ်တို့ ဂိုဏ်းချုပ်ကြီးက အဲ့လိုနဲ့ စိတ်ဓာတ်ကျပြီးတော့ ကျင့်ကြံခြင်းအဆင့်တက်အောင် ကြိုးစားဖို့ဆို

ပြီး ထွက်သွားခဲ့တာ ။ ဒါပေမယ့် အဲ့ချိန်ထဲက သူ အစအနမကျန်အောင် ပျောက်သွားခဲ့တော့တာပဲ "

" အဲ့ချိန်ကစပြီးတော့ ကျုပ်တို့ တိုင်လင်စင်မြင့်က အကျဘက် ရောက်သထက်ရောက်ပြီး... တခြားသူတွေရဲ့ ဖိနှိပ်တာကို ခံလာခဲ့ရတာ... ခု နောက်ဆုံး ဒီအခြေအနေ ရောက်တဲ့အထိပဲ ဆိုပါတော့ "

တဖက်လူ၏ ရှင်းပြချက် အရှည်ကြီးအား နားထောင်ပြီးနောက်တွင်မူ လောထျန်းခေါင်းထဲ အတွေးများစွာ ဝင်နေပါတော့သည်။

" ဒါဆိုရင်... ဒီ မူလဖန်တီးခြင်းစာကြည့်တိုက်မှာ မသေမျိုးအစီအမံတွေ အများကြီး ရှိတာပေါ့ "

လောထျန်း မေးလိုက်သည်။

ရှောက်ရက တီးတိုးပြော၏။

" အများကြီးပါပဲရှင် ။ အရေအတွက်အရ ပြောမယ်ဆိုရင် ကျွန်မတို့ တိုင်လင်စင်မြင့်က အားလုံးထဲမှာ နံပါတ်တစ် မဟုတ်ရင်တောင် ထိပ်ဆုံးအဆင့် သုံးအတွင်းတော့ ဝင်တယ် ။ ဒါပေမယ့် အဲ့လိုများတယ်ဆိုတိုင်းလဲ အားလုံးကို မြင်ခွင့်ရမယ်လို့ မဆိုလို.... "

ထိုသို့ပြောနေရင်း ရှောက်ရတစ်ယောက် ရုတ်တရက် စိုးရိမ်စိတ်ဝင်လာဟန်တူပြီး ပြောလိုက်သည်။

" လက်ထောက်ဂိုဏ်းချုပ်ကြီး... ကျွန်မတို့ရဲ့ တိုင်လင်စင်မြင့်ကို သဘောမကျဘူး မဟုတ်လား "

အားလုံးကလည်း လောထျန်းအား စိုးရိမ်တကြီး လှမ်းကြည့်လိုက်ကြသည်။

ပါရမီရှင်တစ်ယောက်ကို ခက်ခက်ခဲခဲ ရထားပြီးမှ ပြန်လက်လွတ်ရတော့မည်လား ...

လောထျန်းက နှုတ်ခမ်းတွန့်ရုံပြုံးကာ ပြန်ပြော၏။

" မဟုတ်ပါဘူးဗျာ ။ ကျုပ်က တိုင်လင်စင်မြင့်ရဲ့ လက်ထောက်ဂိုဏ်းချုပ်ကြီး သေချာပေါက် လုပ်မှာပါ "

မူလဖန်တီးခြင်းစာကြည့်တိုက် ပေါ်ရှိ အစီအမံများ အရေအတွက်မှာ အခြားသူများအတွက် ကျိန်စာတစ်ခုသဖွယ် ဖြစ်သော်လည်း ...

လောထျန်းအတွက်မူ.. ရတနာတစ်ပါးပင် ။

" တကယ်ကြီးလား... "

တဖက်လူများ၏ မျက်လုံးများ အရောင်လက်သွားကြသည်။

" ဒါပေါ့ဗျာ ၊ အခု... မူလဖန်တီးခြင်းစာကြည့်တိုက်က ဘယ်မှာလဲ ။ ကျုပ်ကို အဲ့ဆီခေါ်သွားပေးပါလား "

လောထျန်း ပြောလိုက်၏။

" ကျေးဇူးပြုပြီး ကျုပ်နောက်က လိုက်ခဲ့ပါ သခင်လေး "

အကြီးအကဲရှု က ချက်ချင်းပင် ဝမ်းသာအားရ ပြန်ပြောကာ လောထျန်းအား တိုင်လင်စင်မြင့် အတွင်းဘက်သို့ ဦးဆောင်ခေါ်သွားလိုက်သည်။

စာကြည့်တိုက်နှင့် ခပ်ဝေးဝေးကတည်းကပင် အစွမ်းထက်သော အားတစ်ခု ရွေ့လျားလာသည်ကို လောထျန်း ခံစားမိလိုက်ပါ၏။

" လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ ဒီ မူလဖန်တီးခြင်းစာကြည့်တိုက် ကိုယ်တိုင်က မူလအဆင့် မသေမျိုး

အစီအမံ တစ်ခုပဲဗျ ။ အဲ့တော့ အစီအမံကို အားသုံးပြီး မဖျက်ဆီးမိအောင် သတိထားပါဗျာ ။ အထဲမှာ အစီအမံတွေကို လေ့လာနေရင်း မေးစရာ တစ်ခုခုရှိရင်လဲ ကျုပ်တို့ကို မေးလို့ရပါတယ် ။ ကျုပ်တို့ အဘိုးကြီးတွေအတွက် ပထမသုံးဆင့်က အစီအမံတွေက ပြဿနာမဟုတ်ဘူးဗျ "

အကြီးအကဲရှု ပြောပြလိုက်သည်။

လောထျန်း ခေါင်းအသာညိတ်လိုက်၏။

ထိုစဥ်မှသာလည်း တိုင်လင်စင်မြင့်က ဤမျှ အခြေအနေ ဆိုးနေသည့်တိုင် အစီအမံစာအုပ်များက အဘယ့်ကြောင့် လူယူခြင်း မခံရသည်ကို သူ နားလည်လိုက်ပါသည်။

အဘယ့်ကြောင့်ဆိုသော် ထိုစာအုပ်များအား ယူချင်လျှင်ပင် ယူ၍မရသောကြောင့်ပါပင်..

" ကောင်းပါပြီ ။ ကျုပ် အစီအမံတွေကို လေ့လာလိုက်ဦးမှာမို့.. အားလုံး လုပ်စရာရှိတာကိုသာ အေးဆေးလုပ်ကြပါ "

လောထျန်း ပြောပြီးနောက် မူလဖန်တီးခြင်းစာကြည့်

တိုက်ထဲသို့ ခြေချလိုက်သည်။

All Chapters