← Chapters

မူလဖန်တီးခြင်း စာကြည့်တိုက်

Vol. 56 Ch. 773

မူလဖန်တီးခြင်း စာကြည့်တိုက်

Vol. 56 Ch. 773

စာကြည့်တိုက်ထဲ ဝင်သွားသော လောထျန်း၏ နောက်ကျောကိုကြည့်ရင်း အကြီးအကဲရှု စိတ်လှုပ်ရှားစွာဖြင့် လက်ဝါးနှစ်ဖက်ကို ပွတ်လိုက်သည်။

" နတ်ဘုရားကြီးက ငါတို့ကို သနားပြီးတော့ ခုလို ပါရမီရှင်တစ်ယောက်ကို ရောက်လာအောင် ပို့ပေးလိုက်တာပဲကွာ ။ အားလုံး... ငါတို့ လက်ထောက်ဂိုဏ်းချုပ်ကြိးရဲ့ နောင်ရလာမယ့် အောင်မြင်မှုတွေကို ဘယ်လိုထင်ကြလဲ "

အကြီးအကဲရှု မေးလိုက်သည်။

အဘွားအိုက ခေတ္တမျှ စဥ်းစားပြီးမှ ပြန်ပြော၏။

" အရင် ဘိုးဘေးရဲ့ စိတ််ဝိဥာဥ်အစွမ်းကို ကျွန်မ တစ်ခါမှ မတွေ့ဖူးပေမယ့်.. အခု လက်ထောက်ဂိုဏ်းချုပ်ကြီးရဲ့ စိတ်ဝိဥာဥ်အစွမ်းက ကျွန်မဘဝတလျှောက် မြင်ဖူးသမျှထဲမှာ အစွမ်းအထက်ဆုံးပဲ ။ ဒါတောင် သူက အခုမှ အပေါ်ကမ္ဘာကို တက်လာတာတဲ့ ။ ကျွန်မထင်တာတော့ သူ့ကိုသာ နှစ်တစ်ထောင်လောက် အချိန်ပေးလိုက်မယ်ဆိုရင် သူ အနည်းဆုံး

အဆင့် ၇ မသေမျိုး အစီအမံပညာရှင်တစ်ယောက် ဖြစ်သွားနိုင်တယ် "

အဆင့် ၇ မသေမျိုး အစီအမံပညာရှင်.. တဲ့ ...

ထိုစကားကြောင့် အားလုံးရင်ထဲ ဝမ်းနည်းဝမ်းသာ ဖြစ်သွားကြသည်။

သူတို့ တိုင်လင်စင်မြင့်က အကျဘက် ရောက်နေသည်မှာ မှန်ပါသည်။

သို့သော် ဘိုးဘေး၏ ထူးဆန်းသော ကန့်သတ်ချက်ကြောင့် သူတို့ တိုင်လင်စင်မြင့်မှ မသေမျိုးအစီအမံပညာရှင်များမှာ အခြား အဆင့်တူ မသေမျိုး အစီအမံပညာရှင်များထက် မျိုးစုံသော အစီအမံများကို ပိုနားလည်နိုင်ကြပါ၏။

အကယ်၍ လောထျန်းသာ အဆင့်၇မသေမျိုး အစီအမံပညာရှင်အဆင့်သို့ ရောက်သွားခဲ့လျှင် သူတို့၏ တိုင်လင်စင်မြင့်မှာ ယခင်လို အမြင့်ဆုံးအနေအထားသို့ ပြန်မရောက်နိုင်သည့်တိုင် ယခင်

ထက် များစွာဂုဏ်တက်လာမည်မှာ သေချာပါသည်။

ထို့ကြောင့်လည်း သူတို့ လောထျန်းအား လက်ထောက်ဂိုဏ်းချုပ် ရာထူးကို လိုလိုလားလား ပေးချင်ခဲ့ခြင်းပင် ။

တခြားတဖက် ၊ မူလဖန်တီးခြင်းစာကြည့်တိုက် အတွင်း၌ ...

" အစီအမံပုံကြမ်းတွေ တကယ်လဲ အများကြီးရှိတာပဲ "

လောထျန်း ဘေးဘီသို့ ဝေ့ဝဲကြည့်လိုက်ရာ မရေမတွက်နိုင်သော ကျောက်စိမ်းပြားများနှင့် စာအုပ်များ နေရာအနှံ့ ရှိနေသည်ကို မြင်လိုက်ရသည်။ ထို စာအုပ် တစ်အုပ်စီတိုင်းနှင့် ကျောက်စိမ်းပြား တစ်ခုစီတိုင်းမှာ အစီအမံတစ်ခုကို ကိုယ်စားပြုပါ၏။

၎င်းတို့ကို အားလုံးပေါင်းလိုက်ပါက အစီအမံပေါင်း သုံးထောင်ကျော်ပါသည်။

" တစ်ခုချင်းစီ ကြည့်နေရင် အလုပ်ရှုပ်မှာဆိုတော့..

အားလုံးကို တစ်ပြိုင်တည်းကြည့်လိုက်မယ်ကွာ "

လောထျန်း ပြောပြီး မျက်လုံးမှိတ်၍ စိတ်ဝိဥာဥ်အစွမ်းကို ထုတ်လွှတ်လိုက်သည်။ ၎င်းက အစီအမံများ အားလုံးပေါ်သို့ တစ်ပြိုင်တည်း ကျသွားပါ၏။

လောထျန်း၏ အသိစိတ်ပင်လယ်ထဲသို့ များစွာသော ရှုပ်ထွေးလှသည့် အစီအမံများ တမဟုတ်ချင်း ရောက်လာကြတော့သည်။

အကယ်၍ အခြားသူတစ်ယောက်သာ ထိုနည်းဖြင့် အစီအမံများကို ဖတ်ရန် ကြိုးစားပါက.. ရူးသွားရမည်မှာ သေချာပါ၏။

သို့သော် လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်းဖြင့်မူ ၎င်းက အလွန်လွယ်သည်ဟု ပြောရမလို...

ဤသို့ဖြင့် မကြာမီမှာပင် လောထျန်းတစ်ယောက် အစီအမံများအားလုံးကို တစ်ပြိုင်တည်း ဖတ်ပြီးသွားကာ....

အစီအမံ တစ်ခုချင်းစီ၏ အားသာချက် ၊ အားနည်းချက်များကိုလည်း နားလည်သွား

တော့သည် ။

အမှန်တွင်မူ... ထို အစီအမံ တစ်ခုချင်းစီအတွက် ပြင်ဆင်စရာ အနည်းဆုံး ဆယ်ချက်စီလောက်ကိုပင် သူ့ခေါင်းထဲ တွေးမိပြီးသွားလေပြီ ။

ဝီ....

ထိုစဥ်မှာပင် လောထျန်းလက်ထဲသို့ ကျောက်စိမ်းပြားအဆောင်တစ်ခု လေထဲမှ ကျလာ၏။

" ဒါ .... "

လောထျန်း ခေတ္တမျှ အံ့အားသင့်နေပြီးနောက်... ကျောက်စိမ်းပြားထဲသို့ စိတ်စွမ်းအင်အလင်းတန်းတစ်ခု ပို့လွှတ်လိုက်သည်။

ဝုန်း ...

ထိုအချိန်မှာပင် စာကြည့်ထပ် ဒုတိယထပ် ပွင့်သွား၏။

" အဲ့လိုကိုး... ဒါက ဒုတိယထပ်ကို တက်နိုင်တဲ့ သော့

ပဲ "

လောထျန်း ခေါင်းညိတ်ကာ ဒုတိယထပ်သို့ တက်သွားလိုက်သည်။

အပေါ်ရောက်ပြီးနောက် လောထျန်း ဘေးဘီသို့ လှည့်ကြည့်လိုက်ရာ ထိုအထပ်၌ မသေမျိုးအစီအမံပေါင်း နှစ်ထောင်ကျော် ရှိသည်ကို မြင်လိုက်ရသည်။

" အချိိန်မဖြုန်းဘဲ မြန်နိုင်သမျှမြန်မြန် လေ့ကျင့်ရမယ် "

လောထျန်း တွေးလိုက်ပြီးနောက် ဘာစကားမှ မဆိုဘဲ ပထမထပ်မှ နည်းအတိုင်း အစီအမံများကို လေ့လာလိုက်တော့၏။

မကြာခင်မှာပင်.. လောထျန်း မျက်လုံးပြန်ဖွင့်လာသည်။

" ဒီ ဒုတိယထပ်က အစီအမံတွေရဲ့ ရှုပ်ထွေးပုံက ပထမထပ်နဲ့ ယှဥ်လို့တောင် မရပါလား ။ ဒါတွေကို လေ့လာဖို့ ငါ စက္ကန့်တစ်ရာကျော်လောက်တောင် ပို အချိန်ယူလိုက်ရတာပဲ "

သူ သက်ပြင်းချလိုက်သည်။

ထိုစဥ်မှာပင် ..

ဝီ ...

မူလဖန်တီးခြင်းစာကြည့်တိုက် ထဲမှ မသေမျိုးအလင်းတန်းတစ်ခု လက်သွားပြီး လောထျန်းလက်ထဲသို့ ကျောက်စိမ်းပြားတစ်ခု ကျလာသည်။

ထိုကျောက်စိမ်းပြားပေါ်၌ ၃ ဆိုသည့် စာလုံးတစ်လုံးလည်း ရေးထွင်းထား၏။

ထို့နောက် ချက်ချင်းမှာပင် တတိယထပ် လှေကား ပွင့်လာသည်။

" သံကို ပူနေတုန်း နာနာရိုက်ထားမှ ဖြစ်မှာဆိုတော့. .. ဆက်သွားရမယ် "

လောထျန်း တတိယထပ်သို့ ဆက်တက်လိုက်သည်။

မကြာခင်မှာပင် ..

ဝီ ...

တတိယထပ်မှ အလင်းတန်းတစ်ခု လက်သွားပြန်၏။

လောထျန်း၏ မျက်နှာမှာလည်း အလွန်တည်နေသည်။

" ဒီ တတိယထပ်က အရင်ထက်ကို စက္ကန့်သုံးရာကျော် ပိုကြာတာပဲ ။ ဒီတိုင်းဆိုရင် ဒီစာကြည့်တိုက်ထဲမှာ ရှိတဲ့ အစီအမံတွေအားလုံးကို ညမရောက်ခင် အပြီးဖတ်နိုင်မယ် မထင်ဘူး ။ မဖြစ်ဘူး... နည်းနည်းအရှိန်တင်မှရမယ် "

လောထျန်း တွေးကာ လေးလွှာသို့ ဆက်တက်လိုက်သည်။

လေးလွှာသို့ ရောက်ချိန်တွင်မူ သူ အနည်းငယ် အံ့အားသင့်သွားရ၏။

" ဒီလေးလွှာမှာ အစီအမံတွေ တစ်ထောင်ကျော်လောက်ပဲ ရှိတာပါလား ။ အဲ့လိုဆိုရင်တော့ ပိုမြန်လောက်မှာပါလေ "

လောထျန်း၏ မျက်လုံးများ အရောင်လက်သွားကာ အစီအမံများအား စလေ့လာလိုက်တော့သည်။

သို့သော်... သူ မျက်လုံးပြန်ဖွင့်ချိန်တွင်မူ.. မျက်နှာကြီး ပုပ်သိုးနေလေပြီ ။

" အရေအတွက်က နည်းတယ်ဆိုပေမယ့် ဒီကအစီအမံတွေက ပိုရှုပ်ထွေးတော့ အဆင့်သုံးနဲ့ ကြာချိိန် ဘာမှသိပ်မကွာဘူး "

လောထျန်း ရေရွတ်ပြီး ငါးလွှာသို့ ဆက်တက်လိုက်၏။

ငါးလွှာတွင်မူ လောထျန်း စက္ကန့်လေးရာကျော်ပင် အချိန်ယူခဲ့ရသည် ။

ခြောက်လွှာတွင်ကား ... စက္ကန့် ၇၀၀ ကျော်...

၇ လွှာတွင် စက္ကန့်ပေါင်း ၉၀၀ ကျော် ..

ရှစ်လွှာတွင်မူ... စက္ကန့်ပေါင်း ၁၃၀၀ ကျော် ...

ဝီ ...

ရှစ်လွှာမှ အစီအမံများအားလုံးကို လေ့လာပြီးသွားချိန်တွင် လောထျန်းလက်ထဲသို့ ၉ ဟု ရေးထားသော ကျောက်စိမ်းပြားတစ်ခု ရောက်လာပါတော့၏။

" ကဲ... နောက်ထပ် နှစ်လွှာကျန်သေးတယ် ။ ဆက်လုပ်မယ်ကွာ "

လောထျန်း တွေးကာ ကိုးလွှာသို့ တက်လိုက်သည်။

အပေါ် ရောက်ချိန်တွင်််မူ.. သူ မျက်မှောင်ကြုံ့သွားတော့၏။

" ဘာတွေ ဖြစ်နေတာလဲ ၊ ဒီမှာ အဆင့်ကိုး အစီအမံတွေ ဘာကြောင့်အဲ့လောက်နည်းရတာလဲ "

ကိုးလွှာတစ်လွှာလုံးတွင် အစီအမံများ အားလုံးပေါင်းမှ ၃၀ လောက်သာ ရှိနေပါသည်။

ထိုအရေအတွက်မှာ သနားစရာ ကောင်းလောက်အောင်ပင် နည်းလှပါ၏။

" ချီး... ဒါနဲ့များ အစီအမံတွေ အများဆုံးဆိုပြီး ကြွား

နေသေးတယ် ။ အဆင့်ကိုး အစီအမံကဖြင့် နည်းနည်းလေးပဲ ရှိတာကို သောက်ကျိုးနည်း "

လောထျန်း ခေါင်းယမ်း၍ ရေရွတ်လိုက်သည်။ သို့သော် သူ ထိုအစီအမံများကို သေချာပင် လေ့လာလိုက်ပါ၏။

မကြာမီမှာပင် လောထျန်း စိတ်ဝိဥာဥ်အစွမ်းကို ပြန်သိမ်းပြီး မျက်လုံးဖွင့်လာသည်။

" အင်း... အဆင့်ကိုး အစီအမံတွေ အဲ့လောက်နည်းတာ မဆန်းတော့ပါဘူးကွာ ။ အစီအမံ တစ်ခုစီမှာတောင် ခေါင်းစဥ်ခွဲတွေက အနည်းဆုံး တစ်ရာလောက်ရှိနေတာ ။ အောက်ထပ်က အစီအမံတွေနဲ့ တကယ်တခြားစီပဲ "

လောထျန်း တစ်ကိုယ်တည်း ရေရွတ်လိုက်၏။

ဝီ ...

ထိုစဥ်တွင် ၁၀ ဟု ရေးသားထားသော ကျောက်စိမ်းပြားတစ်ခု သူ့လက်ထဲ ရောက်လာပါသည်။

" အိုး... ငါ အဆင့်တစ်ဆယ်ကို တက်လို့ရပြီလား "

လောထျန်း၏ မျက်လုံးများ ရုတ်ချည်းအရောင်

လက်သွားကြသည်။

မူလအဆင့် မသေမျိုးအစီအမံမှာ မည်မျှအစွမ်းထက်မည်ကို သူ မသိပါချေ ...

လောထျန်း တွေးနေရင်းပင် ဆယ်လွှာသို့ တက်လိုက်သည် ။

ဝီ ...

လောထျန်း ထိုအလွှာသို့ ခြေချလိုက်သည်နှင့် ဖိအား အနည်းငယ်ကို ချက်ချင်း အာရုံခံမိလိုက်၏။

အမှန်တွင်မူ... သူတစ်ယောက်တည်းအတွက်သာ ထိုသို့ အနည်းငယ်ဟု ထင်ရခြင်းပင် ။

လောထျန်း၏ မျက်လုံးများ လှုပ်ရှားသွားကာ ခန်းမအလယ်ရှိ လေထဲတွင် မျောလွင့်နေသော စာရွက်လိပ်တစ်ခုဆီ အကြည့်ရောက်သွားသည်။

" တစ်ခုတည်းလား.... "

၎င်းကိုမြင်ပြီး သူ အနည်းငယ် စိတ်ဓာတ်ကျ

သွား၏။

ကပ်စေးမနည်းလွန်းဘူးလား ...

ဒီလောက်ထိတောင် လုပ်ထားရပြီးမှ မူလအဆင့်မသေမျိုးအစီအမံက တစ်ခုပဲ ရှိသတဲ့လား ...

လောထျန်း ထိုသို့ မကျေမနပ် ဖြစ်နေစဥ်မှာပင်... သူ့နောက်မှ အသံတစ်သံ ထွက်လာသည်။

" အိုး... ငါတို့ တိုင်လင်စင်မြင့်က လူတစ်ယောက်က ဒီအထပ်ကို တကယ်ကြီးရောက်လာနိုင်တာလား "

" ဟင်... ဘယ်သူလဲ "

လောထျန်း အံ့အားသင့်သွားပြီး အသံလာရာဘက် ချက်ချင်းလှည့်ကြည့်လိုက်၏။

သူ့နောက်တွင်ကား ဘယ်ချိန်က ရောက်နေမှန်းမသိသည့် စိတ်ဝိဥာဥ်အရိပ် တစ်ခု...

ထို စိတ်ဝိဥာဥ်အရိပ်က လောထျန်းကိုကြည့်ကာ အပြုံးဖြင့် ပြောသည်။

" မင်းက ငါဘယ်သူလဲ မသိဘူးလား ။ ငါက ဒီ တိုင်လင်စင်မြင့်ရဲ့ တည်ထောင်သူ ၊ ဘိုးဘေးပဲ "

သူ ပြောပြီး လောထျန်းအား အကြိမ်အနည်းငယ် လှည့်ပတ်ကြည့်လိုက်သေး၏။ ထို့နောက် ခေါင်းတဆတ်ဆတ် ညိတ်သည်။

" မဆိုးဘူးပဲကွ... မဆိုးဘူး ။ မင်းရဲ့ စိတ်ဝိဥာဥ်အစွမ်းက လုံလောက်အောင် အစွမ်းထက်သလို မင်းရဲ့ တာအိုအစီအမံတွေအပေါ် နားလည်နိုင်စွမ်းကလဲ တော်တော်ကောင်းတယ် ။ ကြည့်ရတာ ငါ ချထားခဲ့တဲ့ ကန့်သတ်ချက်တွေက တကယ်ကြီး အလုပ်ဖြစ်တဲ့ပုံပဲ "

စကားဆုံးချိန်တွင် စိတ်ဝိဥာဥ်အရိပ်၏ မျက်နှာကြီး ပြုံးဖြီးနေပါတော့သည်။

ထို့နောက် သူ လောထျန်းကိုကြည့်ကာ ဆက်ပြော၏။

" ကောင်လေး ၊ အခု အခြေအနေဘယ်လိုလဲ ပြောစမ်းပါဦး ။ ငါတို့ တိုင်လင်စင်မြင့်က ကမ္ဘာမှာ အင်အားအကြီးဆုံး အစီအမံအဖွဲ့ကြီး တစ်ခု ဖြစ်လာခဲ့ပြီလား "

လောထျန်းမှာ ထိုစကားကိုကြားပြီး ခဏတာမျှ ဆွံ့အနေပါတော့၏။

အချိန်အတန်ကြာပြီးမှ သူ ခေါင်းယမ်း၍ ပြန်ပြောလိုက်သည်။

" မဖြစ်ဘူးဗျ "

" ဘယ်လို.... ငါ့ရဲ့ ကန့်သတ်ချက်က လုံးဝကြီး ပြီးပြည့်စုံနေတာကိုကွာ.. ဘယ်လိုလုပ်ပြီးတော့... ။ အင်း သေချာတွေးကြည့်တော့လဲ အံ့သြစရာ မကောင်းပါဘူးလေ ၊ ဟိုအဘိုးကြီးတွေ အားလုံးကလဲ လုပ်နိုင်ကြတဲ့ သူတွေပဲ ။ သူတို့တွေ အစီစဥ်ကောင်းကောင်း ချထားနိုင်ကြလို့နေမှာ ။ ငါတို့ တိုင်လင်စင်မြင့်က ပထမ မဟုတ်ဘူးဆိုရင်တောင်... ဒုတိယတော့ ဖြစ်မှာပါ ၊ ဟုတ်တယ်မလား "

တဖက်လူက လောထျန်းအား မျှော်လင့်ချက်အပြည့် မျက်လုံးများဖြင့် မေးလိုက်ပြန်သည်။

All Chapters