← Chapters

အခန်း (၇၇၄)

Vol. 56 Ch. 774

အခန်း (၇၇၄)

Vol. 56 Ch. 774

" မဟုတ်ဘူးဗျ "

လောထျန်း ပြန်ပြောလိုက်သည်။

" ဘယ်လို... "

တဖက်လူ အံ့သြမှင်သက်သွားသည်မှာ အသိသာပါပင် ။

" ဒုတိယမဟုတ်ဘူးဆိုရင် ... တတိယလား... ၊ အဲ့ဒါကြီးက မလွန်ဘူးလားကွာ "

သူ မျက်မှောင်ကြုံ့၍ ပြောလိုက်၏။

လောထျန်း သက်ပြင်းချလိုက်သည်။

" တတိယလဲ မဟုတ်ဘူးဗျ ။ လက်ရှိ တိုင်လင်စင်မြင့်က ဘာအဆင့်မှ မရှိဘူးလို့ ပြောရမယ် "

တလက်စတည်း တိုင်လင်စင်မြင့်၏ လက်ရှိအခြေအနေ အကြောင်းစုံကို သူ ပြောပြလိုက်ပါသည်။

တဖက်လူမှာ သူ့စကားကို နားထောင်ပြီးနောက် နေရာတွင်သာ ကြက်သေ သေနေရှာတော့၏။

ထိုသတင်းမှာ တုန်လှုပ်စရာ ကောင်းလွန်းလှ၍ သူ့ စိတ်ဝိဥာဥ်အား ဖျက်ဆီးပစ်လု နီးပါးပါပင်...

" မဟုတ်ဘူး.. လုံးဝ မဖြစ်နိုင်ဘူး ။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။ ငါ့ အစီစဥ်က မှားသွားခဲ့တာလား ။ ငါက လူငယ်မျိုးဆက်တွေ အစီအမံပညာရပ်ကို အတွင်းကျကျနားလည်ပြီးတော့ အားလုံးကို ကျွမ်းကျင်သွားမှ နောက်တစ်ဆင့် တက်နိုင်အောင် လုပ်ခဲ့တာ ။ အဲ့လိုဆိုရင် အဆင့်ကိုးကို ရောက်ပြီးတာနဲ့ မူလအဆင့် မသေမျိုးအစီအမံကို နားလည်နိုင်ပြီလေ "

တဖက်လူမှာ အလွန်တုန်လှုပ်နေဟန်ဖြင့် အသံများပင် တုန်နေရှာပါသည်။

လောထျန်း သူ့အား ဘေးမှကြည့်ရင်း တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။

" သခင်ကြီးရဲ့ အကြံက မမှားပါဘူး ။ သခင်ကြီးပြောတဲ့ နည်းက မူလအဆင့် မသေမျိုးအစီအမံ ပညာရှင်တစ်ယောက် ဖြစ်လာအောင် ကျင့်ကြံဖို့

အကောင်းဆုံးနည်းပဲ ။ ဒါပေမယ့်.. သာမာန်လူတွေအတွက်တော့ ဒီနည်းက ကြမ်းလွန်းတယ်ဗျ "

တဖက်လူ ခေတ္တမျှ အံ့အားသင့်နေပြီးမှ တီးတိုးရေရွတ်သည်။

" ကြမ်းလွန်းတယ်.... ဟုတ်လား ။ ဟား ဟား မင်းပြောတာ မှန်ပါတယ်ကွာ ။ မူလအဆင့် မသေမျိုးအစီအမံ ပညာရှင်တစ်ယောက် ဖြစ်လာဖို့က လွယ်တဲ့ကိစ္စမှ မဟုတ်တာပဲ ။ ငါ့အတွေးတွေ ရိုးလွန်းသွားတယ် "

ထို့နောက် သူ လောထျန်းကို ကြည့်ကာ ဆက်ပြော၏။

" ဒါပေမယ့်... ဒီလောက် နှစ်တွေကြာသွားပြီးတဲ့ အချိန်မှာ တိုင်လင်စင်မြင့်က မင်းလို ပါရမီရှင်တစ်ယောက်ကို ရလိုက်တာ တကယ်ကံကောင်းတာပဲ ။ မင်းသာ ဒီမှာရှိနေရင် တိုင်လင်စင်မြင့်က အရင်လို ပြန်အောင်မြင်လာတော့မှာ သေချာပါတယ် "

" ငါ့အနေနဲ့က မင်းကို ပေးစရာတော့ ဘာမှမရှိဘူးကွ ။ အဲ့တော့ ဒီ မူလအဆင့် မသေမျိုးအစီအမံကို လေ့လာနိုင်အောင် ငါကိုယ်တိုင် လမ်းညွှန်ပေးမယ် "

လောထျန်း ဦးညွှတ်၍ ပြန်ပြောလိုက်သည်။

" ကျေးဇူးအများကြီး တင်ပါတယ် "

ဘိုးဘေး စိတ်ဝိဥာဥ်အရိပ်က လက်ကာပြ၏။

" ငါ့ရဲ့ စိတ်ဝိဥာဥ်အရိပ်က ပေါ်လာပြီးရင် အကြာကြီး နေနိုင်မှာမဟုတ်ဘူးဆိုတော့ အချိန်မဖြုန်းဘဲ စလိုက်ကြရအောင် ။ အခု အစီအမံပုံကြမ်းကို အရင်သွားဖတ်လိုက် ၊ ပြီးမှ ဆက်ပြောကြတာပေါ့ "

လောထျန်း ခေါင်းညိတ်ကာ အစီအမံပုံကြမ်းဆီသို့ လျှောက်သွားလိုက်သည်။

ဘိုးဘေး စိတ်ဝိဥာဥ်အရိပ်မှာ လောထျန်း၏ နောက်ကျောကိုကြည့်ရင်း စိတ်ထဲမှ သက်ပြင်းကြိတ်ချလိုက်၏။

ထို့နောက် သူ ခေါင်းမော့၍ စိတ်ထဲမှ တွက်ချက်ကြည့်လိုက်သည်။

" သူ နှစ်တစ်ရာအတွင်း အစီအမံပုံကြမ်း တစ်ခုလုံးကို ကျွမ်းကျွမ်းကျင်ကျင် နားလည်သွားဖို့ပဲ မျှော်လင့်ရမှာပေါ့ ။ အဲ့လိုဆိုရင်တော့ ငါ သူ့ကို လမ်းညွှန်ပေး

ဖို့ အချိန်ရှိဦးမှာပါ ။ မဟုတ်ရင်တော့ ငါ့စိတ်ဝိဥာဥ်က လုံးဝ ပျောက်ကွယ်သွားရတော့မှာ "

သူ ထိုသို့ တွေးနေစဥ်မှာပင် လောထျန်းအသံကို ရုတ်တရက် ကြားလိုက်ရပါ၏။

" ဟင်... "

ဘိုးဘေး စိတ်ဝိဥာဥ်အရိပ် ချက်ချင်း အသိပြန်ဝင်လာကာ လောထျန်းဘက် လှည့်ကြည့်လိုက်သည်။ ထို့နောက် သူ မျက်မှောင်ကြုံ့၍ မေးလိုက်၏။

" ဘာဖြစ်လို့လဲ.. မင်း နားမလည်တာ တစ်ခုခု ရှိလို့လား "

ထိုအချိန်တွင် တစ်ခုခု လွဲနေသလိုလည်း သူ ခံစားလိုက်ရပါသည်။

အကယ်၍သာ လောထျန်းက အစတည်းမှ နားမလည်နိုင် ဖြစ်နေလျှင်.. နောက်ပိုင်း ပိုဆိုးနိုင်သည် မဟုတ်ပါလား ။

သို့သော် လောထျန်းက ခေါင်းယမ်း၍ ပြန်ပြောလာ

သည်။

" မဟုတ်ဘူးဗျ "

" ဒါဆို ဘာလို့ဆက်မဖတ်တာလဲ "

ဘိုးဘေးစိတ်ဝိဥာဥ်အရိပ် အနည်းငယ် စိတ်ပျက်နေပုံ ပေါက်သွားပါသည်။

လောထျန်းက အပျင်းကြီးသည်ဟုလည်း သူ ထင်သွား၏။

သို့သော်...

လောထျန်း : " ကျုပ် ဖတ်လို့ ပြီးသွားပြီ "

" အင်... "

ဘိုးဘေး စိတ်ဝိဥာဥ်အရိပ် လုံးဝ အံ့သြမှင်သက်သွားရတော့သည်။

ဖတ်လို့ ပြီးသွားပြီ တဲ့လား ...

အချိန်တိုလေးအတွင်း ဖတ်လို့ပြီးသွားပြီ တဲ့လား..

နောက်နေပါသလား ...

ထို မူလအဆင့် မသေမျိုးအစီအမံက မည်သို့ရှိကြောင်းကို အခြားသူများ သိချင်မှသိကြမည် ဖြစ်သော်လည်း သူကမူ ကောင်းကောင်းကြီး သိထားပါသည်။

၎င်းတွင် ပါဝင်သည့် ထွင်းစာများမှာ ရှုပ်ထွေးလှပြီး အဆင့်ကိုး မသေမျိုး အစီအမံပညာရှင် တစ်ယောက်အတွက်ပင် ထွင်းစာတစ်လုံးကို နားလည်ရန် လပေါင်းများစွာ အချိန်ယူရတတ်ပါသည်။

ယခု ထိုကောင်လေးက ဘယ်လောက်မှမရှိသော အချိန်လေးအတွင်း ဖတ်လို့ပြီးသွားပြီတဲ့လား...

ထိုစကားမျိုးကို အဘယ့်ကြောင့် ပြောရဲနေပါသနည်း ။

" ကောင်လေး... မင်း နောက်နေတာလား "

တိုင်လင်စင်မြင့် ဘိုးဘေး မျက်မှောင်ကြုံ့သွား၏။

လောထျန်းက အေးဆေးပင် ပြန်ပြောသည်။

" ဘာလို့ နောက်ရမှာလဲဗျာ "

သို့သော် ထိုသို့ လောထျန်း၏ မထုံတက်တေး အမူအရာကို မြင်ရလေ ဘိုးဘေးက ဒေါသထွက်လာလေပင် ။

" ကောင်လေးက ဒီအဆင့်ထိ ရောက်လာတာဆိုတော့ ပါရမီတော်တော်ထူးမှာ မှန်ပါတယ် ။ ဒါပေမယ့် ဒီကောင်က ဟန်ဆောင်ပြီးတော့တောင် ငါ့ကို လိမ်ပြောလိုက်သေးတယ် ။ အဲ့လိုကောင်မျိုးကို ပြင်းပြင်းထန်ထန် အပြစ်ပေးမှ ဖြစ်မှာ "

ထိုစဥ် ဘိုးဘေးစိတ်ဝိဥာဥ်အရိပ်မှာ လောထျန်းအား အထင်သေးရွံရှာစိတ် ဖြစ်နေလေပြီ ။

သူ အေးစက်စက် နှာခေါင်းရှုံ့၍ ပြောလိုက်၏။

" ဖတ်လို့ ပြီးသွားပြီပေါ့လေ ။ ကောင်းပြီ... ဒါဆိုရင် ငါ မင်းကို စမ်းသပ်ကြည့်မယ် "

အကယ်၍သာ လောထျန်းက သူ့အမေးကို မဖြေနိုင်လျှင် ပြင်းပြင်းထန်ထန် အပြစ်ပေးမည်ဟုလည်း ဆုံးဖြတ်ချက် ချလိုက်သည်။

သို့သော် လောထျန်းက အပြုံးဖြင့်ပင် ပြန်ပြော၏။

" ကောင်းပါပြီ "

ဘိုးဘေး စိတ်ဝိဥာဥ်အရိပ် နှာခေါင်းရှုံ့လိုက်သည်။

" ငါ မင်းအတွက် ခက်ခဲအောင် မလုပ်ပါဘူး ။ အခု ငါ အစီအမံထွင်းစာတစ်ခု ရေးလိုက်မယ် ။ မင်းက အဲ့ထွင်းစာကို 70% အတိုင်း တူအောင် လိုက်ရေးနိုင်ရင် ရပြီ "

သူ ပြောကာ လက်တစ်ဖက် ဆန့်ထုတ်လိုက်၏။

ဝီ ...

စိတ်ဝိဥာဥ်အစွမ်း အသက်ဝင်လာပြီး ထွင်းစာတစ်လုံး တဖြည်းဖြည်း ပုံပေါ်လာသည်။

ထိုထွင်းစာမှာ အလွန်ရှုပ်ထွေးလှပြီး ကြောက်မက်ဖွယ် စိတ်ဝိဥာဥ်အစွမ်း ပမာဏကို စုပ်ယူနေသဖြင့် ဘိုးဘေး စိတ်ဝိဥာဥ်အရိပ်မှာ စုတ်တံတစ်ချက်ချင်းစီကို ခက်ခက်ခဲခဲပင် ရေးနေရပါ၏။

ဤသို့ဖြင့် အချိန် ဆယ့်ငါးမိနစ်ခန့် ကြာပြီးသွားမှသာ သူ ထွင်းစာတစ်လုံး ရေးပြီးသွားသည်။

ထိုအချိန်တွင် သူ့ စိတ်ဝိဥာဥ်အရိပ်မှာလည်း အနည်းငယ် မှိန်သွားခဲ့ပါ၏။

အားလုံးပြီးသွားမှ သူ လောထျန်းကို ကြည့်၍ ပြောလိုက်သည်။

" အခု မင်းအလှည့်ပဲ ။ အဲ့ထွင်းစာကို ရေးတဲ့ရေးနည်းက အစီအမံပုံကြမ်းထဲမှာ ပါပြီးသား ။ မင်းသာ တကယ်နားလည်တယ်ဆိုရင် ထွင်းစာကို သေချာပေါက် ရေးနိုင်လိမ့်မယ် "

သူ ထိုသို့ပြောပြီး တင်ပျင်ခွေထိုင်၍ လောထျန်းတစ်ယောက် သူ့ကိုယ်သူ အရူးလုပ်သည်ကို ကြည့်ရန် စောင့်နေလိုက်၏။

သို့သော် လောထျန်းက ခေါင်းညိတ်၍သာ ပြောလာပါသည်။

"ကောင်းပါပြီ "

သူ ပြောပြီး လက်ဆန့်၍ လေထဲတွင် ရေးခြစ်

လိုက်၏။

ဝီ ...

ထွင်းစာတစ်ခု ပေါ်လာသည်။

" ရေးပြီးပြီဗျ "

လောထျန်း ပြောလိုက်သည်။

" ရေးပြီးပြီ... ဟုတ်လား ။ မင်း နောက်နေတာလားကွာ ။ ဒီလောက်အချိန်တိုလေးနဲ့... တကယ်ကြီး ပြီးသွားတာလား "

ဘိုးဘေး စိတ်ဝိဥာဥ်အရိပ်က အခြေအနေကို အခွင့်ကောင်းယူပြီး လောထျန်းအား ဆူရန် ပြင်လိုက်၏။

သို့သော် .... လောထျန်းရှေ့၌ အမှန်တကယ်လည်း ထွင်းစာတစ်ခု ရှိနေပါသည်။

၎င်းထွင်းစာမှာလည်း သူရေးခဲ့သည့် ထွင်းစာနှင့် တစ်ပုံစံတည်းပါပင် ။

" ဒါ... ဘယ်လို.. "

ထိုတခဏ၌ ဘိုးဘေး စိတ်ဝိဥာဥ်အရိပ် လွန်စွာ

တုန်လှုပ်သွားရတော့သည်။

သူက ထွင်းစာလေးတစ်လုံးကို ရေးရန် အချိန်များစွာ ယူခဲ့ရချိန်၌... လောထျန်းက ချက်ချင်းရေးပြီးသွားသတဲ့လား ။

ဒေါသထွက်စရာ ကောင်းလိုက်တာ ...

" မဖြစ်ဘူး ၊ ဒီတိုင်းဆို အဲ့လောက်မောက်မာတဲ့ ကောင်လေးကို ငါ သင်ခန်းစာမပေးရဘဲ နေလိမ့်မယ် ။ သူ့ကို ရအောင်ဖိနှိပ်ထားမှ ဖြစ်မယ် "

ဘိုးဘေးစိတ်ဝိဥာဥ်အရိပ် စိတ်ထဲမှ ဆုံးဖြတ်ချက် ချလိုက်၏။

ထို့နောက် သူ ကိုယ်နေဟန်ထား ပြန်ပြင်ကာ ချောင်းဟန့်၍ ပြောလိုက်သည်။

" အင်း.. မဆိုးပါဘူး ။ ဒါပေမယ့်.. အဲ့ဒါ အစပဲရှိသေးတယ်ကွ ။ အခု မင်းက အစီအမံပုံကြမ်းကို ဖတ်ပြီးသွားပြီဆိုတော့... ငါ့ကို အဲ့အစီအမံရဲ့ အလုံးရေ ၃၆၀၀မြောက် ထွင်းစာကို ရေးပြစမ်းကွာ "

သူ ပြောပြီး လောထျန်းအား အပေါ်စီးမှ ကြည့်

လိုက်၏။

ထိုထွင်းစာတွင် စုတ်ချက်ပေါင်း ၁၀၈ ခု ပါရှိပြီး တစ်ခုနှင့်တစ်ခု ရောယှက်နေသဖြင့် အစီအမံ တစ်ခုလုံးထဲတွင် စိတ်ဝိဥာဥ်အစွမ်းအား အစုပ်ယူနိုင်ဆုံးသော ထွင်းစာဖြစ်ပါသည်။

သူသည်ပင် ထိုထွင်းစာကို ရေးချိန်၌ ကြားထဲ အနားယူခဲ့ရပါ၏။

" မင်း အဲ့ထွင်းစာကိုတော့ ပြီးအောင် ရေးနိုင်မှာ မဟုတ်ပါဘူးကွာ ။ အဲ့ကျမှ မင်းကို သင်ခန်းစာ ပေးပြမယ် "

ဘိုးဘေး စိတ်ဝိဥာဥ်အရိပ်မှာ လောထျန်းအား ဆူမည့်စကားများကိုပင် စိတ်ထဲမှ ကြိုတွေးထားလိုက်တော့သည်။

တဖက်မှ လောထျန်းကမူ ခေါင်းသာ ညိတ်ပြသည်။

" ကောင်းပါပြီ "

ထို့နောက် သူ ခဏတာမျှ စဥ်းစားနေဟန်တူ၏။

" စုတ်ချက်ပေါင်း ရာကျော်နဲ့ ဖွဲ့စည်းထားတဲ့ ထွင်းစာဆိုတော့ တစ်ခုချင်းစီ ရေးနေရင် အလုပ်ရှုပ်တယ် ။ အဲ့တော့.. ငါ့ရဲ့ စိတ်ဝိဥာဥ်အစွမ်းကို သုံးပြီး အားလုံးကို တစ်ပြိုင်တည်း ရေးလိုက်မယ်ကွာ "

လောထျန်း တွေးကာ သူ့ စိတ်ဝိဥာဥ်အစွမ်းကို အသက်သွင်းလိုက်သည်။

ဝီ ...

မျက်စိတစ်မှိတ်ခန့် အချိန်အတွင်းမှာပင် လောထျန်းရှေ့၌ ပြီးပြည့်စုံသော ထွင်းစာတစ်ခု ပေါ်လာတော့၏။

" ရေးလို့ ပြီးသွားပြီဗျ "

လောထျန်း ပြောလိုက်သည်။

သူ့စကားကို ကြားသည်နှင့် ဘိုးဘေး စိတ်ဝိဥာဥ်အရိပ်က တန်းပြီး ဆူလာ၏။

" ကောင်လေး ၊ ငါ ဘယ်လောက်အစွမ်းထက်တယ်ဆိုတာ သိရဲ့လား ။ ငါ မင်းကို ပြောပြမယ် ။ လူတွေက..... အင် .... မင်း ဘာပြောလိုက်တယ် "

ဘိုးဘေး စိတ်ဝိဥာဥ်အရိပ် နားမလည်နိုင် ဖြစ်သွားရတော့သည်။

All Chapters