← Chapters

အခန်း (၇၇၇)

Vol. 56 Ch. 777

အခန်း (၇၇၇)

Vol. 56 Ch. 777

လောထျန်း ခေါင်းညိတ်လိုက်သည်။

" သခင်ကြီး... ကျုပ်ကို တခြားသင်ပေးချင်တာတွေ ရှိသေးလားဗျ "

တိုင်လင်စင်မြင့် ဘိုးဘေး၏ နှုတ်ခမ်းများ လှုပ်ရှားသွားပြီးနောက် ခေါင်းယမ်း၍ ပြော၏။

" မရှိ... မရှိတော့ပါဘူး ။ မင်း အစီအမံပညာရပ်နဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တာတွေ အားလုံးကို ကျွမ်းကျင်သွားပါပြီ "

လောထျန်းက သူ့ထက်ပင် ပိုအစွမ်းထက်နေသည်ဖြစ်ရာ.. သူ ဘာကို သွားသင်ပေးရပါမည်နည်း ။

" ကျေးဇူးတင်ပါတယ် သခင်ကြီး ။ ဒါဆိုရင် ကျုပ်ကို သွားခွင့်ပြုပါဦးဗျာ "

လောထျန်း ဦးညွှတ်၍ ဆိုလိုက်သည်။

တိုင်လင်စင်မြင့် ဘိုးဘေးက မြန်မြန်လက်ကာပြ၍ ပြော၏။

" ခဏနေပါဦး "

" ဘာလို့လဲဗျ "

လောထျန်း မေးလိုက်သည်။

တိုင်လင်စင်မြင့်ဘိုးဘေး အသက်ပြင်းပြင်း ရှိုက်လိုက်၏။

" ငါ ခဏနေရင် ဒီ မူလဖန်တီးခြင်းစာကြည့်တိုက်ရဲ့ ကန့်သတ်ချက်တွေကို ပြောင်းလိုက်တော့မယ်။ ငါ့ရဲ့ ဂိုဏ်းသားတွေကို အစီအမံတွေအားလုံး ကျွမ်းကျင်သွားမှ နောက်တစ်ဆင့်တက်ခိုင်းတဲ့ လုပ်ရပ်မျိုး မလုပ်တော့ဘူး ။ ဒါပေမယ့် ငါ အဲ့လိုလုပ်ခဲ့ရတဲ့ နောက်ကွယ်က ရည်ရွယ်ချက်ကိုတော့ အားလုံးကို သိစေချင်တယ် ။ ကိုယ်က မသေမျိုး အစီအမံပညာရှင်တစ်ယောက် ဖြစ်ချင်ရင် အခြေခံ ခိုင်ဖို့က အရေးကြီးဆုံးအရာပဲ "

လောထျန်း ဦးညွှတ်၍ ပြန်ပြောလိုက်သည်။

" တိုင်လင်စင်မြင့်ရဲ့ တပည့်တစ်ယောက်ဖြစ်တဲ့ ကျုပ် ၊ သခင်ကြီးကို ကျေးဇူးအများကြီး တင်ပါတယ်ဗျာ "

တိုင်လင်စင်မြင့်ဘိုးဘေး လက်ယမ်းပြ၍ ဆိုသည်။

" ကဲ.. မင်းသွားချင်ရင် သွားလို့ရပြီ ။ ငါ့ရဲ့ စိတ်ဝိဥာဥ်က အချိန်တစ်ခုထိတော့ ဆက်နေနိုင်ဦးမှာပါ ။ ဒီကြားထဲမှာ တိုင်လင်စင်မြင့်အတွက် ငါ ဘာတွေလုပ်ပေးနိုင်မလဲ ကြည့်လိုက်ဦးမယ် "

လောထျန်း ခေါင်းညိတ်ပြကာ ထွက်လာခဲ့လိုက်၏။

ထိုစဥ် မူလဖန်တီးခြင်းစာကြည့်တိုက် အပြင်ဘက်၌ ...

အကြီးအကဲရှု နှင့် အခြားသူများက စာကြည့်တိုက်ဘက်သို့ စိုးရိမ်တကြီး ကြည့်နေကြသည်။

" လက်ထောက်ဂိုဏ်းချုပ်ကြီး အထဲမှာ ရှိနေတာ... သူ ဘာမှ မဖြစ်လောက်ဘူး မဟုတ်လား "

" မပြောတတ်ဘူးကွ ။ နှစ်တွေအကြာကြီးနေမှ ပါရမီရှင်တစ်ယောက်ကို ဒီရောက်လာအောင် ဆွဲဆောင်ထားနိုင်ခဲ့တာ ။ တကယ်လို့ သူသာ ဒီစာကြည့်တိုက်ထဲမှာ သေသွားခဲ့ရင် နှမျောစရာကြီးကွာ "

" ကျုပ်က နောက်လာမယ့် ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံမှာ လက်ထောက်ဂိုဏ်းချုပ်ကြီးအနေနဲ့ တိုင်လင်စင်မြင့်ကို မျက်နှာရအောင် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်နေခဲ့တာ ။ အဲ့ကျရင် ကျုပ်တို့ ကောင်းကင်ဘုံကိုးသွယ် နေရာကို ပြန်မရနိုင်ရင်တောင် အနည်းဆုံးတော့ အစီအမံပုံကြမ်းတွေ ရောင်းရမှာလေ ။ တကယ်လို့သာ သူ တစ်ခုခု ဖြစ်သွားခဲ့ရင် ... "

ထိုသို့ပြောနေရင်း အားလုံး သက်ပြင်းကိုယ်စီ ချလိုက်ကြသည်။

ထိုစဥ်မှာပင် ..

ကျွီ....

မူလဖန်တီးခြင်းစာကြည့်တိုက် တံခါး ပွင့်လာပါ၏။

" ဟင်.. လက်ထောက်ဂိုဏ်းချုပ်ကြီး.. အဆင်ပြေရဲ့လား "

" လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ အသက်ရှင်နေ

သေးတာလား ... တော်သေးတာပေါ့ဗျာ "

သူတို့လူစုမှာ လောထျန်းကို မြင်သည်နှင့် ဝမ်းသာသွားကြပြီး လောထျန်းဘေး စုပြုံရောက်လာကြသည်။

" လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ ခုနက အထဲမှာ ဘာတွေဖြစ်သွားခဲ့တာလဲဗျ ။ သခင်ကြီး ဘာမှ မထိခိုက်သွားဘူး မဟုတ်လား "

အကြီးအကဲရှုက ဦးစွာ မေးလိုက်သည်။

လောထျန်း ခေါင်းယမ်းပြလိုက်၏။

" ဘာမှ မဖြစ်ပါဘူးဗျာ ။ ကျုပ် အထဲမှာ အစီအမံတွေ လေ့ကျင့်နေတာပါ "

" ဘယ်လို... အစီအမံတွေ လေ့ကျင့်နေတာ.. ။ ဒါဆို ခုနတုန်းက အသံကြီးက ဘာဖြစ်သွားခဲ့တာလဲ "

အဘွားအိုက နားမလည်နိုင်ဟန်ဖြင့် ပြန်မေးသည်။

အခြား အကြီးအကဲတစ်ယောက်ကလည်း မျက်မှောင်ကြုံ့၍ ပြော၏။

" ကြည့်ရတာ လက်ထောက်ဂိုဏ်းချုပ်ကြီးက

အစီအမံတွေ လေ့ကျင့်နေရင်း အမှားလုပ်မိသွားတာနဲ့ တူတယ် ။ လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ ဒီမူလဖန်တီးခြင်းစာကြည့်တိုက်ထဲကို နောက်ထပ်ရက်နည်းနည်းလောက် ထပ်မဝင်နဲ့ဦးနော် "

အခြားသူများလည်း ခေါင်းညိတ်လိုက်ကြသည်။

သို့သော် လောထျန်းက အပြုံးဖြင့်သာ ပြန်ပြော၏။

" အင်း.. ကျုပ် အထဲကို ထပ်ဝင်စရာ မလိုတော့ဘူးဗျ "

" ဟင်... အဲ့ဒါ ဘာအဓိပ္ပါယ်လဲ သခင်ကြီး "

လူများ အံ့အားသင့်ကုန်ကြသည်။

ရှောက်ရက လောထျန်းရှေ့ တိုးလာကာ ပြော၏။

" လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ ဒီကိစ္စက တကယ်လဲ ခက်ခဲတာမှန်ပေမယ့်... အဲ့လောက်လွယ်လွယ်နဲ့ လက်လျှော့လိုက်လို့ မဖြစ်ဘူးနော် "

အကြီးအကဲရှုကလည်း စိုးရိမ်နေဟန်ဖြင့် မြန်မြန်ဝင်ပြောသည်။

" လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ နောက်တစ်ခါ စာကြ

ည့်တိုက်ထဲဝင်ရင် ကျုပ်လဲ အတူတူလိုက်ဝင်ခဲ့မယ် ။ အဲ့ကျရင် ခုလိုအဖြစ်မျိုး ထပ်ဖြစ်တော့မှာ မဟုတ်ဘူး ။ ပြီးတော့.. သခင်ကြီး ခုလိုမျိုး အလျှော့ပေးလိုက်လို့ မဖြစ်ဘူးလေ "

အခြားသူများလည်း လောထျန်းအား စိုးရိမ်တကြီး လှမ်းကြည့်လိုက်ကြသည်။

သူတို့ ထိုအဖြစ်မျိုးကို ယခင်ကလည်း များစွာ ကြုံထားဖူးပါ၏။

သူတို့ ပါရမီရှင်များကို ယခင်က တွေ့ခဲ့ဖူးသော်လည်း... ထိုသူများမှာ မူလဖန်တီးခြင်းစာကြည့်တိုက်ထဲတွင် ရှုံးနိမ့်သွားသဖြင့် တိုင်လင်စင်မြင့်မှပါ ထွက်သွားခဲ့ကြပါသည်။

ထို့ကြောင့်လည်း လောထျန်းက ထိုသို့ပြောလာချိန်၌ သူသည်လည်း တိုင်လင်စင်မြင့်မှ ထွက်သွားမည်ကို အားလုံး အလွန်စိတ်ပူသွားကြခြင်းပင် ...

လောထျန်းက အားလုံးကို တစ်ချက်ဝေ့ကြည့်၍ ဆိုသည်။

" ခင်ဗျားတို့ အစိုးရိမ်လွန်နေကြပါပြီဗျာ ။ ကျုပ်က တိုင်လင်စင်မြင့်ကနေလဲ ထွက်မှာမဟုတ်သလို ၊ အစီအမံပညာရပ်ကိုလဲ လက်လျှော့မှာ မဟုတ်ဘူး "

" ဟင်... ဒါဆို ... "

အားလုံး နားမလည်နိုင် ဖြစ်ကုန်ကြသည်။

လောထျန်းက အေးဆေးဆက်ပြော၏။

" ကျုပ် စာကြည့်တိုက်ထဲက အစီအမံတွေအားလုံးကို လေ့လာလို့ ပြီးသွားပြီဗျ "

" ဘယ်လို... "

အားလုံး မယုံနိုင်သည့် မျက်နှာထားများ ဖြစ်ကုန်ကြသည်။

မူလဖန်တီးခြင်းစာကြည့်တိုက်ထဲမှ အစီအမံများအားလုံးကို လေ့လာလို့ ပြီးသွားပြီတဲ့လား ...

လောထျန်း အထဲဝင်သွားသည့် အချိန်မှစ၍ ပြန်ထွက်လာချိန်အထိ ထမင်းတစ်နပ်စားချိန်လောက်

ပင် မကြာသေးပါ..

ဤမျှ အချိန်တိုလေးအတွင်း အစီအမံများအားလုံးကို လေ့လာပြီးဖို့ မဆိုထားဘိ ၊ အစီအမံများ၏ နာမည်စာရင်းကိုပင် ဖတ်ပြီးရန် မဖြစ်နိုင်ပါချေ။

ထို့ထက် ပိုဆိုးသည်မှာ သူတို့ကြားထားသည့် သတင်းများအရ.... စာကြည့်တိုက်၏ ဆယ်လွှာတွင် ဒဏ္ဍာရီကျော် မူလအဆင့် မသေမျိုးအစီအမံ ရှိထားသည်ဟု ဆိုပါသည်။

သူတို့အပေါ်ကမ္ဘာတွင် ရှေးခေတ်မှစ၍ ယနေ့ထိ ထိုအဆင့်သို့ ရောက်နိုင်သော အစီအမံပညာရှင် များစွာ မရှိလှပါ ။

ယခု လောထျန်းက အားလုံးကို လေ့လာပြီးသွားပြီဟု ပြောနေပါသလား...

ထိုစကားကို မည်သူက ယုံပါမည်နည်း ။

အစောပိုင်းတွင် ပေါက်ထွက်သွားခဲ့သော အစီအမံ၏ ဖိအားက ကြီးလွန်း၍ သူတို့

လက်ထောက်ဂိုဏ်းချုပ် အသစ်၏ ဦးနှောက်များ ချောင်သွားလေသလား ...

ထိုစဥ် အကြီးအကဲရှုက မျက်မှောင်ကြုံ့၍ ပြောလာသည်။

" လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ ကျေးဇူးပြုပြီးတော့ သခင်ကြီးရဲ့ စာကြည့်တိုက် ကျောက်စိမ်းပြားကို ပြပေးလို့ရမလား "

ကျန်လူများလည်း ထိုစဥ်မှ အသိပြန်ဝင်သွားကြသည်။

မူလဖန်တီးခြင်းစာကြည့်တိုက်သည် အထဲဝင်၍ လေ့လာသူများ၏ တိုးတက်မှုကို ကျောက်စိမ်းပြားဖြင့် မှတ်တမ်းတင်ထားလေ့ ရှိပါ၏။

သို့ဖြစ်ရာ.. လောထျန်း၏ စကားက အမှန်ဟုတ်၊မဟုတ် ကျောက်စိမ်းပြားကို ကြည့်၍ သိနိုင်ပါသည်။

လောထျန်း ခေါင်းညိတ်လိုက်သည်။

" ရတာပေါ့ဗျာ "

သူ ပြောပြီး ကျောက်စိမ်းပြားကို ထုတ်လိုက်၏။

ဝီ ...

ကျောက်စိမ်းပြားက သူ့လက်ထဲရောက်သည်နှင့် တောက်ပသော နတ်ဘုရား အလင်းတန်းတစ်ခု ထုတ်လွှတ်လာသည်။

အကြီးအကဲရှု နှင့်တကွ ကျန်လူများမှာ ထို နတ်ဘုရားအလင်းတန်းကို ကြည့်ပြီး အသံတိတ်ကုန်ကြ၏။

အချိန်အတန်ကြာသွားပြီးမှ.... အားလုံး၏ တအံ့တသြ ရေရွတ်သံများ သံပြိုင် ထွက်လာပါတော့သည်။

" ဘုရားရေ.... တကယ်ကြီးလား.. ။ ဒါတွေအားလုံး အမှန်တွေပေါ့ "

" ငါ့ဦးနှောက်များ တစ်ခုခု ဖြစ်သွားတာလားကွာ ။ မယုံနိုင်စရာကြီး . . "

အားလုံးမှာ သူတို့ အိမ်မက်များ မက်နေသည်လားဟု

ထင်ကာ သူတို့ခေါင်းကို ပြန်ကိုင်မိလိုက်ကြသည်။

ထို့နောက် လောထျန်းအား ထူးဆန်းသည့် မျက်နှာထားကိုယ်စီဖြင့် ကြည့်လိုက်ကြ၏။

ထိုလူက မည်သို့သော နားလည်နိုင်စွမ်းကို ပိုင်ဆိုင်ထားပါသနည်း...

ကြောက်စရာ မကောင်းလွန်းဘူးလား ...

သူတို့ မယုံချင်သော်လည်း ကျောက်စိမ်းပြားက လိမ်မပြောပါချေ။

သို့ဖြစ်ရာ သူတို့ ယုံလိုက်ရန်သာ ရှိပါတော့သည်။

" လက်ထောက်ဂိုဏ်းချုပ်ကြီး... အထဲမှာ ဘယ်လိုတွေ ဖြစ်သွားခဲ့တာလဲဗျ "

အကြီးအကဲရှုက အရင်ဆုံး စိတ်ပြန်ငြိမ်သွားကာ မေးလာသည်။

လောထျန်း၏ အတွေ့အကြုံကို သေချာနားထောင်ပြီး အထဲတွင် ဘာတွေဖြစ်သွားခဲ့သည်ကို သူ သိချင်

နေပါ၏။

လောထျန်းကလည်း ဘာကိုမှ ဖုံးကွယ်မနေဘဲ သူ အထဲစဝင်သည့်အချိန်မှစ၍ နောက်ဆုံးအလွှာတွင် တိုင်လင်စင်မြင့်၏ ဘိုးဘေးနှင့် တွေ့ခဲ့ရသည့်အကြောင်းထိ ပြောပြလိုက်သည်။

သူသည် ပြီးခဲ့သည့် အစီအမံ အခြေခံအုတ်မြစ်များအား လုပ်ခဲ့ပုံအကြောင်းများသာမက ၊ အစီအမံအား ပြုပြင်ခဲ့ပုံနှင့် ဘိုးဘေး စိတ်ဝိဥာဥ်အရိပ်၏ နောက်ဆုံး ဆုံးဖြတ်ချက်ကိုပါ အသေးစိတ် ပြည့်ပြည့်စုံစုံ ပြောပြလိုက်ခြင်းပင် ...

လောထျန်း၏ စကားဆုံးချိန်တွင်ကား... အားလုံး ပါးစပ်အဟောင်းသား ....

" ဘိုးဘေးက.. တကယ်ကြီး စိတ်ဝိဥာဥ်ကို ချန်ထားခဲ့တာလား "

" အခု မူလဖန်တီးခြင်းစာကြည့်တိုက်ရဲ့ စည်းမျဥ်းတွေကိုပါ ပြင်ဆင်လိုက်တယ်.. ဟုတ်လား ။ ဒါဆို... တတိယအဆင့်က အစီအမံတွေ အားလုံးကို

ကျွမ်းကျင်စရာ မလိုဘဲနဲ့ နောက်တစ်ဆင့် တက်နိုင်သွားပြီပေါ့ "

" ဘုရားရေ.... လက်ထောက်ဂိုဏ်းချုပ်ကြီးက မူလအဆင့် မသေမျိုးအစီအမံကို ကျွမ်းကျင်သွားခဲ့တာလား ။ ဒါဆို.. သခင်ကြီးရဲ့ အစီအမံအစွမ်းက ဒီကမ္ဘာမှာ အနည်းဆုံးဆိုရင်တောင် အဆင့်တစ်ဆယ်အတွင်း ဝင်နေပြီပဲ ။ ငါတို့ တိုင်လင်စင်မြင့်က ဒီကမ္ဘာကြီးမှာ ပြန်ထွန်းတောက်လာနိုင်တော့မှာပေါ့... "

ထိုတခဏ၌ အားလုံး အလွန်စိတ်လှုပ်ရှားသွားကာ လောထျန်းရှေ့ ဒူးထောက်လိုက်ကြသည်။

" ဂုဏ်ယူပါတယ် လက်ထောက်ဂိုဏ်းချုပ်ကြီး "

အားလုံး သံပြိုင်ပြောလိုက်ကြ၏။

လောထျန်းက အားလုံးကို လက်ကာပြ၍ ပြောသည်။

" လောလောဆယ် အဲ့ဒါကို ခဏထားလိုက်ပါဗျာ ။ အခု မူလဖန်တီးခြင်းစာကြည့်တိုက်မှာ ဘာကန့်သတ်ချက်မှ မရှိတော့ဘူးဆိုတော့ သွားပြီး လေ့ကျင့်လို့ရ

ပြီ ။ ကျုပ်ကတော့ တခြားလုပ်စရာလေး ရှိနေသေးလို့ အရင်သွားခွင့်ပြုပါဦး "

အားလုံး တုန်လှုပ်ကုန်ကြပြန်တော့သည်။

ရှောက်ရက ရှေ့တိုးလာကာ ပြော၏။

" လက်ထောက်ဂိုဏ်းချုပ်ကြီး... ထွက်သွားတော့မလို့လား "

လောထျန်း ခေါင်းညိတ်လိုက်သည်။

" ဟုတ််တယ်ဗျ ၊ ကျုပ် ကိုင်တွယ်စရာ ကိစ္စလေးတွေ ရှိနေသေးတယ် "

ရှောက်ရက မြန်မြန်ထပ်မေး၏။

" လက်ထောက်ဂိုဏ်းချုပ်ကြီး ဘာတွေများ လိုအပ်လဲဆိုတာ သိခွင့်ရှိမလားရှင် "

လောထျန်းတစ်ယောက် ထွက်သွားပြီး ပြန်မလာတော့မည်ကို သူမ အမှန်တကယ် စိုးရိမ်ပါသည်။

ထိုစဥ်မှ လောထျန်း တစ်ခုကို အတွေးရသွားပါ၏။ တိုင်လင်စင်မြင့်သည် အကျဘက် ရောက်နေခဲ့

သည်မှာ မှန်သည့်တိုင်.. အပေါ်ကမ္ဘာနှင့် ပတ်သက်၍ သတင်းစုံ သိထားနိုင်ပါသည်။

သို့ဖြစ်ရာ သူတို့ကို မေးခြင်းက ပိုမကောင်းပေဘူးလား...

All Chapters