အခန်း (၇၇၈)
Vol. 56 Ch. 778
" ဖီးနစ်မီးတောက်ကိုးသွယ် စိတ်ဝိဥာဥ်သစ်ပင် နဲ့ မျောလွင့်တိမ်တိုက် ငှက်မွေး ကို ဘယ်မှာရှာလို့ရလဲဆိုတာ အားလုံး သိကြလားဗျ "
လောထျန်း မေးလိုက်သည် ။
သူ့စကားကို ကြားချိန်တွင် အားလုံး မျက်မှောင်ကြုံ့သွားကြသည်။
" လက်ထောက်ဂိုဏ်းချုပ်ကြီး ရှာချင်တဲ့ ပစ္စည်းနှစ်ခုက အင်မတန်ကိုရှားတယ် ။ ဒါယွိ တစ်နိုင်ငံလုံးမှာတောင် ရှာတွေ့နိုင်မယ် မထင်ဘူး... "
အကြီးအကဲရှုက သူ့မုတ်ဆိတ်ကို ကိုင်ရင်း ပြန်ပြောသည်။
သို့သော်.. သူ့ဘေးတွင် ရပ်နေသည့် ရှောက်ရက ခေါင်းကုတ်ကာ ပြောလာပါ၏။
" ဖီးနစ်မီးတောက်ကိုးသွယ် စိတ်ဝိဥာဥ်သစ်ပင် .... ဟုတ်လား ၊ အဲ့နာမည်ကို ကြားဖူးနေသလိုပဲ .. "
" ဟင်... "
အားလုံး သူမဘက် လှည့်ကြည့်လိုက်ကြ၏။
ထိုစဥ် ရှောက်ရက တစ်ခုကို မှတ်မိသွားဟန်ဖြင့် သူ့ပေါင်သူ ပြန်ရိုက်ကာ ပြောသည်။
" မှတ်မိပြီ .... ဖီးနစ်မီးတောက်ကိုးသွယ် စိတ်ဝိဥာဥ်သစ်ပင်က.. ဒီ ချင်းယွမ်ဒေသရဲ့ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံမှာ ဆုအနေနဲ့ ပေးမှာ "
အကြီးအကဲရှု နှင့် အခြားသူများလည်း ထိုစကားကိုကြားမှ ချက်ချင်း အမှတ်ရသွားကြသည်။
" ဟုတ်သားပဲ... မင်းပြောလိုက်မှ.. သတိရတယ် ။ ကြည့်ရတာ အဲ့သတင်းက အမှန်နဲ့တူတယ် "
လောထျန်း တအံ့တသြ ပြန်မေးလိုက်သည်။
" ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံက ဘာလဲ "
ရှောက်ရက မြန်မြန်ပင် ရှင်းပြရှာ၏။
" လက်ထောက်ဂိုဏ်းချုပ်ကြီးက အပေါ်ကမ္ဘာကို တက်လာတာ မကြာသေးတော့ အဲ့အကြောင်းကို မ
သိတာ သဘာဝကျပါတယ် ။ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံဆိုတာ ကျွန်မတို့ အပေါ်ကမ္ဘာရဲ့ အကြီးကျယ်ဆုံး အစီအမံပြိုင်ပွဲကြီးတစ်ခုပေါ့ရှင် ။ အဲ့ပွဲကို ဆယ်နှစ်နေမှ တစ်ကြိမ် ကျင်းပတာ "
" အဲ့ပြိုင်ပွဲမှာ တခြား အဖွဲ့ကြီးတွေ ၊ အစီအမံအဖွဲ့တွေ ၊ မိသားစုတွေ အားလုံးဝင်ပြိုင်လို့ရတယ် ။ ပြိုင်ပွဲမှာ အမှတ်ကောင်းကောင်းရရင် ဆုကောင်းတွေ အများကြီး ရမယ့်အပြင်... စျေးကွက်ရှယ်ယာတွေပါ ရဦးမှာ "
လောထျန်း အံ့အားသင့်သွားရကာ ပြန်မေးလိုက်သည်။
" စျေးကွက်ရှယ်ယာဆိုတာ ဘာလဲဗျ "
အကြီးအကဲရှု ဝင်ပြော၏။
" တကယ်တော့ အဲ့ဒါက အစီအမံအဖွဲ့ကြီး ကိုးခုကနေ ဟိုးအရင်တည်းက ချမှတ်ထားတဲ့ စည်းမျဥ်းပဲဗျ ။ အဲ့စည်းမျဥ်းရဲ့ ရည်ရွယ်ချက်ကတော့ အဖွဲ့ကြီးတွေကြားမှာ မသင့်မမြတ် ဖြစ်တာမျိုးကို ကာကွယ်ဖို့ပေါ့ဗျာ ။ မသေမျိုး အစီအမံပညာရှင်တွေရဲ့ အရေအတွက်က အရင်တည်းက နည်းထားတော့
ထပ်လျော့သွားမှာမျိုး မဖြစ်စေချင်ကြဘူး ။ ဒါ့ကြောင့်မို့လဲ ဒီလိုပြိုင်ပွဲမျိုးကို သုံးပြီးတော့ နယ်မြေခွဲဝေခဲ့ကြတာ "
လောထျန်း ခေါင်းညိတ်လိုက်သည်။
" ဒါဆို အရင်ပြိုင်ပွဲတွေမှာ တိုင်လင်စင်မြင့်ရဲ့ ရလဒ်က မကောင်းခဲ့ဘူးလား "
သူ့မေးခွန်းကို ကြားသောအခါ တဖက်လူများ တစ်ယောက်ကိုတစ်ယောက် ကြည့်၍ တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြ၏။
" ဟုတ်တယ်ရှင့် ။ ဂိုဏချုပ်ကြီး ရှိနေတုန်းကတော့ ကျွန်မတို့ရဲ့အဆင့်က တော်တော်ကောင်းသေးတယ် ။ အဲ့တော့ ကျွန်မတို့ မြို့ သုံး၊လေးမြို့ လောက်မှာ ဆိုင်ဖွင့်ခွင့် ရခဲ့တာပေါ့ရှင် ။ ဒါပေမယ့် ဂိုဏ်းချုပ်ကြီး ပျောက်သွားတဲ့နောက်မှာတော့ ... ကျွန်မတို့က ပြိုင်ပွဲမှာ အမြဲတမ်း နောက်ဆုံးနေရာပဲ ရတော့တာ ။ အဲ့တော့ မြို့လဲ တစ်မြို့ပဲ ကျန်တော့တာပေါ့ရှင် "
အဘွားအို ပြောပြလိုက်သည်။
လောထျန်း မျက်မှောင်အနည်းငယ် ကြုံ့သွားကာ
ထပ်မေးလိုက်၏။
" အခု ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံက ဘယ်တော့ ကျင်းပမှာလဲ "
ရှောက်ရတစ်ယောက် ဝမ်းသာသွားဟန်ဖြင့် ဝင်မေးသည်။
" လက်ထောက်ဂိုဏ်းချုပ်ကြီး အဲ့ပွဲမှာ ဝင်ပြိုင်မလို့လား "
" ဟုတ်တယ် "
လောထျန်း ပြန်ပြောလိုက်၏။
ဖီးနစ်မီးတောက်ကိုးသွယ် စိတ်ဝိဥာဥ်သစ်ပင် ရှိသည်ဆိုပေရာ.. သူ ဝင်မပြိုင်ဘဲ မည်သို့နေနိုင်ပါမည်နည်း ။
သူ့အစွမ်း တိုးတက်ရန်ဆိုလျှင် ထိုပစ္စည်းကို မဖြစ်မနေ လိုအပ်သည်မဟုတ်ပါလား ...
ထိုသို့ အစွမ်းတိုးထားမှသာလည်း နောက်တစ်ကြိမ် လက်ချောင်းအရိုးနှင့် တိုက်ခိုက်ပါက သူ့အတွက် အဆင်ပြေပေလိမ့်မည်။
" ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံက နောက်တစ်လနေရင် ချင်းယွမ်ဒေသမှာ ကျင်းပမှာပါ လက်ထောက်ဂိုဏ်းချုပ်ကြီး "
အကြီးအကဲရှု ပြောလိုက်သည်။
လောထျန်း ခေါင်းညိတ်လိုက်၏။
" တစ်လ.. ဟုတ်လား ။ ကောင်းပြီဗျာ.. အဲ့ကျရင် ကျုပ် ဝင်ပြိုင်မယ် "
" ကောင်းတယ်ဗျာ... ။ လက်ထောက်ဂိုဏ်းချုပ်ကြီးသာ ဝင်ပြိုင်ရင် ကျုပ်တို့ တိုင်လင်စင်မြင့်က နောက်တစ်ကြိမ် ထွန်းတောက်လာတော့မှာ သေချာတယ် "
အားလုံး ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။
လောထျန်း ခေါင်းအသာညိတ်ကာ အားလုံးကို ပြော
လိုက်၏။
" ဒီကြားထဲမှာတော့ အားလုံး သေချာလေ့ကျင့်ထားကြပါ ။ ကျုပ် လုပ်စရာလေးတွေ ပြီးသွားရင် ပြန်လာခဲ့ပါ့မယ် "
" ဟုတ်ကဲ့ပါ သခင်ကြီး "
အားလုံး သံပြိုင်ပြန်ပြောလိုက်ကြသည်။
ထိုစဥ်တွင် လောထျန်းမှာကား တိုင်လင်စင်မြင့် အပြင်ဘက်သို့ တည်နေရာရွှေ့ပြောင်းသွားခဲ့လေပြီ ။
" ကောင်းတယ်ကွာ... ဒီခရီးက တန််တယ် ။ ငါ အစီအမံတွေ ရခဲ့ရုံတင် မကဘူး ၊ ဖီးနစ်မီးတောက်ကိုးသွယ် စိတ်ဝိဥာဥ်သစ်ပင် အကြောင်းကိုပါ သိခဲ့ရတာ။ အခု... မျောလွင့်တိမ်တိုက်ငှက်မွေး ကို ရဖို့ပဲ ကျန်တော့တယ် ။ နှစ်ခုလုံး ရပြီးသွားရင်တော့ ကျင့်ကြံခြင်း နောက်တစ်ဆင့်ကို တက်နိုင်သွားပြီ "
လောထျန်း အပြုံးဖြင့် ရေရွတ်လိုက်သည်။
" အခု အိမ်ပြန်ပြီးတော့ အစီအမံတွေ လုပ်ကြည့်ရမယ် "
ထို့နောက် သူ တည်နေရာထပ်ရွှေ့ပြောင်းလိုက်ပြီး ...
မကြာခင်မှာပင် ထျန်းကျီတောင်ရှေ့သို့ ပြန်ရောက်သွားခဲ့သည်။
" ဟင်... "
သူ ထျန်းကျီတောင်သို့ ရောက်ချိန်တွင်မူ ပုံမှန်မဟုတ်သည့် အရာများကို သတိထားမိလိုက်ပါ၏။
မနေ့ကအထိပင် ထျန်းကျီတောင်၌ လူတစ်ယောက် ငှက်တစ်ကောင်မှ မရှိဘဲ... လီချင်းယွမ်တို့ မြေးအဘိုးနှစ်ယောက်သာ ရှိခဲ့ပါသည်။
သို့သော် ယနေ့တွင်မူ ဘာအကြောင်းကြောင့်မှန်း မသိရဘဲ ထျန်းကျီတောင်တဝိုက် ဟိုဟိုဒီဒီ စူးစမ်းနေကြသော လူပေါင်းမရေမတွက်နိုင်အောင်ပင် ရှိနေကြပါ၏။
" ဒီကောင်တွေက အဲ့လောက် အတင့်ရဲကြတာလား ။ ငါ့ပိုင်နက်ထဲကို ကျူးကျော်ပြီးတော့ ဟိုချောင်းဒီချောင်း လုပ်နေကြတယ်ပေါ့လေ "
လောထျန်း ချက်ချင်း ဒေါသထွက်သွားသည်။
ထိုလူများက သူ့အား အလေးနက် မထားကြပုံပါပင်..
" ဒီကောင်တွေကို နည်းနည်းလောက် အပြစ်ပေးရမယ် "
လောထျန်း တွေးလိုက်သည်။
ထို့နောက်.. သူ ဖိအားအနည်းငယ်ကို ထုတ်လွှတ်လိုက်၏။
ဝုန်း...
ထိုဖိအားလေး အနည်းငယ်သည်ပင် ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေတော့သည်။
ချက်ချင်းမှာပင်... မရေမတွက်နိုင်သော အော်ဟစ်ငြီးတွားသံများနှင့် သွေးအန်သံများ ထျန်းကျီတောင် နေရာစုံမှ ထွက်လာပါ၏။
" ဟာ.. သတင်းတွေက တကယ်ကြီး မှန်နေခဲ့တာပဲ ။ ထျန်းကျီတောင်ရဲ့ ဟိုကောင်ကြီး တကယ်နိုးလာခဲ့ပြီ "
မုတ်ဆိတ်ရှည် အဘိုးအိုတစ်ယောက် ပြောပြီး.. သွေးအန်နေရင်း အသည်းအသန် နောက်ပြေးဆုတ်သွားသည်။
" ပြေးကြဟေ့... မဟုတ်ရင် ဒီကနေ ထွက်နိုင်တော့မှာ မဟုတ်ဘူး "
ထျန်းကျီတောင်တဝိုက် ပုန်းအောင်းနေကြသူများ အားလုံးပင် ငှက်များနှင့် တောကောင်များပမာ တမဟုတ်ချင်း နောက်ဆုတ်ပြေးသွားကြတော့သည် ။
လောထျန်း ၎င်းကိုကြည့်ကာ ခေါင်းအသာညိတ်လိုက်၏။
သို့သော် တခဏအကြာမှာပင် သူ မျက်မှောင်ကြုံ့သွားရပါသည်။
" တစ်ယောက်ယောက်က ငါ့ကို ချောင်းကြည့်နေသေးတယ် ။ ငါ့ကို အကောက်ကြံဖို့ စဥ်းစားနေတာလား "
လောထျန်း ချက်ချင်းပင် တစ်နေရာသို့ ခေါင်းလှည့်ကြည့်လိုက်၏။
ဝုန်း..
သူ့အကြည့်တစ်ချက်ဖြင့်ပင် လေထုက ရုတ်တရက် ပြိုကွဲသွားပြီး ..
ဝီး ...
လေထုထဲမှ လူတစ်ယောက် ကျလာကာ ထျန်းကျီတောင်မြေပြင်နှင့် ခပ်ပြင်းပြင်း ရိုက်ဆောင့်မိသွားသည်။
" ဟင်... အဲ့လူက ထျန်းယွမ်တောင်ရဲ့ ဘိုးဘေးမဟုတ်လား ။ သူက အစွမ်းထက် မသေမျိုးဘုရင် တစ်ပါးလေ "
" ဘယ်လို... အစွမ်းထက် မသေမျိုးဘုရင်တစ်ယောက်တောင် ဒဏ်ဆိုးဆိုးရွားရွား ရသွားခဲ့တာလား ။ ထျန့်ကျီတောင် သခင်ကြီးက တကယ်ကြီး နိုးလာပြီနဲ့တူတယ် "
" ကောလဟာလ ကြားဖူးတာတော့ ထျန့်ကျီတောင် သခင်ကြီး နိုးလာတိုင်းမှာ အသက်တွေ မရေမတွက်နိုင်အောင်ကို ဝါးမြိုပစ်တယ်တဲ့ ။ ဒီတိုင်းဆို.. ချင်းယွမ်ဒေသက ကပ်ဘေးကြီးနဲ့ ကြုံရတော့မှာလား "
" ဒီကိစ္စကို မသေမျိုးဘုရင်ကြီး ဒါလောင်ဆီ သတင်းပို့မှဖြစ်မယ် ။ သူက ထျန့်ကျီတောင်ရဲ့ ရန်သူတော်ကြီးဆိုတော့ သူတစ်ယောက်တည်းကပဲ ဒီနေရာကို ဖိနှိပ်နိုင်မှာ "
ပုန်းနေသေးသော လက်ကျန်လူများ အသည်းအသန် ပြေးဆုတ်သွားကြတော့၏။
ထိုနေ့တွင် ချင်းယွမ်ဒေသ တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေပါတော့သည်။
ထျန့်ကျီတောင်သခင်ကြီး နိုးလာပြီဆိုသည့် သတင်းကိုလည်း မသိသူ မရှိတော့ပါချေ။
သို့သော်.. တဖက်မှ လောထျန်းမှာကား ထိုကိစ္စကို ဘာမှ မသိရှာပါ။
ချာင်းနေကြသူများကို ခြောက်လှန့်လိုက်ပြီးနောက် သူ လက်ခုပ်တစ်ချက်တီး၍ ပြော၏။
" ဒီကောင်တွေက တော်တော်အာရုံနောက်စရာ ကောင်းတာပဲ ။ ဒီကောင်တွေ ထပ်မလာရဲအောင်လို့ စိတ်ဝိဥာဥ်အစွမ်းကို ဖိနှိပ်တဲ့ အစီအမံတစ်ခု လုပ်
ထားလိုက်မယ်ကွာ ။ ပြီးရင် အထဲကို မချောင်းနိုင်အောင် နတ်ဘုရားအသိစိတ်ကိုပါ ပိတ်ထားလိုက်မယ် "
လောထျန်း ဆုံးဖြတ်ချက်ချကာ ပြင်စရာရှိသည်များကို ပြင်လိုက်ပါသည်။
" မူလဖန်တီးခြင်းစာကြည့်တိုက်ထဲမှာ ရှိတဲ့ အစွမ်းအထက်ဆုံး အကာအရံ အစီအမံက အဆင့် ၇ ပဲရှိတာဆိုတော့ အဲ့ဒါနဲ့ဆို ရလဒ်က အဲ့လောက်မကောင်းနိုင်ဘူး ။ ဒီတော့ ကိုယ့်ဟာကိုယ် နည်းနည်းပြောင်းပြီး တိုးတက်အောင်လုပ်မှ ဖြစ်မယ် "
လောထျန်း ထိုသို့တွေးရင်း ထွင်းစာများ ရေးနေချိန်၌ သူ မြင်သည့် လိုအပ်ချက်များနှင့် ချို့ယွင်းချက်များအား ပြင်ဆင်လိုက်သည်။
ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက်မှ အစီအမံက ပြည့်စုံသွားသည်ဟု ခံစားရကာ သူ ကျေနပ်သွားပါ၏။
" ကဲ... အစီအမံ.. အသက်ဝင်စေ "
ထွင်းစာများက ကောင်းကင်ယံသို့ တမဟုတ်ချင်း ထိုးတက်သွားကြသည်။
သို့သော်... လောထျန်းတစ်ယောက် ထိုသို့ အစီအမံအား လုပ်နေချိန်တွင် ... ထျန့်ကျီတောင် တစ်နေရာ၌.. လေထုပြိုကွဲသွားပြီး နတ်ဆိုးစွမ်းအင်များ လိမ့်တက်လာ၏။
ထို့နောက်...
လေထု တံခါးတစ်ချပ် ရုတ်တရက် ပေါ်လာသည်။
" နှစ်တွေ သောင်းချီပြီးတောင် ကြာသွားခဲ့ပြီလား ။ ဒါ ဒီကြားထဲမှာ တစ်ချိန်လုံး အိပ်ပျော်နေခဲ့တာပဲ ။ ဒါလောင် မသေမျိုးဘုရင် ၊ မင်းကြောင့်ရခဲ့တဲ့ ဒီဒဏ်ရာက ငါ့ကို ဒုက္ခပေးခဲ့တာ နှစ်တွေသောင်းချီပြီး ကြာသွားခဲ့ပြီ "
" ဒါပေမယ့် မင်းရဲ့ ကျေးဇူးကြောင့်မို့လဲ ငါ မသေမျိုးဘုရင်အဆင့်ကို ကျော်ပြီးတော့ မသေမျိုးဧကရာဇ် အဆင့်နီးပါး ရောက်သွားခဲ့ရတာ ။ ပြီးတော့ ဒီ မသေမျိုးခန္ဓာကိုယ်ကိုလဲ ကျင့်ကြံနိုင်ခဲ့တယ် "
" ဒီတစ်ကြိမ်တော့ မသေမျိုးဘုရင် ဒါလောင် ရော ၊ ချင်းယွမ်ဒေသထဲက သက်ရှိတွေအားလုံးရော ထျန့်ကျီတောင် သခင်ကြီးရဲ့ အစာ ဖြစ်လာရတော့မှာပေါ့ကွာ "
သူ ပြောပြီးချိန်မှာပင် သူ့ကိုယ်မှ နတ်ဆိုးအစွမ်းများ တိုးထွက်လာပြီး ကောင်းကင်နှင့်မြေကြီးလည်း အရောင်ပြောင်းလာပါ၏။
သို့သော် .... ထိုစဥ်တွင် ကောင်းကင်ယံမှ အစီအမံတစ်ခု ကျလာသည်။
ဘာတုန်းဟ သောက်ခွေး