အခန်း (၇၈၁)
Vol. 56 Ch. 781
ထိုနှစ်ယောက်၏ စကားများကြောင့် လောထျန်း အံ့အားသင့်သွားရသည်။
အဆင့်မတူသော ရန်သူကို သတ်ခြင်း ၊ အန္တရာယ်ထဲမှ လွတ်မြောက်နိုင်ခြင်း ၊ မူလမသေမျိုးလက်နက်က သခင်အဖြစ် အသိမှတ်ပြုသည်ကို ခံရခြင်း ....
ဘယ်လိုတွေပါလဲ ..
သူကမူ ဤမျှလောက် ကံမကောင်းခဲ့ပါချေ ။
သေချာစဥ်းစားကြည့်ပါက သူ အရေးကြီး အခြေအနေမျိုးတွင် ကျင့်ကြံခြင်း အဆင့်မတက်ခဲ့ဖူးပါ...
အင်း... အသက်အန္တရာယ် ရှိသည့် အခြေအနေမျိုးနှင့် မကြုံခဲ့ရဖူး ဟု ပြောလျှင် ပိုမှန်မည်လား...
မူလမသေမျိုးလက်နက်က သခင်အဖြစ် အသိမှတ်
ပြုသည့် ကိစ္စမှာလည်း ... သူ့ထံတွင် မူလမသေမျိုးလက်နက် များစွာရှိသည့်တိုင် ..
သူ ၎င်းတို့အားလုံးကို ကိုယ်ပိုင်အစွမ်းဖြင့်သာ သန့်စင်ခဲ့ရခြင်း ဖြစ်ပါသည်။
မူလမသေမျိုးလက်နက် တစ်ခုက သခင်အဖြစ် ဦးစွာအသိအမှတ်ပြုလာသည်ကို သူ တစ်ခါမှပင် မမြင်ဖူးခဲ့သေးပါ ။
ပြီးတော့.. အရှုပ်အထွေးခန္ဓာကိုယ် ...
သူ ထိုအရှုပ်အထွေးခန္ဓာကိုယ်ကို ကောင်းကင်ဘုံ ခန္ဓာကိုယ်သန့်စင်နည်းအား မိနစ်အနည်းငယ်ကြာ ကျင့်ကြံပြီးမှ ရခဲ့ခြင်းဖြစ်ပါ၏။
ထိုသူလို အန္တရာယ်ကြုံနေရချိန်တွင် ရခဲ့ခြင်းမဟုတ်ပါ ။
" ဟူး... ဒီ ကံတရားသားတော်က တကယ်ကို ယှဥ်လို့မရတာပဲ "
လောထျန်း စိတ်ထဲမှ သက်ပြင်းကြိတ်ချလိုက်သည်။
ထိုစဥ် သခင်ကြီးကျင့်က လောထျန်းအား ခေါင်းမော့ကြည့်လာကာ ပြော၏။
" ကောင်လေး.. အခုတော့ မင်း ဘယ်သူ့ကို စော်ကားလိုက်မိလဲ သိသွားပြီလား ။ မင်းက အင်မတန်အစွမ်းထက်တာ ငါ သိပါတယ် ။ ဒါပေမယ့် သခင်ကြီး ထျန်းရှန့်ကျီ ရှေ့မှာတော့ မင်းက ဘာမှမဟုတ်ဘူးကွ "
ထိုစကားကို ကြားချိန်တွင် လောထျန်း အတွေးနယ်ချဲ့နေရာမှ အသိပြန်ဝင်လာသည်။
သူ သခင်ကြီးကျင့်ဘက် လှည့်ကြည့်လိုက်၏။
ထို့နောက် .. သူ့မျက်နှာကြီး သုန်မှုန်သွားသည်။
ဝုန်း ...
သူ လက်သီးဖြင့် ထိုးချလိုက်ရာ သခင်ကြီးကျင့်၏ ကိုယ်ပေါ်၌ ဒဏ်ရာတစ်ခု ပေါ်လာ၏။
" မင်း.. ငါ့ကို ထိုးရဲသေးတယ်ပေါ့လေ "
သခင်ကြီးကျင့် အသံများပင် တုန်သွားတော့သည်။
လောထျန်းက အဘယ့်ကြောင့် သူ့အား ထိုးရဲနေရသေးသည်ကို သူ အမှန်တကယ်ပင် နားမလည်နိုင်ပါ ။
ထိုစဥ် လောထျန်းက သူ့ကိုကြည့်ကာ အေးစက်စက်ပြောလာ၏။
" ငါ ခုနက မင်းကို ပြောထားတယ်မဟုတ်လား ။ မင်းကို စကားပြောခွင့် ပေးလိုက်လို့လား "
" မင်း... "
သခင်ကြီးကျင့် လုံးဝ မှင်သက်သွားရတော့သည်။
ရှေ့မှ လောထျန်းက အဘယ့်ကြောင့် သူ့ကို ဤမျှ မလေးမစား လုပ်နေရပါသနည်း...
ထို့နောက် သူ အံအနည်းငယ် ကြိတ်၍ ..
ခွမ်း...
ကျောက်စိမ်းပြားတစ်ခုကို ဖိခြေလိုက်သည်။
လူရိပ်တစ်ခု ပေါ်လာ၏။
ဝုန်း ..
ထိုလူရိပ် ပေါ်လာသည်နှင့် ကောင်းကင်နှင့်မြေကြီး တမဟုတ်ချင်း တုန်ခါသွားပြီး ဘေးပတ်ဝန်းကျင်မှ မသေမျိုးစွမ်းအင်များလည်း ထိုနေရာသို့ စုစည်းလာကြဟန်တူသည်။
လောထျန်း ခေါင်းမော့ကြည့်လိုက်ရာ.. ထိုလူရိပ်က ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင်လည်း သုံးပေခန့် အမြင့်ရှိသည့် ရွှေရောင်သရဖူတစ်ခု ဆောင်းထားသည်ကို မြင်လိုက်ရသည်။
ထို ရွှေရောင်သရဖူ၏ ဘေးပတ်လည်တွင်ကား ရွှေရောင်နဂါးကိုးကောင်ကို ချိတ်ဆွဲထားပြီး ထို ရွှေရောင်နဂါးများပေါ်၌ ထူးခြားထွင်းစာများလည်း ရှိနေသေး၏။ ၎င်းနှင့်အတူ နဂါးရိပ်များလည်း မျောလွင့်နေကြသည်။
ထိုလူရိပ်၏ ဘေးတွင်လည်း အချုပ်အနှောင် ဆယ့်နှစ်ခု မျောလွင့်နေကာ ခပ်မှိန်မှိန် အရှုပ်အထွေး မသေမျိုးအလင်းတန်းတစ်ခု ထုတ်လွှတ်နေသည်။
ဝီ ...
ထိုစဥ်မှာပင်.. လူရိပ်၏ ခေါင်းပေါ်၌ ရှေးဟောင်းစာလုံးတစ်လုံး အရောင်လက်လာသည်။
ဧကရာဇ် ...
ထိုစာလုံး ပေါ်လာသည်နှင့် သူ့ထံမှ ဖိအားမှာလည်း ရုတ်ချည်းတိုးလာ၏။
ထို့နောက်တွင်မူ အရိပ်၏ မျက်လုံးများ ဖြည်းညင်းစွာ ပွင့်လာကာ သူ့ကိုယ်ပေါ်ရှိ ထွင်းစာများ ၊ အချုပ်အနှောင်များ ၊ နဂါးများ.. စသည့်အရာအားလုံး အရောင်တလက်လက် တောက်လာတော့သည်။ သူ့တစ်ကိုယ်လုံးလည်း နေတစ်စင်းလို တလက်လက်ဖြစ်နေပါတော့၏။
ဘေးပတ်လည်တွင်လည်း သူ့အား ကိုးကွယ်နေကြသော လူများ၏ မှိန်ဖျော့ဖျော့အရိပ်များ ရှိနေသ
ယောင်...
" ကောင်း.. ကောင်းကင်ဘုံသားတော် "
ထိုအချိန်တွင် လီချင်းယွမ်ထံမှ ကြောက်လန့်တကြား ရေရွတ်သံ ထွက်လာသည်။
လောထျန်းမှာလည်း အနည်းငယ် အံ့သြနေဟန်ဖြင့် တီးတိုးရေရွတ်၏။
" ဟိတ်ကြီးဟန်ကြီး နိုင်လိုက်တာကွာ "
ထိုသူမှာ အရိပ်တစ်ခုထက် ဘာမှ မပိုပါချေ ။
နတ်ဘုရားအသိစိတ်ပင် မရှိသေးဘဲ... ဤမျှလောက်ကြီး လုပ်နေစရာ လိုပါသလား ...
ဟိတ်ကြီးဟန်ကြီး မနိုင်လွန်းဘူးလား ...
ထိုစဥ် ကောင်းကင်ဘုံသားတော်က တစ်လုံးချင်း ပြောလာသည်။
" ကျင့်လင်းယန် ၊ ငါ့ကို ဘာဖြစ်လို့ ဒီကိုလာခိုင်းလိုက်ရတာလဲ "
ကျင့်လင်းယန်က မြန်မြန်ပင် ဒူးထောက်၍ ဆိုသည်။
" အရှင်မင်းမြတ်ကြီး ၊ ကျုပ်က... အရှင်မင်းကြီးရဲ့ ဇနီး အမိန့်အရ ထျန်းလင်ဂိုဏ်းကို လာရှင်းတာပါ ။ ဒါပေမယ့် မမျှော်လင့်ဘဲ ပြဿနာကြုံ... "
ထျန်းရှန့်ကျီက သူ့စကားဆုံးအောင် မစောင့်ဘဲ မျက်မှောင်ကြုံ့၍ ဖြတ်မေး၏။
" တစ်ယောက်ယောက်က ခုခံရဲနေတာလား "
ကျင့်လင်းယန် ခေါင်းညိတ်လိုက်သည်။
" ဟုတ်တယ်ဗျ ၊ အဲ့လူက ကျုပ် တိုက်ခိုက်တာကို တားခဲ့ရုံတင် မကဘူး .. ကျုပ်ကိုပါ ဒဏ်ရာရအောင် လုပ်ခဲ့... "
သူ ပြောပြောဆိုဆိုပင် လောထျန်းအား လက်ညိုးညွှန်ပြလိုက်သည်။
ကောင်းကင်ဘုံသားတော်က လောထျန်းဘက်သို့ ပြုံးရိပ်ဖြင့် လှမ်းကြည့်၏။
" ကောင်လေး.. မင်းက ကောင်းကင်ဘုံသားတော်ကို ဆန့်ကျင်ခဲ့တာ ဆိုတော့ သေဖို့ထိုက်တန်တယ် ။ ဒါ
ပေမယ့်.. ငါ မင်းရဲ့သတ္တိကိုတော့ လေးစားတယ်ကွ ။ အဲ့တော့ ဒူးထောက်ပြီး ငါ့အပေါ် သစ္စာရှိပါ့မယ်လို့ ကျိန်ပါ ။ အဲ့ကျရင် မင်းအသက်ကို ချမ်းသာပေးမယ် "
" ဟင်... "
လောထျန်း မျက်ခုံးပင့်သွားရသည်။
ယနေ့ ဘာတွေ ဖြစ်နေပါသလဲ ...
အပြင်ထွက်လိုက်တိုင်း ဘယ်လို လူထူးဆန်းတွေနဲ့ လာတွေ့နေရတာလဲ. .
ဒီနေ့ သူ ကံမကောင်းပါလား ...
လောထျန်း ဖြစ်သွားသည့်ပုံကိုကြည့်ရင်း ထျန်းရှန့်ကျီက အပြုံးဖြင့် ဆက်ပြောသည်။
" ငါ မင်းကို အရှက်ခွဲနေတယ်လို့ မတွေးနဲ့နော် ။ ဒီ ချင်းယွမ်ဒေသ တစ်ခုလုံးမှာတောင် ငါ့ရဲ့ နောက်လိုက်ခွေးဖြစ်ဖို့ အရည်အချင်းပြည့်တဲ့သူ အများကြီး မရှိဘူးကွ ။ ဒါ မင်းအတွက် အခွင့်ကောင်းကြီးပဲ "
လောထျန်း ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။
" အခွင့်ကောင်း.. ဟုတ်လား ၊ ချီးလို အခွင့်ကောင်းလား... "
ထျန်းရှန့်ကျီ၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖျတ်ခနဲလက်သွားသည်။
" ကောင်လေး ၊ အဲ့နည်းနဲ့ ငါ့အာရုံကို ဆွဲဆောင်ဖို့ မကြိုးစားနဲ့နော် ။ ငါ မင်းသတ္တိကို လေးစားတယ် ဆိုပေမယ့်... အဲ့ဒါက မင်းကိုငါ သည်းခံမယ်လို့တော့ အဓိပ္ပါယ်မရဘူး "
လောထျန်းကလည်း အေးစက်စက် ပြန်ပြော၏။
" မင်း ငါ့ကို သည်းခံစရာလဲ မလိုပါဘူးကွာ ။ မင်းရဲ့ ခန္ဓာကိုယ်အစစ်ကိုသာ ဒီကို လွှတ်လိုက် ၊ မင်းနဲ့ငါနဲ့ တစ်ပွဲတလမ်း နွဲကြတာပေါ့ "
ထျန်းရှန့်ကျီက လှောင်ပြုံးဖြင့် ဆိုသည်။
" ငါနဲ့ တိုက်ခိုက်မယ်.. ဟုတ်လား ။ ဒါပေမယ့် မင်းက ငါနဲ့အဲ့လိုတိုက်ဖို့ မတန်ဘူးလေ "
လောထျန်း ဆွံ့အသွားရတော့သည်။
သူ မည်သို့သော လူထူးဆန်းမျိုးနှင့်မှ လာတွေ့နေပါသနည်း ။
ပိုဒေါသထွက်စရာ ကောင်းသည်မှာ ၊ တဖက်လူက ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သဖြင့် သူ့အစွမ်းကို အသုံးချစရာ နေရာမရှိနေခြင်းပင် ။
ထိုစဥ် ထျန်းရှန့်ကျီက ကျင့်လင်းယန်အား ပြောလိုက်သည်။
" ကျင့်လင်းယန်.. အခု သူ့ကို လွတ်ပေးလိုက် ။ ပြီးရင် ပြန်လာခဲ့ ... မင်းကိုငါ ခိုင်းစရာ တခြားတစ်ခုရှိတယ် "
ထိုစကားကို ကြားသောအခါ ကျင့်လင်းယန် ချက်ချင်းဦးညွှတ်၍ ဆိုလိုက်သည်။
" ဟုတ်ကဲ့ပါ အရှင်မင်းမြတ် "
သူ ပြောပြီး ထွက်ခွာရန် ပြင်လိုက်၏။
သို့သော် ..
" ရပ်လိုက်စမ်း ၊ မင်းကို ဘယ်သူက သွားခွင့်ပေးလို့
လဲ "
လောထျန်း အေးစက်စက် ပြောလာသည်။
" ဟင်.... "
ကျင့်လင်းယန် မှင်သက်သွားပြီး ထျန်းရှန့်ကျီဘက်သို့ အကူအညီတောင်းလိုဟန်ဖြင့် လှမ်းကြည့်လိုက်သည်။
ထျန်းရှန့်ကျီက လောထျန်းအား အထင်သေးသည့် မျက်လုံးဖြင့် လှည့်ကြည့်၏။
" ကောင်လေး... ဒီနေ့ ငါ မင်းကို လက်ဆောင်တွေအများကြီး ပေးထားတာနော် ။ ငါ့သည်းခံနိုင်စွမ်းကို ဆက်ပြီး မစမ်းသပ်နဲ့ "
သူ အေးစက်စက် ပြောသည်။
လောထျန်းကလည်း အေးစက်စက်ပင် ပြန်ပြော၏။
" မင်းရဲ့ သည်းခံနိုင်စွမ်း ဘယ်လောက်ရှိလဲဆိုတာ ငါ စိတ်မဝင်စားဘူး ။ ဒီကောင်ကတော့ ဒီနေ့ သေကိုသေရမှာ "
သူ ပြောကာ ကျင့်လင်းယန်အား လက်ဝါးဖြင့် ရိုက်လိုက်သည်။
" မဖြစ်ဘူး... "
ကျင့်လင်းယန် တုန်လှုပ်သွားကာ ၎င်းကို သူ့လက်နှစ်ဖက်ဖြင့် တားရန် ကြိုးစားလိုက်၏။
သို့သော် ... ရပါမည်လား ..
ဝုန်း ...
လောထျန်း၏ လက်ဝါးရိုက်ချက်ဖြင့် ကျင့်လင်းယန် တစ်ကိုယ်လုံး အပိုင်းပိုင်းဖြစ်သွားပြီး ..
သူ့စိတ်ဝိဥာဥ်မှာလည်း ပြိုကွဲသွားတော့၏။
" မင်း... "
ထျန်းရှန့်ကျီမှာ လောထျန်းက ထိုသို့ တိုက်ခိုက်လာမည်ဟု ထင်မထားခဲ့ပါချေ။
သူ လောထျန်းအား လူသတ်အရိပ်အငွေ့ ပြည့်နေ
သော မျက်လုံးများဖြင့် စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
" ကောင်လေး.. ငါ့ကို အာခံရင် ဘာဖြစ်မယ်ဆိုတာ မင်း မသိဘူးလား "
သူ အေးစက်စက် ပြောလိုက်၏။
လောထျန်း သူ့အား အေးစက်စက် ပြန်ကြည့်လိုက်သည်။
" အဓိပ္ပါယ် မရှိတာတွေ လျှောက်ပြောမနေနဲ့ ။ ဒီနေရာက ထျန်းလင်ဂိုဏ်းပဲ... မင်း သတ္တိရှိရင် ဒီကိုလာခဲ့ကွာ "
လောထျန်း ထိုလူအား သည်းမခံနိုင်တော့ပါချေ။
ထိုကောင်၏ ခန္ဓာကိုယ်အစစ်ကိုသာ ဤနေရာသို့ ရောက်လာစေချင်ပါ၏။
ဘေးမှ ကြည့်နေသော လီချင်းယွမ်မှာကား ကြောက်ရွံ့တုန်လှုပ်လျက် ...
" ထျန့်ကျီတောင်က တကယ်ကို ကြောက်စရာ
ကောင်းတာပဲ ။ သူက ကောင်းကင်ဘုံသားတော်နဲ့တောင် တိုက်ခိုက်တော့မှာလား ။ ထျန့်ကျီတောင်သခင်ကြီးရဲ့ အစွမ်းက ကြောက်စရာကောင်းတာ မှန်ပေမယ့်... ကောင်းကင်ဘုံသားတော်ကလဲ ကံတရားသားတော် တစ်ယောက် ဖြစ်တဲ့အတွက် အမြဲတမ်း ပြိုင်ဘက်ကင်း ဖြစ်နေခဲ့တာလေ ။ သူသာ တကယ်ရောက်လာရန် အခြေအနေ ဆိုးမသွားနိုင်ဘူးလား "
လီချင်းယွမ် တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားရတော့သည်။
ထိုစဥ် ထျန်းရှန့်ကျီက အေးစက်စက် နှာခေါင်းရှုံ့၍ ပြော၏။
" ကောင်လေး... လောလောဆယ်မှာ ငါက ကောင်းကင်ဘုံမသေမျိုး အဆင့်အတွက် ကျင့်ကြံနေတာမို့ တခြားကိစ္စတွေအပေါ် အာရုံမစိုက်နိုင်မှန်း မင်းသိထားလို့ အဲ့လိုစကားမျိုး ပြောနေတာမဟုတ်လား.
" မင်းလို ပုရွက်ဆိတ်လေးကများ ငါ့စိတ်ကို နောက်ကျိအောင်လုပ်လို့ ရမယ်ထင်နေတာလား ။ ကောင်းတယ်ကွာ... မင်းက ငါ့ကို ဒေါသထွက်အောင်တော့ လုပ်လိုက်နိုင်ပါတယ် ။ စိတ်ချလိုက်ပါ ... ငါ ကျင့်ကြံခြင်း အဆင့်တက်ပြီးတာနဲ့ မင်းတို့
ဂိုဏ်းတစ်ခုလုံးကို လာရှင်းပစ်မယ် "
ဂိုဏ်းတစ်ခုလုံးကို ရှင်းပစ်မယ်တဲ့လား ..
လောထျန်း ဆက်သည်းမခံနိုင်တော့ပါချေ...
" မြေးလေး ၊ မင်းအခု ဘယ်မှာလဲပြော ။ မင်း မလာရဲဘူးဆိုရင် ငါကိုယ်တိုင် မင်းကို လာရှာမယ် ။ ဟုတ်ပြီလား "
လောထျန်း ထျန်းရှန့်ကျီကို စိုက်ကြည့်ကာ ပြောလိုက်သည် ။
" မင်း... သေဖို့ပဲ တန်တယ် ။ ကောင်လေး.. ငါ ကျင့်ကြံရာကနေ ထွက်လာတာနဲ့ မင်းကို ကိုယ်တိုင်လာသတ်မယ် "
ထျန်းရှန့်ကျီမှာ နောက်ဆုံး စိတ်မထိန်းနိုင်တော့ဟန်ဖြင့် ဒေါသတကြီး အော်လိုက်တော့သည်။