← Chapters

အခန်း (၇၈၂)

Vol. 56 Ch. 782

အခန်း (၇၈၂)

Vol. 56 Ch. 782

" မြေးလေး... လာလေ "

လောထျန်း တဖက်လူအား လက်ညိုးတထိုးထိုးဖြင့် စိန်ခေါ်လိုက်သည်။

ဘေးမှ လီချင်းယွမ်မှာကား သူတို့ကို ကြည့်ပြီး မှင်သက်နေရှာတော့၏။

ဘာတွေ ဖြစ်နေပါသလဲ ...

ထိုနှစ်ယောက်တွင် တစ်ယောက်မှာ ကံတရားသားတော်ဟု သတ်မှတ်ခံထားရသူဖြစ်ပြီး ..

ကျန်တစ်ယောက်မှာ ထျန့်ကျီတောင်သခင်ကြီး ဖြစ်ပါသည်။

ထိုသို့ အစွမ်းထက်လှသော လူနှစ်ယောက်က သူ့ရှေ့တွင် တစ်ယောက်ကိုတစ်ယောက် ကျိန်ဆဲစိန်ခေါ်နေကြပါ၏။

ထို့အပြင်.. သူတို့ ပြောဆိုနေကြသည့် ပုံမှာလည်း

လမ်းဘေးမှ လူမိုက်များနှင့် မခြားလှပါချေ ...

ထျန်းရှန့်ကျီ ဒေါသကြောင့် မျက်နှာကြီး ဖြူရော်သွားကာ လောထျန်းအား ပြန်အော်သည်။

" စောင့်နေလိုက်ပါကွာ ။ နောက် ခြောက်လနေရင်.. မဟုတ်သေးဘူး.. အလွန်ဆုံးမှ သုံးလပဲ.. အဲ့ကျ ငါ ကျင့်ကြံရာက ထွက်လာရင် မင်းကို ကိုယ်တိုင်လာသတ်မယ် ။ အဲ့ကျမှ ထွက်မပြေးနဲ့ "

လောထျန်း အေးစက်စက် နှာခေါင်းရှုံ့လိုက်၏ ။

" ကောင်းပြီလေ ၊ မင်းကို ငါ သုံးလ စောင့်ပေးမယ် ။ ငါ့နာမည်ကိုလဲ သေချာမှတ်ထား... လောထျန်း တဲ့.. "

" လောထျန်း... ငါ သေချာမှတ်ထားမယ် "

ထျန်းရှန့်ကျီ အေးစက်စက် ပြန်ပြောလိုက်သည်။

ထို့နောက်.. လောထျန်း လက်ယမ်းလိုက်ရာ..

ဝုန်း ..

ထျန်းရှန့်ကျီ၏ အရိပ် ပြိုကွဲသွားတော့သည်။

" မင်းလိုကောင်ကများ ငါ့ကို လူမိုက်လိုလာဖြဲနေတာ "

လောထျန်း အေးစက်စက် ပြောလိုက်သည်။

လီချင်းယွမ်မှာကား ပါးစပ်အဟောင်းသားဖြင့် ဆွံ့အမှင်သက်လျက် ...

သူ လောထျန်းအား အူကြောင်ကြောင်သာ ကြည့်နေမိပါတော့သည်။

ထိုစဥ် လောထျန်းက ဘေးသို့ တစ်ချက်လှည့်ကြည့်လိုက်ရာ.. လက်နက်ကိုယ်စီ ကိုင်ထားကြသော သွေးနီလမင်းဂိုဏ်းသားများအား တွေ့သွားသည်။

သူ့ ဒေါသကို ဖြေစရာနေရာ တွေ့သွားလေပြီ ။

" မင်းတို့တွေက ဟို ကောင်းကင်ဘုံသားတော်ရဲ့ လက်အောက်ကလူတွေ မဟုတ်လား "

သူ အေးစက်စက် မေးလိုက်၏။

ဂလု...

သွေးနီလမင်းဂိုဏ်းသားတစ်ယောက် တံတွေးမြိုချပြီး နောက်လှည့်ထွက်ပြေးရန် ကြိုးစားလိုက်သည်။

ထို့နောက်... ကျန် သွေးနီလမင်းဂိုဏ်းသားများ အားလုံးလည်း ထွက်ပြေးရန် ကြိုးစားလိုက်ကြ၏။

လောထျန်း မျက်ခုံးပင့်သွားကာ လှုပ်ရှားလိုက်တော့သည်။

စက္ကန့်အနည်းငယ် ကြာပြီးချိန်တွင်ကား ... တဖက်လူများ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြတော့၏။

သွေးနီလမင်းဂိုဏ်းမှ လူများအားလုံး အသတ်ခံလိုက်ကြရကာ တစ်ယောက်မှ အသက်ရှင်ရက် မကျန်ခဲ့တော့ပါချေ ။

" ဒါ... "

လီချင်းယွမ်မှာ ဆွံ့အနေမြဲ ....

" ဒါ.. ထျန့်ကျီတောင်သခင်ကြီးရဲ့ အစွမ်းအစစ်လား... အစွမ်းထက်လိုက်တာ ။ တကယ်ကြီးကို အစွမ်းထက်တာပဲ ။ သူ ဘယ်လိုတိုက်ခိုက်လိုက်လဲ ဆိုတာတောင် မမြင်လိုက်ရဘူး ။ ဒီအစွမ်းနဲ့ဆို... သူ ကောင်းကင်ဘုံသားတော်ကို ခုခံနိုင်မယ်နဲ့တူတယ် "

လီချင်းယွမ် စိတ်ထဲမှ သက်ပြင်းကြိတ်ချလိုက်သည်။

ထိုစဥ် လောထျန်းက သုန်မှုန်နေသော မျက်နှာကြီးဖြင့် လီချင်းယွမ်ရှေ့ ရောက်လာ၏။

" ကျုပ်ကို သေချာပြောဦး ၊ ဒီမှာ ဘာတွေဖြစ်သွားခဲ့တာလဲ "

လောထျန်း မေးလိုက်သည်။

လီချင်းယွမ်မှာ ထိုတခဏ၌ ရေခဲဂူကြီး တစ်ခုထဲသို့ ရောက်သွားသလိုပင် ခံစားလိုက်ရပါသည်။

လောထျန်းဆီမှ ထွက်နေသော ဖိအားမှာ ကြောက်မက်ဖွယ်ပါပင် ..

" ကျွန်မ ရှင်းပြပါ့မယ် သခင်ကြီး ... "

လီချင်းယွမ်တစ်ယောက် ကြောက်လွန်း၍ စကားမထွက်နိုင်ဖြစ်နေစဥ်တွင် ချင်းလေးထံမှ အသံထွက်လာသည်။

လောထျန်း သူမဘက် လှည့်ကြည့်လိုက်၏။

ချင်းလေးက တုန်တုန်ယင်ယင်ဖြင့် ပြောရှာသည်။

" ကျွန်မတို့ ထျန်းလင်ဂိုဏ်း နဲ့ သွေးနီလမင်းဂိုဏ်းက အရင်ထဲက ပြဿနာတွေ ရှိခဲ့ကြတာပါ ။ တိုက်ပွဲတွေလဲ အများကြီး ဖြစ်ခဲ့ဖူးတယ် "

" အရင်ကတော့ ကျွန်မတို့ အဖွဲ့နှစ်ခုက လက်ရည်အတူတူပါပဲရှင် ။ ကျွန်မရဲ့အဘိုး သူ့အစွမ်းပြည့်ကို ပြန်ရလာပြီးတဲ့နောက်မှာ ထျန်းလင်ဂိုဏ်းက သူတို့ထက်တောင် ရှေ့ကို တစ်လှမ်းပိုရောက်နေသေးတယ် "

" ဒါပေမယ့်... သိပ်မကြာခင်ကတော့.. သွေးနီလမင်းဂိုဏ်းရဲ့ နတ်ဘုရားသခင်မကြီးက ကောင်းကင်ဘုံသားတော်ရဲ့ မောင်းမ ဖြစ်သွားခဲ့တယ် ။ ကောင်းကင်ဘုံသားတော်ကိုတော့ သခင်ကြီး

လဲ သိတာပဲရှင်။ သူနဲ့ နည်းနည်းလေး ဆက်ဆံရေးရှိလိုက်တာနဲ့ သူ့လက်အောက်မှာ အလုပ်လုပ်ပေးနေကြတဲ့သူတွေက အများကြီးပဲ "

" ဒီတစ်ခေါက် သခင်ကြီးကျင့် ကျွန်မတို့ကို တိုက်ခိုက်ခဲ့တာကလဲ အဲ့လူကြောင့်ပဲ ။ သခင်ကြီးသာ လာမကူညီပေးရင်.. ကျွန်မတို့ ထျန်းလင်ဂိုဏ်းက. .. ဖျက်ဆီးခံရလောက်ပြီ "

သူမ ပြောပြီး ငိုနေရှာတော့သည်။

လောထျန်း ခေါင်းညိတ်လိုက်၏။

" ကျုပ် သဘောပေါက်ပြီ ။ အဲ့ သွေးနီလမင်းဂိုဏ်း ဘယ်မှာရှိလဲဆိုတာ ခင်ဗျားတို့သိလား "

ချင်းလေး ခေတ္တမျှ အံ့အားသင့်သွားပြီးမှ ခေါင်းညိတ်ပြလိုက်သည်။

" သိပါတယ် "

" အခု လှုပ်ရှားနိုင်ကြသေးတဲ့ သူတွေအားလုံးကို ခေါ်ပြီး ကျုပ်နောက် လိုက်ခဲ့ကြ "

လောထျန်း ပြောလိုက်၏။

" အင်... ဘာလုပ်မလို့လဲ သခင်ကြီး "

တဖက်မှ မြေးအဘိုးနှစ်ယောက် မှင်သက်သွားကြသည်။

" သူတို့ဂိုဏ်းကို ဖျက်ဆီးမလို့ "

လောထျန်း ခက်ထန်စွာ ပြောလိုက်၏။

တဖက်လူနှစ်ယောက်မှာ အနည်းငယ် အံ့အားသင့်နေကြသည့်တိုင် လောထျန်း၏ အမိန့်အတိုင်း ရာချီသော လူအုပ်ကို စုဝေးစေလိုက်သည်။

ထို့နောက်တွင်.. လောထျန်းကိုယ်တိုင် လုပ်သော တည်နေရာရွှေ့ပြောင်းခြင်း အစီအမံကို သုံး၍ သူတို့အားလုံး ထျန်းလင်ဂိုဏ်းမှ ထွက်သွားကြ၏။

တဖက် .. သွေးနီလမင်းဂိုဏ်း အပြင်ဘက်၌ ..

ဝီ ...

လေထု မငြိမ်မသက်ဖြစ်လာကာ တည်နေရာရွှေ့ပြောင်း အစီအမံတစ်ခု ပေါ်လာသည်။

" ဟင်.. ဂိုဏ်းချုပ်ကြီးနဲ့ တခြားသူတွေ ပြန်ရောက်လာကြပြီလား ။ ဒီတစ်ခေါက်တော့ ထျန်းလင်ဂိုဏ်း ဖျက်ဆီးခံလိုက်ရပြီနဲ့ တူတယ် "

" မေးနေစရာတောင် လိုသေးလို့လားကွာ ။ သခင်ကြီးကျင့် တောင် ပါသွားမှတော့ ဘာမဟုတ်တဲ့ ထျန်းလင်ဂိုဏ်းက ဘယ်လိုလုပ် ကျန်တော့မှာလဲ "

" ငါ ဒီတစ်ခေါက် ဂိုဏ်းကို စောင့်ကြပ်ဖို့ တာဝန်ကျတာ နာတာပဲကွာ။ မဟုတ်ရင် ထျန်းလင်ဂိုဏ်းကို လိုက်သွားပြီး အားလုံးကို သတ်ပစ်မှာ ။ ပြီးရင် သူတို့ဆီကနေ ဂိုဏ်းသူလေး တစ်ယောက်လောက်ရော ပြန်ခေါ်လာလို့ရတယ် "

လူများ တစ်ယောက်တစ်ပေါက် ပြောပြီး အော်ရယ်လိုက်ကြသည်။

ထိုစဥ်မှာပင် ...

ဝီ ...

လေထု တည်ငြိမ်သွားကာ.. လောထျန်းတို့လူစု ထွက်လာ၏။

" ဟင်.. မင်းက ဘယ်သူလဲ "

သွေးနီလမင်းဂိုဏ်းမှ အကြီးအကဲမှာ လောထျန်းကို မြင်ပြီး အံ့သြသွားသည်။

သူ ဆက်ပြောရန် ပြင်လိုက်စဥ်မှာပင် ..

ဝုန်း ...

လောထျန်းက သူ့အား လက်ညိုးညွှန်လာရာ.. အကြီးအကဲ အပိုင်းပိုင်း ဖြစ်သွားတော့သည်။

သူ့ခန္ဓာကိုယ်ရော ၊ စိတ်ဝိဥာဥ်ပါ ပြိုကွဲသွားခဲ့ခြင်းပင်...

" ရန်သူတွေဟေ့... ရန်သူတွေ တိုက်ခိုက်နေကြပြီ "

" အကာအကွယ်အစီအမံကို အသက်သွင်းဟေ့ ၊ မြန်မြန်လုပ်ကြ "

လူတစ်စု ထိတ်လန့်တကြား အော်ဟစ်ကာ အကာအကွယ်အစီအမံကို မြန်မြန်အသက်သွင်းရန် ကြိုးစားလိုက်ကြသည်။

ဝီ ...

ထို့နောက်တွင်.. သွေးနီရောင် လမင်းတစ်စင်းက သူတို့ဂိုဏ်းတစ်ခုလုံးကို ကာကွယ်ပေးလာ၏။

" သခင်ကြီး ၊ သူတို့ရဲ့ အကာအကွယ်အစီအမံက အင်မတန် အစွမ်းထက်တယ်ဗျ ။ ကျုပ်တို့နဲ့ သူတို့ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် တိုက်ခိုက်ခဲ့ဖူးပြီးတော့.. ကျုပ်တို့ဘက်ကနေ သူတို့ကို အများကြီးလဲ နိုင်ခဲ့ဖူးတယ် ။ ဒါပေမယ့် နောက်ဆုံးမှာတော့ အဲ့ အစီအမံကြောင့်ပဲ ရှေ့ဆက်မတိုးနိုင် ဖြစ်ခဲ့ရတာ ။ ကြားထားတဲ့ သတင်းအတိုင်းဆိုရင်.. အဲ့ဒါ ကြောက်စရာကောင်းတဲ့ အဆင့်လေး မသေမျိုးအစီအမံ တဲ့ "

လီချင်းယွမ် က လောထျန်းအား ရှင်းပြလိုက်သည်။

သူ့စကားကြောင့် လောထျန်း အနည်းငယ် အံ့အားသင့်သွား၏။

" အဆင့်လေး မသေမျိုးအစီအမံ ကို.. ကြောက်စရာ

ကောင်းတယ်.. ဟုတ်လား "

သူ ဆွံ့အနေပါတော့သည်။

" ဟား ဟား.. ထျန်းလင်ဂိုဏ်းက အမှိုက်တွေ ၊ ခုတော့ ဘာတတ်နိုင်သေးလဲ ။ အကာအကွယ်အစီအမံကို မင်းတို့ ဘာမှမလုပ်နိုင်ဘူး မဟုတ်လား "

ထိုစဥ် အစီအမံ အတွင်းထဲမှ သွေးနီလမင်းဂိုဏ်း အကြီးအကဲတစ်ယောက်က အသံကျယ်ဖြင့် အော်ရယ်ရင်း ပြောလာ၏။

သူတို့ဂိုဏ်း၏ အကာအကွယ်အစီအမံမှာ ပြိုင်ဘက်ကင်းဟုလည်း သူ့စိတ်ထဲ သတ်မှတ်ထားပါသည်။

သို့သော် ထိုစဥ် လောထျန်းက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

" အိုး... မင်းက အစီအမံကို ချိုးဖျက်ချင်သေးတာလား ။ ကောင်လေး.. ကိုယ့်အစွမ်းကို အလကား အကုန်မခံပါနဲ့ကွာ ။ ငါတို့ဂိုဏ်းရဲ့ အကာအကွယ်အစီအမံကို ပြီးခဲ့တဲ့ နှစ်တစ်သောင်းအတွင်းမှာ ဖျက်ဆီးနိုင်တဲ့သူ တစ်ယောက်မှ မရှိ ..... "

အကြီးအကဲ ရယ်ရင်း ပြောလာ၏။

သို့သော် သူ့စကား မဆုံးခင်မှာပင် ... လောထျန်း လက်ဆန့်ထုတ်လိုက်သည်။

ဝုန်း ...

အကာအကွယ်အစီအမံမှာ စာရွက်တစ်ရွက်အလား.. အပိုင်းပိုင်းအစစ ပြိုကွဲသွားတော့၏။

" ဘယ်လိုဖြစ်ပြီးတော့... "

၎င်းကိုကြည့်နေသော သွေးနီလမင်းဂိုဏ်းမှ လူများ မှင်သက်သွားကြသလို ...

ထျန်းလင်ဂိုဏ်းမှ လူများလည်း မှင်သက်ကုန်ကြသည်။

သူတို့ ထျန်းလင်ဂိုဏ်းကို နှစ်ပေါင်းများစွာကြာ ဒုက္ခပေးလာခဲ့သော အစီအမံက အလွယ်တကူ ပြိုကွဲသွားသတဲ့လား ။

ထိုစဥ် လောထျန်းကမူ စိတ်ပျက်လက်ပျက်ဟန်ဖြင့်သာ ခေါင်းယမ်းလိုက်ပါသည်။

" ဒီလိုအမှိုက်မျိုးကို ထိရတာတောင် စိတ်ညစ်စရာကြီး "

သူ ပြောပြောဆိုဆိုပင် လက်တစ်ဖက်ဖြင့် အစီအမံအချို့ လုပ်လိုက်၏။

ဝီ ...

သူ့ခေါင်းပေါ်၌ ဝိဥာဥ်တစ်ရာ ကားချပ်လိပ် ပေါ်လာသည်။

ထို့နောက် လောထျန်းက ကားချပ်လိပ်တစ်နေရာသို့ လက်ညိုးညွှန်လိုက်ရာ.. အထဲမှ မိစ္ဆာဝိဥာဥ်တစ်ကောင် ပျောက်ကွယ်သွားပြီး... အပြင်သို့ ပျံထွက်လာ၏။

ဝုန်း ...

ထို မိစ္ဆာဝိဥာဥ်ဘုရင်ကြီး၏ အရောင်အဝါမှာလည်း ကြောက်စရာ ကောင်းလှပါသည်။

၎င်းဆီမှ ထွက်နေသော အရောင်အဝါကြောင့် လူများ အသက်ရှူပင် ကျပ်သွားကြ၏။

လီချင်းယွမ်မှာလည်း ၎င်းကိုကြည့်ရင်း နှလုံးခုန် မြန်လာတော့သည်။

" ထျန့်ကျီတောင် သခင်ကြီးလို့ မပြောရဘူး.. သူ့လက်အောက်မှာ အဲ့လို မိစ္ဆာဝိဥာဥ်ကြီးတစ်ကောင် တကယ်ရှိနေတာပဲ "

သူ စိတ်ထဲမှ ရေရွတ်ပြီး မိစ္ဆာဝိဥာဥ်ဘုရင်ကြီး နှင့် လောထျန်းအား ကြောက်ရွံ့စွာ ကြည့်လိုက်သည်။

ထိုစဥ် လောထျန်းက မိစ္ဆာဝိဥာဥ်ဘုရင်ကြီး ၊ ဝူရှန့်အား အမိန့်ပေးလိုက်၏။

" တောင်ပေါ်မှာ ရှိကြတဲ့ ရန်သူတွေအားလုံးကို ရှင်းပစ်လိုက် "

အသိစိတ် မရှိတော့သော ဝူရှန့် ခေါင်းညိတ်ကာ လူသတ်စက်ရုပ်ကြီးတစ်ခုလို သွေးနီလမင်းဂိုဏ်းထဲ

သို့ ပြေးဝင်သွားတော့သည်။

ချက်ချင်းမှာပင် အော်ဟစ်ငိုကြွေးသံများနှင့် သတ်ဖြတ်သံများ ထွက်လာပါ၏။

အချိန် တခဏကြာပြီးနောက်တွင်မူ... သွေးနီလမင်းဂိုဏ်း တစ်ခုလုံး ပြန်တိတ်ဆိတ်သွားသည်။

ဝူရှန့်က ဝိဥာဥ်တစ်ရာကားချပ်လိပ်ထဲ ပြန်ဝင်ကာ ပျောက်ကွယ်သွား၏။

လောထျန်းနောက်ရှိ ထျန်းလင်ဂိုဏ်းမှ လူများမှာ... အူကြောင်ကြောင် မျက်နှာလေးများဖြင့် ပါးစပ်အဟောင်းသား ....

လောထျန်း အားလုံးကို တစ်ချက်လှည့်ကြည့်ကာ ပြောလိုက်သည်။

" မင်းတို့က ဘာရပ်လုပ်နေကြတာလဲ ။ တောင်ပေါ်တက်ပြီး သယ်လို့ရတာ အားလုံး သွားသယ်ကြလေ "

ဤထုံးစံကို ဖျက်၍ ရပါမည်လား ....

All Chapters