← Chapters

အခန်း (၇၈၄)

Vol. 56 Ch. 784

အခန်း (၇၈၄)

Vol. 56 Ch. 784

သူ့စကားကို ကြားပြီးနောက် အားလုံး တိတ်သွားကြ၏။

မှန်ပါသည် ။ ထျန့်ကျီတောင်မှာ သူတို့အတွက် အန္တရာယ်များသည် ဆိုသည့်တိုင်.. လက်ရှိတွင် သူတို့ အသက်ဆက်ရှင်နိုင်မည့် တစ်ခုတည်းသော နေရာပင်...

အားလုံး စိတ်ပြန်ငြိမ်သွားကြသည်ကို တွေ့မှ လီချင်းယွမ် စကားဆက်သည်။

" ကဲ.. အားလုံး ဒီမှာ ခဏလောက် နားလိုက်ကြဦး ။ ငါ သခင်ကြီးကို သွားတွေ့လိုက်ဦးမယ် "

ထို့နောက် သူ ထျန့်ကျီတောင် အတွင်းပိုင်းထဲသို့ ဝင်သွားလိုက်၏။

လောထျန်း၏ အိမ်သို့ သူ ရောက်ဖူးပြီးသား ဖြစ်သော်လည်း ... ထပ်ရောက်ချိန်၌ ပြန်တုန်လှုပ်သွားရဆဲပါပင်..

" ကျုပ် လီချင်းယွမ်ပါ သခင်ကြီး "

လီချင်းယွမ် ခပ်လှမ်းလှမ်းမှ ဒူးထောက်၍ ပြောလိုက်သည်။

" ပြန်ထပါဗျာ "

လောထျန်းက ပေါ့ပေါ့ပါးပါးပင် ပြောလာ၏။

" ဟုတ်ကဲ့ "

လီချင်းယွမ် ကြောက်စိတ်မပြယ်သေးဘဲ ထရပ်လိုက်သည်။

ထိုစဥ် လောထျန်းက ရုတ်တရက် မေးလာ၏။

" ဒါနဲ့.. ကျုပ် မှတ်မိတာတော့ ခင်ဗျား ကျုပ်ကို မျောလွင့်တိမ်တိုက်ငှက်မွေး ပေးမယ်လို့ ပြောခဲ့တာ မဟုတ်လား "

လီချင်းယွမ်၏ နဖူးပြင်တစ်ခုလုံး ချွေးပြန်သွားပြီး ခေါင်းညိတ်လိုက်သည်။

" ဟုတ်ပါတယ် သခင်ကြီး "

ထိုစဥ် သူ အလွန်လည်း စိုးရိမ်ကြောက်လန့်နေပါ၏။

လောထျန်းက အစောတည်းက ထိုပစ္စည်းကို ရှာပေးရန် သူ့အားပြောခဲ့ပြီး ... သူ ထိုစဥ်က မသိဟန်ဆောင်ခဲ့သည် မဟုတ်ပါလား ..

ယခု သူ့အသက် အန္တရာယ်နှင့် ကြုံရမှ ၎င်းကို ထုတ်ပေးမည်ဟု ပြောခဲ့ခြင်းဖြစ်ရာ.. သူ တဖက်လူအား လှည့်စားခဲ့ကြောင်း အသိသာပါပင် ။

ထို့အပြင် သူ့ရှေ့မှ လူမှာ သာမာန်လူတစ်ယောက်မဟုတ်ဘဲ ထျန့်ကျီတောင်သခင်ကြီး ဖြစ်ပါသည်။

အကယ်၍ လောထျန်းသာ ဒေါသထွက်သွားပါက.. သူ အသက်ရှင်နိုင်ပါဦးမည်လား...

" ဘယ်တုန်းက ရှာတွေ့ခဲ့တာလဲ "

ဘောထျန်းကမူ ထိုအသေးစိတ်အချက်ကို သတိထားမိပုံ မရဘဲ စိတ်ဝင်တစားသာ မေးလာသည်။

လီချင်းယွမ်မှာလည်း လောထျန်းက တိုက်ရိုက်မတိုက်ခိုက်လာသဖြင့် စိတ်သက်သာရာ ရပြီး သက်ပြင်းချနိုင်သွား၏။

" တကယ်တော့... မျောလွင့်တိမ်တိုက်ငှက်မွေး ရှိတဲ့နေရာကို ကျုပ် သိထားတာ ကြာပါပြီသခင်ကြီးရယ် ။ ဒါပေမယ့်... အဲ့ငှက်မွေးက ကျုပ်အသက်ကို ကယ်ခဲ့တဲ့သူနဲ့ ပတ်သက်နေတာမို့ သခင်လေး အရင်မေးတဲ့အချိန်မှာ ကျုပ် မသိချင်ယောင် ဆောင်ခဲ့မိတာပါ "

လီချင်းယွမ်မှာ ပြောနေရင်း အပြစ်ရှိသလို ပိုပို၍ ခံစားလာရ၏။

လောထျန်း မျက်မှောင်ကြုံ့သွားသည်။

" အခု ခင်ဗျားက ထုတ်ပြောလာတာဆိုတော့.. အဲ့ကယ်တင်ရှင်ရဲ့ အသက် သေမှာ၊မသေမှာကို မစိုးရိမ်တော့ဘူးဆိုတဲ့ သဘောလား "

လီချင်းယွမ်၏ မျက်နှာထား အနည်းငယ်ပြောင်းသွားပြီးမှ ပြန်ပြော၏။

" သခင်ကြီး ၊ ကျုပ်တို့ ထျန်းလင်ဂိုဏ်းမှာ တစ်ယောက်ရဲ့ အသက်ကို တခြားတစ်ယောက်နဲ့ လဲလှယ်နိုင်တဲ့ လျှိူ့ဝှက်နည်းလမ်းတစ်ခု ရှိပါတယ် ။ အဲ့တော့... ကျုပ် ကျေးဇူးရှင်ရဲ့ အသက်ကို မထိခိုက်ပဲနဲ့ သခင်ကြီးအတွက် မျောလွင့်တိမ်တိုက်ငှက်မွေးကို

ယူပေးလို့ရပါတယ် "

လောထျန်း ချက်ချင်း သဘောပေါက်သွားပါသည်။

" အသက်ကို အသက်နဲ့ လဲတာလား ။ ဒါဆို ခင်ဗျားရဲ့အသက်ကို အဲ့ဒါနဲ့ လဲမယ်ဆိုတဲ့ သဘောပေါ့ "

လီချင်းယွမ် ခေါင်းညိတ်လိုက်၏။

" ဟုတ်ပါတယ် "

လောထျန်း မျက်နှာထား အနည်းငယ်အေးစက်သွားကာ တဖက်လူကို ကြည့်၍ ပြောလိုက်သည်။

" ခင်ဗျား.. ကျုပ်ကို လိမ်ခဲ့တယ် "

ဘုတ်...

လီချင်းယွမ် ချက်ချင်း ဒူးတစ်ဖက် ထောက်လိုက်၏။ သူ့နဖူးမှ ချွေးများလည်း စီးကျလာသည်။

ထိုတခဏ၌ ထျန့်ကျီတောင် တစ်ခုလုံးက သူ့အား ဖိနှိပ်လာသလိုလည်း ခံစားလိုက်ရပြီး အသက်ရှူရန်ပင် ခက်သွားပါသည်။

သို့သော်.. ကံကောင်းစွာပင် လောထျန်းက ဆက်ပြောလာပါ၏။

" ဒါပေမယ့် ခင်ဗျားမှာလည်း အကြောင်းပြချက်ကောင်း ရှိနေတဲ့အတွက် ကျုပ် ဒီတစ်ခါတော့ ခွင့်လွတ်ပေးလိုက်မယ် ။ ကျုပ်ကို အဲ့ ငှက်မွေးရှိတဲ့ဆီ ခေါ်သွားပါ "

လီချင်းယွမ် သက်ပြင်းရှည်ကြီး ချကာ ခေါင်းညိတ်လိုက်သည်။

" ဟုတ်ကဲ့ပါ သခင်ကြီး "

ထို့နောက်တွင်.. သူ လောထျန်းကို ဦးဆောင်၍ ထျန့်ကျီတောင်မှ ထွက်လာခဲ့လိုက်၏။

လောထျန်းက လီချင်းယွမ်၏ လမ်းပြမှုအတိုင်း ဆက်တိုက် တည်နေရာရွှေ့ပြောင်းသွားပြီး အချိန် တခဏအတွင်း မိုင်သောင်းချီ အကွာအဝေးအထိ ရောက်သွားခဲ့သည်။

လီချင်းယွမ်မှာ လောထျန်းတစ်ယောက် တည်နေရာရွှေ့ပြောင်းခြင်း အစီအမံ မလိုအပ်ဘဲ တည်နေရာရွှေ့ပြောင်းနိုင်သည်ကို ကြည့်ရင်း တုန်လှုပ်သွားခဲ့ရပြန်ပါ၏။

ထိုသို့ ကြောက်မက်ဖွယ် အစွမ်းမျိုးနှင့် ဆိုပါက သူ ကံတရားသားတော်ကို နိုင်နိုင်မည်လား မသိပေ ။

ဤသို့ဖြင့် မကြာခင်မှာပင် သူတို့နှစ်ဦး တိတ်ဆိတ်ငြိမ်သက်နေသော တောင်တန်းတစ်ခုဆီ ရောက်လာခဲ့ကြသည်။

လောထျန်း ဘေးသို့ လှည့်ကြည့်လိုက်ရာ တောင်တန်းတစ်ခုလုံးတွင် သက်ရှိဆို၍ ဘာမှ ရှိမနေဘဲ နွယ်ပင်သေများ ၊ သစ်ပင်အိုကြီးများနှင့် ၊ ကျိုးပဲ့နေသော နံရံအပျက်အစီးများသာ ရှိနေသည်ကို မြင်လိုက်ရသည်။ အသံလည်း အလွန်တိတ်နေပါ၏။

" ဒါ... "

ထိုမြင်ကွင်းကြောင့် လောထျန်း အနည်းငယ် အံ့အားသင့်သွားရသည်မှာ အမှန်ပင် ။

ထိုစဥ် လီချင်းယွမ်က တီးတိုးပြောလာသည်။

" သခင်ကြီး ၊ ကျုပ်ရဲ့ ကျေးဇူးရှင်က ဒီမှာပါ "

သူ ပြောပြောဆိုဆိုပင် ဂူတစ်ခုသို့ ညွှန်ပြလိုက်၏။

လောထျန်း ခေါင်းညိတ်လိုက်သည်။

" ကျုပ်ကို အဲ့ဆီခေါ်သွားပါ "

လီချင်းယွမ် အချိန်မဆွဲရဲဘဲ လောထျန်းကို ဦးဆောင်၍ ဂူရှေ့ လျှောက်သွားလိုက်၏။

သူတို့ ရောက်ရောက်ချင်းမှာပင် သွေးနှင့် ပုတ်သိုးသိုးအနံ့ ရောနေသော အနံ့တစ်ခုကို လောထျန်း ရလိုက်ပါသည်။

သူ စိတ်ဝိဥာဥ်အစွမ်း ထုတ်လွှတ်၍ ထိုအနံ့ လာသည့်နေရာကို ရှာရန် ပြင်လိုက်စဥ်မှာပင် ...

ခပ်ရှရှ အမျိုးသမီး အသံတစ်သံကို ကြားလိုက်ရသည်။

" မင်းက ငါ့ကိုသတ်ဖို့ လာခဲ့တာလား "

ထိုစကားကို ကြားသောအခါ လီချင်းယွမ် တစ်ကိုယ်လုံး တောင့်တင်းသွားပြီး မြန်မြန်ဦးညွှတ်၍ ဆို၏။

" ကျုပ် မလုပ်ဝံ့ပါဘူး သခင်မကြီးရယ် "

အမျိုးသမီးက အေးစက်စက်အသံဖြင့် ဆက်ပြောလာသည်။

" ဘာကို မလုပ်ရဲတာလဲ ။ အခုတောင် ဒီရောက်နေပြီ မဟုတ်ဘူးလား "

လီချင်းယွမ် မျက်နှာတပြင်လုံး သွေးဆုတ်ဖြူရော်သွားတော့သည်။

" အဲ့လို မဟုတ်ပါဘူး သခင်မကြီးရယ် ။ ဒီသခင်ကြီးက မျောလွင့်တိမ်တိုက်ငှက်မွေး ကို သခင်မကြီးဆီကနေ တောင်းပေးဖို့ .... "

သူ့စကား မဆုံးခင်မှာပင် အမျိုးသမီး၏ အေးစက်စက်အသံ ထပ်ထွက်လာပါ၏။

" မျောလွင့်တိမ်တိုက်ငှက်မွေး တောင်းပေးဖို့.. ဟုတ်လား ။ အခု ငါ့မှာ အသက်တစ်ဝက်ပဲ ကျန်တော့တာမို့ အသက်ကို ဆွဲဆန့်နိုင်အောင် ဒီငှက်မွေးပေါ်မှာပဲ မှီခိုနေရတာ မင်း သိပါတယ် ။ ဒါနဲ့တောင် ဒီငှက်မွေးကို လာတောင်းနေမှတော့ ငါ့ကို သတ်ဖို့လာတာနဲ့ ဘာကွာတော့လို့လဲ "

လီချင်းယွမ် ခေါင်းငုံ့သွားသည်။

" အဲ့အတွက် စိတ်မပူပါနဲ့ သခင်မကြီး ။ ကျုပ်မှာ သခင်မကြီးရဲ့ အသက်ကို ရှည်အောင်လုပ်နိုင်တဲ့ နည်း ရှိပါတယ် ။ ကျုပ် ... "

အမျိုးသမီးက လှောင်သံဖြင့် ဖြတ်ပြော၏။

" မင်းတို့ ထျန်းလင်ဂိုဏ်းရဲ့ အသက်ပြောင်းလဲခြင်းနည်းကို သုံးဖို့ စဥ်းစားနေတာတော့ မဟုတ်ဘူးမလား "

" သခင်မကြီး သိနေခဲ့တာလား... "

လီချင်းယွမ် တအံ့တသြ ပြန်မေးလိုက်သည်။

အမျိုးသမီး နှာခေါင်းရှုံ့၏ ။

" အရင်တုန်းက မင်းတို့ရဲ့ ဂိုဏ်းချုပ်ကြီးက သူ့အစွမ်းကို သုံးပြီးတော့ ငါ့အသက်ကို ဆွဲဆန့်နိုင်အောင် လုပ်ခဲ့သေးတယ် ။ ဒါပေမယ့်.. သူ မအောင်မြင်ခဲ့တဲ့အပြင် သူ့အသက်ကိုပါ ဆုံးရှုံးသွားခဲ့ရတာ ။ အခု မင်းက ကိုယ့်ကိုကိုယ် မင်းတို့ရဲ့ အရင်ဂိုဏ်းချုပ်ကြီးထက် ပိုအစွမ်းထက်တယ် ထင်နေတာလား "

လီချင်းယွမ် မျက်နှာဆိုးရွားစွာ ပျက်သွားပြီး..

ဒယိမ်းဒယိုင်ဖြင့် နောက်သို့ ခြေနှစ်လှမ်း ဆုတ်သွားသည်။

" ဒါ.. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ..၊ ဂိုဏ်းချုပ်ဟောင်းကြီးက အဲ့လိုကြောင့် သေသွားခဲ့ရတာလား "

အမျိုးသမီးက လှောင်ပြုံးဖြင့် ပြန်ပြောသည်။

" ထားပါလေ... ဘယ်လိုပဲဖြစ်ဖြစ် ငါလဲ အသက်ရှည်သင့်သလောက် ရှည်အောင် နေပြီးသွားခဲ့ပြီပဲ ။ မျောလွင့်တိမ်တိုက်ငှက်မွေးကို လိုချင်တယ်ဆိုရင် လာယူ "

လီချင်းယွမ် ရင်ထဲ ခံစားချက်ပေါင်းစုံ ရောထွေးသွားတော့သည်။

ထိုစဥ် သူ့ဘေးမှ လောထျန်းက တည်နေရာရွှေ့ပြောင်းပြီး ရုတ်တရက် ပျောက်သွား၏။

" သခင်ကြီး... "

လီချင်းယွမ်တစ်ယောက် ၎င်းကိုမြင်ပြီး တုန်လှုပ်သွားသည်။

လောထျန်းက တဖက် အမျိုးသမီးဘေးသို့ ရောက်သွားမှန်း သူ မသိဘဲ မနေပါချေ။

ထို့ကြောင့် သူ ရှေ့သို့ အသည်းအသန် ပြေးဝင်သွားလိုက်၏။

နောက်ဆုံးတွင်မူ... ဂူအတွင်းပိုင်း တစ်နေရာ၌ လောထျန်းနှင့် အမျိုးသမီးတို့ စကားပြောနေကြသည်ကို သူ မြင်လိုက်ရသည်။

အမျိုးသမီးသည် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ နံရံကို မှီနေပြီး သူမ၏ ခန္ဓာကိုယ်တစ်ဝက်မှာမူ. . အရိုးများအဖြစ် ပုတ်သိုးဆွေးမြည့်နေခဲ့လေပြီ ။

ခန္ဓာကိုယ် အခြားတဖက်တွင်လည်း အသွေး ၊ အသားများ ရှိနေသေးသည့်တိုင် ပုတ်သိုးပျက်စီးတော့မည့် လက္ခဏာများ ပြနေကာ အလွန်ထူးဆန်းပုံ ပေါ်နေပါ၏။

သူမ လောထျန်းအား အနည်းငယ် အံ့အားသင့်နေပုံဖြင့် ကြည့်ကာ ပြောလိုက်သည်။

" မင်းရဲ့ စွမ်းရည်တွေက.... မင်း ဘယ်သူလဲ "

သို့သော် လောထျန်းက ဘာမှပြန်မပြောနိုင်ခင်မှာပင်

သူမ လှောင်ပြုံးဖြင့် ဆက်ပြောသည်။

" ထားပါလေ.. ငါ့ရဲ့ လက်ရှိအခြေအနေနဲ့ အဲ့ဒါတွေကို ဂရုစိုက်တော့ရော ဘာထူးမှာလဲ ။ မင်းက မျောလွင့်တိမ်တိုက်ငှက်မွေးအတွက် လာခဲ့တာ မဟုတ်လား ။ လာ... လာယူလိုက် "

သူမ ပြောပြောဆိုဆိုပင် လက်ယမ်းလိုက်ရာ... တစ်ဝက်က အမည်းရောင်ပြောင်းနေပြီဖြစ်သည့် မျောလွင့်တိမ်တိုက်ငှက်မွေး ပေါ်လာသည်။

လောထျန်း ၎င်းကိုကြည့်ရင်း မျက်မှောင်ကြုံ့လိုက်၏။

" ကျုပ် ခင်ဗျားကို ဘာကျေးဇူးကြွေးမှ မတင်ချင်ဘူး ။ မသေမျိုးရေနွေးကြမ်းနဲ့ဆို ခင်ဗျားရဲ့အသက်ကို ကယ်နိုင်လောက်လား "

အမျိုးသမီး အံ့အားသင့်သွားပုံပေါ်သည်။

" မသေမျိုးဆေးရည်လား .... အဲ့ဒါက တကယ်လဲ အဖိုးတန်ပါတယ် ။ ဒါပေမယ့်... ကံဆိုးတာက မသေမျိုးဆေးရည်လဲ ငါ့အသက်ကို မကယ်နိုင်ဘူး "

လောထျန်း အံ့သြသွားကာ ပြန်မေးလိုက်သည်။

" ဘာဖြစ်လို့လဲ... မသေမျိုးဆေးရည်က လူတွေကရဲ့ အသက်ကို ဆွဲဆန့်ပေးနိုင်တယ် မဟုတ်ဘူးလား "

အမျိုးသမီး အောင့်သက်သက်ပြုံး၍ ပြန်ပြော၏။

" တကယ်လို့ သက်တမ်းကုန်ခါနီး ဆိုရင်တော့.. အဲ့နည်းက အလုပ်ဖြစ်ပါတယ် ။ ဒါပေမယ့် ငါ့ရဲ့ အခြေအနေက အဲ့လိုမဟုတ်ဘူး ။ ငါက ထူးဆန်းတဲ့ အဆိပ်တစ်မျိုးနဲ့ အဆိပ်ခတ်ခံထားရတာ... ဒီ အဆိပ်ကို ကုသနိုင်တဲ့ဆေးက ကမ္ဘာပေါ်မှာ မရှိသေးဘူး "

" ထူးဆန်းတဲ့အဆိပ်.. ဟုတ်လား "

လောထျန်း မျက်မှောင်ထပ်ကြုံ့သွားသည်။

အမျိုးသမီး ခေါင်းညိတ်လိုက်ပြီးနောက်.. လောထျန်းအား သူမ၏လက်ကျန် မျက်လုံးတစ်ဖက်ဖြင့် ကြည့်၍ ပြောသည်။

" မင်း စိတ်ဝိဥာဥ်အစွမ်းကို နားလည်တယ် မဟုတ်လား "

လောထျန်း ခေါင်းညိတ်လိုက်၏။

အမျိုးသမီးက စကားဆက်သည်။

" မင်းရဲ့ စိတ်ဝိဥာဥ်အစွမ်းနဲ့ ငါ့ရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်... အဲ့ကျရင် မင်း နားလည်သွားလိမ့်မယ် "

လောထျန်းကလည်း နှစ်ကြိမ် စဥ်းစားမနေဘဲ ချက်ချင်း သူ့ စိတ်ဝိဥာဥ်အစွမ်းကို ထုတ်ကာ စစ်ဆေးကြည့်လိုက်သည်။

အမျိုးသမီးက သူမကိုယ်ကို လွှမ်းခြုံလာသော စိတ်ဝိဥာဥ်အစွမ်းကို ကြည့်ရင်း ခြောက်ကပ်ကပ်ရယ်၍ ပြော၏။

" ငါ့ရဲ့ စိတ်ဝိဥာဥ်ကမ္ဘာထဲမှာ ရှိနေတဲ့ ဧရာမ အဆိပ်ပိုးကောင်ကြီးကို တွေ့လား ။ အဲ့ဒါ အဆုံးမဲ့အဆိပ် ပိုင်ရှင် ၊ စိတ်ဝိဥာဥ်ဝါးမြို အဆိပ်ပိုးကောင်ပဲ "

ထိုစကားကြောင့် လောထျန်း အံ့အားသင့်သွားပါသည်။ သူ့ စိတ်ဝိဥာဥ်အစွမ်းဖြင့် အချိန်အတန်ကြာ ရှာနေပြီးမှ ပြောလိုက်၏။

" ဧရာမ အဆိပ်ပိုးကောင်ကြီး... ဟုတ်လား "

လောထျန်းမှာ သူ့ခြေချောင်းလောက်သာ

အရွယ်အစားရှိသော ပိုးကောင်ငယ်လေးကို ကြည့်ရင်း အတွေးနက်သွားတော့သည်။

All Chapters