← Chapters

ဒီလောက်အရှက်မရှိတဲ့လူကို တစ်ခါမှမမြင်ဖူးဘူး

Vol. 31 Ch. 459

ဒီလောက်အရှက်မရှိတဲ့လူကို တစ်ခါမှမမြင်ဖူးဘူး

Vol. 31 Ch. 459

"သခင်.. ဒါက ဘာအဓိပ္ပာယ်ပါလဲ"

ဒိုမုတိ၏ညီအစ်ကိုမောင်နှမများမှာ အမူအရာပျက်ယွင်းကုန်ကြသည်။

တကယ်တမ်းတွင် ပြီးခဲ့သည့်နှစ်ပိုင်းအတွင်း ဒိုမုတိက ကျန်းမာရေးပြဿနာများကြောင့် မိသားစုစည်းစိမ်များ စီမံခန့်ခွဲရာတွင် နောက်ဆုတ်နေခဲ့သည်။ ထိုအချိန်၌ မိသားစုအခွဲနှစ်ခုက လိမ်လည်လှည့်ဖြားခြင်းနှင့် ချော့မော့တောင်းဆိုခြင်းတို့မှတစ်ဆင့် ဒိုမုတိ၏ အရင်းအမြစ်များစွာကို ရယူသွားခဲ့သည်။

နှစ်ပေါင်းများစွာကြာအောင် စီမံခန့်ခွဲပြီးနောက် ထိုအရာများမှာ မဟာလက်စ်မိသားစုပိုင်လုပ်ငန်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လုပ်ငန်းစုထဲရှိ အရေးကြီးပုဂ္ဂိုလ်တော်တော်များများကလည်း သူတို့လူများ ဖြစ်သွားလေသည်။

ယုတ္တိကျကျပြောရမည်ဆိုလျှင် အရာအားလုံးက ဟာကွက်မရှိပေ။

သို့သော် ကျန်းမုန့်လောင်ဖော်ပြသွားသော စာရင်းများနှင့် အသေးစိတ်အချက်အလက်များမှာ သူတို့၏လုပ်ရပ်များကို အတိအကျဖော်ပြထားသည်။ သူတို့ ရန်ပုံငွေဘယ်လောက်များများကို သုံးစွဲထားသလဲဆိုတာကို သူတို့ကိုယ်တိုင် ပြန်စဉ်းစားကြည့်တာထက် ပိုတိကျသည်။

"မိသားစုထဲမှာ ကျန်းမိသားစုရဲ့စပိုင်တွေရှိနေတုန်းပဲ"

ဤသည်မှာ သူတို့ ပထမဆုံးတွေးမိသော အရာပင်။

သို့သော် ကျန်းမုန့်လောင်က ယခုအချိန်ကြီးမှာမှ သူတို့၏လုပ်ရပ်များကို ဖော်ထုတ်လိမ့်မည်ဟု သူတို့ လုံးဝထင်မထားပေ။ သူတို့မှာ ထိုပိုင်ဆိုင်မှုများကို အပိုင်မရသေးပေ။ ယခုလိုအရေးကြီးလှသည့် အခိုက််အတန့်လေးမှာမှ သူတို့၏မျက်နှာဖုံးများ ခွာချခံလိုက်ရလေသလား။

"ငါပြောတာ ဘာအဓိပ္ပာယ်လဲတဲ့လား"

ကျန်းမုန့်လောင်က အေးတိအေးစက်ရယ်မောလျက် ပြောလိုက်၏။

"ခင်ဗျားတို့လုပ်သမျှ ဟာကွက်မရှိဘူးလို့များ ထင်နေကြတာလား။ ကျုပ်သာ ဒိုမုတိဆိုရင် အခေါင်းထဲက ပြန်ထလာပြီး ခင်ဗျားတို့ကို သုံးရက်သုံးညလုံးလုံးလိုက်ပြီ 'အာလုပါ့'နေမှာ"

'အာလုပါ့'ဟူသော စကား၏ အဓိပ္ပာယ်ကို သူတို့ နားမလည်သော်ငြား ထိုအရာမှာ ကောင်းသည့်အရာတစ်ခုမဟုတ်မှန်းတော့ ခန့်မှန်းကြည့်နိုင်သည်။

"သခင်.. နားလည်မှုလွဲနေတာဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့က မဟာလက်စ်မိသားစုကို အမြဲသစ္စာရှိခဲ့တာပါ။ ပြီးတော့ ကျွန်တော်တို့မိသားစုရဲ့ပိုင်ဆိုင်မှုတွေက တစ်နှစ်ပြီးတစ်နှစ် တိုးလာတာလေ။ ဒါက ကျွန်တော်တို့ အလုပ်ကြိုးစားမှုရဲ့ရလဒ်ပါ။ ခင်ဗျား ကျွန်တော်တို့ကို အခုလိုမျိုး အသရေဖျက်လို့မရဘူး"

ဒိုမုတိ၏ တူတစ်ယောက်က ပြောလိုက်သည်။

"အလုပ်ကြိုးစားတာလား"

ကျန်းမုန့်လောင် ရယ်ိလိုက်ပြန်သည်။

"မဟာလက်စ်မိသားစုရဲ့ပိုင်ဆိုင်မှုတွေက ဘရာမန်နိုင်ငံရဲ့အခွန်ငွေဆယ်ပုံတစ်ပုံလောက်ရှိတယ်။ တော်တော်များများက တစ်ဦးတည်းပိုင်လုပ်ငန်းစုတွေဆိုတော့ ဒီနိုင်ငံရပ်တည်နေသရွေ့ အမြတ်ဝင်မဲ့လုပ်ငန်းတွေလေ။ ဒီပိုင်ဆိုင်မှုတွေကရော ခင်ဗျားတို့ရဲ့ကြိုးစားမှုကြောင့် ရခဲ့တာလား"

ကျန်းမုန့်လောင် ဆက်ပြောလိုက်သည်။

"ဒီလုပ်ငန်းစုတွေကို စီမံဖို့အတွက် ဝက်တစ်ကောင်ကို အလုပ်ခန့်လိုက်မယ်ဆိုရင်တောင် နှစ်စဉ်တိုးတက်မှုနှုန်းက ခင်ဗျားတို့ထက် ပိုသာတယ်လို့ပြောရင် ယုံမလား။ အနည်းဆုံးတော့ ဝက်က လာဘ်မစားတတ်ဘူး"

"သခင် ကျွန်တော်တို့..."

"ဒါမှမဟုတ်.. ခင်ဗျားတို့ ရှင်းပြချင်ရှင်းပြနိုင်တယ်။ ခင်ဗျားတို့နာမည်အောက်က ဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေက ဘယ်ကရောက်လာတာလဲ"

သူတို့ သေချာပေါက်ရှင်းမပြနိုင်ပေ။ သူတို့၏ပိုင်ဆိုင်မှုများမှာ မဟာလက်စ်မိသားစုပိုင်စည်းစိမ်များကို တစ်စတစ်စဖြတ်လုထားရာမှ စုဆောင်းထားခြင်းပင်။

"တော်လိုက်တော့။ ဘာတွေများ စိတ်ရှုပ်ခံပြီး ရှင်းပြနေမှာလဲ"

ဒိုမုတိ၏ အကြီးဆုံးတူက မတ်တတ်ထရပ်လိုက်၏။ သူ့အမူအရာကား စက်ဆုပ်ရွံရှာမှုများဖြင့် ပြည့်နှက်နေလေသည်။

"ကျန်းမုန့်လောင်.. ငါတို့မဟာလက်စ်မိသားစုက မင်းတို့ကို နှစ်ပေါင်းတစ်ထောင်ကျော်လောက် ခစားခဲ့ပြီးပြီ။ အရမ်းများတဲ့အကြွေးဆိုရင်တောင်မှ အခုလောက်ဆိုရင် ကျေလောက်ရောပေါ့"

"ပိုက်ဆံလေးနည်းနည်းလောက်ပဲဟာကို။ ပြီးတော့ အဲဒီပိုက်ဆံတွေအကုန်လုံးကို ငါတို့မဟာလက်စ်မိသားစုရဲ့ ဘိုးဘေးတွေက မျိုးရိုးအဆက်ဆက် စုဆောင်းခဲ့တာ။ မင်းနဲ့ဘာဆိုင်လို့လဲ။ မင်းမှာ ငါတို့ကိုလက်ညှိုးထိုးပြီး စွပ်စွဲခွင့်ရှိလို့လား"

"ဟုတ်တယ်။ မင်းရဲ့လက်အောက်ခံဖြစ်ရတဲ့ဘဝကို ငါတို့ စိတ်ကုန်နေပြီ"

ဒိုမုတိ၏ အကြီးဆုံးတူ၏သားဖြစ်သူကလည်း မတ်တတ်ထရပ်လိုက်၏။

"ငါတို့ မင်းကို 'သခင်'လို့ခေါ်တာက ငါတို့မဟာလက်စ်မိသားစုဘိုးဘေးတွေရဲ့ အဆုံးအမတွေကြောင့် လေးစားသမှုနဲ့ခေါ်နေတာ။ မင်းကို အရမ်းတွေလေးစားနေတယ်လို့တော့ မထင်လေနဲ့။ မင်းက မင်းဘိုးဘေးတွေရဲ့အရှိန်အဝါကြောင့် ကောင်းစားနေတဲ့ ဒုတိယမျိုးဆက်လူချမ်းသာတစ်ယောက်သက်သက်ပဲ။ ကျန်းမိသားစုဘိုးဘေးတွေသာမရှိရင် မင်းက ဘာမဟုတ်တဲ့ကောင်တစ်ယောက်ပဲ ဖြစ်နေမှာ"

"အာဆာဆင် ကိုဒီယာ.. မင်းတို့ ရူးသွားပြီလား။ မင်းတို့ကများ သခင့်ကို ဒီလိုပုံစံနဲ့ ပြောဆိုဆက်ဆံရဲတယ်ပေါ့လေ"

မိုဆန်က မဟာလက်စ်မိသားစုထဲရှိ အကြီးအကဲတစ်ယောက်၏ အရှိန်အဝါကို ပထမဆုံးအကြိမ်အဖြစ် ထုတ်ဖော်ပြသလာလေသည်။

"အာဆာဆင်..ကိုဒီယာ.. မင်းတို့ တအားလွန်သွားပြီ။ သခင့်ကို အခုချက်ချင်းတောင်းပန်လိုက်"

မိုဆန်၏တူနှစ်ယောက်ကလည်း ချက်ချင်းဝင်ပြောလိုက်၏။

"မိသားစုစည်းကမ်းအရ သခင့်ကိုစော်ကားရင် ကြိမ်ဒဏ်အချက်ငါးဆယ်နဲ့ မိသားစုစာရင်းထဲက ပယ်ထုတ်ခံရမှာ"

"ဟားဟားဟား"

အာဆာဆင်နှင့် ကိုဒီယာတို့က အရူးအမူးရယ်ကြလေတော့သည်။

"မင်းတို့ဘာသာ ကျွန်ခံချင်တယ်ဆိုရင် ခံပေါ့။ ငါတို့ကတော့ ဟွာရှားလူမျိုးတစ်ယောက်ကို ဘယ်တော့မှ ဦးညွှတ်မှာမဟုတ်ဘူး။ အခုကစပြီး မဟာလက်စ်မိသားစုက ဟွာရှားရဲ့ ကျန်းမိသားစုနဲ့ ဘာမှမဆိုင်တော့ဘူး။ ငါတို့ တစ်ယောက်ကိစ္စကိုတစ်ယောက် ဝင်စွက်ဖက်မှာမဟုတ်ဘူး"

"အိုး? တစ်ယောက်ကိစ္စကို တစ်ယောက်က ဝင်မစွက်ဖက်ဘူးတဲ့လား"

ကျန်းမုန့်လောင်ခမျာ ကမ္ဘာပေါ်တွင် အရယ်ရဆုံးဟာသကို ကြားလိုက်ရသလိုပင်။

"မင်းတို့နှစ်ယောက် ရူးသွားပြီလား။ မင်းတို့ဘက်က ဘာပတ်သက်မှုမှမရှိတော့ဘူးလို့ ပြောလိုက်တာနဲ့ မရှိတော့ဘူးပေါ့"

"တကယ်တော့ ငါက ဒီပိုင်ဆိုင်မှုတွေကို ပြန်ယူဖို့လာခဲ့တာမဟုတ်ဘူး"

ကျန်းမုန့်လောင်က အမှုမထားဟန်ဖြင့် ပြောလိုက်၏။

"ဒေါ်လာ၂ထရီလီယံဆိုတာ ငါ့အတွက် သိပ်များလှပြီလို့ ထင်နေတာလား။ တကယ်တော့ ဒီလိုပိုင်ဆိုင်မှုတွေကို စီမံရမဲ့ကိစ္စကို ငါ စိတ်မဝင်စားဘူး။ အမှန်အတိုင်းပြောရရင် မဟာလက်စ်မိသားစုက ငါတို့ကျန်းမိသားစုအတွက် အလုပ်လုပ်ပေးခဲ့တာ ကြာလှနေပြီပဲ။ ဒီတော့ သူတို့ကို ပိုက်ဆံပေးလိုက်မယ်ဆိုရင်လည်း သိပ်မလွန်ပါဘူး"

ဒိုမုတိ၏ညီအစ်ကိုမောင်နှမများမှာ ကြက်သေသေကုန်ကြသည်။ သူက ဤပိုင်ဆိုင်မှုဒေါ်လာ၂ထရီလီယံကို တကယ်စိတ်မဝင်စားတာလား? ထိုအရာမှာ သူတို့တစ်မိသားစုလုံး နှစ်တစ်ထောင်ကျော် စုဆောင်းလာခဲ့သည့် စည်းစိမ်များပင်။

"မင်းသာ ငါ့ကို ကောင်းကောင်းမွန်မွန်ပြောဆိုဆက်ဆံရင် မဟာလက်စ်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို မင်းတို့ဘာသာ ဆက်စီမံချင်တာပဲဖြစ်ဖြစ် မင်းတို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် ရန်ပုံငွေလိုအပ်တာပဲဖြစ်ဖြစ် ငါ မင်းတို့စိတ်ကျေနပ်အောင် လုပ်ပေးမှာ။ တစ်မိသားစုချင်းစီက ဒေါ်လာတစ်ဘီလီယံစီ လိုချင်တယ်ဆိုရင်တောင် ငါ့အတွက် ဘာမှမပြောပလောက်ဘူး။ ငါ့မှာ တခြားအရာတွေသာ ချို့တဲ့ချင်ချို့တဲ့မယ်။ ပိုက်ဆံကတော့ မချို့တဲ့ဘူး"

ကျန်းမုန့်လောင် အသံခပ်ကျယ်ကျယ်ဖြင့် ပြောလိုက်၏။

"ဒါပေမဲ့ မင်းတို့က ဒီလိုပုံစံမျိုးနဲ့ မင်းတို့ရဲ့ပိုင်ဆိုင်မှုကို ပြန်ယူဖို့ ရွေးချယ်လိုက်တယ်ဆိုရင် ငါလည်း ရှင်းအောင်ပြောလိုက်မယ်။ မနှစ်တုန်းက ငါ နာရီတစ်လုံးဝယ်ခဲ့တယ်။ ကျန်းမုန့်လောင်ဆိုတဲ့ ငါက.. အဲဒီလိုအရာတွေကို တခြားလူတွေကိုသာ ပေးချင်ပေးမယ်။ ငါ့ဆီကလုယက်ဖို့ကြိုးစားတဲ့လူတွေကိုတော့ လုံးဝမပေးဘူး"

ထိုအချိန်မှာပင် နောင်တဟူသော ခံစားချက်တစ်ခုက သူတို့၏ရင်ထဲတွင် လိပ်တက်လာခဲ့သည်။ ကျန်းမုန့်လောင်က ထိုပိုင်ဆိုင်မှုများကို ပြန်ယူလိုစိတ်မရှိခဲ့ပေ။

သူတို့ဘက်ကသာ ကျန်းမိသားစုကို သစ္စာရှိရှိ ခစားခဲ့ပါလျှင် ထိုပိုင်ဆိုင်မှုများကို သိမ်းထားနိုင်ဦးမည်သာ။

မဟာလက်စ်မိသားစု၏ ပိုင်ဆိုင်မှုများမှာ ဒေါ်လာ၂ထရီလီယံကျော်သော်ငြား ထိုမျှငွေပမာဏအများကြီးကို သူတို့ မသုံးနိုင်ခဲ့ပေ။ နှစ်စဉ်ဝင်ငွေထဲမှ တစ်စိတ်တစ်ပိုင်းလောက်ကပင် သူတို့ကို တစ်သက်လုံး ချမ်းချမ်းသာသာနေနိုင်အောင် ထားနိုင်ပေသည်။ ထိုစည်းစိမ်များမှာ ကျန်းမိသားစု၏အပိုင်ဖြစ်သော်ငြား ထိုလူသည် သူတို့မိသားစု၏ အရေးကိစ္စများကို ဘယ်တုန်းကမှ ဝင်စွက်ဖက်ဖူးခြင်းမရှိပေ။

သို့သော် သူတို့၏မာနမှာ ထိပါးခံလိုက်ရလေပြီ။ နောင်တရဖို့ နောက်ကျသွားလေပြီ။ အရေးကြီးလှသော ဤအချိန်တွင် သူတို့ ရေရှည်ကို ကြည့်ရန် လိုအပ်ပေသည်။

"ကျန်းမုန့်လောင်..ဒိုမုတိက ဘာသေတမ်းစာမှ ချန်မသွားဘူး။ ငါတို့နိုင်ငံရဲ့ အမွေဆက်ခံရေးဥပဒေအရဆိုရင် သူ့ပိုင်ဆိုင်မှုတွေကို မဟာလက်စ်မိသားစုဝင်တွေက အမွေဆက်ခံရမှာ။ မင်း ဝင်ပါလို့မရဘူး"

"မဟာလက်စ်မိသားစုက အခု မင်းကို မကြိုဆိုတော့ဘူး။ အခုချက်ချင်း ထွက်သွားပေးပါ"

"ကောင်းတယ်။ သိပ်ကောင်းတယ်"

ကျန်းမုန့်လောင်လည်း ထိုစကားကို ထပ်ခါတလဲလဲပြောလိုက်သည်။ သူ့ဒေါသများက အထွတ်အထိပ်သို့ ရောက်သွားလေပြီ။

"အရှက်မရှိတဲ့ လူတွေအများကြီးကို ငါမြင်ဖူးပါတယ်။ ဒါပေမဲ့ မင်းလောက် အရှက်မရှိတဲ့လူကိုတော့ ပထမဆုံးတွေ့ဖူးတာပဲ။ မဟာလက်စ်မိသားစုထဲမှာ ဒီလိုလူစားမျိုးလည်း ရှိသေးတာလား"

"ဟုန်းရီ သွားကြစို့"

ကျန်းမုန့်လောင်က တံခါးနားသို့ ဟုန်းရီနှင့်အတူ သွက်လက်တက်ကြွစွာ လျှောက်သွားလိုက်သည်။

"မစ္စတာကျန်း.. ကျွန်မတို့ ဘယ်သွားကြမှာလဲ"

ဟုန်းရီလည်း သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။

"ဘရာမန်နိုင်ငံရဲ့ သေတမ်းစာစာရင်းသွင်းတဲ့ဌာနကို"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"မစ္စတာကျန်း.. ဒိုမုတိရဲ့သေတမ်းစာကို တာဝန်ယူထားတဲ့ အရာရှိက ပျောက်နေပါတယ်။ သူ့အလောင်းကို မနေ့ညတုန်းက ရေကန်တစ်ခုနားမှာ ရှာဖွေတွေ့ရှိခဲ့တယ်တဲ့။ သူက ရေနစ်ပြီးသေသွားပါပြီ။ ဒိုမုတိရဲ့သေတမ်းစာက တိတ်တဆိတ်ချုပ်ဆိုခဲ့တာမို့ ကျွန်မတို့လည်း ဘာသက်သေမှ ရှာမရခဲ့ဘူး"

"ငါလည်း အဲဒီလိုဖြစ်စေချင်တာပဲ"

"ဟင်?"

ဟုန်းရီ နားမလည်နိုင်ဖြစ်သွားရ၏။ သူတို့ဘက်က ဘာသက်သေမှ ရှာမတွေ့နိုင်ကြောင်း သိထားပါလျက်နှင့် ဤခရီးကို ဘာလို့ထွက်လာခဲ့ရသလဲ။

"ငါက ဒိုမုတိအတွက် ဝမ်းနည်းပူဆွေးပေးဖို့ ဒီနိုင်ငံကို လာခဲ့တယ်လို့ထင်နေတာလား"

ကျန်းမုန့်လောင် ရယ်လိုက်မိသည်။

"မဟာလက်စ်မိသားစုထဲက အဲဒီဆန်ကုန်မြေလေးတွေ တန်ရာတန်ကြေးပြန်ပေးဆပ်ရမယ်လေ။ ပြီးတော့ ရှေ့နေရုံးက အဲဒီအရာရှိတွေလည်း သူတို့ကိုကူညီရဲရင် တန်ကြေးတစ်ခု ပြန်ပေးဆပ်ရမယ်။ ငါတို့ကျန်းမိသားစုပိုင်ပစ္စည်းဆိုတာ လွယ်လွယ်နဲံယူသွားလို့မရဘူး"

"ဒါဆို ရှင်.."

"ဒီတစ်ခေါက် ငါက ပြဿနာရှာဖို့ လာခဲ့တာ"

ကျန်းမုန့်လောင် အတိအလင်းကြေညာလိုက်သည်။

"တစ်ယောက်ယောက်ကို ရိုက်ချင်တယ်ဆိုရင်တောင် အကြောင်းပြချက်တစ်ခုတော့ လိုတယ်မလား။ အဲလိုမှမဟုတ်ရင် လူတွေက မင်းကို ကိုယ်ကျင့်တရားပျက်ပြားပြီး အာဏာကို အလွဲသုံးစားလုပ်တယ်လို့ ပြောကြလိမ့်မယ်။ ဒီတစ်ခေါက် ငါ ဒီကိုလာတာက သူတို့ကိုဆုံးမဖို့ အကြောင်းပြချက်တစ်ခုရှာမလို့ပဲ"

**************

All Chapters