← Chapters

ခင်ဗျားကိုကြိုဆိုဖို့အတွက် သေနတ်ဖောက်ပြီးအလေးပြုတာပါ

Vol. 31 Ch. 463

ခင်ဗျားကိုကြိုဆိုဖို့အတွက် သေနတ်ဖောက်ပြီးအလေးပြုတာပါ

Vol. 31 Ch. 463

"လေကြောင်းထိန်းချုပ်ရေးကို လမ်းကြောင်းရှင်းထား... လေယာဉ်ပြေးလမ်းကို လမ်းကြောင်းရှင်းထား"

ဆာထရီ၏အမိန့်ကြောင့် ထိုနယ်မြေထဲရှိ လေကြောင်းထိန်းချုပ်ရေးအကာအရံကို ချက်ချင်းဖယ်ရှားလိုက်သည်။ သို့သော် လေထဲရှိ ပဥ္စမျိုးဆက်တိုက်လေယာဉ်များ၏ အသံများကြောင့် လူတော်တော်များများ ကြက်သီးတဖြန်းဖြန်းထနေဆဲပင်။

လေကြောင်းထိန်းချုပ်ရေးကို ဖယ်ရှားခြင်းမှာ သူတို့၏အဝတ်အစားများကို ချွတ်ချလိုက်ရသလိုပင်။ တစ်ယောက်ယောက်ကသာ ဒေါသတကြီးသောင်းကျန်းချင်ပါက သူတို့ဘက်ကလည်း ခုခံခွင့်တောင် ရလိုက်မည်မဟုတ်။

ကံကောင်းချင်တော့ ကျန်းမုန့်လောင်က သူ့ကတိကို မဖောက်ဖျက်ခဲ့ပေ။ ကိုယ်ပိုင်ဂျက်လေယာဉ်အဖြစ် ပြုပြင်ထားသော Boeing 747က ဆာထရီ၏စစ်အခြေစိုက်စခန်းထဲသို့ ဆင်းသက်လာသည်။ သူ့ကို လိုက်ပါစောင့်ရှောက်ပေးခဲ့သော တိုက်လေယာဉ်အစင်းငါးဆယ်ကတော့ အခြေစိုက်စခန်းသို့ ပြန်သွားကြသည်။

"ဒီလောက်တိုက်လေယာဉ်တွေအများကြီးကို သူ ဘယ်ကရှာလာတာလဲ"

စစ်သားများအားလုံးမှာ တိုက်လေယာဉ်ပေါင်းများစွာကို မော့ကြည့်၍ တအံ့တဩရေရွတ်လိုက်ကြသည်။

ဤတိုက်လေယာဉ်များမှာ ပဥ္စမမျိုးဆက်များ ဖြစ်သော်ငြား ဟွာရှားနိုင်ငံပိုင်လေယာဉ်များမဟုတ်ကြောင်း ထင်ရှားလှသည်။ ဟွာရှားနိုင်ငံပိုင်လေယာဉ်များဆိုပါက ဘယ်လိုလုပ်ပြီး ကိုယ်ပိုင်ပိုင်ဆိုင်မှုဖြစ်နိုင်မည်နည်း။

သို့သော် သူတို့အနေနှင့် ထိုအရာကို စိတ်မပူတော့ပေ။ သူတို့ဂရုစိုက်ရမည့် တစ်ခုတည်းသောအရေးကိစ္စမှာ ကျန်းမုန့်လောင်က စစ်ပွဲနယ်မြေကို ဘာကြောင့်ရောက်လာရသလဲဆိုတာကိုပင်။ သူက မြို့ပြလူနေမှုဘဝတွင် နေထိုင်ရခြင်းကို ပျင်းရိသွားသောကြောင့် စစ်နယ်မြေထဲကို အလည်လာရောက်ခြင်းလေလား။

စစ်ပွဲနယ်မြေဆိုသည်မှာ ငွေကြေးအင်အားက အရာအရောက်ဆုံးနေရာတစ်ခုပင်။

ပိုက်ဆံသာရှိလျှင် လူရမ်းကားများမှာ သူတို့၏အသက်ကိုပင် မိမိထံသို့ ထုတ်ရောင်းလာပေလိမ့်မည်။

ပိုဆင်းရဲသောနေရာများတွင် စစ်ပွဲများ ဘာကြောင့်ပိုဖြစ်ရလေသလဲ။ အကြောင်းမှာ သူတို့အနေနှင့် ပိုက်ဆံလိုအပ်သောကြောင့်ပင်။ စစ်ပွဲဆိုသည်မှာ အရင်းအမြစ်များကို အမြန်ဆုံးရှာဖွေနိုင်ပြီး မြန်မြန်ချမ်းသာနိုင်သော နည်းလမ်းတစ်ခုပင်။ သို့သော် အလားတူပင် မိမိလက်ထဲတွင် ပိုက်ဆံရှိနေရန်လည်း လိုအပ်ပေသည်။ ပိုက်ဆံမရှီပါက လက်နက်များနှင့် ကိရိယာများကို ဘယ်လိုသွားဝယ်မလဲ။ ပိုက်ဆံမရှိလျှင် မည်သူကများ မိမိအတွက် တိုက်ခိုက်ပေးပြီး သွေးထွက်ခံမည်နည်း။

ဆာထရီက ကျန်းမုန့်လောင်အကြောင်း များများစားစားမသိသော်လည်း မစ္စတာကျန်းက အမေရိကတွင် အလုပ်သမားရန်ပုံငွေဖောင်ဒေးရှင်းထောင်ရန်အတွက် ဒေါ်လာတစ်ရာဘီလီယံကို သုံးပစ်ခဲ့ကြောင်း ကြားထားသည်။

သူ့လေယာဉ်ဆင်းသက်ရဖို့အတွက် ဒေါ်လာတစ်ရာဘီလီယံကို အသာလေးထုတ်သုံးလိုက်တာကိုပင် ကြည့်ပါလေ..

ထိုကဲ့သို့သော လူတစ်ယောက်ကသာ ဤနေရာကိုရောက်လာပြီး အပေးအယူလုပ်လာလျှင် သူ့အတွက် စစ်တိုက်ပေးချင်သူများလည်း ရွှီလိနယ်စပ်မှ တစ်ဖက်နယ်စပ်အထိ တန်းစီနေပေလိမ့်မည်။ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်စွမ်းရှိဖို့လည်း လိုသေးသည်။ မဟုတ်ပါက သင်သည် အလကားရသည့် လူသားအေတီအမ်တစ်ခုဖြစ်နေလိမ့်မည်သာ။

ဤနေရာရှိ မှောင်ခိုဈေးကွက်ကုန်သည်များမှာ လက်နက်အမျိုးအစားပေါင်းစုံကို ရှာပေးနိုင်သည်။

ပစ္စတို၊ ရိုင်ဖယ်၊ စက်သေနတ်များကို မဆိုထားနှင့်။ စနိုက်ပါရိုင်ဖယ်များ၊ လေယာဉ်များနှင့် တင့်ကားများမှာ အခြေခံကိရိယာများပင်။ ပိုက်ဆံသာရှိသရွေ့ သူတို့ဘက်က အမေရိကမှ F-22ကိုပင် ယူလာပေးနိုင်သည်။ ဒုံးကျည်များကို လိုချင်သည်ဆိုလျှင်ပင် သူတို့ကလည်း သင့်အတွက် ရအောင်ဝယ်ပေးလိမ့်မည်သာ။

ထို့ကြောင့် ဤနေရာသို့ လူချမ်းသာတစ်ယောက် ရောက်လာခြင်းမှာ ထိုဗိုလ်ချုပ်များအတွက်တော့ ဖိအားများလှသည်။

ဆာထရီက သူတို့၏လေတပ်အခြေစိုက်စခန်းသို့ ဂျစ်ကားဖြင့် ထွက်လာခဲ့လိုက်သည်။ စစ်သားများအားလုံးကတော့ ထိုလေယာဉ်ကို သတိကြီးကြီးထား၍ ကြည့်နေကြသည်။ ဘာလက်နက်မှမပါသည့် ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စင်း ဖြစ်နေသည့်တိုင် ဤနေရာတွင် သတိလက်လွတ်ဖြစ်ပါက အသက်ဆုံးရှုံးရနိုင်သည်။

"ဗိုလ်ချုပ်.. ကျန်းမုန့်လောင်က ဒီနေရာကို ဘာလာလုပ်တာလဲ"

ဆာထရီ၏ လက်ထောက်က မေးလာလေသည်။

"စစ်ဖြစ်နေတာကလွဲရင် ဒီနေရာမှာ ဘာမှထူးထူးခြားခြားမရှိဘူးမလား။ ကျွန်တော်တို့ သူနဲ့လည်း ဘာမှပတ်သက်ထားတာမျိုး မရှိဘူးထင်တယ်"

"သိပ်တော့မသေချာဘူး"

ဆာထရီက ပြောလိုက်၏။

"သူက ဒီကို အလုပ်ကိစ္စတစ်ခုကြောင့်ရောက်လာတာတဲ့"

"ဗိုလ်ချုပ် ကျွန်တော့်မှာ ရဲတင်းတဲ့အတွေးတစ်ခုတော့ရှိတယ်"

ထိုလက်ထောက်က ဆိုလာလေသည်။

"ကျန်းမုန့်လောင်က ဘယ်လောက်ချမ်းသာလဲဆိုတာ ဗိုလ်ချုပ်သိလား"

ဆာထရီ ခေါင်းခါပြလိုက်သည်။

"သူက ကမ္ဘာ့အချမ်းသာဆုံးလူဆိုရင် ဒေါ်လာတစ်ရာဘီလီယံကျော်ကျော်တော့ သေချာပေါက်ရှိမှာပဲ"

"သူ့ရဲ့ငွေသားပိုင်ဆိုင်မှုက ဒေါ်လာဘီလီယံရာဂဏန်းလောက်ပဲ ရှိတာမဟုတ်ပါဘူး"

လက်ထောက်လေးက ပြောလိုက်၏။

"ကျွန်တော် သိသလောက်ဆိုရင် သူထုတ်သုံးနိုင်တဲ့ အနည်းဆုံးငွေသားပမာဏက ဒေါ်လာတစ်ထရီလီယံကျော်တယ်"

"ဘာ? သေချာလား? ငွေသားပိုင်ဆိုင်မှုနော်"

ဤနယ်မြေထဲရှိ စစ်နယ်ရှင်ဖြစ်သည့်အတွက် ဆာထရီကိုယ်တိုင်ကလည်း ချမ်းသာကြွယ်ဝပေသည်။ သို့သော် ဤပမာဏကြောင့် သူတောင် အံ့ဩသွားရ၏။

"သေချာပါတယ်"

ထိုလက်ထောက်လေးက ဆက်ပြောလာလေသည်။

"အခု သူ့အစောင့်အရှောက်တွေ ထွက်သွားပြီဆိုတော့ သူက ကျွန်တော်တို့အတွက် ဘာခြိမ်းခြောက်မှုမှ မရှိတော့ဘူးလေ။ ခုနတုန်းက ကျွန်တော်တို့ သူ့ကို ကြောက်နေခဲ့မိတာ။ ဒါပေမဲ့ အခု ဘာကြောက်စရာလိုလို့လဲ"

"မင်း ဘာကိုပြောချင်တာလဲ"

သူ့လက်ထောက်၏ ရဲတင်းလှသော အကြံကြောင့် ဆာထရီလည်း ပင့်သက်ရှိုက်လိုက်မိသည်။

"ဗိုလ်ချုပ်.. ကျွန်တော်တို့သာ သူ့ကို ဓားစာခံအဖြစ် အသုံးချမယ်ဆိုရင် ပြန်ပေးငွေအဖြစ် ဒေါ်လာဘီလီယံနည်းနည်းလောက်တော့ ရနိုင်တယ်မလား"

"ဒါက.."

ဤကမ်းလှမ်းချက်က သူ့အတွက် ဆွဲဆောင်မှုရှိကြောင်းကိုတော့ ဆာထရီ ဝန်ခံရပေလိမ့်မည်။

အကြီးဆုံးစစ်နယ်ရှင်တစ်ယောက်အနေနှင့် ယခုလောလောဆယ် သူသာ ဒေါ်လာဘီလီယံရာဂဏန်း သို့မဟုတ် ထရီလီယံဂဏန်းလောက် ရနိုင်ပါက သူ့စစ်ရေးအင်အားကိုလည်း အဆပေါင်းများစွာ တိုးချဲ့နိုင်ပြီး လက်နက်ကိရိယာအမြောက်အများကိုပါ ဝယ်ယူနိုင်ပေသည်။

ထိုသို့လုပ်ခြင်းအားဖြင့် သူ့တပ်ဖွဲ့များ၏ တိုက်ခိုက်ရေးအင်အားမှာ ယခုလက်ရှိထက် အဆပေါင်းများစွာ မြင့်တက်လာနိုင်သည်။ ထိုသို့ဆိုလျှင် ကျန်စစ်နယ်ရှင်သုံးဦးကို တစ်ချက်တည်းနှင့် အနိုင်ပိုင်းနိုင်ပြီး ဤနေရာတွင် အကြွင်းမဲ့အုပ်စိုးသူတစ်ယောက် ဖြစ်လာနိုင်သည်။

သူ့ရာထူးကို တရားဝင်အသိအမှတ်ပြုခံရမည်မဟုတ်သော်လည်း သူ့တွင် စစ်သားများနှင့် လက်နက်များရှိနေသရွေ့ နိုင်ငံတော်အင်အားကပင် သူ့အား ဆန့်ကျင်တိုက်ခိုက်နိုင်မည်မဟုတ်။ နိုင်ငံတော်အင်အာစုများကိုပင် တိုက်စစ်ဆင်နိုင်ပြီး ဤနိုင်ငံကို သူကိုယ်တိုင်အုပ်ချုပ်နိုင်သည်အထိ အင်အားကြီးလာနိုင်သည်။

ဤအကြောင်းကို တွေးမိသောအခါ သူခန္ဓာကိုယ်ကား စိတ်လှုပ်ရှားမှုများ တောက်လောင်လာသည်။

"ငါ အချက်ပြတာကိုစောင့်နေ"

ဆာထရီမှာ ဆွဲဆောင်မှုကို မခုခံနိုင်သဖြင့် လောင်းကြေးထပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။

ထိုကိစ္စကို လုပ်မည်ဆိုလျှင်လည်း အဆောတလျင်လုပ်မှဖြစ်ပေမည်။ ကျန်းမုန့်လောင်ထံမှ ပြန်ပေးငွေရခဲ့သည့်တိုင် သူ့ကို အသက်ရှင်ရက်ထားလို့မဖြစ်ပေ။

သာမန်အလည်အပတ်ခရီးတစ်ခုအတွက်ပင် တိုက်လေယာဉ်ပေါင်းများစွာ ခေါ်ဆောင်လာတာကို ကြည့်ပါလေ။ အကယ်၍ ကျန်းမုန့်လောင်ကိုသာ ပြန်ခွင့်ပြုလိုက်လျှင် ကျားကို တောင်ပေါ်သို့ ပြန်ပို့ရာကျပေလိမ့်မည်။ ထိုသို့ဖြစ်လာပါက ကျန်းမုန့်လောင်ကလည်း တိုက်လေယာဉ်ပေါင်းတစ်ရာကျော်ဖြင့် လက်စားချေရန် ပြန်ရောက်လာလိမ့်မည်ဟု သူတို့ အပြည့်အဝယုံကြည်သည်။

သူတို့သာ ဤကိစ္စကိုလုပ်ရမည်ဆိုပါက လုံးဝပြီးပြတ်အောင် လုပ်ဆောင်ရမည်သာ။ သေသူများကတော့ လက်စားချေနိုင်စွမ်းမရှိတော့ပေ။

"ရွှီလိနယ်မြေလို့ ခေါ်ထိုက်​ပါပေတယ်။ လေထဲမှာ ယမ်းနံ့တွေအပြည့်ပဲ"

လေယာဉ်တံခါးကို ဖွင့်လိုက်သောအခါ ကျန်းမုန့်လောင် မျက်မှောက်ကြုတ်လိုက်မိသည်။ ဤကဲ့သို့သောနေရာမျိုးကို မရောက်ဖူးသူများကတော့ ဟွာရှား၌ နေထိုင်ရခြင်းမှာ မည်မျှကောင်းမွန်သလဲဆိုသည်ကို ဘယ်တော့မှနားမလည်နိုင်ပေ။

"အိုး... ငါ့ကို ကြိုဆိုဖို့ လူတွေအများကြီးပြင်ထားတာလား။ နည်းနည်းတောင်ရှက်သွားတယ်"

လေယာဉ်အောက်တွင်မူ လူအယောက်ရာဂဏန်းလောက်က အတန်းနှစ်တန်းစီပြီး စစ်ရေးပြအခမ်းအနားကို စောင့်ဆိုင်းနေသည့်အလား ကျန်းမုန့်လောင်ကို စိုက်ကြည့်နေကြသည်။

ဆာထရီက စစ်သားနှစ်တန်းကြားမှတစ်ဆင့် ကျန်းမုန့်လောင်ဆီသို့ လျှောက်လာခဲ့သည်။ သူ့မျက်နှာပေါ်ရှိ ထူးဆန်းလှသော အပြုံးကတော့ အနည်းငယ်ထိတ်လန့်ဖွယ်ရာ ကောင်းနေပေသည်။

"ဗိုလ်ချုပ်ဆာထရီ..ခင်ဗျားကိုယ်တိုင် ကျုပ်ကို လာကြိုတာတော့ ပြဿနာမရှိပေမဲ့ ဒီလောက်လူတွေအများကြီး စီစဉ်ထားတော့ နည်းနည်းတောင်ရှက်သွားတယ်"

ကျန်းမုန့်လောင်ကလည်း သူ့ဆီသို့ လျှောက်လာခဲ့သည်။

"ကလစ်!"

ထိုအချိန်မှာပင် စစ်သားအားလုံး၏ သေနတ်များထံမှ မောင်းတင်သံများ ထွက်ပေါ်လာပြီးနောက် မည်းနက်နေသော သေနတ်ပြောင်းများက ကျန်းမုန့်လောင်ကို ချိန်ထားလိုက်ကြသည်။

"ဗိုလ်ချုပ်ဆာထရီ ဒါက ဘာအဓိပ္ပာယ်လဲ"

ကျန်းမုန့်လောင်၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွား​သည်။ သို့သော် ကြောက်ရွံ့စိတ်ကြောင့်တော့မဟုတ်ပေ။ စူးစမ်းလိုစိတ်ကြောင့်သာ ဖြစ်၏။ မည်သူကများ သူ့ကို သေနတ်နှင့်ချိန်ရဲသလဲ။ ဤသည်မှာ လျန်ကျင်းရူပေးထားသော သတ္တိလေလား။

"ဟားဟားဟား... ဒါက သေချာပေါက်..."

ဆာထရီမှာ ဆက်ပြောရန် ပြင်လိုက်သော်ငြား ကျန်းမုန့်လောင်၏လေယာဉ်ပေါ်ရှိ အမှတ်တံဆိပ်ကို မြင်လိုက်ရချိန်မှာတော့ စကားစကို ရုတ်တရက်ရပ်တန့်လိုက်မိသည်။

"ယဲ့ရင်..ဘာတွေဖြစ်နေတာလဲ။ မင်း သူ့ကို မှော်အတတ်တစ်ခုခု စီရင်လိုက်တာလား"

ကျန်းမုန့်လောင်က စူးစမ်းလိုဟန်ဖြင့် မေးမြန်းလိုက်သည်။

"မစ္စတာကျန်း ကျွန်တော် ဘာမှမလုပ်ထားပါဘူး"

ယဲ့ရင်ကလည်း ပြန်ဖြေလာသည်။

"မစ္စတာကျန်း..မစ္စတာကျန်း ကျွန်တော်က ခင်ဗျားရောက်လာတာကို ကြိုဆိုဖို့အတွက် အခုလိုလုပ်တာလေ"

ဆာထရီခမျာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်၏။

"အား...အားလုံးပဲ သေနတ်ဖောက်ပြီး အလေးပြုကြ"

စစ်သားများအားလုံး တွေဝေတုံ့ဆိုင်းကုန်ကြသည်။

ဘာတွေဖြစ်နေတာလဲ? ကျန်းမုန့်လောင်ကို သေနတ်နဲ့ချိန်ထားဖို့ သူတို့ကို အမိန့်ပေးထားတာမဟုတ်ဘူးလား? အခုကမှ ရုတ်တရက်ကြီး ဘာလို့ သေနတ်ဖောက်ပြီး ကြိုဆိုခိုင်းနေတာလဲ?

သို့သော် ဆာထရီ၏အမိန့်ကိုတော့ သူတို့ မလွန်ဆန်ရဲပေ။ ထို့ကြောင့် သူတို့၏သေနတ်များကို မိုးပေါ်သို့ ချက်ချင်းထောင်လိုက်ကြသည်။

"ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း"

သေနတ်သံခြောက်ကြိမ်ဆက်တိုက် ဖောက်ပြီးနောက် သေနတ်များကို ပြန်ချလိုက်ပြီး ကျန်းမုန့်လောင်ကို အရိုအသေပေးလိုက်လေသည်။

ကျန်းမုန့်လောင်လည်း ကြောင်အသွားလေသည်။

"ဘာတွေဖြစ်နေတာတုန်း"

***************

All Chapters