အဲဒီလူက ကျန်းမုန့်လောင်ရဲ့အဖေ
Vol. 31 Ch. 452
"ဟွားချိုးယွီ.. သောက်ကျိုးနည်း မင်း ဘာတွေလုပ်နေတာလဲကွ"
ထိုအခိုက် ဘေးနားမှ ဆူပူကြိမ်းမောင်းသံတစ်သံ ထွက်ပေါ်လာသည်။
"ငါ မင်းကို ဘယ်နှခါ သတိပေးရမှာလဲ။ မိုးရွာတဲ့အခါ ညင်ညင်သာသာလေးလုပ်ပါဆိုတာကို။ မင်းက ဒီလိုမိုးသည်းကြီးထဲမှာ လယ်ကွင်းထဲက ကောက်ပဲသီးနှံတွေကို ရေနစ်သေအောင် လုပ်နေတာလား"
ကြီးကြပ်ရေးမှူးက လက်ထဲတွင် ရွှေရောင်ကျာပွတ်တစ်ချောင်းကိုင်ထားလေသည်။ မီတာအနည်းငယ်အကွာမှ ဦးတည်လာသော သူ့နောက်ကျောပေါ်သို့ ရွှေရောင်အလင်းတန်းတစ်ချက် လက်ခနဲဖြစ်သွားပြီးနောက် ဟွားချိုးယွီ၏ နောက်ကျောထက်၌ ဟက်တက်ကွဲရာကြီးတစ်ခု ပေါ်ပေါက်လာသည်။
"အဲဒါ...အဲဒါက ဒဏ္ဍာရီလာနတ်ဘုရားကျာပွတ်လား"
ကြမ်းပြင်ပေါ်တွင် လဲကျနေသော ဟွားချိုးယွင်နှင့် ဟွားချိုးဖုန်းတို့ ညီအစ်ကိုနှစ်ယောက်က ထိုကြီးကြပ်ရေးမှူး၏လက်ထဲရှိ ကျာပွတ်ကိုကြည့်လိုက်ကြလေရာ ရှေးဟောင်းစာပေများထဲရှိ ဖော်ပြချက်များကို ပြန်သတိရမိကြသည်။ နတ်ဘုရားကျာပွတ်ဆိုသည်မှာ ဟွာရှားနိုင်ငံသမိုင်းထဲရှိ နတ်ဘုရားလက်နက်တစ်ခုပင်။
"အား!"
ဟွားချိုးယွီခမျာ နာနာကျင်ကျင်အော်ညည်းလိုက်သည်။ နတ်ဘုရားကျာပွတ်က ခန္ဓာကိုယ်သာမက စိတ်ဝိညာဉ်ကိုပါ ထိခိုက်စေနိုင်သောကြောင့် တစ်ချက်ရိုက်ရုံမျှဖြင့် သေချင်စိတ်ပေါက်သွားစေသည်။
"မိုးရွာတာကို မဆင်မခြင်မလုပ်ဖို့ ငါပြောထားတယ်လေ"
"မစ္စတာကျန်းက မင်းကို အစားအသောက်အတွက် တစ်လ ဒေါ်လာရှစ်ထောင်ပေးပြီး နေစရာထိုင်စရာလည်း ပေးထားတာ။ မင်းလုပ်နေပုံက ဟုတ်ရောဟုတ်သေးရဲ့လား"
"ဖြောင်း!"
"ဖြောင်း!'
ကျာပွတ်တစ်ချက်ပြီးတစ်ချက်က ဟွားချိုးယွီ၏ခန္ဓာကိုယ်ထက် ကျရောက်လာသည်။ အလားတူပင် ထိုရိုက်ချက်များက ဟွားယဲ့နှင့် အခြားလူများ၏ နှလုံးသားကိုပါ ထိမှန်သည်။
…
"မင်း! မင်းပဲ!'
ထိုအချိန်၌ မြေပြင်ပေါ်၌ လဲနေသော ဟွားချိုးယွင်နှင့် ဟွားချိုးဖုန်းတို့က ထိုဖြစ်ရပ်ကို ရုတ်တရက် ပြန်အမှတ်ရလိုက်သည်။
လွန်ခဲ့သည့်ဆယ်နှစ်တုန်းက သူတို့မိသားစု အထွတ်အထိပ်သို့ ရောက်ရှိနေစဉ် ထူးခြားဆန်းကြယ်သော ပုဂ္ဂိုလ်တစ်ယောက်ကို မတော်တဆစော်ကားခဲ့မိသည်။ ထိုစဉ်ကတည်းက နဂါးဘုရင် ပျောက်ဆုံးသွားခဲ့ပြီးနောက် သူတို့တစ်မိသားစုလုံးလည်း လူမသိသူမသိသာ နေခဲ့ရသည်။
သူတို့၏ လွန်ကဲလှသော ကြွားဝါမှုများကြောင့် အထက်လူကြီးတချို့က စိတ်အနှောင့်အယှက်ဖြစ်သွားသောကြောင့် သူတို့လည်း ပေါ်ပေါ်ထင်ထင်မနေရဲတော့ခြင်းဖြစ်ကြောင်း ပြင်ပကမ္ဘာကတော့ ခန့်မှန်းခဲ့ကြသည်။
သို့သော် တကယ်တမ်းတွင် ထိုသို့မဟုတ်ပေ။ နဂါးဘုရင်ကို ရင်ဆိုင်ပြီးနောက် ထိုလူက ဟွားမိသားစုထဲကို ကျူးကျော်ဝင်ရောက်လာခဲ့ပြီးနောက် အကြီးအကဲများကို ရိုက်နှက်ဆုံးမကာ ဟွားမိသားစုပိုင်ပစ္စည်းများကို ရိုက်ခွဲခဲ့သည်။ု
ဟွားမိသားစုတစ်ခုလုံးလည်း ထိုလူ့ကို ဒေါသပြေစေရန်အတွက် မြေးလေးများအလား ရိုကျိုးခယစွာဖြင့် ငွေရော မြေကွက်များပါ အကုန်ထုတ်သုံးခဲ့ရသည်။
ဟွားမိသားစုအတွင်းမှာပင် ဤဖြစ်ရပ်မှာ အလွန်သိက္ခာကျသောကြောင့် ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် ထားရှိသည်။ ကိုယ့်နယ်မြေထဲမှာပင် ရိုက်နှက်အရှက်ခွဲခံခဲ့ရသည့်တိုင် ဘာမှလည်း ပြန်မလုပ်နိုင်ဘဲ ကျူးကျော်ဝင်ရောက်လာသူကို အမြီးတနန့်နန့်ဖြင့် ခစားခဲ့ရသည်။ ဤဖြစ်ရပ်ကား လူသိရှင်ကြားမဖြစ်သည့်တိုင် မိသားစုအတွင်းထဲမှာတင် အလွန်ရှက်စရာကောင်းလှ၏။
နှစ်ပေါင်းများစွာ ကုန်လွန်သွားပြီးနောက်တွင်မူ ထိုဖြစ်ရပ်ကလည်း ဟွားမိသားစု၏ မှတ်ဉာဏ်ထဲက တဖြည်းဖြည်းမှေးမှိန်ပျောက်ကွယ်သွားသည်။ သို့သော် ယနေ့မှာတော့ လွန်ခဲ့သည့်ဆယ်နှစ်တုန်းက လျှို့ဝှက်ဆန်းကြယ်သော ထိုပုဂ္ဂိုလ်ထံမှ လွှမ်းမိုးခံခဲ့ရသည့် အကြောက်တရားကို ပြန်သတိရမိသည်။
ထိုစဉ်တုန်းက ဟွားချိုးယွင်နှင့် ဟွားချိုးဖုန်းတို့လည်း ရှိသည်။ ထိုခေတ်အခါတုန်းက သူတို့က အဆင့်ငါးစိတ်စွမ်းအားရှင်များဖြစ်ပြီး သူတို့ခေတ်သူတို့အခါတွင် ထိပ်တန်းကျွမ်းကျင်သူများဟု သတ်မှတ်နိုင်သည်။
သို့သော် တစ်ဖက်လူက အကြည့်တစ်ချက်မျှဖြင့် သူတို့၏ထူးခြားစွမ်းရည်များကို ဖယ်ရှားနိုင်လေရာ ဤမျှကြီးမားလှသော ကွာဟချက်ကြောင့် စိတ်ဓာတ်ကျခဲ့ရသည်။
ကျန်းမုန့်လောင်က ထိုစဉ်တုန်းက ထိုအမျိုးသားနှင့် ကိုးဆယ်ရာခိုင်နှုန်းလောက် ဆင်တူနေကြောင်း ယခုမှသာ သူတို့ သတိထားမိသည်။
"လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက ကိစ္စက မင်း.."
နဂါးဘုရင်အကြောင်း ကျန်းမုန့်လောင်က ထုတ်ပြောလာသည့်အခါ လွန်ခဲ့သည့်ဆယ်နှစ်တုန်းက သူ့အဖေက ကျန်းမုန့်လောင်၏အဖေကို အပြစ်ပြုမိခဲ့ကြောင်း ဟွားယဲ့ သဘောပေါက်လိုက်သည်။ ထိုစဉ်ကတည်းက ဟွားမိသားစုမှာ ပြိုလဲသွားသည်ဟု သတ်မှတ်၍မရနိုင်သော်လည်း အတော်အတန်အားနည်းသွားခဲ့တာကတော့ သေချာပေါက်ပင်။
ယနေ့မှာလည်း ကျန်းမုန့်လောင်ကို ရန်စပြီး တစ်ပုံစံတည်းသော အမှားကို သူ ကျူးလွန်ခဲ့မိသည်။ အကျိုးဆက်ကို သူ မြင်ယောင်လိုက်မိသည်။ ကျန်းမုန့်လောင်ကသာ သူ့အဖေလုပ်ခဲ့သလိုမျိုး ဟွားမိသားစုထဲကို ဒေါသတကြီးမွှေနှောက်ပစ်လိုက်ပါက ကျန်းမုန့်လောင်၏ ဘော်ဒီဂတ်တို့ သူတို့မိသားစုဘက်က ကိုင်တွယ်နိုင်ဖို့ဝေးစွ။ ကျန်းမုန့်လောင်ကို ရန်စမိခဲ့သည်ဟူသော အချက်တစ်ခုတည်းဖြင့် သူ့မိသားစုထဲရှိ အကြီးအကဲများက သူ့အား အလွတ်ပေးမည်မဟုတ်။
ဒီလိုလူစားမျိုးက အပြစ်ပြု၍ရနိုင်သူတစ်ယောက် မဟုတ်ချေ။
သို့သော် ဤမျှတိုက်ဆို်ငလိမ့်မည်ဟု သူ မည်သို့ထင်ထားမည်နည်း။ သူ့အဖေက ကျန်းမုန့်လောင်၏အဖေကို အပြစ်ပြုခဲ့မိပြီး သူကလည်း ကျန်းမုန့်လောင်ကို အပြစ်ပြုမိခဲ့သည်။ ဤသည်မှာ ကံကြမ္မာလေလား။
"မစ္စတာကျန်း တစ်ခုခုနားလည်မှုလွဲနေတာဖြစ်လိမ့်မယ် ကျွန်တော်…"
ယခုအချိန်ရောက်နေတာတောင် သူ ဆက်ခေါင်းမာနေမည်ဆိုပါက သူ့ဦးနှောက် တစ်ခုခုတော့မှားနေလေပြီ။ ဤလူ့ကို သူတို့မိသားစုတစ်ခုလုံးပင် အပြစ်ပြု၍မဖြစ်ချေ။ သူ့တွင်ရော ဘာများလုပ်ပိုင်ခွင့်ရှိလေသလဲ။
သူက တခြားလူဆီက ဖူရှီကုချင်ကို လုယက်ဖို့ တွေးနေတာတဲ့လား။ ဘာအကြောင်းကြောင့်လဲ?
"နားလည်မှုလွဲတာ?"
ကျန်းမုန့်လောင်က မြေကြီးပေါ်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။
"ငါကတော့ ဒါကို နားလည်မှုလွဲတယ်လို့ မမြင်ပါဘူး။ မင်း ငါ့ကားကို ဝင်တိုက်ပြီး ငါ့ကိုလုယက်ဖို့ ကြိုးစားခဲ့တဲ့အပြင် ခြိမ်းခြောက်ခဲ့သေးတယ်လေ။ ကဲ ပြောစမ်းပါဦး။ ဒါက နားလည်မှုလွဲတာလား။ မင်းက ငတုံးလား။ ဒါမှမဟုတ် ငါကပဲ တုံးတာလား"
"မစ္စတာကျန်း.. ဒီတစ်ခေါက်ဖြစ်ခဲ့တဲ့ကိစ္စက ကျွန်တော့်အမှားပါ။ ကျွန်တော် ခင်ဗျားကို တောင်းပန်ချင်ပါတယ်"
ဟွားယဲ့က အသည်းအသန်ဦးညွှတ်လျက် ပြောလိုက်၏။
"ကျွန်တော် ခင်ဗျားကားကို ပျက်စီးအောင်လုပ်ခဲ့တာမို့ လျော်ကြေးဘယ်လောက်ပဲဖြစ်ဖြစ် ပေးပါ့မယ်။ ခင်ဗျား ကျွန်တော့်ကို ခွင့်လွှတ်ပေးဖို့ပဲ မျှော်လင့်ပါတယ်"
"ခွင့်လွှတ်ပေးရမှာလား? ခွင့်လွှတ်တာကသာ အသုံးဝင်ရင် ရဲအရာရှိတွေကို ဘာလို့လိုအပ်နေဦးမှာလဲ"
ကျန်းမုန့်လောင်က သရော်ပြုံးပြုံးလိုက်၏။
"ငါသာ ဒီနေ့ ဘာအစွမ်းအစမှမရှိဘူးဆိုရင် မင်း ငါ့ကိုလွှတ်ပေးမှာတဲ့လား"
ဟွားယဲ့ တဒင်္ဂမျှကြက်သေသေသွားသည်။ ယနေ့ ကျန်းမုန့်လောင်ကသာ သာမန်အဆင့်သုံးသိုင်းပညာရှင်တစ်ယောက် ဖြစ်ခဲ့ပါက သူကလည်း ထိုလူ့ကိုနှုတ်ပိတ်ဖို့ သတ်ပစ်တော့မည်သာ။
ဖူရှီကုချင်ကဲ့သို့သော နတ်ဘုရားလက်နက်တစ်ခုအကြောင်း ဘယ်သူမှမသိအောင် ထိန်းသိမ်းထားရပေမည်။ အကယ်၍ ကျန်းမုန့်လောင်က ထိုဖူရှီကုချင်ကို သူ့ထံသို့ လိုလိုလားလားပေးအပ်လာခဲ့လျှင်ပင် သူတို့ကတော့ သူ့ကို အလွတ်ပေးမည်မဟုတ်။
"ငါ အစတုန်းက မင်းကို အခွင့်အရေးပေးခဲ့ပြီးပြီ။ အဲဒီအချိန်တုန်းကသာ မင်းတို့ ငါ့ကို ရိုးရိုးသားသားတောင်းပန်ခဲ့ရင် ငါလည်း မင်းတို့ကို လေလိုသဘောထားပြီး လွှတ်ပေးနိုင်ပါတယ်။ အခုတော့ အဲဒီလောက်မရိုးရှင်းတော့ဘူး"
"ကြည့်လိုက်..ဒီနဂါးဘုရင်က ငါ့အိမ်မှာ တစ်လကို ယွမ်ရှစ်ထောင်နဲ့အလုပ်လုပ်နေတာ။ နေစရာစားစရာပါပြီးသားနော်။ ဘဝက အရမ်းသက်သောင့်သက်သာရှိတယ်။ မင်းတို့တွေလည်း ငါ့အိမ်မှာ အလုပ်လာလုပ်ပါ့လား။ တစ်လကို လစာရှစ်ထောင်.. အမေရိကန်ဒေါ်လာ၁၂၅သန်းကို ပြန်ဆပ်နိုင်ရင် အိမ်ပြန်လို့ရပြီ"
ဟွားယဲ့အမူအရာမှာ သတိချပ်သွားလေဟန်ပင်။ လူသုံးယောက်စာအတွက် တစ်လကို လစာယွမ်ရှစ်ထောင်ဆိုလျှင် စုစုပေါင်း နှစ်သောင်းလေးထောင်ပင်။ အမေရိကန်ဒေါ်လာ၁၂၅သန်း ပြည့်ရန်အတွက် သူတို့အနေနှင့် ဘာမှမစားမသောက်ဘဲ နှစ်ပေါင်းသုံးထောင်လောက် အလုပ်လုပ်ရပေလိမ့်မည်။
"ဘာလဲ? မလုပ်ချင်ဘူးလား? ဒါဆိုလည်း ရတယ်လေ။ မင်းတို့ ငါ့ဆီမှာတင်နေတဲ့ အကြွေးတွေကို တစ်ခါတည်းကျေအောင်ဆပ်ပေါ့"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"စိတ်ပိုင်းဆိုင်ရာနစ်နာကြေးအတွက် ဒေါ်လာ၁၀ဘီလီယံ။ အချိန်ကုန်သွားတဲ့အတွက် ဒေါ်လာ၁၀ဘီလီယံ။ ဒီကားက အကန့်အသတ်နဲ့ထုတ်ထားလို့ ပိုက်ဆံနဲ့ဝယ်လို့မရဘူး။ ဒီတော့ ၁၀ဘီလီယံပဲ ထားလိုက်ပါတော့။ ကျေအေးငွေကိုပါ ထည့်ပေါင်းလိုက်ရင် နောက်ထပ် ဒေါ်လာ၁၀ဘီလီယံ… အဲဒါပေးပြီးရင်တော့ ငါ မင်းတို့ကို မနှောင့်ယှက်တော့ဘူး"
"ဒေါ်လာ၅၀ဘီလီယံတောင်လား။ မင်း ငါ့ကို ဓားပြသာ တိုက်လိုက်ပါတော့လား"
"မဟုတ်ဘူး။ တစ်ယောက်ကို ဒေါ်လာငါးဆယ်ဘီလီယံကျမှာ"
ကျန်းမုန့်လောင်က ပြုံးပြုံးလေးပြောလိုက်၏။
"ငါ မင်းတို့ကို ဓားပြတိုက်နေတာပဲ!'
"ငါ့မှာ အဲဒီလောက်ပိုက်ဆံအများကြီးမရှိဘူး"
ဟွားယဲ့က အံတင်းတင်းကြိတ်၍ ပြောလိုက်သည်။ သူထုတ်သုံးနိုင်သော အများဆုံးပမာဏမှာ ဒေါ်လာဘီလီယံအနည်းငယ်မျှသာဖြစ်ရာ ထိုပမာဏက သူတို့အကြွေး၏ရာခိုင်နှုန်းအနည်းငယ်မျှကိုပင် မကျေသေးပေ။
"မင်းမှာတော့မရှိပေမဲ့ မင်းအဖေဆီမှာတော့ ရှိလောက်မှာပါ"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"မင်းကိုပြန်ရွေးဖို့အတွက် မင်းအဖေကို ပိုက်ဆံသုံးပေးဖို့ ပြောလိုက်လေ။ ငါ မင်းကို ဖုန်းဆက်ဖို့ အခွင့်အရေးတစ်ကြိမ်ပေးမယ်"
ဟွားယဲ့၏မျက်နှာကား ရှုံ့မဲ့သွားလေသည်။ ဤကိစ္စနှင့်ပတ်သက်ပြီး သူ အတပ်ပြောနိုင်သည်။ ဤအကြောင်းကိုကြားသည်နှင့် ဖြစ်ပျက်သွားမည့် သူ့အဖေ၏အမူအရာနှင့် လေသံကို သူ ကြိုတင်မြင်ယောင်နေပြီဖြစ်၏။
သို့သော် သူ့ဘက်က ပိုက်ဆံထုတ်မပေးနိုင်ခဲ့ပါက ကျန်းမုန့်လောင်ကလည်း သူတို့ကို အလုပ်ကြမ်းလုပ်ခိုင်းတော့မည်ဖြစ်ကြောင်း သူကောင်းကောင်းသိသည်။ ဤလူက ဘာမဆိုလုပ်နိုင်စွမ်းရှိ၏။
"ကောင်းပြီ။ ဖုန်းဆက်လိုက်မယ်"
ဟွားယဲ့လည်း ဖုန်းထုတ်ပြီး သူ့အဖေကို ဖုန်းဆက်လိုက်သည်။
"အခြေအနေဘယ်လိုရှိလဲ။ လက်စသတ်ပြီးပြီလား။ မင်း ဖူရှီကုချင်ကို ရခဲ့ပြီလား"
ဟွားထန်းကျယ်၏အသံကား ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာလေသည်။ ထိုလေသံထဲတွင် မျှော်လင့်စောင့်စားမှုတို့ဖြင့် ပြည့်နှက်နေ၏။ သူတို့သာ ဖူရှီကုချင်ကို အရယူနိုင်ခဲ့ပါက လုံရှားအဖွဲ့အစည်းထဲရှိ သူတို့မိသားစု၏အဆင့်အတန်းကလည်း သိသိသာသာမြင့်တက်သွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် လုံရှားအဖွဲ့ခေါင်းဆောင်ကိုပင် ရင်ဆိုင်နိုင်စွမ်း ရှိသွားမည်ဖြစ်၏။
"အဖေ..ကျွန်တော်တို့ရှုံးသွားပြီ"
ဟွားယဲ့က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။
"ဟို..ကျွန်တော် အမှားကြီးမှားသွားပြီ"
"ဘာဖြစ်လို့လဲ"
ဟွားထျန်းကျယ်ခမျာ ရုတ်ခြည်းဆိုသလို ရင်ထိတ်သွားရသည်။
"ကျန်းမုန့်လောင်ရဲ့နောက်ခံက ထူးခြားလို့လား"
"အဖေ..လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက ကျွန်တော်တို့မိသားစုထဲမှာ ဖြစ်ခဲ့တဲ့ကိစ္စကို မှတ်မိသေးလား"
ဟွားထျန်းကျယ်၏မျက်နှာကား တောင့်ခဲသွားလေသည်။ စိတ်ဓာတ်ကျဖွယ်ဖြစ်နိုင်ခြေတစ်ခုက သူ့စိတ်ထဲ ဝင်ရောက်လာခဲ့သည်။
"ကျန်းမုန့်လောင်က အဲဒီလူနဲ့ ပတ်သက်မှုတစ်ခုခုရှိနေတာလား"
"အဲဒီလူက ကျန်းမုန့်လောင်ရဲ့အဖေတဲ့…"
***********