အမလေး ကြီးလိုက်တာ!
Vol. 32 Ch. 466
"အရမ်း..အရမ်းချမ်းသာတာလား? အဲဒါကို ထည့်တွက်လို့ရလို့လား"
ဆာထရီ၏ အမူအရာမှာ သုန်မှုန်သွားသည်။
ကျန်းမုန့်လောင်ကလည်း သူ့ကို စနေခြင်းသာဖြစ်၏။
"မစ္စတာကျန်း.. ခင်ဗျား ထရိုင်ဒန့်ကို သွားတွေ့မယ်ဆိုရင် ခင်ဗျားရဲ့ဘော်ဒီဂတ်အဖွဲ့ကိုပါခေါ်သွားဖို့ အကြံပေးချင်ပါတယ်"
ဆာထရီက အကြံပေးလိုက်၏။
တကယ်တမ်းတွင် သူသည် ကျန်းမုန့်လောင်၏ ဘေးကင်းလုံခြုံရေးကို စိတ်ပူနေခြင်းမဟုတ်ပေ။ သူကိုယ်တိုင်၏လုံခြုံရေးကို စိုးရိမ်ပူပန်နေခြင်းသာ။
ထရိုင်ဒန့်နှင့် စီးပွားရေးလုပ်ငန်းလုပ်ခဲ့စဉ်က သူ့လူယုံများကို စေလွှတ်ခဲ့သော်လည်း တစ်ယောက်မှ အကောင်းအတိုင်း ပြန်ရောက်မလာခဲ့ပေ။
ဥပမာဆိုရလျှင် အရောင်းအဝယ်လုပ်ရန် လူဆယ်ယောက်စေလွှတ်လိုက်ပါက ငါးယောက်ခြောက်ယောက်လောက်သာ ပြန်ရောက်လာပြီး ကျန်လူအများစုမှာ ရှင်းပြရခက်သော အကြောင်းအရင်းအမျိုးမျိုးကြောင့် ထရိုင်ဒန့်ထံမှ အမြဲအသတ်ခံလိုက်ရသည်။
ထိုကဲ့သို့သော စစ်မက်ဖြစ်ပွားရာနေရာမျိုးတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ရသူများ၏ စိတ်အစဉ်မှာ ယိုယွင်းပျက်စီးနေပြီဖြစ်၏။ သူတို့က အနားရသည်နှင့် မျိုသိပ်ထားရသော သူတို့၏ခံစားချက်များကို နည်းလမ်းအမျိုးမျိုးဖြင့် ဖွင့်ထုတ်တတ်ကြသည်။
အချို့က အရက်သောက်၍ ထွက်ပေါက်ရှာတတ်ပြီး တချို့ကတော့ အမျိုးသမီးများဖြင့် ပျော်ပါးတတ်ကြသည်။ တချို့က ကာစီနိုဖြင့် စိတ်ဖိအားများကို ဖြေဖျောက်တတ်ကြပြီး တချို့ကမူ စိတ်ပိုင်းဆိုင်ရာယိုယွင်းမှုများကို ယောက်ျားများအပေါ် အာဏာကြီးစိုးခြင်းဖြင့် သာယာမှုကို ခံယူတတ်ကြသည်။ တော်တော်များများကတော့ သွေးထွက်သံယိုဖြစ်ရပ်များကို သဘောကျသွားပြီး လူသတ်ခြင်းကို စွဲလမ်းသွားကြသည်။
ထရိုင်ဒန့်တွင် ဝါသနာအကြီးစားနှစ်ခုရှိသည်။ တစ်ခုမှာ ယောက်ျားများဖြစ်ပြီး ကျန်တစ်ခုကတော့ လူသတ်ခြင်းပင်။
ကံကောင်းချင်တော့ ဆာထရီက အလွန်ရုပ်ဆိုးလှသောကြောင့် ထရိုင်ဒန့်၏အကြိုက်နှင့် မကိုက်ညီချေ။ သို့မဟုတ်ပါက သူ့ဂန္ဓမာပန်းလေးမှာ ထရိုင်ဒန့်နှင့် စီးပွားရေးစလုပ်စဉ်ကတည်းက ပွင့်အာသွားလောက်လေပြီ။
သူ ထရိုင်ဒန့်နှင့် စီးပွားရေးစလုပ်သည့် ပထမဆုံးအကြိမ်တုန်းက အမြတ်ငွေ၂၀ရာခိုင်နှုန်းကျော် ဆုံးရှုံးခဲ့ရသည်။ သူ့ဘက်ကသာ မလိုက်လျောခဲ့ပါက အရောင်းအဝယ်လုပ်နိုင်မလုပ်နိုင်ဆိုသည်မှာ အရေးမကြီးတော့ဘဲ သူ အသက်ရှင်နိုင်မရှင်နိုင်ကသာ အရေးကြီးသွားလေပြီ။
ဤတစ်ခေါက်တွင် ကျန်းမုန့်လောင်နှင့်အတူ သူ လိုက်သွားရပေလိမ့်မည်။ အကယ်၍ ကျန်းမုန့်လောင်ကသာ ထရိုင်ဒန့်ကို အာဏာကြီးစိုးနိုင်လျှင် ပြဿနာမရှိပေ။ သို့သော် မလုပ်နိုင်ခဲ့ပါက ဤတစ်ခေါက်တွင်လည်း သူ ကံဆိုးလိမ့်မည်ဟု ဆာထရီ ခန့်မှန်းထားသည်။ ထို့ကြောင့် ကျန်းမုန့်လောင်ဘက်က ပိုမိုအင်အားတောင့်တင်းလေလေ သူလည်း စိတ်အေးရလေလေပင်။
"မစ္စတာကျန်း... ထရိုင်ဒန့်ရဲ့ဘော်ဒီဂတ်နှစ်ယောက်က အရမ်းအစွမ်းထက်တယ်နော်!"
ဆာထရီက ထိုအကြောင်းအရာကို တစ်ဖန် အသားပေးပြီးပြောလိုက်သည်။
"လက်ရှိအချိန်အထိ ရွှီလိနယ်မြေထဲက ဘယ်အင်အားစုကမှ သူ့ကိုမယှဉ်နိုင်ဘူး။ တစ်ခါတုန်းက သူပိုင်နက်ထဲကို ဒုံးကျည်တစ်လုံး ပစ်ချခဲ့သေးတယ်။ နယ်မြေတစ်ခုလုံး မွစာကြဲသွားပေမဲ့ သူကတော့ လွတ်သွားတယ်"
"ငါ့ရဲ့စူပါပါဝါက ဘာလဲဆိုတာသိလား"
ကျန်းမုန့်လောင်က ဆာထရီ၏စကားကို အလေးမထားပေ။
ဆာထရီခမျာ အံ့ဩမှင်တက်သွားသည်။
ချမ်းသာတယ်ဆိုတာက ပိုက်ဆံနဲ့ဝယ်လို့ရတဲ့အရာတွေကိုပဲ ရနိုင်တာမဟုတ်ဘူးလား?
သို့သော် ဤကမ္ဘာပေါ်တွင် ငွေနှင့်ဝယ်ယူ၍မရနိုင်သော အရာတစ်ခုရှိသည်။ ၎င်းမှာ အသက်ပင်။
"ငါ့ရဲ့စူပါပါဝါက သူများအပိုင်ကို ငါ့အပိုင်ဖြစ်အောင်လုပ်ရတာလေ"
ကျန်းမုန့်လောင်က ရယ်ကာမောကာဖြင့်ပြောလိုက်သည်။
"အဲဒီလူနှစ်ယောက်က ထရိုင်ဒန့်ရဲ့ဘေးနားမှာ နေချင်တယ်ဆိုတော့ သူတို့နှစ်ယောက်လိုချင်တာကို အဲဒီလူက ပေးနိုင်လို့ပဲဖြစ်ရမယ်"
ဒုတိယကမ္ဘာ၏ လူသားများအတွက်တော့ ငွေဆိုသည်မှာ အရေးမပါပေ။ သူတို့၏ကိုယ်ခန္ဓာကြံ့ခိုင်မှုက လူသားများထက် ကျော်လွန်နေသည်ဖြစ်ရာ ဦးနှောက်ကလည်း ကောင်းစွာဖွံ့ဖြိုးတိုးတက်သည်။ ထို့ပြင် သူတို့ဦးနှောက်၏ လုပ်ဆောင်နိုင်စွမ်းမှာ ကြီးကျယ်မြင့်မြတ်သော အတွေးအခေါ်ပညာရှင်များထက် သာလွန်ပေသည်။
သူတို့သာ ငွေရှာချင်ပါက ရုပ်ပိုင်းဆိုင်ရာစွမ်းရည်ပင်ဖြစ်စေ၊ ထက်မြက်မှုပင်ဖြစ်စေ သူတို့အတွက်တော့ ထိုအရာမှာ လွယ်ကူလှသော တာဝန်တစ်ခုဖြစ်သည်။
သူတို့သည် ငွေအတွက်ကြောင့် ထရိုင်ဒန့်အနားတွင် ရှိနေခြင်းမဟုတ်သည်မှာ သိသာလှ၏။ ထရိုင်ဒန့်ထံတွင် လူသားဆင့်ကဲပြောင်းလဲမှုနှင့်ပတ်သက်၍ သူတို့အား ဆက်လက်ဖွံ့ဖြိုးနိုင်အောင် လုပ်ဆောင်ပေးနိုင်သည့် တစ်စုံတစ်ရာရှိနေသည်မှာ မည်သူမဆို တွေးကြည့်နိုင်သော အရာတစ်ခုဖြစ်သည်။
"သွားကြရအောင်။ အဲဒီထရိုင်ဒန့်ဆီကို ခေါ်သွားပေး"
တစ်ခုခုစားသောက်ပြီးနောက် ကျန်းမုန့်လောင်လည်း တူကိုချလိုက်သည်။ သူ့အရှေ့ရှိ အစားအသောက်များမှာ ရွှီလိနယ်မြေတွင် စာကောင်းသောက်ဖွယ်တစ်ခုအဖြစ်သတ်မှတ်နိုင်သော်လည်း သူအတွက်တော့ မျိုချရခက်ခဲလှသည်။
သို့သော် ဘာမှမတတ်နိုင်ပေ။ ဤနယ်မြေထဲရှိ လူတော်တော်များများ၏ အကြီးမားဆုံးသောအိပ်မက်မှာ အသက်ရှင်ရပ်တည်ရန်ပင်။ စားကောင်းသောက်ဖွယ်ဆိုသည်မှာ သူတို့အတွက်တော့ မရှိမဖြစ်လိုအပ်သော အရာတစ်ခုမဟုတ်ပေ။ ရွေးချယ်ခွင့်သာပေးမည်ဆိုပါက ကျန်းမုန့်လောင် အသင့်စားခေါက်ဆွဲကိုသာ စားလိုက်မည်ဖြစ်၏။
"ကောင်းပါပြီ။ ကျွန်တော် ခင်ဗျားအတွက် ထရိုင်ဒန့်ကို ဆက်သွယ်ပေးပါ့မယ်"
ဆာထရီမှာ သူ့လူယုံများကို ထရိုင်ဒန့်အား ဆက်သွယ်ခိုင်းလိုက်သည်။ ထရိုင်ဒန့်၏တည်နေရာမှာ အလွန်လျှို့ဝှက်သောကြောင့် ဆာထရီလို လူတစ်ယောက်ပင် သူနှင့်အဆက်အသွယ်ရရန်အတွက် အထူးလမ်းကြောင်းများကို အသုံးပြုရသည်။
နာရီဝက်ကြာသောအခါ ဆာထရီ၏လူယုံများ ပြန်ရောက်လာ၏။
"ခေါင်းဆောင်.. ထရိုင်ဒန့်ရဲ့လူတွေက အရောင်းအဝယ်လုပ်လို့ရတယ်လို့ ပြောပါတယ်။ တည်နေရာကတော့ အလက်တိုမြို့ထဲက ဘိုဟယ်မီယန်ဘားလို့ သတ်မှတ်ထားပါတယ်။ သူတို့ဘက်က လူတစ်ယောက်တည်းကိုပဲ ခေါ်လာခွင့်ပေးထားပါတယ်"
"တစ်ယောက်တည်းလား"
ဆာထရီမှာ နံရံကို လက်သီးဖြင့်ထိုးလိုက်မိသည်။
"ထရိုင်ဒန့်က တော်တော်လွန်သွားပြီ"
ပုံမှန်ဆိုလျှင် လူနှစ်ယောက်သွားပါက လက်နက်များကိုဖယ်ရှားလိုက်သည်နှင့် အကာအကွယ်ကင်းမဲ့သွားပြီဖြစ်၏။
"မစ္စတာကျန်း.. လူနည်းနည်းလောက်ခေါ်သွားပြီး သူ့ကိုသတ်ပစ်ရအောင်"
ဆာထရီခမျာ အလျင်လိုနေပေသည်။ ယခုလိုသာ ဆက်ဖြစ်နေပါက ဆာထရီလည်း နောင်အနာဂတ်တွင် ထရိုင်ဒန့်နှင့် အလုပ်ဆက်လုပ်နိုင်မည်မဟုတ်ပေ။ ထရိုင်ဒန့်၏နယ်မြေထဲကို လူတစ်ယောက်တည်းနှင့် သွားရမည့်အရေးအတွက် သူ သတ္တိမရှိချေ။
"ရပါတယ်။ ဒါဆို ငါတို့နှစ်ယောက်ပဲ သွားကြတာပေါ့"
ကျန်းမုန့်လောင်က ပြုံးပြုံးလေးပြောလိုက်၏။
"ဟုန်းရီ.. မင်းက ဒီမှာနေခဲ့လိုက်။ ပိုက်ဆံလိုအပ်လာရင် ငါ မင်းကိုဆက်သွယ်လိုက်မယ်"
"ဟုတ်ကဲ့ မစ္စတာကျန်း"
ဟုန်းရီက ခေါင်းညိတ်ပြသည်။
"ယဲ့ရင်... မင်းက ဒီမှာနေခဲ့ပြီး ဟုန်းရီကို စောင့်ရှောက်ထားလိုက်"
ကျန်းမုန့်လောင်က ညွှန်ကြားလိုက်သည်။
"မစ္စတာကျန်း ကျွန်တော်..."
"ဘာကျွန်တော်လဲ? မင်း အခု ငါ့ကိုအနိုင်တိုက်နိုင်တယ်လို့ ထင်နေတာလား"
ကျန်းမုန့်လောင်ကလည်း ပြန်ပက်သည်။
ယဲ့ရင်လည်း ထိုစကားကြောင့် အနည်းငယ်မှင်တက်သွားရသည်။ ကျန်းမုန့်လောင်က ဒဏ္ဍာရီလာအဆင့်သုံးမျှသာ ရှိ၏။ သာမန်အခြေအနေအောက်တွင် ယဲ့ရင် သူ့ကို အသာလေးအနိုင်ပိုင်းနိုင်သည်။
သို့သော် ပြီးခဲ့သည့်တစ်ခေါက်တုန်းက ဟွိုက်ကျဲတို့အဖွဲ့ထဲမှ အဆင့်နှစ်များနှင့် ရင်ဆိုင်ခဲ့ရချိန်ဝယ် ကျန်းမုန့်လောင်သည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်လွှတ်ခဲ့သည်။ ထိုစွမ်းအားမှာ သူ့ကို အကြိမ်တစ်ထောင်လောက်ပင် သတ်ပစ်နိုင်သည်။
"ကဲ.. မင်း ဟုန်းရီကို ခိုးခိုးကြည့်နေတာ ငါမသိဘူးများထင်နေတာလား။ မင်း သူ့ကို သဘောကျလား"
ကျန်းမုန့်လောင်က အပြုံးလေးဖြင့် စနောက်လိုက်သည်။
"ငါက မင်းအတွက် အခွင့်အရေးတစ်ခု ဖန်တီးနေတာနော်။ ဒီကိစ္စလောက်ကတော့ ငါကိုယ်တိုင် ဖြေရှင်းနိုင်တယ်"
ယဲ့ရင်၏မျက်နှာကား ရဲခနဲဖြစ်သွားရသည်။ ကျန်းမုန့်လောင်က ထိုအရာကို သတိထားမိသလား။ သူ့ခံစားချက်များကို သူ ကောင်းကောင်းဖုံးကွယ်ထားနိုင်သည်ဟု အမြဲထင်နေခဲ့မိသည်။
"ဘာလို့ဟန်ဆောင်နေတာလဲ။ မင်း စိတ်ထဲမှာ ကျိတ်ပျော်နေတာမလား"
ကျန်းမုန့်လောင်က ခပ်ညစ်ညစ်ပြုံးလျက် ဆိုလိုက်လေသည်။
...
SUVကားတစ်စီးက အလက်တိုမြို့၌ ရပ်တန့်လိုက်သည်။ ပတ်ဝန်းကျင်ရှိ စစ်မက်ဖြစ်ပွားရာနေရာနှင့် မတူပါဘဲ ဤနေရာကတော့ သဲကန္တာရထဲက အိုအေစစ်အလားပင်။ ခေတ်မီတိုးတက်နေရုံသာမက လူသူစည်ကားပြီး အသက်ဝင်လှုပ်ရှားလေသည်။
"အမလေး.. ရွှီလိနယ်မြေတစ်ခုလုံးက စုတ်စုတ်ပြတ်ပြတ်ဖြစ်နေလိမ့်မယ်လို့ ထင်နေတာ"
ကျန်းမုန့်လောင် ဟာသလုပ်လိုက်သည်။
"ဟားဟားဟား..မစ္စတာကျန်း လူတိုင်းက သက်ဝင်ယုံကြည်တဲ့အရာတစ်ခုတော့ ရှိဖို့လိုတယ်။ မဟုတ်ရင် စစ်ပွဲဆိုတာ ဘာအဓိပ္ပာယ်မှမရှိဘူးလေ။ ဒီနေရာမှာရှိတဲ့ သူရဲကောင်းတွေအကုန်လုံးအတွက်တော့ ဒီနေရာက နိဗ္ဗာန်ဘုံပဲ။ စစ်မြေပြင်ထဲမှာ သူတို့ ပင်ပန်းလာပြီဆိုရင် ဒီနေရာကိုလာကြတယ်။ အဲဒါကို တစ်ယောက်ယောက်ကများ ဖျက်ဆီးဖို့ ကြိုးစားလို့ကတော့ ရွှီလိနယ်မြေတစ်ခုလုံးရဲ့ ရန်သူဖြစ်ပြီသာအောက်မေ့"
ဆာထရီက ရှင်းပြလိုက်သည်။
"အဓိပ္ပာယ်တော့ရှိသားပဲ"
ကျန်းမုန့်လောင် ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။
"ဒီဆိုင်ပိုင်ရှင်တွေက သာမန်လူတွေမဟုတ်ဘူးမလား"
"ဘယ်ဟုတ်ပါ့မလဲ။ အရည်အချင်းမရှိဘဲ ဒီနေရာမှာ ဆိုင်လာဖွင့်လို့တောင် ရမှာမဟုတ်ဘူး"
ဆာထရီက ပြောလာလေသည်။
"ကျွန်တော်တို့သွားမဲ့ ဘိုဟယ်မီယန်ဘားက နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ပိုင်တာ။ အပြင်ဘက်မှာတော့ သူတို့တွေက စစ်ဖြစ်နေကြပေမဲ့ ဒီမြို့ထဲမှာတော့ ဘယ်သူကမှ ပြဿနာမရှာရဲဘူး။ ဒါပေမဲ့ ထရိုင်ဒန့်က အဲဒီခေါင်းဆောင်နဲ့ အဆက်အသွယ်ရှိတယ်လို့ ကြားတယ်။ ဒီနေရာမှာ အရောင်းအဝယ်လုပ်ဖို့ ဆုံးဖြတ်လိုက်တာကလည်း အဲဒီအချက်ကြောင့်ဖြစ်မယ်ထင်တယ်"
"သွားကြစို့"
ကျန်းမုန့်လောင်က မက်စ်နှင့် မျက်မှန်ကိုတပ်၍ ဒီဂျေသီချင်းသံများ ညံစီနေသော ဘားထဲသို့ ဝင်သွားလိုက်၏။ ဤမြို့ထဲတွင် မည်သူကမှ သူတို့မျက်နှာကို ထုတ်မပြကြချေ။ ယနေ့ည တစ်စုံတစ်ယောက်နှင့် တစ်ခွက်လောက်အတူသောက်ပြီး နောက်တစ်နေ့တွင် စစ်မြေပြင်၌ ရင်ဆိုင်ရနိုင်သည်။ ထို့ကြောင့် အချင်းချင်း မမှတ်မိတာကသာ ပိုကောင်းပေသည်။
ဘိုဟယ်မီယန်ဘားက အကြီးကြီးပင်။ ဟွာရှားရှိ ဈေးဝယ်စင်တာအသေးစားတစ်ခုနီးနီးရှိပြီး ဤနေရာတွင် လုပ်ငန်းပေါင်းများစွာကို လုပ်ကိုင်နေကြသည်။ ဤနေရာကား influencerများအတွက် ကုန်သွယ်မှုအချက်အချာနေရာတစ်ခုပင်။
"ကလစ်"
ကျန်းမုန့်လောင် ဆယ်လ်ဖီတစ်ပုံရိုက်လိုက်ပြီးနောက် ဆိုရှယ်မီဒီယာတွင် တင်လိုက်၏။
ဆာထရီ၏နှုတ်ခမ်းကမူ အလိုလိုတွန့်သွားရသည်။ အခြားသူများက ဤနေရာကိုလာလျှင် စစ်ချီထွက်လာသည့်အလား သဘောထားကြသော်လည်း သူကတော့ဖြင့် အလည်အပတ်ရောက်လာသလို ပြုမူနေပေသည်။
ဓာတ်ပုံရိုက်ပြီး ပို့စ်တင်လိုက်သေးတာလား? ခင်ဗျား ဘယ်လိုလုပ်ပြီး ဒီလောက်အေးဆေးနေရတာလဲ?
"မစ္စတာကျန်း ကျွန်တော်တို့ ရောက်ပါပြီ"
ချိန်းဆိုထားသော တည်နေရာအရတော့ သူတို့အနေနှင့် ဘား၏ တတိယထပ်ရှိ သီးသန့်ခန်းတစ်ခုထဲတွင် အရောင်းအဝယ်လုပ်ကြမည်ဖြစ်၏။
"ကျွန်တော်က ဆာထရီပါ။ ထရိုင်ဒန့်နဲ့ အရောင်းအဝယ်လုပ်ဖို့ ရောက်လာတာပါ"
ဆာထရီက တံခါးအပြင်ဘက်ရှိ လက်နက်ကိုင်အမျိုးသားများကို ပြောလိုက်၏။
ထိုအမျိုးသားများကလည်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ကြည့်ရသည်မှာ သူတို့၏အထက်လူကြီးက ဤအကြောင်းကို အကြမ်းဖျင်းပြောပြထားဟန်တူသည်။
"အဝတ်အစားတွေချွတ်လိုက်"
သေနတ်ဆယ်လက်ကျော်က ဆာထရီကို တည့်တည့်ချိန်ထားလိုက်သည်။
ဆာထရီကတော့ ဤအခြေအနေမျိုးနှင့် ကျင့်သားရနေဟန်ပင်။ သူ့အတွင်းခံကိုပါ ချွတ်ချပြီးနောက် အရှေ့သို့ လျှောက်သွားလိုက်၏။
"သေစမ်း"
အံ့ဖွယ်ကောင်းလှသော အရွယ်အစားကို မြင်လိုက်ရချိန်၌ ကျန်းမုန့်လောင် မနာလိုအားကျသောအကြည့်ဖြင့် ကြည့်လိုက်မိသည်။
*****************