← Chapters

ဒစ်စကောင့်မပေးရင် ဘယ်သူမှထွက်သွားလို့မရဘူး

Vol. 32 Ch. 468

ဒစ်စကောင့်မပေးရင် ဘယ်သူမှထွက်သွားလို့မရဘူး

Vol. 32 Ch. 468

ကြေးစားလုပ်ငန်းကား အလွန်ရိုးရှင်းလှသည်။ ငွေရှင်ကြေးရှင်ကိုသာ ခစားမည်ဖြစ်၏။ ပိုက်ဆံပေးနေသရွေ့တော့ ခိုင်းသည့်အတိုင်း လုပ်ပေးနေမည်ဖြစ်၏။

သေမြေကြီး ရှင်ရွှေထီးပင်။ ဤနေရာတွင် နှစ်အနည်းငယ်လောက် အလုပ်လုပ်ပြီးလျှင် အမေရိကန်ဒေါ်လာသန်းဂဏန်း သို့မဟုတ် သန်းရာဂဏန်းအထိ ရနိုင်သည်။ ထို့နောက် ချမ်းသာပျော်ရွှင်သောဘဝကို ဖြတ်သန်းနိုင်ပြီဖြစ်၏။

အန္တရာယ်ကတော့ ပါဝင်ပတ်သက်သူတိုင်း အန္တရာယ်ရှိသည်သာ။ ဤကဲ့သို့သော နေရာတစ်ခုတွင် အိမ်သာတက်ရင်းလည်း ဗုံးနှင့် အပစ်ခံရတတ်သည်။ ဤနေရာတွင် လုံခြုံမှုဟူ၍ လုံးဝမရှိချေ။

ထို့ကြောင့် သူတို့အတွက်တော့ ပိုက်ဆံပိုပေးသူအတွက် အလုပ်လုပ်ပေးမည်ဖြစ်ပြီး ဤနည်းဖြင့် စိတ်ပျက်စရာကောင်းသော ဤနေရာမှ ခပ်မြန်မြန်ထွက်သွားရန် ပိုက်ဆံလုံလုံလောက်လောက်စုဆောင်းနိုင်မည်ဖြစ်၏။

ထရိုင်ဒန့်နှင့်အတူ အလုပ်ဆက်လုပ်နေပါက ငွေကြေးလွတ်လပ်မှုရှိရန်အတွက် နောက်ထပ်ငါးနှစ်ခြောက်နှစ်လောက် ကြာကောင်းကြာနိုင်သည်။ သို့သော် ထိုပမာဏ၏နှစ်ဆကိုသာ ရမည်ဆိုပါလျှင် ကြာချိန်ကိုလည်း ရှစ်ဆယ်ရာခိုင်နှုန်းလောက် လျှော့ချနိုင်သည်။ ဤမက်လုံးမှာ သူတို့အတွက် အလွန်ဆွဲဆောင်မှုရှိလှသည်။

"ကျုပ်တို့လက်ခံတယ်"

ကြေးစားတစ်ယောက်က သူ့သေနတ်ကို ချက်ချင်းဘေးဖယ်လိုက်သည်။ ထို့နောက် လက်ကောက်ဝတ်အရိုးကျိုးသွားသော ကြေးစားနှစ်ယောက်ထံသို့ လျှောက်သွားရင်း မျက်ဝန်းထဲတွင်လည်း သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေသည်။

လက်ကောက်ဝတ်နှစ်ဖက်စလုံးက ကျိုးထားသည့်အတွက် သူတို့၏တိုက်ခိုက်ရေးစွမ်းရည်မှာ ထက်ဝက်ခန့်လျော့နည်းသွားသည်။ ကြံ့ခိုင်မှုအပိုင်းတွင် ကွာခြားချက်သိပ်မရှိသော ကြေးစားစစ်သည်များအကြား ဤကဲ့သို့သောအခြေအနေဖြင့်ဆိုလျှင် သူတို့ ခုခံနိုင်စွမ်းမရှိပေ။

"လူးစီးယပ်.. ငါတို့ သုံးနှစ်လောက် အတူတိုက်ခိုက်ခဲ့ကြတာလေ။ ညီအစ်ကိုတို့.. မင်းတို့ ဒီလိုမလုပ်ရဘူးနော်"

ကြေးစားတစ်ယောက်က နောက်ဆုတ်ရင်း သူ့ဘောင်းဘီကို ကျိုးနေသောလက်ဖြင့် ကာကွယ်ရန် ကြိုးစားနေရှာသည်။

"ဟားဟားဟား ညီအစ်ကိုတဲ့လား။ ဆောရီးပဲ။ ဒီနေရာမှာ ပိုက်ဆံကသာ အရာရာပဲ။ ညီအစ်ကိုဆိုတာ အရေးမပါဘူး"

လူးစီးယပ်က ရယ်မောလိုက်လေသည်။

"ဒဏ်ရာရထားတဲ့လူက ငါသာဆိုရင် မင်းလည်း တွေဝေမနေဘဲ ငါ့ထက် စိန်တွေကိုရွေးမှာ သေချာတယ်။ ဟုတ်တယ်မလား"

ထိုစကားများကြောင့် ဒဏ်ရာရထားသော ကြေးစားများမှာ ဆွံ့အသွားရလေသည်။ မျှမျှတတပြောရလျှင် သူတို့အားလုံးက ငွေရှာရန်အတွက် ဤစစ်မြေပြင်သို့ ရောက်လာကြခြင်းပင်။ အကျိုးအမြတ်အတွက်သာ အငြင်းမပွားရပါက တစ်ယောက်ကိုတစ်ယောက် ကူညီလိုစိတ်ရှိမည်သာ။ အကြောင်းမှာ တစ်ခါတစ်ရံတွင် အပေါင်းအသင်းများက သူတို့အသက်ကို ကယ်တင်ပေးတတ်ကြသည်။

သို့သော် ညီအစ်ကိုသံယောဇဉ်နှင့် စိန်များအကြား ရွေးချယ်ရမည်ဆိုပါက သူ့အနေနှင့် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ စိန်များကိုသာ သေချာပေါက်ရွေးချယ်မည်ဖြစ်၏။

"တွေ့လား။ မင်း တွေဝေသွားတယ်"

ဒဏ်ရာရထားသော ရဲဘော်ရဲဘက်၏ အမူအရာကို မြင်သောအခါ လူးစီးယပ်က ရက်စက်လှ‌သော အပြုံးတစ်ပွင့်ကို ထုတ်ဖော်ပြသလိုက်သည်။ အစတုန်းက သူ့စိတ်ထဲတွင် အပြစ်ရှိစိတ်ရှိခဲ့ဖူးပါက ယခုမူ လုံးဝပျောက်ကွယ်သွားလေပြီ။

"ဘုန်း!"

လူးစီးယပ်မှာ တွေဝေတုံ့ဆိုင်းမနေဘဲ သူ့ရဲဘော်ရဲဘက်ဟောင်းကို ကြမ်းပြင်ပေါ်သို့ တွန်းလှဲ၍ အဝတ်အစားများကို ချွတ်လေတော့သည်။

"မင်းတို့တွေက ပိုက်ဆံမလိုချင်ကြဘူးလား"

ကျန်းမုန့်လောင်က အခြားလူများကို အေးစက်စက်လှောင်ရယ်သံဖြင့် မေးလိုက်လေသည်။

"တောင်းပန်ပါတယ်"

"စိန်တွေက ဆွဲဆောင်မှုမရှိလို့လား"

"ငါ အရှုံးပေးလိုက်ပြီ။ ဒေါ်လာတစ်သိန်းနဲ့ ငါးသိန်းကြားမှာ ရူးနေတဲ့လူကမှ တစ်သိန်းကိုရွေးမှာ"

ဦးဆောင်ဦးရွက်ပြုသူတစ်ယောက် ရှိလာသောအခါ ကျန်လူများလည်း စိတ်ပိုင်းဆိုင်ရာဝန်ထုပ်ဝန်ပိုးကို မခံစားရတော့ပေ။ တုတ်ခိုင်သန်မာသော ယောကျ်ားများမှာ မပြောအပ်သောလုပ်ရပ်များကို လုပ်ကြလေတော့သည်။

"အမလေး.. ပန်းရောင်အတွင်းခံလား။ ဒါက ဘယ်လိုပါလိမ့်။ စတော်ဘယ်ရီလေးတွေတောင် ပါသေးတယ်"

ကျန်းမုန့်လောင်က စက်ဆုပ်ရွံရှာလေဟန် အမူအရာတစ်ခုကို လုပ်လိုက်သည်။

"စစ်ပွဲတွေရဲ့ဖိစီးမှုအောက်မှာ နေရတဲ့လူတွေက ဒီလိုထူးဆန်းကြတာလား"

"သောက်ကျိုနည်း! သေးလိုက်တာ? သူက အာဖရိကလူမျိုးမဟုတ်ဘူးလား။ သူက အာဖရိကလူမျိုးတွေကို အရှက်ခွဲနေတာပဲ"

...

"အားလုံးပဲ.. အသေးစိတ်စစ်ဆေးကြနော်။ အတွင်းအပြင် တစ်နေရာမှ မကျန်စေနဲ့"

"အား! ဘယ်ကိုမှမထိနဲ့"

...

"ဒီပုံရိပ်က အရမ်းလှတာပဲ။ ငါ ကြည့်တောင်မကြည့်ရဲဘူး"

ကျန်းမုန့်လောင်က တိတ်တိတ်လေးလှည့်ထွက်သွားလိုက်သည်။ ယခုမြင်ခဲ့ရသော မြင်ကွင်းကို ပြန်လည်မေ့ဖျောက်ရန်အတွက် အချိန်တစ်နှစ်ခန့်ယူရလိမ့်မည်ဟု ထင်မိသည်။

ကိစ္စကြီးငယ်မှန်သမျှ မြင်ဖူးတွေ့ဖူးထားသည့် ဆာထရီပင် ဤလိင်တူဆက်ဆံမှုမြင်ကွင်းကို နားမလည်နိုင်ဖြစ်နေဆဲပင်။

"ဒါက ငွေကြေးရဲ့စွမ်းအားလား"

ငွေရှိခြင်းမှာ စူပါပါဝါတစ်ခုကို ပိုင်ဆိုင်ထားသည့်အလားပင်ဖြစ်ကြောင်း ဆာထရီ ဝန်ခံရပေလိမ့်မည်။ သို့သော် ဤသည်မှာ မိမိ၏ပိုင်ဆိုင်မှုများကို ကာကွယ်ခြင်းနှင့်လည်း သက်ဆိုင်သေးသည်။

အစောတုန်းက ကျန်းမုန့်လောင်သာ အံ့ဖွယ်ကောင်းသော ထိုလုပ်ရပ်ကို လုပ်ပြခဲ့ခြင်းမရှိပါက စိန်ပွင့်များကို ထုတ်လိုက်သည်နှင့် ထိုကြေးစားများက သူ့ကို ဆန်ခါပေါက်များဖြစ်အောင် လုပ်လိုက်ပေလိမ့်မည်။

မိနစ်အနည်းငယ်အကြာတွင် ထိုကြေးစားနှစ်ဦးခမျာ အဝတ်အစားများကို တင်းတင်းဆုပ်ထားပြီး ထောင့်နားလေးတွင် ကုပ်ကုပ်လေးလုပ်နေသည်မှာ အနိုင်ကျင့်ခံထားရသော မိန်းမပျိုလေးများအလားပင်။

ကျန်ကြေးစားများကတော့ ကျန်းမုန့်လောင်ရှေ့တွင် တလေးတစားမတ်တတ်ရပ်နေကြသည်။ သို့သော် သူတို့၏အကြည့်ကတော့ စိန်ပွင့်များပေါ်တွင်သာ ကျရောက်နေသည်။

"ငါဆိုတဲ့ ကျန်းမုန့်လောင်က ငါ့ကတိကိုငါတည်တယ်။ ဒီစိန်တွေအတွက် ငါ မင်းတို့ကို တစ်နှစ်လောက် အလုပ်လုပ်ခိုင်းမှာမဟုတ်ဘူး။ မင်းတို့အနေနဲ့ ငါ ရွှီလိနယ်မြေထဲက ထွက်မသွားခင်အထိပဲ လုပ်ပေးရမယ်။ ပြီးရင်တော့ စာချုပ်သက်တမ်းကုန်ပြီ"

သူက ထိုသို့ပြောလိုက်၏။

"ဘော့စ်..ခင်ဗျား ဒီမှာ ဘယ်လောက်နေဖို့ စီစဉ်ထားလဲ"

ကြေးစားတစ်ယောက်က ကျန်းမုန့်လောင်ကို ခေါ်ဝေါ်သည့် အသုံးအနှုန်းကိုပင် ပြောင်းလဲပြီး‌ မေးလာလေသည်။

"အများဆုံး သုံးရက်ပေါ့"

ကျန်းမုန့်လောင်က ဆို၏။

"ဒီနေရာမှာရှိတဲ့ ယမ်းမှုန့်အနံ့တွေက ငါ့ကို မသက်မသာဖြစ်စေတယ်။ ဟွာရှားနိုင်ငံကမှ ပိုကောင်းသေးတယ်။ ဒီမှာကြာကြာနေရင် ငါကိုယ်တိုင်ပါ ထူးဆန်းသွားမှာ ကြောက်ရတယ်"

"သုံးရက်လား"

ကျန်းမုန့်လောင်က လပေါင်းလောက်တော့ နေလိမ့်မည်ဟု သူတို့ ထင်ထားခဲ့သော်ငြား သုံးရက်တည်းနှင့် သူတို့ ဒေါ်လာငါးသန်းရပေတော့မည်။ ဤသည်မှာ ဒေါ်လာတစ်သန်းအတွက်နှင့် တစ်နှစ်လောက် ရုန်းကန်နေရတာထက် ပိုဆွဲဆောင်မှုရှိသည်။

ထရိုင်ဒန့်ကို သစ္စာဖောက်မိမည့်အရေးကိုတော့ ပူမနေပေ။ ငှက်များက အစားအသောက်အတွက် သေကြပြီး ယောကျ်ားများကလည်း ချမ်းသာကြွယ်ဝမှုအတွက် သေကြရသည်။ ထရိုင်ဒန့်တွင် ထူးခြားဆန်းကြယ်သော ဘော်ဒီဂတ်နှစ်ယောက် ရှိသော်ငြား ကျန်းမုန့်လောင်၏ကွန်ဖူးသိုင်းကလည်း အဆင့်မနိမ့်ကြောင်း သူတို့ ယုံကြည်ထားသည်။ မီတာအနည်းငယ်အကွာမှတစ်ဆင့် သေနတ်ထဲရှိ ကျည်ဆန်များကို အမှုန့်ခြေပစ်နိုင်သူမျိုးကို သူတို့ တစ်ခါမှမမြင်ဖူးပေ။

ဤသည်မှာ ဟွာရှားသိုင်းပညာရှင်များ၏ ဒဏ္ဍာရီလာ"အတွင်းအား"ပင် ဖြစ်ရမည်။

"ဘော့စ်.. ဒီသုံးရက်အတွင်း ကျွန်တော်တို့ ခင်ဗျားရဲ့သစ္စာအရှိဆုံးဘော်ဒီဂတ်တွေ ဖြစ်စေရပါမယ်"

"ဟုတ်ပါတယ်။ ရွှီလိအစိုးရရဲ့ ဌာနချုပ်ကို တိုက်ခိုက်ခိုင်းရင်တောင် ကျွန်တော်တို့ မျက်တောင်တစ်ချက်ခတ်မှာမဟုတ်ပါဘူး"

"ကောင်းတယ်"

ကျန်းမုန့်လောင်လည်း နှစ်ခြိုက်သဘောကျဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

"ကဲ ထရိုင်ဒန့်ကို သွားတွေ့ကြရအောင်"

"ဟုတ်ကဲ့ ဘော့စ်"

ကြေးစားဆယ်ယောက်ကျော်မှာ စိန်ပွင့်များကို ခွဲယူလိုက်ကြပြီးနောက် သူတို့၏အထုပ်အပိုးများထဲသို့ စိတ်လှုပ်ရှားစွာ ထိုးထည့်လိုက်ကြသည်။ ထို့နောက် သူတို့၏အဝတ်အစားများကို ခပ်မြန်မြန်လဲဝတ်လိုက်ကြသည်။ သူတို့၏အမူအရာများမှာ အလွန်လေးနက်တည်ကြည်နေသည်။ ထရိုင်ဒန့်၏ပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်ရန်မှာ မလွယ်ကူလှကြောင်း ကောင်းကောင်းသိထားသည်။

"ဘော့စ်.. ကြွပါ"

ကြေးစားနှစ်ယောက်က ကျန်းမုန့်လောင်အတွက် ကော်ရစ်ဒါတံခါးကို ဖွင့်ပေးလိုက်သည်။ အခြားလူများကတော့ ယမ်းတောင့်များကို ခပ်မြန်မြန်ဖြည့်လိုက်ပြီးနောက် တစ်ယောက်နှင့်တစ်ယောက်ညှိနှိုင်းဆွေးနွေးကာ အထဲသို့ အပြေးအလွှားထွက်လာခဲ့သည်။

"ဘယ်လိုလဲ။ ငါ့ရဲ့ငွေသုံးနိုင်စွမ်းက အထင်ကြီးဖို့ကောင်းရဲ့လား"

ကျန်းမုန့်လောင်က ပြုံးလျက် ဆာထရီကို ကြည့်လိုက်၏။

"ခင်ဗျားက တကယ့်ကို တစ်ခုခုပဲ မစ္စတာကျန်းရေ"

ဤကဲ့သို့သောမြင်ကွင်းမျိုးကို ဆာထရီ တစ်ခါမှမမြင်ဖူးချေ။ သန်းပေါင်းများစွာ တန်ဖိုးရှိသော စိန်ပွင့်များကို ပေါ့ပေါ့ပါးပါးထုတ်ပေးနိုင်ခြင်းမှာ သာမန်လူများ မတတ်နိုင်သောကိစ္စတစ်ရပ်ပင်။

သူလည်း ကျန်းမုန့်လောင်၏ ကျောပိုးအိတ်ကို နောက်တစ်ခေါက်ထပ်မကြည့်ဘဲ မနေနိုင်ခဲ့ပေ။ ထိုအထဲတွင် စိန်ဘယ်နှပွင့်လောက် ထပ်ရှိနေသေးသလဲဆိုတာကို သူသိချင်မိသည်။

"စဉ်းစားနေစရာမလိုပါဘူး"

ကျန်းမုန့်လောင်က အပြုံးတစ်ပွင့်နှင့်အတူ ပြောလာလေသည်။

"ငါက ကမ္ဘာ့အကြီးဆုံးစိန်တွင်းတွေ ပိုင်တယ်လေ။ ငါပိုင်တဲ့စိန်တွေကို သယ်ယူပို့ဆောင်ဖို့အတွက်ဆိုရင် ကုန်တင်ကားအစီးပေါင်းများစွာ လိုလိမ့်မယ်"

ဆာထရီ သက်ပြင်းရှိုက်လိုက်မိသည်။ ချမ်းသာကြွယ်ဝမှုနှင့် အာဏာကို ထိုကဲ့သို့ထုတ်ဖော်ပြသခြင်းမှာ စင်စစ်ကြောက်မက်ဖွယ်ရာပင်။

....

ဘား၏ တတိယထပ်ရှိ အခန်းတစ်ခုထဲတွင် အသက်သုံးဆယ်အရွယ် လူဖြူအမျိုးသားတစ်ယောက်က ဆိုဖာပေါ်တွင် လဲလျောင်းရင်း ခပ်လန်းလန်းမိန်းကလေးများ၏ အကကို ရှုစားနေသည်။ သို့သော် သူ့မျက်လုံးထဲတွင် စိတ်အားထက်သန်မှုများ တောက်လောင်နေခြင်းမရှိပေ။ သူစိတ်ဝင်စားသောအရာမှာ နှစ်ခုသာရှိ၏။ အမေရိကန်ဒေါ်လာနှင့် ဆွဲဆောင်မှုရှိသော ယောကျ်ားများပင်။

"ဘော့စ်.. မကြာခင် ဆာထရီရောက်လာတော့မှာပါ။ ဒီတစ်ခေါက် အရောင်းအဝယ်အတွက် သူ ဘယ်လိုပုဂ္ဂိုလ်မျိုးကို ခေါ်လာမလဲမသိဘူး"

ထရိုင်ဒန့်၏ဘေးနားတွင် သေနတ်သန့်ရှင်းရေးလုပ်နေသော ခေါင်းပြောင်ပြောင်နှင့် ကြံ့ခိုင်သန်မာသော အမျိုးသားတစ်ယောက်က ဆိုလာလေသည်။

"ဘော့စ်.. ဒီအရောင်းအဝယ်အတွက် ကျွန်တော်တို့ရဲ့တောင်းဆိုမှုက အရမ်းတင်းကျပ်ပါတယ်။ သူ့ကို အကျပ်ရိုက်သွားအောင်လုပ်နိုင်ခဲ့လားမသိဘူး"

အခြားလက်အောက်ငယ်သားတစ်ဦးကလည်း မှတ်ချက်ပေးလာချေသည်။

"ဟားဟားဟား.. ဟုတ်တယ်ဆိုရင်ရော ဘာဖြစ်လဲ။ လက်နက်ဝယ်ဖို့အတွက် သူက ငါ့ကို ခယရမှာ။ ငါက သူ့ကို ခယရမှာမဟုတ်ဘူး"

လူးစီးယပ်က ပြောလိုက်၏။

"သူသာ လက်မခံဘူးဆိုရင် ငါ သူ့ကို ရွှီလိမှာရှိတဲ့ ဘယ်လက်နက်ကုန်သည်ဆီကမှ ကျည်တစ်ထောင့်လေးတောင် ဝယ်မရအောင် လုပ်ပစ်မယ်"

"ဒီတစ်ခေါက် သူခေါ်လာတဲ့လူတွေက ပိုနူးညံ့လောက်မလားမသိဘူး"

ထရိုင်ဒန့်က လျှာသပ်လိုက်ချေသည်။

"ဒီနားတစ်ဝိုက်မှာရှိတဲ့လူတွေက ချွေးနံ့တွေ သွေးနံ့တွေနဲ့ နံစော်နေတာပဲ။ အသားကောင်းကောင်းလေးများပါရင် အရောင်းအဝယ်လုပ်ပြီးတာနဲ့ နေခဲ့ခိုင်းလိုက်"

"ဟားဟားဟား ဘော့စ်.. ကျွန်တော်တို့ညီအစ်ကိုတွေပါ မြည်းစမ်းကြည့်လို့ရမလား"

"ဟားဟား"

"ဘန်း!'

လေးလံလှသော သတ္တုတံခါးမှာ ကန်ဖွင့်ခံလိုက်ရသဖြင့် ဆူညံလှသော အသံတစ်သံ ထွက်ပေါ်လာသည်။

တံခါးနားသို့ရောက်နေသည့် ကျန်းမုန့်လောင်က သူတို့၏စကားများကို ကြားလိုက်ရသည်။ ဆာထရီက သူ့တစ်ယောက်တည်းကို ခေါ်လာခဲ့သည်ဖြစ်ရာ သူတို့၏စကားများက သူ့ကို ရည်ရွယ်နေခြင်းပင်။

သို့ဖြစ်လေရာ သူက ထိုစကားများကို သည်းခံနေနိုင်မည်တဲ့လား?

ဖုန်မှုန့်များ ကင်းစင်သွားချိန်ဝယ် သာမန်အဝတ်အစားများကို ဝတ်ဆင်ထားသော အာရှလူငယ်လေးတစ်ယောက်က သူတို့ရှေ့တွင် ရပ်နေကြောင်း မြင်လိုက်ရသည်။

"ဒီနေ့ ငါ့ကို ဒစ်စကောင့်မပေးဘူးဆိုရင် ဘယ်သူမှထွက်သွားလို့မရဘူး"

သူက ထိုသို့အတိအလင်းကြေညာလိုက်သည်။

***************

All Chapters