← Chapters

သူတို့က ငါ့ဘော်ဒီဂတ်ဖြစ်နေပြီ

Vol. 32 Ch. 469

သူတို့က ငါ့ဘော်ဒီဂတ်ဖြစ်နေပြီ

Vol. 32 Ch. 469

"ကလစ်!"

ရုတ်ခြည်းဆိုသလို အခြေအနေပြောင်းလဲမှုကြောင့် အခန်းထဲရှိ လူတိုင်းလည်း နိုးနိုးကြားကြားဖြစ်သွားကြပြီး သူတို့၏သေနတ်များကို ဆွဲကိုင်ကာ တံခါးဘက်သို့ ချိန်ထားလိုက်ကြသည်။

"Nayi zuote!"

ကျန်းမုန့်လောင်က လက်ဟန်တစ်ခု လုပ်ပြလိုက်သည်။

"ဟမ်?"

"မြောင် မြောင် မြောင်?"

အသစ်ခန့်အပ်ထားသော ကြေးစားစစ်သည်များအားလုံး နားမလည်နိုင်ဖြစ်သွားကြပြီး ကျန်းမုန့်လောင်ကို ကြည့်လိုက်မိကြသည်။ ထိုလက်ဟန်မှာ ပစ်ခတ်ရန် ညွှန်းဆိုနေခြင်းဖြစ်ဟန်တူသည်။ သို့သော် "Nayi zuote"ဟူသော စကားစုက ဘာအဓိပ္ပာယ်လဲ?

၎င်းမှာ ဟွာရှားနိုင်ငံ၏ စကားတစ်ခုများလား?

"ရှုပ်ကုန်ပြီကွာ!"

ကျန်းမုန့်လောင် ကိုယ့်နဖူးကိုယ်ရိုက်လိုက်မိတော့သည်။

"ငါပြောချင်တာက အဲဒီငပျင်းတွေအကုန်လုံးကို ရှင်းလိုက်လို့"

"ဟုတ်ကဲ့ ဘော့စ်!

"ဘော့စ်တဲ့လား"

လူတိုင်း တုန်လှုပ်ကုန်ကြသည်။

သူတို့ရဲ့ဘော့စ်က ထရိုင်ဒန့်မဟုတ်ဘူးလား။ ဒီအာရှသားက ဘယ်လိုလုပ်ပြီး သူတို့ရဲ့ဘော့စ်ဖြစ်လာတာလဲ?

ကြေးစားဆယ်ယောက်ကျော်လောက်က အခန်းထဲရှိ အခြားကြေးစားများကို ရုတ်တရက်ကြီး သေနတ်နှင့် ပစ်လိုက်ကြသည်။ အခန်းထဲရှိ လူများခမျာ ကြမ်းပြင်ပေါ်သို့ လဲကျမသွားခင်အထိ ဘာဖြစ်နေမှန်း သဘောမပေါက်ကြချေ။

သူတို့တွေက ရဲဘော်ရဲဘက်တွေ မဟုတ်ဘူးလား? သူတို့က ဘယ်လိုလုပ်ပြီး ထရိုင်ဒန့်ကို သစ္စာဖောက်ပြီး သူတို့ကို ပစ်ရဲရတာလဲ? ဘာတွေဖြစ်နေတာလဲဆိုတာ ဘယ်သူရှင်းပြပေးနိုင်မလဲ?

သို့သော် ယခုမူ သူတို့အား ရှင်းပြပေးနိုင်သူမှာ ယမမင်းတစ်ယောက်တည်းသာ ရှိတော့သည်။

အခန်းထဲတွင် ကြေးစားစစ်သားအများကြီးမရှိပေ။ ထို့ပြင် သတိလက်လွတ်ဖြစ်သွားသည့်အတွက် တုံ့ပြန်ဖို့ အချိန်မရလိုက်ခင်မှာပင် ရှင်းထုတ်ခံလိုက်ရသည်။ တချို့ကတော့ တန်ပြန်တိုက်ခိုက်နိုင်ခဲ့သော်လည်း ကျန်းမုန့်လောင်ဘက်က လူနှစ်ယောက်ကိုသာ ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သည်။

သူတို့ထဲမှ တစ်ယောက်က ကျန်းမုန့်လောင်၏အရှေ့သို့ အပြေးရောက်ချလာပြီး ကျည်မမှန်အောင် ကာပေးထားသည်။ ထိုအချိန်တွင် ကျည်များက သေစေနိုင်လောက်သော နေရာများကို မမှန်နိုင်သော်လည်း ပိုက်ဆံသာ မှန်မှန်ပေးချေသရွေ့ ဤကြေးစားများမှာ သူ့အတွက် အသက်ပင် ပေးဝံ့ကြသည်။

သူတို့ လွယ်လင့်တကူဘက်ပြောင်းလိုက်ရသည့် အကြောင်းအရင်းကတော့ ထရိုင်ဒန့်က သူတို့အပေါ် အကြွေးတင်နေခြင်းဖြစ်ရမည်ဟု ကျန်းမုန့်လောင် ရဲရဲတင်းတင်းခန့်မှန်းကြည့်လိုက်သည်။ သို့မဟုတ်ပါက ဤအကြောင်း သတင်းပျံ့သွားသည်နှင့် ရွှီလိနယ်မြေထဲရှိ မည်သူကမှ သူတို့ကို ဘော်ဒီဂတ်အဖြစ် ခန့်ရဲတော့မည်မဟုတ်။

"မင်း အဆင်ပြေရဲ့လား"

ကျန်းမုန့်လောင် ထိုကြေးစားကို ကြည့်လိုက်မိသည်။ တကယ်တော့ သူသည် ကျည်များကို မကြောက်ပါသော်ငြား သူ့ကိုကာကွယ်ပေးခဲ့သော ထိုကြေးစား၏လုပ်ရပ်ကြောင့် ရင်ထဲထိသွားခဲ့သည်။ ဤသည်မှာ အကျိုးအမြတ်ကို မျှော်ကိုးသောကြောင့် လုပ်ခြင်းဖြစ်သည့်တိုင် သူ ဂရုမစိုက်ပေ။

"အဆင်ပြေပါတယ်"

ထိုကြေးစားက သူ့ရင်ဘတ်သူ ပုတ်ပြသည်။

"ကျွန်တော်တို့ခန္ဓာကိုယ်တွေက အကြမ်းတမ်းဆုံးပဲ။ ဒီဒဏ်ရာလောက်ကတော့ ခြင်ကိုက်သလောက်ပဲရှိတာ"

"တော်လိုက်တာ"

ကျန်းမုန့်လောင်လည်း စိန်တစ်ပွင့်ကို အသာထုတ်ယူ၍ သူ့ကို ပစ်ပေးလိုက်သည်။

"ဒါက မင်းနဲ့ထိုက်တန်တဲ့အရာပဲ"

ထိုကြေးစား၏ မျက်ဝန်းအစုံမှာ အံံ့အားသင့်မှုကြောင့် လင်းလက်သွားသည်။

ဤစိန်ပွင့်မှာ ငုံးဥတစ်လုံးနီးနီး ကြီးမားလှသည်။ ဤအရွယ်အစားနှင့် အရောင်အရ ကျွမ်းကျွမ်းကျင်ကျင်ဖြတ်တောက်လိုက်ပါက ဒေါ်လာတစ်သန်းလောက်ကတော့ အသာလေးရနိုင်သည်။

သူက သေနတ်တစ်ချက်မျှသာ ကာပေးခဲ့ခြင်းဖြစ်သည်။ ထိုကျည်ကလည်း သူ့ဝမ်းဗိုက်ကို မှန်သွားလေရာ ကိုယ်တွင်းအင်္ဂါများကို မထိပေ။ ဤသေနတ်တစ်ချက်က ဤမျှအကျိုးထူးသွားလေသလား။

အခြားလူများကလည်း သူ့ကိုလှမ်းကြည့်ပြီး မနာလိုအားကျနေကြသည်။ သူတို့သာ နည်းနည်းလောက်ပိုမြန်လျှင် ထိုစိန်ပွင့်ကလည်း သူတို့လက်ထဲသို့ ရောက်လာနိုင်သည်။

သူတို့ခမျာ ချက်ချင်းပင် တက်ကြွသွားကြပြီး ကျန်းမုန့်လောင်ကို အချိန်မရွေးကာကွယ်ပေးရန် အသင့်ပြင်ထားလိုက်ကြသည်။ ဤသည်မှာ စိန်ပွင့်များနှင့် အခြားအရာများကြောင့် မဟုတ်ပါဘဲ လူသားဒိုင်းဖြစ်ရခြင်းကို သဘောကျသောကြောင့်ပင်။

သို့သော် လက်ရှိအချိန်တွင် အခန်းထဲ၌ သူတို့အပြင် လူသုံးယောက်သာ ကျန်တော့သည်။

ထရိုင်ဒန့်၊ ဆံပင်ငွေရောင်ပိုင်ရှင် လူငယ်လေးတစ်ယောက်နှင့် ဆံပင်အစိမ်းရောင်လူတစ်ယောက်က ထိုလူ၏ တစ်ဖက်တစ်ချက်စီတွင် ရပ်နေကြသည်။ သူတို့အရှေ့ရှိ ကြမ်းပြင်ထက်တွင်မူ ပျက်စီးနေသော ကျည်တောင့်များ ရှိ၏။ ထိုအရာများမှာ အလွန်မာကျောလှသော အရာတစ်ခုကို ထိမိထားသည့်အလား ပုံပျက်ပန်းပျက်ဖြစ်နေကြသည်။

ကျန်းမုန့်လောင်နှင့် အခြားလူများ၏ ကျူးကျော်မှုနှင့် ရင်ဆိုင်ရသည့်တိုင် သူတို့မှာ ထိတ်လန့်သွားခြင်း အလျဉ်းမရှိဘဲ အနည်းငယ်အံ့ဩသွားဟန်သာ ပြ၏။ သူတို့အနေနှင့် ဤကဲ့သို့သော အခြေအနေမျိုးကို အကြိမ်ပေါင်းများစွာ ကြုံခဲ့ဖူးသည်။ တချို့ဆိုလျှင် ယခုထက် ပိုဆိုးသေးသည်။

"ဆာထရီ.. မင်းက ဒီလိုပုံစံမျိုးနဲ့ အရောင်းအဝယ်လုပ်မလို့လား"

ထရိုင်ဒန့်က ဆာထရီကိုကြည့်လိုက်သည်။ ထို့နောက် သူ့အကြည့်က ကျန်းမုန့်လောင်ဆီသို့ ကျရောက်လာသည်။ သူ့အကြည့်ထဲတွင် သဘောကျသော အရိပ်အယောင်တစ်ခုကိုပင် ကျန်းမုန့်လောင် မြင်လိုက်ရ၏။

"သေစမ်း.. ငါ အန်မိတော့မယ်"

ဤလူက ဂေးတစ်ယောက်ဖြစ်ကြောင်း ကျန်းမုန့်လောင် သတိရလိုက်မိရာ စားထားသမျှ ညစာများပင် ပြန်အန်ထုတ်မိမတတ်ပင်။

"ထရိုင်ဒန့်.. ဒီတစ်ခေါက် ငါက ကြားလူသက်သက်ပဲ"

ကျန်းမုန့်လောင်က သူ့ဘေးနားတွင် ရှိနေသဖြင့် ဆာထရီလည်း ပုံမှန်ထက်ပိုပြီး ယုံကြည်မှုပြည့်ဝနေသည်။

"မင်းနဲ့ အရောင်းအဝယ်လုပ်ချင်တဲ့လူက ဒီက ငါ့မိတ်ဆွေ"

ထိုအချိန်မှာ ထရိုင်ဒန့်က ကျန်းမုန့်လောင်ကို အာရုံစိုက်လာသည်။

"အာရှသားလား"

ကျန်းမုန့်လောင်လည်း ခေါင်းညိတ်ပြလိုက်သည်။

"ကိုင်ဘွန်လူမျိုးလား"

"ချင်းချိုးလူမျိုးလား"

"မင်းအဘိုးက ဟွာရှားလူမျိုးကွ"

ကျန်းမုန့်လောင်မှာ အေးတိအေးစက်ပြောလိုက်သည်။

"ဟားဟားဟား ဟွာရှားလူမျိုးတဲ့"

ထရိုင်ဒန့်က ရယ်မောလိုက်ချေသည်။

"ငါအကြိုက်ဆုံးက ဟွာရှားလူမျိုးပဲ။ ဆာထရီ.. မင်း ငါ့ကို သားကောင်ကောင်းကောင်းလေး ယူလာပေးတဲ့အတွက် မင်း ပြန်လို့ရပြီ။ ဒီတစ်ခေါက် မင်းလုပ်ခဲ့တာတွေအတွက် ငါ မေ့ပစ်ပေးမယ်"

"သူ့ကို ဆန်ခါပေါက်ဖြစ်အောင် လုပ်ပစ်လိုက်"

ကျန်းမုန့်လောင်၏ မျက်ဝန်းအစုံကား သတ်ဖြတ်လိုသော အရိပ်အယောင်များဖြင့် ပြည့်နှက်သွားသည်။

"ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း"

ကြေးစားများမှာ လုံးဝတွေဝေတုံ့ဆိုင်းမနေပါဘဲ သူတို့၏ဘော့စ်အဟောင်းကို သေနတ်များဖြင့် ချိန်လိုက်ကြပြီးနောက် သေနတ်ပစ်သံများ ထွက်ပေါ်လာသည်။

သို့သော် ထိုအချိန်မှာပင် ထရိုင်ဒန့်က ရက်စက်ကြမ်းကြုတ်လေဟန် အပြုံးတစ်ပွင့်ကို လှစ်ဟပြလာလေသည်။ သူ့ဘေးရှိ ဆံပင်အဖြူရောင်ပိုင်ရှင် လူငယ်လေးက အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ့အရှေ့သို့ လျင်မြန်စွာ ရွေ့လျားလာသည်။

ဆာထရီအပါအဝင် ကြေးစားများအားလုံးလည်း အံ့ဩမှင်တက်ကုန်ကြသည်။ သူတို့ ဤမြင်ကွင်းမျိုးကို ယခင်က ဘယ်နေရာတွင် မြင်ဖူးခဲ့သလဲ။ ဤသည်မှာ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်များထဲတွင်သာ မြင်နိုင်သည့် အရာမျိုးပင် မဟုတ်လား။

ဖလက်ရှ်? ကွစ်ခ်ဆေးလ်ဗား?

ဒါကြီးက သိပ္ပံနည်းမကျဘူးနော်!

စက္ကန့်ပိုင်းအတွင်းမှာပင် ကျည်တစ်ကတ်လုံး ကုန်သွားသည်။ အဖြူရောင်ဆံပင်ပိုင်ရှင် လူငယ်လေးကလည်း ပြန်ပေါ်လာခဲ့သည်။ သူက လက်ငါးချောင်းကို ဖြန့်လိုက်လေရာ ကျည်ဆန်များက ကြမ်းပြင်ပေါ်သို့ ကျသွားလေသည်။

"သူ.. သူက ကျည်ဆန်တွေကို ဖမ်းနိုင်တာလား"

"မကောင်းဆိုးဝါး! သူက မကောင်းဆိုးဝါးပဲ!"

ကြေးစားများမှာ ချက်ချင်းဆိုသလို ထိတ်လန့်သွားကြသည်။

ဤနှစ်ယောက်က အလွန်ကျွမ်းကျင်ထက်မြက်သူများဖြစ်ကြောင်း သူတို့ သိထားသည်။ သူတို့ဆယ်ယောက်ပေါင်းလျှင်ပင် အနိုင်မယူနိုင်ပေ။

သို့သော် ဤနှစ်ယောက်တွင် ထိုကဲ့သို့သောစွမ်းရည်များ ပိုင်ဆိုင်ထားလိမ့်မည်ဟု သူတို့ လုံးဝထင်မထားပေ။ ဤသည်မှာ လူသားနယ်ပယ်ကို များစွာကျော်လွန်နေချေသည်။

"အစတုန်းကတော့ မင်းတို့တွေ အသက်ရှင်နိုင်သေးတယ်။ ဒါပေမဲ့ မမြင်သင့်တဲ့ လျှို့ဝှက်ချက်တွေကို မြင်လိုက်ပြီဆိုတော့ မင်းတို့တွေအားလုံး ဒီနေရာမှာပဲ ဆက်နေရမယ်"

ထရိုင်ဒန့်က ဆို၏။

ဤနှစ်ယောက်က သူ၏အကြီးမားဆုံးဝှက်ဖဲနှစ်ချပ်ဖြစ်ပြီး ဤနေရာရှိ သူ့အာဏာ၏အခြေခံအုတ်မြစ်ပင်။ သူ့အနေနှင့် ကြံရာမရသော အခြေအနေမျိုးတွင်သာ သူတို့ကို လှုပ်ရှားခိုင်းတတ်သည်။

သို့သော် သူတို့ဘက်က လှုပ်ရှားလိုက်သည်နှင့် အရာအားလုံးကို မြင်လိုက်ရသူတိုင်းကို ထရိုင်ဒန့် သတ်ပစ်မည်သာ။

"ဒါပေမဲ့ အဲဒီမတိုင်ခင်တော့ ငါ မင်းတို့ကို မေးခွန်းတစ်ခုမေးချင်တယ်"

ထရိုင်ဒန့်က ကြေးစားများကို ရည်ညွှန်းခြင်းပင်။

"မင်းတို့ရဲ့သေနတ်ပြောင်းတွေကို ဘာလို့ ငါတို့ဘက်ကို လှည့်ခဲ့တာလဲ"

"အကြောင်းပြချက်ကတော့ ရှင်းပါတယ်"

ကြေးစားများမှာ ထိတ်လန့်နေသည့်ကြားက ပြန်ပြောလိုက်၏။

"သူက ကျုပ်တို့ကို ခင်ဗျားပေးတဲ့ပမာဏထက် ငါးဆပိုပေးထားတယ်။ ပြီးတော့ တစ်နှစ်စာလုံးကို ကြိုရှင်းထားတာနော်။ ကျုပ်တို့ ဒီလောက်ရက်ရောတဲ့ဘော့စ်မျိုးကို တစ်ခါမှမမြင်ဖူးဘူး"

"အမှန်ပဲ။ ခင်ဗျားဆိုရင် ပြီးခဲ့တဲ့လအတွက်တောင် ငွေမချေရသေးဘူး။ ကျုပ်တို့က ပိုက်ဆံကြောင့် ခင်ဗျားကို အလုပ်လုပ်ပေးနေတာ။ တင်းတင်းကျပ်ကျပ်ပြောရရင် ခင်ဗျား ကျုပ်တို့ကို ပိုက်ဆံမပေးဘူးဆိုရင် ကျုပ်တို့ကလည်း အချိန်မရွေး တခြားလူအတွက် အလုပ်လုပ်ပေးမှာပဲ"

"ကြားလား"

ကျန်းမုန့်လောင်က လက်နှစ်ဖက်ကို ဖြန့်ကားပြလိုက်သည်။

"သူတို့က အခု ငါ့ဘော်ဒီဂတ်တွေဖြစ်နေပြီ"

"မင်းမှာ ပိုက်ဆံအများကြီးရှိတာလား"

ထရိုင်ဒန့်က ကျန်းမုန့်လောင်ကို ကြည့်လိုက်၏။ တစ်လကို ဒေါ်လာတစ်သိန်းနှုန်းဆိုသည်မှာ ဤနေရာတွင် အလွန်များပြားလှသော ပမာဏမျိုးပင်။ ထိုပမာဏကို ငါးဆတိုးပေးသည့်အပြင် တစ်နှစ်ဝင်ငွေကို ကြိုရှင်းပေးထားသည်ဆိုပါက ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျပေလိမ့်မည်။

သူ ရူးနေတာလား? ဒါမှမဟုတ် သူ့မှာ ပိုက်ဆံတွေတအားများနေလို့လား?

"အသင့်အတင့်ပါပဲ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ငါ့လက်ထဲကထွက်လာတဲ့ ပိုက်ဆံနည်းနည်းလောက်နဲ့တင် မင်းကို ဖို့သတ်လို့ရတယ်"

"မင်းက တော်တော်မောက်မာတာပဲ"

"သာမန်ပဲလို့ ထင်တာပဲ။ မင်းလို ဂေးတစ်ယောက်အတွက်တော့ ငါသာ မင်းအဖေဆိုရင် အရင်ကတည်းက မင်းကို နံရံနဲ့ပစ်ပေါက်ပြီးလောက်ပြီ"

"ဟွာရှားနိုင်ငံသား.. မင်းက ငါ့ကို ရန်စချင်နေတာလား"

ထိုဂုဏ်ပုဒ်ကြောင့် ထရိုင်ဒန့် မတုန်လှုပ်သွားပေ။ ကျန်းမုန့်လောင်ကို ပို၍ပင် စိတ်ဝင်စားသွားရသည်။

"မင်းကို ငါ့အနားမှာ တစ်နှစ်လောက်ခေါ်ထားမယ်။ ပြီးမှ သတ်ပစ်မယ်"

"အစတုန်းက ငါ ကောင်းကောင်းမွန်မွန်လေးပဲ အရောင်းအဝယ်လုပ်ချင်ခဲ့တာ"

ကျန်းမုန့်လောင် လှောင်ပြုံးပြုံးလိုက်လေသည်။

"ဒါပေမဲ့ အခုတော့ စိတ်ပြောင်းသွားပြီ!"

*************

All Chapters