← Chapters

အခန်း ၄၇၀ - ငါနဲ့လာပူးပေါင်းလှည့်

Vol. 32 Ch. 470

အခန်း ၄၇၀ - ငါနဲ့လာပူးပေါင်းလှည့်

Vol. 32 Ch. 470

"စိတ်ပြောင်းသွားပြီတဲ့လား"

ထရိုင်ဒန့်က အရယ်ရဆုံးပြက်လုံးတစ်ခုကို ကြားလိုက်ရသည့်အလားပင်။

"ဒီတော့ မင်း ငါ့ကို ဘယ်လိုရင်ဆိုင်ဖို့ စီစဉ်ထားလဲ။ မင်းရဲ့လူတွေက ငါ့ကို ထိခိုက်အောင််မလုပ်နိုင်တာ မင်း မြင်တယ်မလား"

ဘေးနားတွင် အမြွှာမောင်နှမနှစ်ယောက် ရှိနေသည့်အတွက် ထရိုင်ဒန်လည်း အံ့ဖွယ်ကောင်းသော ယုံကြည်မှုတစ်မျိုးကို ခံစားနေရသည်။ သူတို့မှာ ဒုံးကျည်၏သက်ရောက်မှုကိုပင် ခံနိုင်ရည်ရှိကြောင်း သူ မြင်ခဲ့ပြီးသားပင်။ ကျည်ဆန်များနှင့် သေနတ်တစ်လက်ကတော့ ဘာမှမပြောပလောက်ချေ။ ကျန်းမုန့်လောင်ဘက်က ဆယ်ဆလောက် လူအင်အားပိုများခဲ့လျှင်တောင် သူ မကြောက်ပေ။

"ငါ မင်းကို ကိုယ်တုံးလုံးချွတ်ပြီး ဒီဘားရဲ့အဝင်ဝမှာချိတ်ထားဖို့ စီစဉ်ထားတယ်။ အဲဒါမှ ဖြတ်သွားတဲ့လူတိုင်း မင်းဖင်ကို ဖြတ်ကန်နိုင်မှာပေါ့"

"ဟွာရှားလူမျိုး..ငါ့ဘေးမှာရှိတဲ့ လူနှစ်ယောက်က ဘယ်သူလဲဆိုတာ မင်းသိလား"

"စူပါဆိုင်ယန်တွေလား"

ကျန်းမုန့်လောင် ဟာသလုပ်လိုက်သည်။

ထိုမောင်နှမနှစ်ယောက်မှာ နည်းနည်းစိတ်တိုသွားပုံရသည်။ သို့သော် သူတို့ ထရိုင်ဒန့်နှင့် သဘောတူညီမှုယူထားသည်။ သူ့အမိန့်ရမှသာ သူတို့လည်း လှုပ်ရှားနိုင်မည်ဖြစ်၏။

"မင်းက သေတော့မှာဆိုတော့ မင်းမသေခင် နည်းနည်းထပ်ပြောချင်သေးတယ်။ တကယ်တော့ ဒီအကြောင်းကို လူတိုင်းသိခွင့်ရှိတာမဟုတ်ဘူးနော်"

ထရိုင်ဒန့်က ရယ်မောရင်း ပြောလိုက်သည်။

"ဒီနှစ်ယောက်က ကြီးကျယ်မြင့်မြတ်တဲ့ သန္ဓေပြောင်းလူသားတွေ။ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းထဲက အရာရာတိုင်းကို အတုလို့မထင်လေနဲ့။ ငါပြောမယ်.. အဲဒါတွေအကုန်လုံးက တကယ့်အမှန်အကန်တွေ"

"အိုး"

ကျန်းမုန့်လောင်က ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်သည်။

"အဲဒီလိုကိုး။ ဒီတော့ ဘာဖြစ်လဲ"

"ဘာကိုဘာဖြစ်ရမှာလဲ"

ထရိုင်ဒန့်ခမျာ အကြောင်သားဖြစ်သွားရသည်။

ဒါက လူတစ်ယောက်ရဲ့ ပုံမှန်တုံ့ပြန်မှုတစ်ခုလား?

ယခင်တုန်းက သူ့ကိုသတ်ဖို့ ကြိုးစားခဲ့သူများမှာ ဤအကြောင်းကို သိလိုက်ရချိန်ဝယ် ပြင်းထန်လှသော ကြောက်စိတ်နှင့် ထိတ်လန့်မှုတို့ကို ဖော်ပြခဲ့သဖြင့် ထရိုင်ဒန့်လည်း သူ့ရန်သူများ၏ ထိုကဲ့သို့သောစိတ်ခံစားမှုကို အလွန်နှစ်ခြိုက်ခဲ့ရသည်။

သို့သော် ကျန်းမုန့်လောင်၏ တုံ့ပြန်မှုမှာ သူ့အနေနှင့် ဝါဂွမ်းကို လက်သီးနှင့်ထိုးလိုက်ရသလို ခံစားရစေသည်။

"နေရခက်တဲ့တိတ်ဆိတ်မှုကြီးပဲ။ ရှက်စရာကောင်းတယ်မလား"

ကျန်းမုန့်လောင် လှောင်ပြောင်သရော်လိုက်၏။

သူ့ဘေးရှိ ဆာထရီအပါအဝင် ကြေးစားစစ်သည်များမှာ ဆွံ့အသွားရသည်။

သူတို့ဘော့စ်က ဘယ်လိုလုပ်ပြီးတော့များ ငတုံးပုံပေါက်နေရတာလဲ? ဒီလိုအချိန်မျိုးမှာတောင် စနောက်နိုင်သေးတယ်လား။ အဲဒီစနောက်မှုကြောင့် ခြေထောက်ကျိုးမှာ မကြောက်ဘူးလား?

"တကယ်တော့ ငါ့မှာလည်း စူပါပါဝါတွေရှိတယ်"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

ဆာထရီကတော့ မျက်ဆန်လည်လိုက်မိ၏။ ကျန်းမုန့်လောင်၏ စူပါပါဝါက ချမ်းသာကြွယ်ဝမှုများဖြစ်ကြောင်း သူသိပြီးသားပင်။ သို့သော် သူပေးသည့်ပမာဏက ထိုနှစ်ယောက်ကို ဘယ်လိုလုပ်ပြီး ဆွဲဆောင်နိုင်မှာလဲ?

သူတို့နှစ်ယောက်၏ အရည်အချင်းကို သူ အတပ်မသိသေးသော်လည်း အကြမ်းဖျင်းလောက်တော့ ခန့်မှန်းမိသည်။ ကျည်ဆန်များကို လက်ဗလာနှင့် ဖမ်းယူနိုင်ခြင်းအားဖြင့် သူတို့၏အမြင်အာရုံ၊ ရုပ်ပိုင်းဆိုင်ရာခွန်အား၊ အလိုအလျောက်တုံ့ပြန်မှု၊ အမြန်နှုန်းနှင့် အခြားညွှန်ကိန်းများမှာ သာမန်လူသားများထက် ဆယ်ဆမက ပိုများနိုင်သည်ဟု ဆိုလိုခြင်းပင်။

ထိုကဲ့သို့သော လူများမှာ သူတို့ဘာပဲလုပ်လုပ် သူတို့ကို ငှားရမ်းဖို့ ပိုက်ဆံအများကြီးပေးချင်သူတစ်ယောက်တော့ ရှိသည်သာ။

ဤကမ္ဘာပေါ်မှာ အကာအကွယ်လိုအပ်ပြီး ထရိုင်ဒန့်ထက် ပိုချမ်းသာကြွယ်ဝသူများလည်း အများကြီးရှိ၏။

သို့သော် သူတို့ကတော့ ထရိုင်ဒန့်ကို ခစားဖို့သာ ရွေးချယ်ခဲ့သည်။ ဤအဓိပ္ပာယ်မှာ သူ့ထံတွင် သူတို့စိတ်ဝင်စားသော အရာတစ်ခုရှိနေခြင်းပင်။

"ငါက အရမ်းအစွမ်းထက်တာ။ ဒီကြေးစားတွေနဲ့ ဘော်ဒီဂတ်တွေကို ငါ့ဘော်ဒီဂတ်တွေအဖြစ်ပြောင်းပြီး သူတို့တွေ ငါ့ကို "ဘော့စ်"လို့ ခေါ်လာအောင် လုပ်ပြနိုင်တယ်။ ယုံလား"

"ဟားဟားဟား!"

ထရိုင်ဒန့်က ရယ်လိုက်ပြန်သည်။

"ကောင်းပြီလေ။ မင်းကို အချိန်ဆယ်မိနစ်ပေးမယ်။ မင်းရဲ့ငွေကြေးစွမ်းဆောင်ရည်က ဘယ်လောက်အထိ အစွမ်းထက်လဲဆိုတာ မြင်ချင်သေးတယ်"

"မင်းတို့မောင်နှမနှစ်ယောက်..သူက မင်းတို့ကို ဘယ်လောက်နဲ့ ကမ်းလှမ်းထားတာလဲ။ ကျန်းမုန့်လောင်က သူ့ထက် ဆယ်ဆပိုပေးမှာနော်"

"ကျန်းမုန့်လောင်လား"

ထရိုင်ဒန့် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤနေရာမှာ အမြဲတမ်း စစ်ဖြစ်နေသော်လည်း သူတို့ကတော့ နိုင်ငံတကာသတင်းများကို နေ့တိုင်းစောင့်ကြည့်နေဆဲသာ။ သူတို့က စစ်ပွဲအတွင်း ငွေရှာနေရသည်ဖြစ်ရာ ဤဒေသအတွင်း၌ စစ်ပွဲတိုးချဲ့ခြင်း (သို့) ရပ်တန့်သွားခြင်းတို့ ရှိလာခဲ့ပါက အခြားနည်းလမ်းတစ်ခုရှာဖို့လည်း လိုသေးသည်။

သူ့အနေနှင့် သိပ်အာရုံမစိုက်ခဲ့သော်လည်း ကျန်းမုန့်လောင်က မယုံနိုင်လောက်အောင် ချမ်းသာပြီး အစွမ်းထက်သည်ဟု ဆိုနိုင်သော ဒဏ္ဍာရီလာကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ကြောင်း သိထားသည်။

"တစ်နှစ်ကို အမေရိကန်ဒေါ်လာသန်းတစ်ရာ!"

လူငယ်အမျိုးသားက တွေ့ရာဂဏန်းတစ်ခု ထုတ်ပြောလိုက်သည်။

"ငါ့ဆီမှာ အလုပ်လာလုပ်လှည့်။ ငါ မင်းတို့ကို တစ်နှစ်ကို အမေရိကန်ဒေါ်လာတစ်ဘီလီယံပေးမယ်။ လူမှုရေးအာမခံနဲ့ အိမ်ရာရန်ပုံငွေလည်း ပေးမှာ။ လစာကိုလည်း ဘယ်တော့မှ အကြွေးမထားဘူး။ နှစ်ကုန်ဘောနပ်စ်လည်း ရှိတယ်။ ဘယ်လိုလဲ"

"ငတုံး!

ထရိုင်ဒန့်က ရေရွတ်လိုက်သည်။

တစ်ဘီလီယံမဆိုထားနှင့်။ ၁၀ဘီလီယံတောင်မှ သူတို့မောင်နှမတွေကို မဆွဲဆောင်နိုင်ပေ။

သူတို့ကို လွန်ခဲ့သည့်လေးနှစ်တုန်းက တွေ့ခဲ့ခြင်းပင်။

ကောင်လေး၏နာမည်မှာ လူကာဖြစ်ပြီး ကောင်မလေးကတော့ အယ်လီဆာဖြစ်သည်။ သူတို့က လျှို့ဝှက်ဓာတ်ခွဲခန်းတစ်ခု၏ အထူးထုတ်ကုန်များပင်။ ဤသည်မှာ စိတ်စွမ်းအားရှင်များကို ဖန်တီးရန်အတွက် ကြိုးစားခဲ့သော လူသားများ၏ အားထုတ်မှုပင်။

သို့သော် အမေရိကန်၏ ပထမဆုံးမျိုးဆက်သန္ဓေပြောင်းလူသားတွေလို သူတို့ကလည်း ကျရှုံးသည့်ထုတ်ကုန်များဖြစ်သည်။ လူသားအသွင်အပြင်နှင့် စွမ်းရည်များကို ထိန်းသိမ်းထားနိုင်ခဲ့သော်ငြား သူတို့၏ခန္ဓာကိုယ်များက ပြင်းထန်လှသော ဆင့်ကဲဖြစ်စဉ်ကို မခံနိုင်ခဲ့ချေ။အကြောင်းမှာ ဤတိုးတက်ဖွံ့ဖြိုးမှုက မြန်နှုန်းမြင့်မျိုးရိုးဗီဇဆင့်ကဲဖြစ်စဉ်ကို အခြေခံထားသောကြောင့်ပင်။ ထို့ကြောင့် သူတို့၏ဆဲလ်များဟာ ဆက်တိုက်ယိုယွင်းပျက်စီးလာသည်။

လူကာက မြန်နှုန်းမြင့်လှုပ်ရှားနိုင်စွမ်းကို နှိုးဆွနိုင်ခဲ့သည်။ သူသည် လူသားအမြင်အာရုံ၏ အကန့်အသတ်ကိုကျော်လွန်သော အမြန်နှုန်းမျိုးနှင့် ရွေ့လျားသွားလာနိုင်ပြီး ခန္ဓာကိုယ်ကလည်း မယုံနိုင်လောက်အောင် အကြမ်းခံလာသည်။ ဓားများနှင့် သေနတ်များကိုပင် ခံနိုင်ရည်ရှိပြီး ဒြပ်မဲ့လက်နက်များ၏ သက်ရောက်မှုကိုတောင် ခံနိုင်ရည်ရှိ၏။

အယ်လီဆာဟုခေါ်သော မိန်းကလေးကတော့ စိတ်စွမ်းအားကို နှိုးဆွနိုင်ခဲ့သည်။ သူ(မ)မှာ စိတ်အာရုံထဲ၌ တွေးလိုက်ရုံမျှဖြင့် တင့်ကားတစ်စီးကိုပင် ခြေမွပစ်နိုင်ပြီး ဒုံးကျည်တိုက်ခိုက်မှုများကို တားဆီးရန်အတွက် အကာအရံများကိုလည်း ဖန်တီးနိုင်သေးသည်။

စမ်းသပ်မှုတစ်ခုအတွင်း၌ အယ်လီဆာ၏စွမ်းအားမှာ ကိရိယာများ၏ ခံနိုင်ရည်ရှိသော အကန့်အသတ်ကို ကျော်လွန်သွားပြီး သုသေသနအခြေစိုက်စခန်းတစ်ခုလုံးကို ပြိုသွားစေခဲ့သည်။ အသက်ရှင်ကျန်ရစ်နိုင်ဖို့အတွက် ထိုမောင်နှမခမျာ ကမ္ဘာအနှံ့ လှည့်လည်သွားလာခဲ့ရသည်။

သူတို့ခန္ဓာကိုယ်များ ပြိုလဲသွားမည့်အရေးကို တားဆီးပေးနိုင်သော ဆေးတစ်မျိုးကို အခြေစိုက်စခန်း၏ အပျက်အစီးတွေကြားမှာ တွေ့ခဲ့ရသည်။ သူတို့ကိုယ်တိုင် ထုတ်လုပ်နိုင်စွမ်းမရှိသည့် တိကျမှုနှုန်းမြင့်သော ကိရိယာများကိုလိုအပ်သော ရှုပ်ထွေးလှသည့်အပင်အဆီအနှစ်တစ်ခုပင်။

ဤသည်မှာ သူတို့ကို ပေါင်းစည်းစေခဲ့သည့် အမှတ်မထင်တွေ့ဆုံမှုတစ်ခုဖြစ်၏။

ထရိုင်ဒန့်၏လုပ်ငန်းက လက်နက်ရောင်းဝယ်ရုံတင် မကပေ။ သူ့မိသားစု၏ အဆက်အသွယ်များကြောင့် အထူးလမ်းကြောင်းများကိုပင် ရရှိခဲ့သည်။ လျှို့ဝှက်အဖွဲ့အစည်းများမှ မအောင်မြင်သော စမ်းသပ်ထုတ်ကုန်များမှာ ထိုအဖွဲ့အစည်းများအတွက်တော့ အမှိုက်တစ်ခုသက်သက်ဆိုသော်လည်း တချို့လူတွေအတွက်တော့ ရတနာများပင်။

ထရိုင်ဒန့်က လက်နက်ရောင်းရင်း လူသားစွမ်းရည်ကို နှိုးဆွပေးနိုင်သည့် မျိုးရိုးဗီဇဆေးရည်များကိုလည်း ရောင်းချပေသည်။ ထိုဆေးရည်များအနက် အယ်လီဆာနှင့် သူ(မ)အစ်ကို၏အသက်ကို ဆွဲဆန့်ပေးထားနိုင်သည့် အဆီအနှစ်လည်း ပါဝင်သည်။

သူတို့သုံးယောက်က အလွန်ထူးခြားသောနည်းလမ်းဖြင့် စုစည်းမိကြခြင်းဖြစ်၏။ သူတို့က ထရိုင်ဒန့်၏ဘေးကင်းလုံခြုံမှုကို အာမခံပေးရပြီး အပြန်အလှန်အနေနှင့် သူတို့လိုအပ်သောဆေးဝါးကို ထရိုင်ဒန့်က ထောက်ပံ့ပေးရသည်။

နှစ်တွေကြာလာတော့ သူတို့ အသက်ရှင်ကျန်ခဲ့ရုံသာမက နိုးထလာသော သူတို့စွမ်းအားများကလည်း ပိုမိုအားကောင်းလာကာ နတ်ဘုရားအဆင့်စိတ်စွမ်းအားရှင်များ၏အစွမ်းကိုပင် ကျော်လွန်သွားခဲ့သည်။

နှစ်စဉ်လစာ အမေရိကန်ဒေါ်လာသန်းတစ်ရာကတော့ ပုံမှန်ပင်။ ထရိုင်ဒန့်ဘက်က ပေးဖို့ဆန္ဒရှိပြီး သူတို့အနေနှင့်လည်း ငြင်းဆန်ရန် အကြောင်းပြချက်မရှိပေ။

သို့သော် သူတို့အတွက်တော့ ထရိုင်ဒန့်က အစားထိုး၍မရနိုင်သော အရေးပါသူတစ်ယောက်ပင်။ သူတို့ကို အမေရိကန်ဒေါ်လာတစ်ဆယ်ဘီလီယံဖြင့် ကမ်းလှမ်းခဲ့လျှင်ပင် သွေးဆောင်သိမ်းသွင်းခံရမည်မဟုတ်။

ဤသည်မှာ ထရိုင်ဒန့်၏ယုံကြည်မှုများ မြစ်ဖျားခံရာနေရာပင်။

သူမရှိပါက သူတို့၏ဆဲလ်များလည်း ပြိုလဲကုန်ပြီး မသေခင် လအနည်းငယ်မျှသာ အသက်ရှင်နိုင်မည်ဖြစ်၏။

"ငါထင်တာသာမမှားရင် မင်းတို့ခန္ဓာကိုယ်ထဲက ဆဲလ်တွေက အမြဲတမ်း မတည်မငြိမ်ဖြစ်နေတယ်။ တစ်ချိန်လုံးဆဲလ်ပြိုကွဲမှုနဲ့ကြုံနေရတယ်။ ဟုတ်တယ်မလား"

"မင်းက ဘယ်လိုလုပ်သိတာလဲ"

ကျန်းမုန့်လောင်က ပြဿနာကို တိကျစွာဖော်ထုတ်နိုင်ခဲ့သဖြင့် ထိုမောင်နှမလည်း ထိတ်လန့်သွားရသည်။

"ဧကန္တ မင်းလည်း..."

"မဟုတ်ဘူး! ငါက အဲဒီလိုမဟုတ်ဘူး။ ပေါက်ကရတွေမပြောနဲ့"

ကျန်းမုန့်လောင်က သုံးကြိမ်ဆက်တိုက် ငြင်းပစ်လိုက်သည်။

"ဒီဂေးကောင်ကို ကာကွယ်ပေးနေမယ်ဆိုရင် လောလောဆယ်တော့ သေမှာမဟုတ်ဘူးလို့ မင်းတို့ တွေးချင်တွေးမိကြလိမ့်မယ်။ ဒါပေမဲ့ မင်းတို့ရဲ့ဆဲလ်တွေကိုထိန်းသိမ်းဖို့အတွက် ဆေးဝါးတစ်ခုခုကို အားကိုးနေရတယ်မလား။ ဒီထောက်ပံ့မှုကို ဖြတ်တောက်လိုက်တာနဲ့ မင်းတို့ သေရမှာပဲ"

"ဒါပေမဲ့ မင်းတို့သာ ငါ့နောက်လိုက်ခဲ့ရင်..."

ကျန်းမုန့်လောင်က လျှို့ဝှက်ဆန်းကြယ်သောအပြုံးတစ်ခုဖြင့် ပြောလိုက်၏။

"မင်းတို့ခန္ဓာကိုယ်ထဲက ချို့ယွင်းချက်တွေကို ကုသပြီး ပိုအားကောင်းလာအောင် ငါ ကူညီပေးနိုင်တယ်"

ဤစကားကိုကြားသော် လူကာနှင့် အယ်လီဆာတို့၏ မျက်လုံးများမှာ တောက်ပသွားချေသည်။

ဆဲလ်ပြိုလဲမှုကို တားဆီးပေးနိုင်သည့်ဆေးဝါးကို သုံးထားသော်ငြား ၎င်းမှာ ဆဲလ်များ၏လှုပ်ရှားမှုကို မြှင့်တင်ပေးထားခြင်းဖြစ်သောကြောင့် ဆဲလ်သေဆုံးမှုနှုန်းနှင့် ပြန်လည်ရှင်သန်မှုနှုန်းက မညီမျှပေ။

လူသားဆဲလ်များမှာ တစ်သက်တာအတွင်း ပြိုကွဲနိုင်သည့် အကြိမ်အရေအတွက် အကန့်အသတ်ရှိသည်။ ၎င်းမှာ အိုမင်းရင့်ရော်ခြင်းဟု ခေါ်သည်။ သို့ဖြစ်လေရာ ဤဟန်ချက်ညီမှုက သူတို့အတွက် သက်တမ်းတိုတောင်းစေသည်။

သို့သော် ထိုအရာကို ကုသနိုင်ခဲ့ပါက သူတို့လည်း သာမန်လူတွေလို နေထိုင်နိုင်ပြီး သာမန်လူတွေ လုံးဝမပိုင်ဆိုင်နိုင်သည့် ခွန်အားများကိုလည်း ပိုင်ဆိုင်နိုင်သည်။

"သူ့ကိုမယုံနဲ့"

ထရိုင်ဒန့်က ချက်ချင်းဝင်ပြောလိုက်၏။

"သူ မင်းတို့ကို လှည့်စားနေတာပဲဖြစ်ရမယ်။ သူ့မှာ ဒီလိုအရည်အချင်းမျိုး ဘယ်လိုလုပ်ရှိနိုင်မှာလဲ။ မင်းတို့ဟွာရှားနိုင်ငံရဲ့ စိတ်စွမ်းအားရှင်တွေက အခုအချိန်အထိ သဘာဝအတိုင်းနိုးထလာတာမို့ လူသားဆဲလ်နှိုးဆွမှုဆိုင်ရာ သုတေသနတွေ မရှိဘူးဆိုတာ ငါ မသိဘူးများထင်နေတာလား။ မင်းက သူတို့ကို ဘယ်လိုလုပ်ပြီးကူညီနိုင်မှာလဲ"

"ဟမ့်! ငတုံး"

ကျန်းမုန့်လောင် လှောင်ပြောင်သရော်လိုက်သည်။

"ငါတို့ဟွာရှားက နှစ်ငါးထောင်သမိုင်းကြောင်းရှိထားတဲ့နိုင်ငံကွ။ မင်းလိုဂေးတစ်ယောက် နားမလည်နိုင်တဲ့ အံ့ဖွယ်အရာတွေ အများကြီးရှိတယ်"

***************

********

All Chapters