← Chapters

နိုင်ငံတကာချစ်ကြည်ရေးကို မြှင့်တင်ဖို့လေ

Vol. 32 Ch. 473

နိုင်ငံတကာချစ်ကြည်ရေးကို မြှင့်တင်ဖို့လေ

Vol. 32 Ch. 473

"ယွမ်၄၇ဘီလီယံလား?"

ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းသော ပမာဏတစ်ခု ဖြစ်နေဆဲပင်။ သို့သော် အဓိပ္ပာယ်လည်း မရှိချေ။ ဤလက်နက်များနှင့် ကိရိယာများ၏ ကုန်ကျစရိတ်မှာ ဒေါ်လာ၄၂ဘီလီယံဖြစ်၏။ ဤသည်မှာ အလွန်များပြားလှသော လျှော့စျေးတစ်ခုပင်။

"မစ္စတာကျန်း ခင်ဗျား ဒီလောက်တော့ မရက်စက်ပါနဲ့"

ထရိုင်ဒန့် ငိုမိတော့မည်။

အမှန်ပင်။ သူ့အရင်းအမြစ်များနှင့်သာဆိုပါက ကုန်ပစ္စည်းများကို အရင်ယူထားနိုင်ပြီး နောက်မှ ငွေချေနိုင်သော်ငြား ငွေချေဖို့အချိန်ကျလာသည့်အခါ သူ့အနေနှင့် ကုမ္ပဏီကို ဘယ်လိုသွားရှင်းပြရမလဲ။ သူသည် နှစ်ပေါင်းများစွာကြာအောင် ကြိုးကြိုးစားစားလုပ်ကိုင်ခဲ့သည့်တိုင် စုဆောင်းထားနိုင်သောပမာဏမှာ ဘီလီယံအနည်းငယ်မျှသာ ရှိသေးသည်။ သူ့ကိုယ်သူ ရောင်းချလိုက်လျှင်ပင် ဤပမာဏကို ပြန်ပေးနိုင်မည်မဟုတ်။

"ဟုတ်သားပဲ"

ကျန်းမုန့်လောင်မှာ ထရိုင်ဒန့်တွင် ငွေမရှိကြောင်း မေ့လုနီးပါးဖြစ်သွားသည်။ အကယ်၍ သူသာ ထိုသို့လုပ်ခဲ့ပါက ထိုကိရိယာများကို ရယူနိုင်မည်မဟုတ်။

"ငါ နည်းနည်းလွန်သွားတယ်"

ဤစကားကိုကြားသော် ထရိုင်ဒန့်ခမျာ ချက်ချင်းပင် စိတ်သက်သာရာရသွားသည်။ ကျန်းမုန့်လောင်က ငွေချေရန် ဆန္ဒရှိပုံရသည်။

"ငါ့ကို မင်းရဲ့အကောင့်နံပါတ်ပေး"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ဟုတ်ကဲ့! ဟုတ်ကဲ့"

ထရိုင်ဒန့်ကလည်း ကျန်းမုန့်လောင်ကို သူ့နိုင်ငံခြားအကောင့်တစ်ခုကို အမြန်ပြောပြလိုက်သည်။

"ဟုန်းရီ..ငါပါ ကျန်းမုန့်လောင်..ငွေပို့ပေးဦး"

ကျန်းမုန့်လောင်ကတော့ ထိုအကောင့်နံပါတ်ကို ဟုန်းရီထံသို့ ပေးပို့လိုက်သည်။

"ငါ့မှာ စွဲလမ်းလွန်တဲ့ရောဂါရှိတယ်။ ဒီတော့ ကိန်းပြည့်တစ်ခုလောက်ပေးလိုက်"

ထရိုင်ဒန့်လည်း ကျန်းမုန့်လောင်တွင် အစွဲအလမ်းကြီးသည့်ရောဂါရှိပြီး ဝယ်ယူမှုတိုင်းမှာ အကြွေမထားတတ်သော အကျင့်ရှိကြောင်း ကြားလိုက်ရသဖြင့် ပျော်သွားသည်။

သာမန်လူများက ဈေးလျှော့ပြီး ကိန်းပြတ်လုပ်တတ်ကြသော်လည်း သူကဆန့်ကျင်ဘက်ပင်။ ပမာဏကို ပိုတိုး၍ အပြတ်ဖြတ်သည်။ ၄၇.၉ဘီလီယံမှာ အကောင့်ထဲသို့ ရောက်လာချိန်ဝယ် ၅၀ဘီလီယံဖြစ်သွားလောက်သည်။ ဤအရောင်းအဝယ်မှတစ်ဆင့် သူ ဒေါ်လာရှစ်ဘီလီယံခန့် အမြတ်ရနိုင်သည်။

ဤကုန်ပစ္စည်းများကို သူ့မိတ်ဆွေများက ထောက်ပံ့ပေးထားသော်ငြား သူတို့လုပ်ငန်းမှာ စည်းမျဉ်းတစ်ခုရှိ၏။ အရောင်းအဝယ်ကို မိတ်ဆက်ပေးသူကသာ ကော်မရှင်ခရနိုင်၏။ ယခုလို ဘီလီယံနှင့်ချီသော အရောင်းအဝယ်များအတွက် သူ့အနေနှင့် ဒေါ်လာနှစ်ဘီလီယံလောက်ယူလျှင်လည်း မလွန်ပေ။

ဤတွက်ချက်မှုအတိုင်းဆိုလျှင် သူဟာ ဤအရောင်းအဝယ်မှတစ်ဆင့် အနည်းဆုံး အမေရိကန်ဒေါ်လာတစ်ဆယ်ဘီလီယံရရှိမည်ဖြစ်၏။ ထိုပမာဏအားလုံးကလည်း ငွေသားများပင်။ ထရိုင်ဒန့်ခမျာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များ၏ လူ့အလွှာထဲသို့ ခုန်ဝင်နိုင်လေပြီ။

ဤအကြောင်းကိုတွေးမိချိန်မှာ သူ အော်ရယ်မိမတတ်ပင်။

"ဒင်!"

ထရိုင်ဒန့်၏ဖုန်းထဲသို့ အကြောင်းကြားစာတစ်စောင်ရောက်လာခဲ့သည်။ သို့သော် သူ့အကောင့်ထဲသို့ အမေရိကန်ဒေါ်လာလေးဆယ်ဘီလီယံသာ ဝင်လာသောကြောင့် သူ့မျက်နှာပေါ်ရှိ အမူအရာကလည်း ချက်ချင်းအေးခဲသွားရသည်။

ထိုဒေါ်လာလေးဆယ်ဘီလီယံထဲမှ ဒေါ်လာနှစ်ဘီလီယံကို ကုန်ကျစရိတ်အဖြစ် ပေးရမည်။ သူ့မိတ်ဆွေများဆီက ကော်မရှင်ခများကို ထည့်ပေါင်းလိုက်လျှင်ပင် ဤအရောင်းအဝယ်မှ သူ တစ်ပြားမှမရပေ။

"မစ္စတာကျန်း ခင်ဗျား.."

"ငါပြောထားတယ်လေ။ ကျိုးပြီးသားအရိုးက ကျိုးသွားတာပဲ။ ငါဆိုတဲ့ ကျန်းမုန့်လောင်က ပြောပြီးသားစကားကို လွယ်လွယ်လေးပြန်ရုပ်သိမ်းလို့ရရိုးလား"

ကျန်းမုန့်လောင်က ရန်လိုနေသောအသံဖြင့် ပြောလိုက်သည်။

"ဒါမှမဟုတ် ငါ မင်းကို ငွေအပြည့်ပေးနိုင်တယ်။ ဒါပေမဲ့ ဘားရဲ့အဝင်ပေါက်မှာ တွဲလောင်းချိတ်ထားမယ်။ တစ်ကြိမ်ကို ငါးဒေါ်လာ.. မင်း ရွေးလိုက်တော့"

ထရိုင်ဒန့်၏မျက်နှာကား နီရာမှ လိမ္မော်ရောင်သမ်းသွားပြီး လိမ္မော်ရောင်မှ အဝါရောင်သမ်းကာ အစိမ်းရောင်၊ အပြာရောင်နှင့် ခရမ်းရောင်အထိ ပြောင်းလဲသွားသည်။

ဟုတ်ပေသည်။ ကျန်းမုန့်လောင်အနေနှင့် အစောတုန်းက သူ့ရန်စမှုကို လက်တုံ့ပြန်ခြင်းမရှိတာကတင် တော်လှပြီ။

အဲဒါကို သူက ပိုက်ဆံတောင်းနေသတဲ့လား။ ဒါက သက်သက်ကျေးဇူးမသိတတ်တာပဲ...

ဘားအဝင်ဝမှာ သူ့ကိုချိတ်ဆွဲထားမည်ဆိုပါက Barrettsတစ်ရာက သူ့ခေါင်းကို ချက်ချင်းရိုက်ခွဲပြီး သူ့ခန္ဓာကိုယ်ကို ချည်နှောင်ကာ ဖွားဖက်တော်ကိုဖော်ထားရင်း လမ်းမပေါ်သို့ ချီတက်သွားလိမ့်မည်ဖြစ်ကြောင်း သူ အတပ်ပြောနိုင်သည်။ ဤမြင်ကွင်းကို မြင်ယောင်ကြည့်လိုက်သောအခါ အတန်ငယ်လှပနေချေသည်။

"ပထမတစ်ခုကိုပဲ ရွေးပါ့မယ်"

ထရိုင်ဒန့်ခမျာ ခေါင်းငိုက်စိုက်ချထားလိုက်မိသည်။ ဤနေရာတွင် ဆယ်နှစ်ကြာ ကြိုးစားလုပ်ကိုင်ခဲ့ပြီးနောက် သူစုဆောင်းထားခဲ့ရသမျှမှာ ချက်ချင်းပျက်စီးခဲ့ရသည်။

"ဆာထရီ သွားကြစို့!"

ကျန်းမုန့်လောင်က ထရိုင်ဒန့်ကို လျစ်လျူရှုပြီး တစ်ဖက်သို့ လှည့်ထွက်သွားသည်။ ထရိုင်ဒန့်အနေနှင့် မသေချင်သေးပါက လှည့်ကွက်တစ်ခုခုမထုတ်ဘဲ အရောင်းအဝယ်ကိုသာ ကောင်းကောင်းပြီးမြောက်အောင် လုပ်ဆောင်ပေလိမ့်မည်။

"မင်းတို့နှစ်ယောက်...သူ့ကို ဘေးကင်းတဲ့နေရာတစ်ခုကို အရင်ခေါ်သွားလိုက်"

ကျန်းမုန့်လောင်က လူကာနှင့် အယ်လီဆာတို့ကို ပြောလိုက်သည်။

"အရောင်းအဝယ်မပြီးခင် သူ့ကိုမသေစေနဲ့"

"ဟုတ်ကဲ့ ဘော့စ်"

ဤလက်နက်ကုန်သည်များကို ချီးကျူးရပေမည်။ သူတို့က အလွန်ရက်စက်ကြသော်ငြား သူတို့၏စီးပွားရေးအမြင်ကတော့ တကယ်ကောင်းမွန်လှသည်။ တတိယနေ့မှာ သူလိုချင်သောလက်နက်များနှင့် ကိရိယာများအားလုံး အဆင်သင့်ဖြစ်ပြီဟု ကျန်းမုန့်လောင် သတင်းရလိုက်သည်။ ယခုမူ ဤအရာများကို လက်ခံမည့် နေရာတစ်ခုကို စီစဉ်ရန်လိုသည်။

တကယ်တမ်းတွင် ဤအရာများမှာ တန်ဘတ်နိုင်ငံသို့ အကြောင်းမဲ့သက်သက် တိုက်ရိုက်မပို့နိုင်ချေ။ မဟုတ်ပါက သူတို့လည်း သေလောက်အောင် ကြောက်နေလောက်သည်။

တစ်နိုင်ငံလုံးမှာ စုစုပေါင်း တိုက်လေယာဉ်အစင်း၁၂၀၀သာ ရှိ၏။ သူတို့၏ပဉ္စမမျိုးဆက်တိုက်လေယာဉ်များမှာ ဖန်တီးဆဲအဆင့်တွင်သာ ရှိသေးသည်။ အများဆုံးရှိလှ PPTဖြင့် အခြားသူများကို ကြွားနိုင်သည်။ သူတို့ကိုယ်တိုင်တီထွင်ထားသည့် တိုက်လေယာဉ်များမှာ ထိပ်တန်းအဆင့်ရှိသလားဆိုသည်ကိုပင် မသိကြပေ။

စတုတ္ထမျိုးဆက်တိုက်လေယာဉ်များနှင့် ပဉ္စမမျိုးဆက်တိုက်လေယာဉ်များအကြားရှိ ကွာဟချက်မှာ ကြီးမားလွန်းလှသည်။ ထို့ကြောင့် တင်ပါးကိုသုံးပြီး တွေးကြည့်မည်ဆိုလျှင်ပင် ကြီးမားလှသောခြားနားချက်တစ်ခုရှိကြောင်း စိတ်ကူးကြည့်နိုင်သည်။

ပဉ္စမမျိုးဆက်တိုက်လေယာဉ်တစ်စင်းဟာ စတုတ္ထမျိုးဆက်တိုက်လေယာဉ်ဆယ်စီးကို မဖောက်ခွဲနိုင်သော်ငြား အမှန်တကယ်သာ တိုက်ပွဲတစ်ခုဖြစ်ခဲ့ပါက အဝေးပစ်ဒုံးကျည်များစွာ ပစ်လွှတ်လျှင် သူတို့၏မီးခိုးငွေ့ကိုပင် မရှူနိုင်ချေ။ ပဉ္စမမျိုးဆက်တိုက်လေယာဉ်အစင်းငါးရာမှာ တန်ဘတ်နိုင်ငံ၏ တိုက်လေယာဉ်အဖွဲ့တစ်ခုလုံးကိုပင် အနိုင်ယူနိုင်သည်။

ထို့ပြင် တင့်ကားရာဂဏန်းနှင့် ဒုံးကျည်ထောင်ဂဏန်းတိုကိုသာမြင်လျှင် ဘယ်သူကများ မကြောက်ဘဲ နေနိုင်မည်နည်း။

"ကြည့်ရတာတော့ ငါ သူတို့ကို အရင်သွားနှုတ်ဆက်သင့်တယ်ထင်တယ်။ ငါ့နာမည်ကိုချန်မထားဘဲ ကုသိုလ်ကောင်းမှုလုပ်စရာ မလိုဘူးလေ"

ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်သည်။

မည်သို့ပင်ဖြစ်စေ တာဝန်ယူမည့် လူတစ်ယောက်ကို ရှာဖို့လိုအပ်သည်မဟုတ်လား။

စစ်စခန်းတစ်ခု၏ ထိန်းချုပ်ခန်းထဲမှာ အသက်ငါးဆယ်အရွယ် သက်လတ်ပိုင်းလူကြီးတစ်ယောက်က မျက်မှောင်ကြုတ်ထားလေသည်။

သူသည် ပျက်ယွင်းနေသော အမူအရာဖြင့် သူ့ရှေ့ရှိမြေပုံကို ကြည့်နေလေသည်။ မြေပုံပေါ်ရှိ အနီစက်များမှာ သူတို့ဆုံးရှုံးလိုက်ရသော နေရာများကို ကိုယ်စားပြုသည်။ နှစ်ပေါင်းများစွာကြာအောင် စစ်ဖြစ်အပြီးမှာ သူတို့သည် အစွန်အဖျားကို တွန်းပို့ခံခဲ့ရသည်။ သူတို့သာ နောက်ထပ်ပင်ရင်းနယ်မြေသုံးခုကို ထပ်ဆုံးရှုံးလိုက်ရမည်ဆိုပါက ဤစစ်ပွဲတွင် လုံးဝကျရှုံးပြီဟု ကြေညာရပေလိမ့်မည်။

"အခု ငါတို့ရဲ့ဆုံးရှုံးမှုက ဘယ်လောက်များနေပြီလဲ"

"ဗိုလ်ချုပ်..အခုအထိတော့ ကျွန်တော်တို့ တိုက်လေယာဉ် ၃၇၅စီး၊ တင့်ကား ၂၀၇စီး၊ စစ်သား၂၇၀၉ယောက် ဆုံးရှုံးထားပါတယ်။ ရန်သူဘက်က လူနည်းနည်းသေဆုံးခဲ့ပေမဲ့ သူတို့ရဲ့တခြားဆုံးရှုံးမှုတွေက ကျွန်တော်တို့ရဲ့သုံးပုံတစ်ပုံထက်တောင် နည်းပါသေးတယ်"

"ဗိုလ်ချုပ်.. ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်ပါဘူး။ ကျွန်တော်တို့ရဲ့အင်အားက အရမ်းအားနည်းနေတာ။ ရန်သူ့ဘက်က လက်နက်ပိုင်းမှာ ကျွန်တော်တို့ထက် နှစ်ဆပိုသာတဲ့အပြင် လူအင်အားကလည်း ငါးဆပိုများတယ်။ ကျွန်တော်တို့ရဲ့ ပစ္စည်းကိရိယာတွေကလည်း သိပ်မကွာဘူး။ ဒီစစ်ပွဲမှာ ကျွန်တော်တို့ အထိနာမှာကျိန်းသေပေါက်ပါပဲ"

"ဘတ်ဂျက်လျှောက်ထားမှုကရော"

ဗိုလ်ချုပ်က ဆက်ပြောလိုက်သည်။

"ဗိုလ်ချုပ်..ဘရာမန်နိုင်ငံက ဒီနှစ် ဘတ်ဂျက်တိုးမြှင့်ထားပါတယ်။ သူတို့ရဲ့နှစ်စဉ်စစ်အသုံးစရိတ်က ဒေါ်လာဘီလီယံဆယ်ဂဏန်းလောက် ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ သူတို့ကို သွားယှဉ်လို့တော့မရပါဘူး"

"ငါတို့ ဒီတိုက်ပွဲကို ဆက်မတိုက်နိုင်တော့တာ အမှန်ပဲလား"

ဗိုလ်ချုပ်၏မျက်နှာထက်တွင် မလိုလားမှုများနှင့် ပြည့်နှက်နေသည်။

ထိုအခိုက်မှာ ထိန်းချုပ်ခန်းထဲရှိ ဆက်သွယ်ရေးကိရိယာက ထမြည်လာသည်။

"ဗိုလ်ချုပ်..ကျွန်တော်တို့ မရင်းနှီးတဲ့ကြေးနန်းတစ်ခုကို လက်ခံရရှိထားပါတယ်"

"ဘရာမန်နိုင်ငံဘက်ကလား"

ထိုဗိုလ်ချုပ်ကလည်း မေးလိုက်၏။

"မဟုတ်ပါဘူး။ ဆက်သွယ်သူက အာရှကပါ။ ဒါပေမဲ့ ဘရာမန်နိုင်ငံတော့ မဟုတ်ပါဘူး။ သီးသန့်အဖွဲ့အစည်းတစ်ခုဖြစ်မယ်ထင်တယ်"

"သီးသန့်အဖွဲ့အစည်းလား။ ယူလာခဲ့!"

အခန်းတစ်ခုလုံး တိတ်ဆိတ်သွားပြီးနောက် လူတိုင်းမှာ ထိုလူ ဘယ်သူလဲဆိုတာကို ကြားရဖို့အတွက် အသက်အောင့်ထားကြသည်။

"အခုပြောနေတာ ဗိုလ်ချုပ်အက်ဖ်ဖူလား"

တစ်ဖက်က တန်ဘတ်ဘာသာစကားလေသံနှင့် ရောစပ်ထားသော အင်္ဂလိပ်စကားကို ပြောလာချေသည်။ အသံကား အလွန်ငယ်ရွယ်လှသော အသံပင်။

"ငါပဲ။ မင်းကဘယ်သူလဲ""

"ခင်ဗျား ကျုပ်ကို လဲ့ဖုန်းလို့ခေါ်နိုင်တယ်"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"ဘရာမန်နိုင်ငံနဲ့ ခင်ဗျားတို့ရဲ့စစ်ပွဲက ပြီးခါနီးပြီလို့ကျုပ်ကြားထားတယ်"

"မင်းကဘယ်သူလဲ"

အနာပေါ်တုတ်ကျသလိုဖြစ်ပြီး ဗိုလ်ချုပ်အက်ဖ်ဖူ ဒေါသထွက်သွားသည်။

"ကျုပ်ဘယ်သူလဲဆိုတာ မပူပါနဲ့။ ကျုပ်က ခင်ဗျားကို ကူညီပေးနိုင်တဲ့လူတစ်ယောက်ဆိုတာကိုပဲ မှတ်ထားလိုက်။ အခုကစပြီး နောက်သုံးရက်နေရင် နေ့လယ်ဘက်မှာ ကျုပ် စစ်ရေးအကူအညီတစ်စုကို ခင်ဗျားတို့စခန်းကို ပို့ပေးလိုက်မယ်။ ခင်ဗျားဘက်က ကြိုတင်နေရာချထားပေးဖို့ မျှော်လင့်ပါတယ်။ ကျုပ်တို့မှာ ပစ္စည်းကိရိယာတွေအများကြီးရှိတာမို့ နေရာအလုံအလောက်မရှိမှာစိုးလို့"

"မင်းက ဘာလို့ ငါတို့ကိုကူညီပေးရတာလဲ"

အက်ဖ်ဖူက တစ်ဖက်လူ၏စကားများမှာ အမှန်ဟုတ်မဟုတ် မသိသော်ငြား တစ်ဖက်လူကသာ သူတို့ကိုကူညီချင်ပါက အလကားကူညီတာတော့ မဖြစ်နိုင်ချေ။ အခမဲ့ဆိုတာမျိုးကို သူ ဘယ်တုန်းကမှ မယုံကြည်ခဲ့ပေ။

"မင်းဘာလိုချင်လို့လဲ"

"အဓိကရည်ရွယ်ချက်ကတော့ နိုင်ငံတကာချစ်ကြည်ရေးကို မြှင့်တင်ဖို့ပါပဲ"

ကျန်းမုန့်လောင်က ထိုသို့ပြောလိုက်သည်။

"နောင်အနာဂတ်မှာ ဟွာရှားလူမျိုးတွေ ခင်ဗျားတို့ဆီကို လာလည်ရင်သာ အစားအသောက်၊ တည်းခိုခန်းနဲ့ ဖျော်ဖြေရေးတွေ စီစဉ်ပေးလိုက်ပါ"

*****************

All Chapters