← Chapters

ငါတို့နဲ့မထိုက်တန်ဘူး

Vol. 32 Ch. 474

ငါတို့နဲ့မထိုက်တန်ဘူး

Vol. 32 Ch. 474

"မင်း မင်းက ဟွာ..."

"ခင်ဗျား မစင်ကြိုက်ရင် ကြိုက်သလောက်စားလို့ရတယ်။ ဒါပေမဲ့ ပေါက်ကရတွေတော့ လျှောက်မပြောနဲ့"

ကျန်းမုန့်လောင်က ဗိုလ်ချုပ်အက်ဖ်ဖူ၏စကားကို ကြားဖြတ်ပြောလိုက်သည်။

"မဟုတ်ဘူး။ ငါ ပေါက်ကရတွေ ပြောနေတာမဟုတ်ဘူး"

ဗိုလ်ချုပ်အက်ဖ်ဖူက စကားကို ဆက်မပြောခဲ့သော်ငြား သူ့စိတ်ထဲမှာတော့ ဖုန်းခေါ်ဆိုသော တစ်ဖက်လူက ဟွာရှားလူမျိုးဖြစ်ကြောင်း သေချာသွားသည်။

သူတို့နှင့် ဟွာရှားနိုင်ငံ၏ ဆက်ဆံရေးမှာ အလွန်ကောင်းမွန်လှ၏။ အခြားနိုင်ငံများထက် ပိုကောင်းမွန်သည်။ သို့သော် ယခုလိုအကူအညီမျိုးမှာ သမိုင်းတစ်လျှောက် လုံးဝမရှိခဲ့ဖူးပေ။

တစ်ဖက်လူက သူတို့အတွက် လက်နက်နှင့် ကိရိယာအင်အားကို ဘယ်လောက်ထောက်ပံ့ပေးမလဲဆိုသည်ကို သူမသိသော်ငြား ထိုကိစ္စမှာ သူတို့အတွက် မည်သို့သဘောသက်ရောက်လေသလဲ။ ဖုန်းတစ်ဖက်ရှိ ပုဂ္ဂိုလ်က သရုပ်မှန်ကို ဖော်ထုတ်လိုဟန်မရှိပေ။

"ဒါက ကျုပ်ရဲ့ကိုယ်ပိုင်အကြံတစ်ခုသက်သက်ပဲ"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"ကျုပ်က ဗိုလ်ချုပ်အက်ဖ်ဖူနဲ့ မိတ်ဆွေဖွဲ့ချင်ရုံပါ"

"ငါ မင်းကို လုံးဝမယုံဘူး"

ဗိုလ်ချုပ်အက်ဖ်လူက အသက်ငါးဆယ်ကျော် အမျိုးသားတစ်ယောက်ပင်။ စစ်မြေပြင်ထဲတွင်လည်း အချိန်အတော်ကြာ နေလာခဲ့သူဖြစ်၏။ သူက အလွန်ပါးနပ်သူတစ်ယောက်ဖြစ်သည်။

ထိုကဲ့သို့သောကိစ္စလေးက သူ့အား မည်သို့ လှည့်စားနိုင်မည်နည်း။

ဘရာမန်နိုင်ငံမှ ငတုံးတစ်ယောက်က ဤလူကို ရန်စမိခဲ့သောကြောင့်များလား။ ထို့ကြောင့် ဤလူက ရန်ငြိုးဖွဲ့၍ ဤနည်းလမ်းဖြင့် လက်တုံ့ပြန်ခြင်းလေလား။

သို့သော် လူတစ်ယောက်တွင် ဩဇာအာဏာ မည်မျှရှိနိုင်မည်နည်း။ သူတို့နှင့် ဘရာမန်နိုင်ငံကြားရှိ ကွာခြားမှုမှာ သေးသေးလေးမဟုတ်ပေ။ နှစ်ဆနီးနီးရှိ၏။ အကယ်၍ သေနတ်အရေအတွက်ရာဂဏန်း သို့မဟုတ် ဗုံးရာဂဏန်းလောက်သာ ဆိုပါက ဤစစ်ပွဲအတွက် အသုံးမဝင်ချေ။

အလှည့်အပြောင်းဖြစ်ချင်သည်ဆိုပါက တိုက်လေယာဉ်ဆယ်စီးကျော်၊ တင့်ကားအရေအတွက်တော်တော်များများ၊ သံချပ်ကာယာဉ်များနှင့် အခြားကိရိယာများကို လိုအပ်ပေလိမ့်မည်။

ဤပမာဏအထိ ထောက်ပံ့ပေးရန်မှာ ဒေါ်လာဆယ်ဘီလီယံလောက်မရှိလျှင် မဖြစ်နိုင်ပေ။ ဤသည်မှာ လူတစ်ဦးတစ်ယောက်တည်းနှင့် တတ်နိုင်သော ပမာဏတစ်ခုမဟုတ်ချေ။

"မင်းမှာ ဘာရည်ရွယ်ချက်မှမရှိဘူးပေါ့"

အက်ဖ်ဖူလည်း သံသယမဖြစ်ဘဲ မနေနိုင်ပေ။

"လက်နက်တွေရောက်လာရင် သိရပါလိမ့်မယ်"

ဤသို့ဖြင့် ကျန်းမုန့်လောင်လည်း ဖုန်းချလိုက်သည်။

"ဟုန်းရီ စီစဉ်လိုက်တော့။ ငါယူလာခဲ့တဲ့ စစ်ရေးကိရိယာတွေကို ဗိုလ်ချုပ်အက်ဖ်ဖူဆီကို ပို့လိုက်။ အိမ်နီးချင်းဘရာမန်နိုင်ငံကို မသိစေနဲ့နော်။ သူတို့သာ သတိကြီးကြီးထားနေရင် ရလဒ်က ပြောရခက်သွားမယ်"

"စိတ်မပူပါနဲ့ မစ္စတာကျန်း.. ကျွန်မ လျှို့ဝှက်အဆင့်အမြင့်ဆုံးနဲ့ စီစဉ်လိုက်ပါ့မယ်"

...

ကျန်းမုန့်လောင်၏ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီးနောက် ဗိုလ်ချုပ်အက်ဖ်ဖူလည်း သူ့လက်အောက်ငယ်သားများကိုချက်ချင်းဆင့်ခေါ်လိုက်သည်။

တကယ်တမ်းတွင် တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို သူ မမှန်းဆနိုင်သေးပေ။

တစ်ဖက်လူက သူတို့၏တပ်ဖွဲ့ဆီသို့ လက်နက်များ အမှန်တကယ်ပေးပို့ရန် ရည်ရွယ်ထားပါက သူတို့ဘက်ကလည်း နယ်မြေထဲသို့ ဖြတ်သန်းခွင့်ပေးရတော့မည်ဖြစ်၏။ ဤသည်မှာ ဘရာမန်နိုင်ငံက ဆင်ထားသော ထောင်ချောက်ဆိုပါက ဤလက်နက်များမှာ အလွန်ဆိုးဝါးသော အကျိုးသက်ရောက်မှုကို ဦးတည်သွားနိုင်သည်။

သို့သော် သူတို့အနေနှင့် နယ်စပ်ကို ပိတ်ထားမည်ဆိုပါက ဘာအန္တရာယ်မှ မကျရောက်နိုင်သော်ငြား ဟွာရှားလူမျိုးကသာ သူတို့ကို အမှန်တကယ်ကူညီပေးပြီး စစ်လက်နက်များ ထောက်ပံ့ပေးချင်နေသည်ဆိုပါလျှင် တစ်သက်တွင် တစ်ခါသာရနိုင်သော အခွင့်အရေးကို လက်လွှတ်ရပေလိမ့်မည်။

ဗိုလ်ချုပ်အက်ဖ်ဖူအနေနှင့် မျှော်လင့်ချက်တော့ အများကြီးမထားပေ။ မည်သို့ပင်ဖြစ်စေ လက်နက်၊ တိုက်လေယာဉ်နှင့် တင့်ကားပမာဏအများကြီးသာ မရှိပါက အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်ဖို့လည်း မဖြစ်နိုင်ပေ။

"နယ်စပ်ဒေသရဲ့လုံခြုံရေးကို အားဖြည့်ထား။ အကယ်၍ သရုပ်မှန်ဖော်ထုတ်လို့မရတဲ့လူတွေ ဝင်ရောက်လာတာမျိုး ဒါမှမဟုတ် စစ်လက်နက်ပမာဏအများကြီး ပေါ်ပေါက်လာတာမျိုး ရှိခဲ့ရင် ငါ့ကို ချက်ချင်းတင်ပြ"

"ဟုတ်ကဲ့ပါ ဗိုလ်ချုပ်"

အက်ဖ်ဖူ၏ လက်အောက်ငယ်သားများကလည်း အမိန့်ကို ချက်ချင်းလက်ခံလိုက်ကြသည်။

အစတုန်းကတော့ ဤစစ်ပွဲ၏ရလဒ်ကား ဆုံးဖြတ်ထားပြီးဖြစ်၏။ သူတို့အနေနှင့် ဘယ်လောက်ကြာကြာ တောင့်ခံထားနိုင်မလဲဆိုတာကိုသာ ကြည့်ရုံပင်။ ယခုမူ သူတို့အနေနှင့် အံ့ဖွယ်ဖြစ်ရပ်တစ်ခုကို မျှော်လင့်နိုင်ပြီဖြစ်၏။

ပထမနေ့တွင် ဘာမှဖြစ်မလာခဲ့ပေ။ ဒုတိယနေ့တွင်လည်း ဘာမှဖြစ်မလာခဲ့ပေ။ တတိယနေ့ ညနေခင်းရောက်သော် လူတော်တော်များများမှာ စိတ်ရှည်မှု ပျောက်ဆုံးသွားခဲ့သည်။

ထူးခြားဆန်းကြယ်လှသော ထိုဟွာရှားလူမျိုးက စစ်လက်နက်ပမာဏအများကြီးကို သုံးရက်အတွင်း ပို့ပေးမည်ဟု ပြောထားသည်။ သို့သော် သုံးရက်ပြည့်ပေတော့မည်။ ကြည့်ရသည်မှာ ဟာသတစ်ခုသက်သက်သာ ဖြစ်ဟန်တူသည်။

ကောင်းကင်ကြီးမှာ တဖြည်းဖြည်းမှောင်မည်းလာသည်။ ကင်းလှည့်လေယာဉ်မှူးများကလည်း ပြန်ဖို့ ပြင်နေကြလေပြီ။ ဤနယ်မြေထဲရှိ အခြေအနေကား ဝရုန်းသုန်းကားဖြစ်နေလေပြီ။ ထို့ကြောင့် ညဘက်တွင် ပျံသန်းရေးမစ်ရှင် လုပ်ဆောင်ရန်မှာ ပိုအန္တရာယ်များလှသည်။

"စိတ်အေးမနေနဲ့ဦး။ ရှေ့တန်းထက် ဒီနေရာက ပိုဘေးကင်းတယ်ဆိုပေမဲ့ ခံစစ်ကိုတော့ အမြဲအာရုံစိုက်နေမှဖြစ်မယ်"

"ဟုတ်ကဲ့ ဗိုလ်ချုပ်"

ခုခံရေးတပ်ဖွဲ့ထဲရှိ စစ်သားများမှာ ပုံမှန်အတိုင်းပင် ညဘက်ခံစစ်ပုံစံသို့ ပြောင်းလဲလိုက်ကြသည်။ ဤစနစ်၏ လေ့လာစောင့်ကြည့်မှုအောက်မှာ လေကြောင်းပစ်မှတ်ပင်ဖြစ်စေ မြေပြင်ပစ်မှတ်ပင်ဖြစ်စေ သူတို့၏ပိတ်ဆို့မှုမှ ဖြတ်သန်းသွားရန် ခက်ခဲလှ၏။

"မင်း ကြားမိလား? ပြီးခဲ့တဲ့ရက်ပိုင်းလောက်တုန်းက ငါတို့ဗိုလ်ချုပ်အက်ဖ်ဖူဆီကို ထူးဆန်းတဲ့ဖုန်းတစ်ခုဝင်လာတယ်တဲ့။ သူပြောတာတော့ သုံးရက်အတွင်း စစ်လက်နက်တွေအများကြီး ပို့ပေးလိုက်မယ်တဲ့"

ညနက်နေချေပြီဖြစ်ရာ ပျင်းရိနေကြသော စစ်သားများနှင့် အရာရှိများမှာ စကားစမြည်ပြောဆိုနေကြလေတော့သည်။

"အဲဒါက ပေါက်ကရတွေမဟုတ်ဘူးလား။ ဘယ်သူကများ ငါတို့ဆီကို စစ်ကူတွေပို့ပေးမှာလဲ။ တခြားနိုင်ငံတွေက ငါတို့ အခြေအနေဆိုးလေလေ ပိုဝမ်းသာလေလေပဲ။ သူတို့က ဒီအခြေအနေကနေ အမြတ်ထုတ်ဖို့တောင် ကြိုးစားရင်ကြိုးစားကြမှာ"

"ဒီနေ့က သုံးရက်မြောက်နေ့လို့ ကြားတယ်။ သူတို့သာ တကယ်ပို့ပေးမယ်ဆိုရင် အခုလောက်ဆိုရင် ရောက်နေရောပေါ့။ ငါတို့ဗိုလ်ချုပ် လှည့်စားခံလိုက်ရတာပဲ"

"ကဲ ဆွေးနွေးနေတာ တော်ကြတော့။ ဗိုလ်ချုပ်ရဲ့အရေးကိစ္စတွေက မင်းတို့ လက်လွတ်စပယ်ပြောလို့ရတဲ့ကိစ္စမို့လို့လား"

...

"တီ တီ တီ တီ တီ!"

ထိုအချိန်မှာပင် သူတို့၏အချက်ပေးကိရိယာကား ပြင်းပြင်းထန်ထန် အော်မြည်လာသည်။ အခန်းတစ်ခုလုံးတွင်လည်း အနီရောင်အလင်းတန်းများဖြင့် ပြည့်နှက်သွားသည်။

"ဘာတွေဖြစ်နေတာလဲ။ ညဘက်တိုက်ခိုက်မှုလား"

"အချက်အလက်ကို တင်ပြပါ"

"ခြိမ်းခြောက်မှုအဆင့် ၁၂၀"

"ဘာ? ၁၂၀လား"

လူတိုင်း ကြောက်ဒူးတုန်သွားကြသည်။

ဤခြိမ်းခြောက်မှုညွှန်ကိန်းကား နိုင်ငံတော်ခုခံကာကွယ်ရေးစနစ်ကို ကိုယ်စားပြုသည်။ ကိန်းဂဏန်းမြင့်လေလေ သူတို့ လက်ရှိကြုံတွေ့နေရသော အန္တရာယ်က ပိုပြင်းထန်လေလေပင်။

ပုံမှန်အခြေအနေမျိုးတွင် ဤသည်မှာ ရန်သူဘက်က အယောင်ပြခြင်းသက်သက်ဆိုပါက တိုက်လေယာဉ်သုံးစီးမှငါးစီးက နယ်စပ်တွင် ကင်းလှည့်နေသည်ဖြစ်ရာ ခြိမ်းခြောက်မှုအဆင့်က တစ်ဆယ်နှစ်ဆယ်မျှသာ ဖြစ်သင့်သည်။

ခြိမ်းခြောက်မှုအသေးစားတစ်ခုဖြစ်ပါက တပ်ဖွဲ့ငယ်တစ်ခုကို စေလွှတ်ရုံမျှဖြင့် ဖြေရှင်းနိုင်သည်။ ညွှန်ကိန်းကလည်း ငါးဆယ်ဝန်းကျင်သာ ရှိသင့်သည်။

ခြိမ်းခြောက်မှုညွှန်ကိန်းက ရှစ်ဆယ်ကို ရောက်သွားပါက တပ်ဖွဲ့တစ်ခုလုံး အန္တရာယ်ကျရောက်နေပြီဟု ဆိုလိုခြင်းပင်။ လက်ရှိအချိန်တွင် တန်ဘတ်နိုင်ငံနှင့် ဘရာမန်နိုင်ငံအကြားရှိ ခြိမ်းခြောက်မှုညွှန်ကိန်းမှာ ရှစ်ဆယ်အထက် ရှိခဲ့သည်။

ခြိမ်းခြောက်မှုညွှန်ကိန်းက တစ်ရာကျော်သွားခဲ့လျှင်မူ နိုင်ငံတော်တစ်ခုလုံး ကပ်ဆိုက်ခြင်းပင်။ ဤအဓိပ္ပာယ်ကား သူတို့၏တပ်ဖွဲ့တစ်ခုလုံးပေါင်းလျှင်ပင် ဤခြိမ်းခြောက်မှုကို ရင်မဆိုင်နိုင်ပေ။

ဤစနစ်ကို စတင်တည်ဆောက်ခဲ့ကတည်းက ခြိမ်းခြောက်မှုညွှန်ကိန်းတစ်ရာကျော်သော အခြေအနေမျိုးနှင့် တစ်ခါမှမကြုံခဲ့ဖူးပေ။ ဤတစ်ခေါက်တွင်မူ ၁၂၀ကျော်အထိ ထိုးတက်သွားခဲ့သည်။ သို့ဖြစ်လေရာ သူတို့အနေနှင့် လက်နက်များကို ပစ်ချ၍ လက်နက်ချရုံသာ တတ်နိုင်ပေလိမ့်မည်။ ဤသည်မှာ သေဖို့စောင့်နေရခြင်းနှင့် မခြားပေ။

"မင်းမှာ ဓာတ်ပုံရှိလား"

"ဓာတ်ပုံအချက်အလက်ကို ပေးပို့ထားပါတယ်"

အော်ပရေတာတစ်ယောက်က ဓာတ်ပုံကို ချက်ချင်းပို့ပေးလိုက်သည်။

"ဟင်"

လူတိုင်း ပင့်သက်ရှိုက်မိကြသည်။

ကောင်းကင်ထက်တွင် တိုက်လေယာဉ်များနှင့် သယ်ယူပို့ဆောင်ရေးယာဉ်များ ပြည့်သိပ်နေပေသည်။ တိုက်လေယာဉ်အများစုမှာ သူတို့ ယခင်က တစ်ခါမှမမြင်ဖူးသော အမျိုးအစားများပင်။ သယ်ယူပို့ဆောင်ရေးယာဉ်များကတော့ အကြီးစားလေယာဉ်များပင်။ ထိုအောက်တွင် တင့်ကားများနှင့် သံချပ်ကာယာဉ်များကို ချိန်းကြိုးနှင့် သယ်လာသေးသည်။

ခမ်းနားကြီးကျယ်လှသော ဤမြင်ကွင်းကား ကမ္ဘာ့စစ်တစ်ခုအလားပင်။

"ဒါက ရန်သူ့ဘက်ကလား"

"မြန်မြန်လုပ်.. ငါတို့ရဲ့တိုက်လေယာဉ်တွေကို ကြားဖြတ်တိုက်ဖို့ လွှတ်လိုက်"

"ချီးကို ကြားဖြတ်တိုက်ရမှာလား။ အရင်သတင်းပို့လိုက်"

"တင်..တင်ပြပါတယ်။ ပစ်မှတ်စုစုပေါင်း ၁၃၀၀ရှိပါတယ်။ တိုက်လေယာဉ်အစင်းငါးရာ၊ သယ်ယူပို့ဆောင်ရေးယာဉ် အစင်းရှစ်ရာ၊ တင့်ကားခုနစ်ရာကျော်နဲ့ အမျိုးအမည်သတ်မှတ်လို့မရတဲ့ တခြားပစ်မှတ်တွေလည်း ပါပါတယ်"

"ငါးရာလား"

ဤပမာဏကို ကြားသောအခါ လူတိုင်း ခုခံလိုစိတ်ပျောက်ဆုံးသွားသည်။ သူတို့တစ်နိုင်ငံလုံးမှာပင် တိုက်လေယာဉ်စုစုပေါင်းတစ်ထောင်ကျော်သာ ရှိသည်။ ထို့ပြင် ထိုတိုက်လေယာဉ်များကို နိုင်ငံတစ်ဝှမ်းရှိ စစ်ရေးနယ်မြေများတွင် ဖြန့်ကြက်ထားသည်။ အများစုက ရှေ့တန်းတွင် ရှိ၏။ လက်ရှိအချိန်၌ သူတို့ထံတွင် တိုက်လေယာဉ်အစင်းနှစ်ရာသာရှိပြီး အလွန်ဒိတ်အောက်နေသော စတုတ္ထမျိုးဆက်တိုက်လေယာဉ်များသာ။

ကြားဖြတ်တိုက်ခိုက်မတဲ့လား? သူတို့ထံမှ ဒုံးကျည်တစ်လုံးမျှဖြင့် သူတို့၏ထိန်းချုပ်ရေးစင်တာနှင့် ဤစစ်စခန်းတစ်ခုလုံး ပြားပြားဝပ်သွားနိုင်သည်။

မင်းက ဘာကို ကြားဖြတ်တိုက်ခိုက်မယ်လို့ ပြောနေတာလဲကွ?

တစ်ဖက်ကသာ ရန်သူ့တပ်ဖြစ်နေပါက သူတို့တွင် အနိုင်ရနိုင်ခြေမရှိတော့ဘဲ သေဆုံးသူများသာ ပိုများသွားပေလိမ့်မည်။

"မဟုတ်ဘူး။ ဒါက ရန်သူ့တပ်မဟုတ်ဘူး။ ကမ္ဘာပေါ်မှာ နိုင်ငံတွေအများကြီးရှိတယ်။ ဘယ်နိုင်ငံကများ ဒီလိုတပ်ဖွဲ့မျိုးကို တိုက်ခိုက်ဖို့ စေလွှတ်ရဲမှာလဲ။ ငါတို့လို နိုင်ငံသေးသေးလေးတစ်ခုအတွက်နဲ့ ဒီလိုလက်နက်ပမာဏကိုသုံးမယ်ဆိုတာ မဖြစ်နိုင်ဘူး။ ငါတို့နဲ့မတန်ဘူးလို့တောင် ခံစားမိတယ်"

"ဒါက စစ်ကူတွေ! ဒါက ဗိုလ်ချုပ်အက်ဖ်ဖူပြောတဲ့ စစ်ကူတွေပဲဖြစ်ရမယ်!"

"ဘုရားရေ! တိုက်လေယာဉ်အစင်းငါးရာ၊ တင့်ကားက အနည်းဆုံးအစင်းခုနစ်ရာ.. ငါတို့ရဲ့ဗိုလ်ချုပ်က သူ့ခန္ဓာကိုယ်ကို ရောင်းစားလိုက်တာလား"

"မင်းတို့က ဘာလို့ ဒီနေရာမှာ ရပ်နေသေးတာလဲ။ ဗိုလ်ချုပ်ကို မြန်မြန်တင်ပြလိုက်!"

****************

All Chapters