← Chapters

စည်းဖောက်တဲ့နိုင်ငံက ဘယ်သူလဲ?

Vol. 32 Ch. 478

စည်းဖောက်တဲ့နိုင်ငံက ဘယ်သူလဲ?

Vol. 32 Ch. 478

မိနစ်အနည်းငယ်ကြာသော် အုန်းခနဲမြည်သံကြီးက တဖြည်းဖြည်းပျောက်ကွယ်သွားသည်။ တပ်မှူးမှာ မတ်တတ်ထရပ်လိုက်ပြန်သည်။

"ခုနတုန်းက ငလျင်အသေးစားတစ်ခု လှုပ်သွားတာဖြစ်မယ်။ သက်ရောက်မှုကတော့ သိပ်မများဘူး။ ငါတို့ ထွက်ခွာလို့ရပြီ!"

နားကန်းဖွယ်အင်ဂျင်သံ၁၁သံနှင့်အတူ Mirage 2000တိုက်လေယာဉ်၁၁စင်းမှာ အထက်ကောင်းကင်ဆီသို့ ပျံတက်သွားလေသည်။ ထို့နောက် တန်ဘတ်နိုင်ငံ၏ နောက်ဆုံးခံစစ်လိုင်းဆီသို့ ထွက်ခွာသွားလေတော့သည်။

"အမှတ်ခုနစ်.. မင်း သူတို့ကို ခဏနေရင် ဒုံးကျည်နှစ်လုံးလောက် ပစ်ချချင်လား"

"အထက်လူကြီးရဲ့အမိန့်ကို မင်း မကြားလိုက်ဘူးလား? ငါတို့က အယောင်ပြတိုက်ခိုက်ရုံပဲ။ အရင်းအမြစ်တွေကို ခြွေတာနိုင်သလောက် ခြွေတာရမှာ"

"ဒါပေမဲ့ ဒီလိုလေကြောင်းမစ်ရှင်မျိုးက အရမ်းပျင်းဖို့ကောင်းတယ်လေ"

"အမှန်ပဲ! အဲဒီတန်ဘတ်လူမျိုးတွေက လိပ်တွေလိုပဲ။ လေယာဉ်ဖျက်သေနတ်တွေကိုအားကိုးပြီး ငါတို့ကို တားဆီးနေတာ"

"သူတို့ ငါးရက်တောင် တောင့်ခံထားပြီးပြီ။ သူတို့မှာ လေယာဉ်ပစ်ဒုံးကျည်တွေနဲ့ ကျည်ဆန်တွေအများကြီးကျန်တော့မှာမဟုတ်ဘူး။ ငါတို့ ဒီတစ်ခေါက် သူတို့ခေါင်းပေါ်ကို တည့်တည့်ပျံကြမလား"

"ဟားဟားဟား! ငါတို့ဆီက နယ်မြေကို ပြန်သိမ်းချင်တယ်ပေါ့လေ? သူတို့က စစ်ရေးအင်အားကွာခြားမှုကိုတောင် ထည့်မစဉ်းတော့ဘူး"

"ဟုတ်ပါ့ကွာ! ငါတို့ရဲ့တိုက်လေယာဉ်တွေက အကြမ်းဆုံးတွေ။ စတုတ္ထမျိုးဆက်တိုက်လေယာဉ်တွေအစား အစားထိုးထားတာ။ သူတို့ကတော့ ဒိတ်အောက်နေတဲ့ တတိယမျိုးဆက်တိုက်လေယာဉ်တွေကို သုံးနေရရှာတာ။ သူတို့က ငါတို့ကို ဘယ်လိုလုပ်ပြီး ပြန်တိုက်နိုင်မှာလဲ"

"ကောင်းပြီ။ အာရုံစိုက်ထားကြ! ငါတို့က သူတို့ရဲ့ခံစစ်လိုင်းနဲ့ တော်တော်နီးနေပြီ။ သူတို့ရဲ့လေယာဉ်ပစ်ဒုံးကျည်တွေ မမှန်စေနဲ့။ အဲဒီလိုဆိုရင် အရမ်းရှက်ဖို့ကောင်းနေမှာ"

"ရန်သူဘက်က တိုက်စစ်ဆင်လာပြီ! ရန်သူ့ဘက်က တိုက်စစ်ဆင်လာပြီ"

မြေပြင်ထက်ရှိ တန်ဘတ်စစ်သားများမှာ တိုက်လေယာဉ်များ ရောက်လာတာကို ချက်ချင်းသတိထားမိလိုက်သည်။

"လေယာဉ်ပစ်လက်နက်တွေ အသင့်ပြင်ထား"

တရစပ်လေကြောင်းတိုက်ခိုက်မှုများကြောင့် တန်ဘတ်စစ်သားများမှာ ငှက်လေးများအလား တုန်လှုပ်နေကြသည်။ သူတို့မှာ ခပ်မြန်မြန်ခံစစ်ပြင်ထားလိုက်ကြသည်။

"တင်ပြပါတယ်! ကျွန်တော်တို့မှာ လေယာဉ်ပစ်ဒုံးကျည်ခုနစ်ခုပဲ ကျန်ပါတော့တယ်!"

"ဘာ။ ခုနစ်ခုပဲ ကျန်တော့တာလား"

"တင်ပြပါတယ်! ကျွန်တော်တို့ရဲ့ လေယာဉ်ပစ်ခဲယမ်းတွေလည်း ကုန်ခါနီးပါပြီ"

"သေစမ်း"

တပ်မှူးမှာ သူ့ရှေ့ရှိခွက်ကို ဒေါသတကြီးရိုက်ခွဲပစ်လိုက်သည်။

"အခြေစိုက်စခန်းအမှတ်သုံးက တပ်ကူက ဘာလို့ရောက်မလာသေးတာလဲ။ သူတို့ပြောတော့ ဒီနေ့ရောက်လာမှာဆို"

"ဆရာ ကျွန်တော်တို့ဘာလုပ်ကြမလဲ"

"ပစ်! နောက်ဆုံးဒုံးကျည်ကုန်တဲ့အထိ သုံးရမယ်ဆိုရင်တောင် ဒီခံစစ်လိုင်းကိုတော့ ထိန်းထားမှဖြစ်မယ်"

"ဟုတ်ကဲ့ ဆရာ! ပစ်!"

"ပစ်!"

စစ်မြေပြင်တစ်ခုလုံးမှာ မီးလောင်ပြင်ကြိးတစ်ခုအလားပင်။ မရေမတွက်နိုင်သော ကျည်ဆန်များနှင့်အတူ လေယာဉ်ပစ်ဒုံးကျည်များက Mirage 2000တိုက်လေယာဉ်၁၁စီးဆီသို့ ဦးတည်သွားကြသည်။

"ဟားဟားဟား.. သူတို့မှာ ဒီအမှိုက်လို လေယာဉ်ပစ်ဒုံးကျည်တွေပဲ ကျန်တော့တာလား"

လေယာဉ်မှူး၁၁ယောက်က အထင်အမြင်သေးဟန်အမူအရာများကို ပြသလာကြသည်။ ဤလေယာဉ်ပစ်ဒုံးကျည်အဆင့်ဖြင့် တတိယမျိုးဆက်တိုက်လေယာဉ်တစ်စင်းကိုပင် ပစ်မချနိုင်ချေ။ သို့ဖြစ်လေရာ သူတို့၏စတုတ္ထမျိုးဆက်တိုက်လေယာဉ်များကို မည်သို့ထိမှန်နိုင်မည်နည်း။

"ကြည့်ရတာ သူတို့တွေ လက်နက်ခဲယမ်းနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ပြတ်တောက်သွားပုံပဲ"

"ဟားဟားဟား သွားကြစို့။ သူတို့ဆီကို ချီတက်ပြီး ငါတို့ရဲ့အမြောက်အရသာကို မြည်းစမ်းခိုင်းလိုက်ကြမယ်"

"ဟုတ်တယ်။ ငါတို့ ဒုံးကျည်တွေပစ်လို့မရဘူးဆိုရင်တောင် အလိုအလျောက်အမြောက်ဆန်နဲ့ပစ်တာကတော့ သိပ်မလွန်ဘူးမလား"

"သတိစွဲထား! အနိမ့်ပိုင်းပျံသန်းမှုအတောအတွင်း လုံခြုံရေးကို ဂရုစိုက်ကြ!"

"ဟုတ်ကဲ့ ဆရာ!"

တိုက်လေယာဉ်၁၁စင်းက ချက်ချင်းထိုးဆင်းလိုက်ကြသည်။ ထို့နောက် သူတို့၏ အလိုအလျောက်အမြောက်ဆန်များမှာ ချက်ချင်းဆိုသလို အော်ဟစ်လာလေသည်။ တိုက်လေယာဉ်တစ်စင်း၏ အလိုအလျောက်အမြောက်ဆန်ဆိုသည်မှာ သာမန်စက်သေနတ်များနှင့်မတူပေ။ တစ်ချက်ပစ်လိုက်ရုံမျှဖြင့် လူတစ်ယောက်၏ခန္ဓာကိုယ်ကို အစိတ်စိတ်အမြွှာမြွှာကွဲကြေသွားစေသည်။ အမြောက်ပြောင်းနှင့် သက်ရောက်အားမှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။

"အကာအကွယ်ယူကြ!"

"ဝပ်ထား!"

"တပ်ကူက ဘယ်မှာလဲ? တပ်ကူက ဘာလို့ အခုထိ ရောက်မလာသေးတာလဲ"

တန်ဘတ်နိုင်ငံ၏ စစ်သားများမှာ ပင်ပန်းနွမ်းနယ်နေပြီး ပြိုလဲလုနီးနီးဖြစ်နေချေပြီ။ သူတို့တွင် တိုက်လေယာဉ်များရှိသော်ငြား ရန်သူနှင့် မယှဉ်နိုင်ပေ။ ထို့ပြင် ဒုံးကျည်နှင့် လက်နက်ခဲယမ်းအရေအတွက်ကလည်း အကန့်အသတ်ရှိ၏။ သူတို့မှာ အလွန်ဆင်းရဲလွန်းလှသဖြင့် ဓာတ်ဆီဖိုးပင် မတတ်နိုင်ချေ။

"ဝှစ်!"

ထိုအချိန်မှာပင် ဒုံးကျည်တစ်စင်းက သူတို့ခေါင်းပေါ်မှ ဖြတ်သန်းသွားပြီးနောက် ဘရာမန်နိုင်ငံဘက်က တိုက်လေယာဉ်၏တောင်ပံကို တည့်တည့်ထိမှန်လေသည်။

"ဘုန်း!"

လေယာဉ်တစ်ခုလုံးမှာ မီးလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ လုံခြုံရေးစနစ်ကြောင့် လေထီးတစ်လုံးဖြင့် သတိလစ်လျက်သား ဆင်းသက်နိုင်ခဲ့သော လေယာဉ်မှူးသာ ကျန်ရစ်ခဲ့သည်။ သူ သေသလားရှင်သလားဆိုသည်ကိုမူ မသိရပေ။

"အဲဒါက ဘာကြီးလဲ"

တန်ဘတ်နိုင်ငံ၏ စစ်သားများနှင့် ဘရာမန်နိုင်ငံဘက်မှ လေယာဉ်မှူးများမှာ ကြက်သေသေသွားကြသည်။

"ဝှစ် ဝှစ် ဝှစ် ဝှစ်!"

အံ့အားသင့်နေသော သူတို့၏အကြည့်များအောက်မှာပင် အနက်ရောင်အရိပ်တစ်ခုက ကောင်းကင်ထက်၌ ပေါ်ပေါက်လာသည်။ ကြီးမားလှသော လေကြောင်းတပ်ဖွဲ့ကြီးတစ်ခုမှာ ဤနေရာသို့ အလျင်အမြန်ချဉ်းကပ်လာကြသည်။ အကြမ်းဖျင်းအရေအတွက်မှာ အနည်းဆုံးတော့ တစ်ရာ သို့မဟုတ် ရှစ်ဆယ်ခန့်ရှိ၏။

"F-22! F-22တိုက်လေယာဉ်ကြီး!"

"ပဥ္စမမျိုးဆက်တိုက်လေယာဉ်လား? သူတို့ရဲ့တိုက်လေယာဉ်ကို တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်နိုင်ခဲ့တာ မဆန်းတော့ပါဘူး"

"အစင်းနှစ်ဆယ်? အစင်းသုံးဆယ်? သူတို့က ကောင်းကင်ဘုံကို တက်သိမ်းမလို့လား"

"ဒါက ငါတို့ရဲ့စစ်ကူလား"

"ရဲဘော်တို့ မင်းတို့ ပင်ပန်းသွားကြပြီ။ ကျန်တဲ့တိုက်ပွဲကို ငါတို့တာဝန်ယူလိုက်မယ်"

သူတို့၏ဆက်သွယ်ရေးကိရိယာနှင့် ချိတ်ဆက်ထားသော ထိုလေကြောင်းတပ်မှ ပြောလာလေသည်။

"ဒါက တပ်ကူတွေပဲ! ငါတို့ရဲ့တပ်ကူတွေ ရောက်လာပြီ"

"ဟားဟားဟား! ငါတို့တော့ ပြိုင်ဘက်ကင်းပြီဟေ့! ပဥ္စမမျိုးဆက်တိုက်လေယာဉ်အစင်းတစ်ရာကြီးများတောင်! သူတို့ အခု ဘယ်လောက်မောက်မာနိုင်ဦးမလဲဆိုတာ ကြည့်ကြသေးတာပေါ့"

"ပြန်တိုက်ကြ!"

"ငါတို့အတွက် လက်စားချေပေး!"

"ဘာတွေဖြစ်ကုန်တာလဲ"

အင်အားကြီးလှသော တိုက်လေယာဉ်တပ်စုကြီးကို မြင်လိုက်ရချိန်ဝယ် သူတို့၏လက်များမှာ ထိန်းချုပ်၍မရနိုင်လောက်အောင် တုန်ယင်လာသည်။

သူတို့က အခု ဘယ်လိုတိုက်ရတော့မှာလဲ?

သူတို့၏တိုက်လေယာဉ်များမှာ အဆင့်မြှင့်ထားသော စတုတ္ထမျိုးဆက်တိုက်လေယာဉ်များဆိုသော်ငြား တကယ်တမ်းတွင် အနောက်တိုင်းစံချိန်စံနှုန်းအရ Mirage 2000မှာ တတိယမျိုးဆက်တိုက်လေယာဉ်မျှသာ ဖြစ်၏။ တချို့နိုင်ငံများ၏ စံချိန်စံနှုန်းဖြင့်ကြည့်မည်ဆိုပါက တိုက််ခိုက်ရေးအသားပေးသော တိုက်လေယာဉ်များကိုသာ စတုတ္ထမျိုးဆက်တိုက်လေယာဉ်ဟု သတ်မှတ်ကြသည်။

သို့သော် F-22ကိုမူ တစ်ကမ္ဘာလုံးက ပဥ္စမမျိုးဆက်တိုက်လေယာဉ်ဟု သတ်မှတ်ထားသည်။ သူတို့အသုံးပြုထားသော ရေဒါကာကွယ်ရေးပစ္စည်းများမှာ ထိုတတိယမျိုးဆက်တိုက်လေယာဉ်များ၏ရေဒါဖြင့် ရှာဖွေ၍မရနိုင်ပေ။ တိုက်ပွဲတစ်ခုသာ ဖြစ်ပွားမည်ဆိုပါက သူတို့မှာ မျက်ကန်းများအလားပင်။ သူတို့၏လက်နက်များကို ရန်သူ့တိုက်လေယာဉ်ကို ချိန်ခွင့်တောင် ရလိုက်မည်မဟုတ်။

F-22ထံမှ ပစ်ချက်တစ်ချက်က သူတို့၏လေတပ်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သည်။

ထို့ပြင် သူတို့ရှေ့ရှိ ပဥ္စမမျိုးဆက်တိုက်လေယာဉ်များမှာ အစင်းတစ်ရာရှိ၏။ ထိုတိုက်လေယာဉ်အစင်းတစ်ရာမှာ သူတို့၏တပ်ရင်းတစ်ခုလုံးကို အမြစ်ဖြတ်ချေမှုန်းပစ်နိုင်စွမ်းရှိသည်။

"အုန်း!"

မီးလုံးကြီးတစ်လုံးက မြေပြင်ထက်မှ ဆန်တက်လာပြီးနောက် Mirage 2000လေယာဉ်မှူးတစ်ယောက်မှာ ထိုအရာကိုရှောင်ရန်အတွက် သူ့လေယာဉ်ကို အလိုအလျောက်ရွှေ့လိုက်ရသည်။

"ငါက ကျွမ်းကျင်လေယာဉ်မှူးတစ်ယောက်ပဲ။ မြေပြင်က လက်နက်လေးလောက်နဲ့တော့ ငါ့ကို ဘယ်ပစ်ချလို့ရမလဲ"

သူက ဂုဏ်ယူဝင့်ကြွားနေသော အမူအရာကို ထုတ်ပြလိုက်သည်။ ဤတိုက်ပွဲတွင် အစမှအဆုံးအထိ သူသည် ရန်သူ့ဘက်က တိုက်လေယာဉ်၁၇စင်းကို ပစ်ချနိုင်ခဲ့သည်။ ဤမှတ်တမ်းမှာ အတော်တကာ့အတော်ဆုံးများအကြား အထူးချွန်ဆုံးစံချိန်ပင်။

သို့သော် မြေပြင်မှ သူ့အား မည်သူက တိုက်ခိုက်နေသလဲဆိုသည်ကို မမြင်ရခင်မှာပင် ရွှေရောင်အလင်းတန်းတစ်ခုက မြေပြင်ထက်မှ အရူးအမူးပျံတက်လာသည်။

သူတို့၏နောက်တွင် မျက်စိဖမ်းစားဖွယ်ကောင်းသော လေယာဉ်ပစ်ဒုံးကျည်များကို သယ်ဆောင်ထားသည့် သံချပ်ကာယာဉ်အစင်းငါးဆယ် ရှိနေပေသည်။

သေနတ်ပြောင်းပေါ်တွင် S-400ဟူသောစာလုံးကို ထင်ထင်ရှားရှားရေးသားထားသည်။

S-400လေယာဉ်ပစ်စနစ်မှာ တစ်စုံကို အမေရိကန်ဒေါ်လာ၁.၂ဘီလီယံတန်ဖိုးရှိသော ဒဏ္ဍာရီလာလေယာဉ်ပစ်လက်နက်တစ်ခုပင်။ ထိုသံချပ်ကာယာဉ်အစင်းငါးဆယ်ပေါ်ရှိ ကိရိယာများမှာ တန်ဖိုးအားဖြင့် ဒေါ်လာ၆ဘီလီယံရှိသည်။

တန်ဘတ်နိုင်ငံမှာ သူတို့၏ဘရာမန်နိုင်ငံထက် ပိုဆင်းရဲသည်။ သူတို့က ထိုS-400လေယာဉ်ပစ်လက်နက်ကိုဝယ်ဖို့ ဒေါ်လာ၆ဘီလီယံကို ဘယ်လိုလုပ်ပြီး ထုတ်နိုင်မှာတဲ့လဲ?

တရစပ်ပစ်ခတ်မှုကြီးက ရှောင်၍မရနိုင်သောပိုက်ကွန်တစ်ခုကို ဖန်တီးလိုက်သည့်အလား သူတို့အား ရှောင်စရာနေရာမရှိအောင် ဖန်တီးနေလေသည်။

Mirage 2000တိုက်လေယာဉ်ဆယ်စင်းကတော့ ကောင်းကင်ထက်တွင် အလှပဆုံးမိးပန်းများ ဖြစ်သွားလေတော့သည်။

သူတို့၏ သေခါနီးအချိန်တွင် ပေါက်ကွဲမှုများအကြား မလှမ်းမကမ်းရှိ ပိုကြောက်မက်ဖွယ်ကောင်းသော သံမဏိမကောင်းဆိုးဝါးကြီးတစ်ခုကို မျက်လုံးထောင့်မှတစ်ဆင့် မြင်လိုက်ရသည်။ ၎င်းမှာ တင့်ကားအစင်းတစ်ရာကျော်နှင့် ဖွဲ့စည်းထားသော တပ်စုကြီးတစ်ခုပင်။ တင့်ကားများ၏ မော်ဒယ်လ်က အမျိုးမျိုးအဖုံဖုံဖြစ်နေသော်ငြား ပြင်းထန်လှသော တိုက်ခိုက်ရေးစွမ်းအားကို တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ဤတိုက်ပွဲ၏ရလဒ်က ပြောင်းပြန်ဖြစ်သွားပြီဖြစ်ကြောင်း သူတို့ သဘောပေါက်လိုက်သည်။ သို့သော် သူတို့ကတော့ ထိုအဖြစ်ကို မမြင်နိုင်တော့ပေ။

"ဘာတွေဖြစ်နေတာလဲ?"

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသော လူကာနှင့် ဆင်းတိုတို့ခမျာ ကြောင်အသွားလေသည်။

ကျန်းမုန့်လောင်အပေါ်ထားသော သူတို့၏သစ္စာရှိမှုက ဤနိုင်ငံအပေါ်ထားသော ခံစားချက်ထက် ပိုနက်ရှိုင်းပေသည်။ သို့သော် အလွန်ဆင်းရဲလှသော တန်ဘတ်နိုင်ငံက ရုတ်တရက်ကြီး အဆင့်မြင့်လက်နက်ကိရိယာများကို ပိုင်ဆိုင်သွားခြင်းကိုမူ သူတို့ နားမလည်နိုင်ချေ။

အစောပိုင်းတုန်းက တရစပ်ပစ်ခတ်နေသော S-400ကပင် ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျနိုင်ပေသည်။ သူတို့က ဤတိုက်ပွဲအတွက်နှင့် သူတို့၏အနာဂတ်ကို ချရင်းလိုက်ခြင်းလေလား။ သို့သော် အကယ်၍ သူတို့တွင် ပိုက်ဆံရှိသည်ဆိုလျှင်ပင် အမေရိကန်နိုင်ငံမှ F-22နှင့် F-35တိုက်လေယာဉ်များကို ဝယ်နိုင်မည်တဲ့လား။

သူတို့ဘရာမန်နိုင်ငံက လူလည်ကျသည်ဟု လူတွေက အမြဲပြောကြသည်။ သို့သော် ယနေ့ ဤကဲ့သို့သောမြင်ကွင်းမျိုးကို သူတို့ တစ်ခါမှမမြင်ဖူးပေ။

အခု လူလည်ကျတာက ဘယ်နိုင်ငံလဲ?

***************

All Chapters