← Chapters

မင်းက ဘယ်တုန်းကများ သတ္တိရှိဖူးလို့လဲ

Vol. 33 Ch. 492

မင်းက ဘယ်တုန်းကများ သတ္တိရှိဖူးလို့လဲ

Vol. 33 Ch. 492

"ထူးဆန်းလိုက်တာ။ ဒီနှစ်ရက်အတွင်း ဒီလူတွေဘက်က ဘာလို့ ဘာတုံ့ပြန်မှုမှမရှိရတာလဲ"

ကျန်းမုန့်လောင် အတန်ငယ်ရှုပ်ထွေးသွားရသည်။ တန်ဘတ်နိုင်ငံ၏ စစ်တပ်ကလည်း ယခုလောက်ဆိုလျှင် ဒုတိယနယ်မြေ၏တစ်ဝက်လောက်ကို သိမ်းပိုက်ထားပြီးဖြစ်လောက်သည်။ ပုံမှန်ဆိုလျှင် ဘရာမန်လူမျိုးများလည်း သေလောက်အောင်ကြောက်နေကြလောက်ပြီ။ သို့သော် ခွတ်ရှ်ထံမှ နောက်ဆုံးတစ်ခေါက် ဖုန်းခေါ်လာပြီးနောက် သူတို့ထံမှ ဘာသတင်းမှ မကြားရတော့ချေ။ ဤသည်မှာ အဓိပ္ပာယ်တော့ သိပ်မရှိပေ။

"သူတို့က အဲဒီနယ်မြေတွေကို မလိုချင်တော့တာများလား"

ကျန်းမုန့်လောင်၏စိတ်ထဲ ထူးဆန်းနေမိသည်။ ဤနယ်မြေလေးခုကို ပေါင်းလိုက်လျှင် နိုင်ငံတော်တော်များများထက်ပင် ပိုကြီးမားပေသည်။ ထို့ပြင် မြေတန်ဖိုးကို ငွေကြေးတစ်ခုတည်းနှင့် တိုင်းတာ၍မရနိုင်ပေ။ ပထမမြေကွက်၏ ခန့်မှန်းခြေဈေးနှုန်းကတင် အမေရိကန်ဒေါ်လာ၃ထရီလီယံကျော်ရှိ၏။ သူတို့ ရင်မနာကြဘူးလား။

"ယဲ့ရင် အဲဒီဘက်က ဘာသတင်းမှမရဘူးလား"

ကျန်းမုန့်လောင် မေးကြည့်လိုက်သည်။

"မစ္စတာကျန်း ကျွန်တော်တို့ရဲ့ထောက်လှမ်းရေးတွေလည်း ပိတ်ဆို့ခံထားရပါတယ်"

ယဲ့ရင်က ဆို၏။

"လွန်ခဲ့တဲ့ရက်ပိုင်းလောက်တုန်းက ဘရာမန်နိုင်ငံက အရေးပေါ်အစည်းအဝေးတစ်ခု ကျင်းပခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ထောက်လှမ်းရေးအေးဂျင့်တွေရဲ့ ကြားဖြတ်သတင်းယူမှုကို အင်အားတစ်စုံတစ်ခုက ပိတ်ဆို့ထားပါတယ်။ အဲဒီတော့ အထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော်တို့လည်း မသိရပါဘူး"

"အဲဒီလိုလား"

ထိုအချိန်ဝယ် ကျန်းမုန့်လောင် အမှန်တကယ် အံ့ဩသွားရသည်။

သူ့မိသားစုဝင်များမှာ စွမ်းအင်ပြင်းအား၃၀ကျော်ရှိပြီး ဤကမ္ဘာပေါ်တွင် ဟွိုက်ကျဲဦးဆောင်သော အဖွဲ့ကလွဲ၍ စွမ်းအင်ပြင်းအားနှစ်ဆယ်ထက်ကျော်သော ပုဂ္ဂိုလ်များကို မတွေ့ဖူးပေ။

"နေဦး။ အဲဒီငတုံးဟွိုက်ကျဲ ပေါ်လာပြီလို့ ပြောမလို့လား"

"ဟုတ်ပါတယ် မစ္စတာကျန်း.. ကျွန်တော်တို့ရထားတဲ့ သတင်းအချက်အလက်တွေအရ အဲဒီနယ်မြေထဲမှာ တိုင်းတာရရှိတဲ့ စွမ်းအင်အတက်အကျတွေက ဟွိုက်ကျဲနဲ့ တော်တော်ဆင်တူပါတယ်"

"ကိုင်း"

ကျန်းမုန့်လောင် ရယ်လိုက်မိသည်။

"ဒီတော့ သူတို့က ငါ့ရဲ့ပိုင်ဆိုင်မှုတွေကို လုယူလို့ရတယ်လို့ ထင်နေတဲ့အပြင် ဟွိုက်ကျဲလိုလူနဲ့တောင် အင်အားပူးပေါင်းနေတယ်ပေါ့လေ။ သူတို့ဘက်က တိတ်ဆိတ်နေတာ မဆန်းတော့ပါဘူး။ ငါ့ကိုပြန်တိုက်ဖို့ ကြံနေကြတာကိုး"

"မစ္စတာကျန်း.. ဟွိုက်ကျဲက အရမ်းသန်မာပါတယ်။ အခုဆိုရင် သူ ပြန်ထွက်လာရဲပြီဆိုတော့ သူ့ခွန်အားက အရင်ကထက် ပိုသန်မာလာပြီဆိုတဲ့သဘောပါပဲ။ ကျွန်တော်တို့ သူ့ကို ရင်မဆိုင်နိုင်မှာ စိုးမိပါတယ်"

ယဲ့ရင်က ပြောလိုက်၏။

ပြီးခဲ့သည့်တစ်ခေါက် ဟွိုက်ကျဲ အင်အားအပြည့်ဖြင့် ပေါ်ပေါက်လာခဲ့စဉ်က သူတို့၏လုပ်ဆောင်ရည်ကလည်း ဂိတ်ဆုံးအထိ ရောက်သွားခဲ့သည်။

"သူက ပိုပိုပြီးသန်မာလာပြီဆိုပေမဲ့ ငါလည်း အတူတူပဲလေ"

ကျန်းမုန့်လောင်က ပြောလိုက်၏။ သူ့ကျင့်စဉ်က ကောင်းကင်ဘုံဖျားအဆင့်ကို မရောက်သေးဘူးဆိုသော်ငြား ကျောင်းတော်ထဲရှိ သူ့ဆရာများအားလုံးမှာ အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူ့တွင် ခွန်အားအမှတ်လုံလုံလောက်လောက်ရှိနေသရွေ့ ဘာကိုမှကြောက်စရာမလိုပေ။

ပင်မနတ်ဘုရားကမ္ဘာမှာ သူ့ထူးရှယ်နတ်ဘုရားကျောင်းတော်နှင့် ယှဉ်ကြည့်လိုက်ပါက ပင်မနတ်ဘုရားကမ္ဘာတွင် ထိုလူဝင်စားများက ကစားစရာပစ္စည်းသာသာရှိသော်လည်း ကျန်းမုန့်လောင်ကတော့ ထူးရှယ်နတ်ဘုရားကျောင်းတော်၏ ကျောင်းအုပ်ကြီးပင်။ ဤကွာခြားမှုမှာ မနည်းလှပေ။

"ကောင်းပြီ။ အဲဒီဘရာမန်လူမျိုးတွေကို မဖြေရှင်းခင် ဟွိုက်ကျဲကို အရင်ရှင်းလိုက်ရအောင်"

ကျန်းမုန့်လောင် ညွှန်ကြားလိုက်၏။

"အစောင့်တွေအားလုံးကို လှုပ်ရှားခိုင်းလိုက်။ မြေလှန်ပြီးရှာရရင်တောင် အဲဒီဟွိုက်ကျဲကို တွေ့အောင်ရှာကြ!"

"ကျန်းမုန့်လောင် မင်း ငါ့ကိုရှာနေတာလား"

အသံတစ်သံက အခန်းထဲတွင် ကြောက်မက်ဖွယ်ကောင်းအောင် ပဲ့တင်ထပ်လာချေသည်။

"ဘော့စ်!"

"မစ္စတာကျန်း!"

အယ်လီဆာနှင့် သူ့အစ်ကိုတို့က ဘော်ဒီဂတ်များအလား ကျန်းမုန့်လောင်ကို ကာကွယ်ပေးထားလိုက်သည်။ ယဲ့ရင်ကလည်း ရန်သူတော်ကြီးတစ်ယောက် ထွက်ပေါ်လာသည့်အတွက် ပေါ်လာချေသည်။

ကျန်းမုန့်လောင် တစ်ဖက်လူကို လှမ်းကြည့်လိုက်ပြီးနောက် ထူးရှယ်နတ်ဘုရားကျောင်းတော်၏လက်စွပ်ကို အသက်သွင်းလိုက်သည်။ ထိုအခါ ဟွိုက်ကျဲ၏အချက်အလက်များက သူ့မျက်စိရှေ့တွင် ချက်ချင်းပေါ်လာသည်။

အမည် : ဟွိုက်ကျဲ

မျိုးနွယ်စု : လူသား

သရုပ် : လူဝင်စား

အလားအလာညွှန်ကိန်း : ၁၅၇

ပါရမီ : မိစ္ဆာဝိညာဉ်ကိုယ်ထည်

တိုက်ခိုက်ရေးခွန်အား : စွမ်းအင်ပြင်းအား၄၂

အကဲဖြတ်ချက် : အပြိုင်ကမ္ဘာမှ မိစ္ဆာဝိညာဉ်တစ်ကောင်ကို ဝါးမျိုထားပြီး နတ်ဘုရားတွေကို ထိန်းချုပ်နိုင်တဲ့စွမ်းရည်ကို ရရှိထားပါတယ်။ ဒါပေမဲ့ ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲက လူအယောက်တစ်ရာစီက ပါးတစ်ချက်စီအရိုက်ခံလိုက်ရုံနဲ့ သေသွားနိုင်ပါတယ်

"ဝိုး! သူက တော်တော်အစွမ်းထက်လာတာပဲ"

ပြီးခဲ့သည့်တစ်ခေါက်တုန်းက ဟွိုက်ကျဲတွင် စွမ်းအင်ပြင်းအားသုံးဆယ်မျှသာရှိကြောင်း ကျန်းမုန့်လောင်မှတ်မိသည်။ လအနည်းငယ်လောက် ပျောက်သွားရုံဖြင့် ဤမျှအထိ သိသိသာသာတိုးတက်လာခဲ့သည်။ သူ ပြန်လာရဲတာကလည်း မဆန်းတော့ပေ။

မိစ္ဆာဝိညာဉ်ကိုယ်ထည်ဆိုတာက ဘာလဲ? မိစ္ဆာဝိညာဉ်သတ္တဝါတစ်ကောင်ကို ဝါးမျိုထားတယ်တဲ့လား?

ဤသည်မှာ ပင်မနတ်ဘုရားကမ္ဘာနှင့် သက်ဆိုင်နိုင်ခြေရှိသော်ငြား အကဲဖြတ်ချက်၏နောက်ပိုင်းကြောင့် ကျန်းမုန့်လောင် စိတ်သက်သာရာရသွားသည်။

"ကောထန်.. ့ထူးရှယ်နတ်ဘုရားကျောင်းတော်ထဲက စွမ်းအင်ပြင်းအားလေးဆယ်ကျော်တဲ့ ဆရာတွေရဲ့အချက်အလက်ကို ထုတ်ပြပေး"

သူက ပြောလိုက်၏။

အမည် : Thor

မျိုးနွယ်စု : အက်စ်ဂါဒီယန်

သရုပ် : အချိန်ပြည့်ဆရာ၊ ရှေးဟောင်းသိုင်းပညာကျောင်းတော်

အလားအလာညွှန်ကိန်း : ၂၅၇

ပါရမီ : မိုးကြိုးနဲ့လျှပ်စီး

တိုက်ခိုက်ရေးခွန်အား : စွမ်းအင်ပြင်းအား ၅၁

အကဲဖြတ်ချက် : သူက တူနတ်ဘုရားတစ်ပါးပဲဆိုပေမဲ့ သူ နိုးထလာတာနဲ့ စွမ်းအင်အရင်းအမြစ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပါတယ်!

……

အမည် : အူချီဟာ အီတာ့ချိ

မျိုးနွယ်စု : လူသား

သရုပ်သကန် : ရှေးဟောင်းသိုင်းပညာကျောင်းတော်ရဲ့ နင်ဂျစ်ဆုဆရာ

အလားအလာညွှန်ကိန်း : ၂၃၇

ပါရမီ : ပုံရိပ်ယောင်နည်းပညာ

တိုက်ခိုက်ရေးခွန်အား : စွမ်းအင်ပြင်းအား ၅၂

အကဲဖြတ်ချက် : အမလေး ရူးမိုက်လွန်းတဲ့ညီအစ်ကိုတစ်ယောက်ပဲ

……

အမည် : ဟာချီရှင်တာ့ချိ

မျိုးနွယ်စု : လူသား

သရုပ်သကန် : သားရဲကောင်ထိန်းသိမ်းရေးကျောင်းတော်မှ ဆရာ

အလားအလာညွှန်ကိန်း : ၁၂

ပါရမီ : သားရဲကောင်ထိန်းကျောင်းရေး

တိုက်ခိုက်ရေးခွန်အား : အတက်အကျပြုခြင်း

အကဲဖြတ်ချက် : သူက ဘာမဟုတ်တဲ့လူတစ်ယောက်ပါ။ ဒါပေမဲ့ သူ့မှာ အာကူမွန်လို့ခေါ်တဲ့ ဖိုက်တာတစ်ယောက်ရှိတယ်

….

အမည် : ယောင်ချန်း

မျိုးနွယ်စု : လူသား

သရုပ်သကန် : အဂ္ဂိရတ်ကျောင်းတော်ရဲ့ခေါင်းဆောင်

အလားအလာညွှန်ကိန်း : ၃၁၇

ပါရမီ : အဂ္ဂိရတ်၊ မီးကစားခြင်း

တိုက်ခိုက်ရေးခွန်အား : စွမ်းအင်ပြင်းအား ၅၅

အကဲဖြတ်ချက် : ဒီလူက အဂ္ဂိရတ်ပညာထက် တိုက်ခိုက်ရေးမှာ ပိုတော်တယ်

"ဝိုး! သူတို့တွေကလည်း တိုက်ခိုက်နိုင်တာပဲလား"

အသစ်ဆင့်ခေါ်ထားသော ဆရာများက ဟွိုက်ကျဲကို အသာလေးအနိုင်ယူနိုင်ကြောင်း သိရသောအခါ ကျန်းမုန့်လောင် အံ့ဩသွားရသည်။ Thorကလည်း အတိုင်းအတာတစ်ခုအထိ နိုးထထားနိုင်ပြီဖြစ်လေရာ သူ့တိုက်ခိုက်ရေးခွန်အားက ၃၉မှ ၅၁အထိ ခုန်တက်သွားချေသည်။

"ကြည့်ရတာတော့ အခုလောက်ဆိုရင် ငါတို့ကြားက ကွာဟမှုကို နားလည်သွားပုံပဲ"

ကျန်းမုန့်လောင်က ကြက်သေသေနေသဖြင့် ဟွိုက်ကျဲကလည်း တစ်ဖက်လူသည် အင်အားကွာခြားမှုကို သတိပြုမိသောကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားသည်ဟု ထင်နေပေသည်။

"မင်းရဲ့လျှို့ဝှက်ချက်တွေကို လက်လွှဲပေးလိုက်။ ဒါဆို ငါ မင်းကို လွှတ်ပေးချင်လွှတ်ပေးမယ်"

ဟွိုက်ကျဲက ကျန်းမုန့်လောင်၏လျှို့ဝှက်ချက်ကို အလွန်စိတ်ဝင်စားနေဟန်ပင်။ လူဝင်စားကမ္ဘာထဲတွင် ပြိုင်ဘက်ကင်းသော ပညာရှင်ပေါင်းများစွာကို မွေးထုတ်နိုင်ပြီး နှစ်ပေါင်းငါးထောင်ကျော် သက်တမ်းရှိသော မိသားစုတစ်ခုကိုပါ ဖန်တီးနိုင်သည်ဖြစ်ရာ ကျန်းမုန့်လောင်တွင် ဘာလျှို့ဝှက်ချက်မှမရှိဘူးဆိုတာကို မယုံနိုင်ပေ။

ကျန်းမုန့်လောင်၏လျှို့ဝှက်ချက်များကို သိရသည်နှင့် သူ့နေရာတွင်ဝင်ယူလိုက်လျှင် ဤကမ္ဘာကြီးကား သူ့လက်ခုပ်ထဲကရေ ဖြစ်သွားလေတော့မည်။

"မင်း အခု ဒူးထောက်ပြီး မင်းရဲ့စွမ်းအားတွေအားလုံးကို ပယ်ဖျက်ပြီး လုံရှားအဖွဲ့အစည်းထဲက သေဆုံးသွားတဲ့ သူရဲကောင်းတွေအတွက် ပူဆွေးရင်း မင်းရဲ့လက်ကျန်ဘဝကို ဖြတ်သန်းသွားမယ်ဆိုရင် ငါ မင်းရဲ့အသက်ကို ချမ်းသာပေးမယ်"

"ဟားဟားဟား"

ဟွိုက်ကျဲကမူ အော်ရယ်လိုက်လေသည်။

"ကျန်းမုန့်လောင်.. ငါ ဘယ်လောက်အစွမ်းထက်လာလဲဆိုတာ မင်း မသိသေးဘူးထင်တယ်။ ဘရာမန်နိုင်ငံရဲ့ နတ်ဘုရားတွေဆီကပါ ငါ အစွမ်းတွေရထားတယ်ကွ။ အခု ငါ လုံးဝပြောင်းလဲသွားပြီ"

အနက်ရောင်ခပ်ဖျော့ဖျော့အရိပ်တစ်ခုက ဟွိုက်ကျဲ၏ပတ်ပတ်လည်တွင် ပေါ်ပေါက်လာပြီးနောက် ဗီလာတစ်ခုလုံးလည်း အချိန်မရွေ့ ပြိုကျတော့မည့်အလား အပြင်းအထန်လှုပ်ခါသွားချေသည်။ စွမ်းအင်ပြင်းအား၄၀ရှိသော တစ်စုံတစ်ယောက်နှင့် တိုက်ခိုက်ပါက မြို့တစ်မြို့ကိုပင် အသာလေးပျက်စီးသွားစေနိုင်သည်။

"ငါမင်းကိုသတ်မယ်။ ပြီးရင် မင်းရဲ့ဝိညာဉ်ကျလည်း ငါ့စွမ်းအားရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာလိမ့်မယ်"

"နတ်ဘုရားတွေရဲ့အစွမ်းလား"

ကျန်းမုန့်လောင် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ ကြောက်နေခြင်းမဟုတ်။ စူစမ်းလိုခြင်းသာ။

"ကျောင်းအုပ်ကြီး.. အဲဒီဘုရားကျောင်းက အပြိုင်ကမ္ဘာတစ်ခုက ပုဂ္ဂိုလ်တစ်ယောက် ချန်ထားရစ်ခဲ့တဲ့ စွမ်းအားတစ်ရပ်ပါ။ အဲဒါက ကမ္ဘာမြေပေါ်ကို မတော်တဆကျရောက်လာခဲ့တယ်လေ။ စွမ်းအင်ပြင်းအား တအားမြင့်တဲ့သတ္တဝါတစ်ကောင်ပေါ့။ ဘရာမန်နိုင်ငံထဲက စိတ်စွမ်းအားရှင်တွေရဲ့ စွမ်းအင်အရင်းအမြစ်က အဲဒီနေရာကလာတာ။ ကြည့်ရတာတော့ ဟွိုက်ကျဲက အဲဒီနတ်ဘုရားတွေချန်ထားခဲ့တဲ့အစွမ်းကို စုပ်ယူနိုင်ခဲ့ပုံပဲ"

"ဒီလိုကိုး"

ကျန်းမုန့်လောင် ခေါင်းညိတ်လိုက်လေသည်။

"ကိုယ့်ကိုယ်ကိုယ် လူမဟုတ် တစ္ဆေမဟုတ်တဲ့အရာအဖြစ် ပြောင်းလဲလိုက်တာက တော်တော်ရွံဖို့ကောင်းတာပဲ"

"မင်းက ငါ့ကို လျှို့ဝှက်ချက်တွေ မပေးချင်သေးတဲ့ပုံပဲ"

ဟွိုက်ကျဲက ရက်စက်ယုတ်မာလိုဟန်အပြုံးတစ်ပွင့်ကို လှစ်ဟပြလိုက်သည်။

"ဒါဆို ငါကလည်း မင်းကိုသတ်ပြီး မင်းရဲ့ခန္ဓာကိုယ်ကို သုတေသနပြုလုပ်ရုံပေါ့"

ကြီးမားလှသော အရိပ်ကြီးတစ်ခုက ဟွိုက်ကျဲ၏ခန္ဓာကိုယ်ထဲမှ ထိုးထွက်လာပြီးနောက် ဗီလာကို ရုတ်ခြည်းခြေမွှပစ်လိုက်သည်။ အနားတွင်ဘယ်သူမှမရှိသော ဆင်ခြေဖုံးရပ်ကွက်တစ်ခုဖြစ်နေသောကြောင့်သာ မဟုတ်ပါက ဘရာမန်နိုင်ငံတစ်ခွင့် အုတ်အော်သောင်းတင်းဖြစ်သွားလောက်လေပြီ။

မီတာနှစ်ဆယ်ရှည်လျားလှသော ခန္ဓာကိုယ်ကြီးတစ်ခု၏ ကြောက်မက်ဖွယ်အစွမ်းကြောင့် ယဲ့ရင်ပင် မွန်းကျပ်လာရသည်။

"မင်း ငါ့ကို တိုက်ခိုက်ချင်တာ သေချာရဲ့လား"

ကျန်းမုန့်လောင်က သူ့လက်စွပ်ကိုပွတ်လိုက်မိသည်။ ခွန်အားအမှတ်ငါးထောင်က သူ့အား ပြင်းထန်လှသော လုံခြုံမှုတစ်ခုကို ပေးစွမ်းနေလေသည်။

"ငါတို့မစခင် မင်းကို ငါ မေးခွန်းတစ်ခုလောက်မေးဦးမယ်"

"မင်းက အချိန်ဆွဲချင်နေတာလား"

ဟွိုက်ကျဲ ရယ်လိုက်မိသည်။

"စိတ်မပူပါနဲ့။ မင်းကိုကယ်မဲ့လူလည်း တစ်ယောက်မှမရှိဘူးဆိုတော့ မင်းရဲ့မေးခွန်းကို မေးခွင့်ပေးလိုက်ပါ့မယ်။ ငါက မကြင်နာတတ်တဲ့လူတစ်ယောက်လို့ အပြောမခံချင်ဘူးလေ။ ဟားဟားဟားဟား"

"မင်းက ဘယ်တုန်းကများ သတ္တိရှိဖူးလို့လဲလို့ မေးမလို့ကွ ငတုံးရ"

*****************

All Chapters