ဒါဆို ဒီကိစ္စကတော့ အဆုံးသတ်လှမှာမဟုတ်ဘူး
Vol. 33 Ch. 493
"ဟားဟားဟား ကျန်းမုန့်လောင် မင်း မောက်မာလွန်းလို့ ရူးသွားတာလား။ အခုလိုအချိန်မျိုးမှာတောင် မာနအလံလွှင့်နေသေးတယ်ပေါ့"
ဟွိုက်ကျဲက ရယ်မောလိုက်၏။ စွမ်းအင်ပြင်းအား၄၂ရှိလေရာ သူသည် ပင်မနတ်ဘုရားကမ္ဘာရှိ အဆင့်အမြင့်ဆုံးသော ဘော့စ်များကိုပင် ကျော်လွန်နေလေပြီ။ ဟွိုက်ကျဲကတော့ သူ့အစွမ်းကို ယုံကြည်မှုရှိသည်။
"ဒါဆိုလည်း မင်းရဲ့မာနကို မင်းနဲ့အတူ ငရဲကိုယူသွားလိုက်တော့။ ငရဲကိုရောက်ရင်လည်း မင်းက ကမ္ဘာ့အချမ်းသာဆုံးလူဖြစ်နေဦးမှာပါ။ ဟားဟားဟား"
လျှပ်တစ်ပြက်အတွင်းမှာပင် ဟွိုက်ကျဲ၏မျက်လုံးများက သေလောက်အောင်လေးနက်သွားပြီး သူ့ခန္ဓာကိုယ်ထဲမှ မိစ္ဆာအရိပ်ပေါင်းများစွာ ထွက်လာလေသည်။
"ဗြဟ္မာကြီး၊ ဗိဿနိုးနတ်ဘုရား၊ ရှီဗာနတ်ဘုရား?"
ထိုအရိပ်များနှင့်ပတ်သက်သည့် အချက်အလက်များက ကျန်းမုန့်လောင်မျက်စိရှေ့တွင် ပေါ်လာသည်။
"အမလေး.. သူက ဘရာမန်နိုင်ငံရဲ့နတ်ဘုရားတွေအားလုံးကို သူ့စွမ်အားတွေအဖြစ် ပြောင်းလဲပစ်လိုက်တာပဲ"
"ဆာဒါကို..ကာယာကို..ပြီးတော့ ကိုင်ဘွန်က မိစ္ဆာဝိညာဉ်တွေ..ရွံဖို့ကောင်းလိုက်တာ"
ကျန်းမုန့်လောင်၏မျက်နှာထက်တွင် စက်ဆုပ်ရွံရှာလေဟန် အမူအရာတစ်ခု ပေါ်လာခဲ့သည်။
"အထင်ကြီးဖို့တော့ကောင်းပေမဲ့ သူတို့တွေက အဆင့်မြင့်လူသားတွေရဲ့အစွမ်းကရတဲ့ ပုံရိပ်ယောင်တစ်ခုအပြင်မပိုပါဘူး။ သူတို့တွေ လူကိုယ်တိုင်လာတယ်ဆိုရင်တောင် ငါ ကြောက်နေစရာမရှိဘူး။ သူတို့ရဲ့တကယ့်ခန္ဓာအစစ်က ထူးရှယ်နတ်ဘုရားကျောင်းတော်မှာ ရှိနေတာလေ"
"ကျန်းမုန့်လောင် သွားသေလိုက်တော့ ဟားဟားဟား"
ထိုတစ္ဆေဝိညာဉ်များ၏အစွမ်းက တိတ်ဆိတ်ပြီး မမြင်နိုင်သော်ငြား လွှမ်းမိုးလိုက်သော စွမ်းအင်စက်ကွင်းကတော့ ယဲ့ရင်နှင့် အခြားသူများကို ပုံရိပ်ယောင်ဘုံတစ်ခုကို မြင်ယောင်လာစေသည်ဖြစ်ရာ သူတို့အနေနှင့် မကိုင်တွယ်နိုင်တော့ချေ။
"မင်း ရုပ်ခန္ဓာနည်းလမ်းနဲ့ အပနှင်ခြင်းဆိုတာကို ကြားဖူးလား"
အန္တရာယ်ကြီးမားလှသော ထိုအခိုက်အတန့်လေးတွင် ကျန်းမုန့်လောင်က လျှို့ဝှက်ဆန်းကြယ်သောအပြုံးတစ်ပွင့်ကို လှစ်ဟပြလိုက်သည်။
"ကောထန်..ဆရာယောင်ချန်းနဲ့ Thorတို့ရဲ့စွမ်းအားတွေကို ချေးပေးဦး။ ဒီနေ့ ငါ အပနှင်မလို့"
"ယောင်ချန်းရဲ့စွမ်အားက တစ်စက္ကန့်ကို ခွန်အားအမှတ်၂၀၀ပေးရပြီး Thorရဲ့စွမ်းအားကတော့ တစ်စက္ကန့်ကို ခွန်အားအမှတ်တစ်ရာ ပေးရပါတယ်။ အချိန်စတင်ရေတွက်ပါပြီ"
...
တစ္ဆေများက ကျန်းမုန့်လောင်အား ဝိုင်းရံလိုက်သည့်မြင်ကွင်းကို ဟွိုက်ကျဲ အေးတိအေးစက်ကြည့်နေမိသည်။ သို့သော် ထိုတစ္ဆေများ၏အလယ်ဗဟိုတွင် အဖြူရောင်မီးလျှံတစ်ခု တောက်ပလာပြီးနောက် ပတ်ပတ်လည်ရှိ အပူချိန်ကား ရုတ်ခြည်းထိုးကျသွားသည်။
လျှပ်တစ်ပြက်အတွင်းမှာပင် တစ်ကမ္ဘာလုံးကို အေးခဲမန္တန်မန်းမှုတ််လိုက်သည့်အလား လေထုထဲရှိ ရေငွေ့များမှာ ရေခဲပန်းပွင့်များအဖြစ် ပြောင်းလဲသွားသည်။ ဤနေရာတွင် အပူချိန်တိုင်းတာစက်တစ်ခုသာ ရှိပါက ဤနေရာရှိ အပူချိန်မှာ အနှုတ်နှစ်ရာဒီဂရီအထိ ထိုးကျသွားကြောင်း သိရပေမည်။
ထိုမီးလျှံ၏အပူချိန်ကတော့ သုညအနားသို့ ချဉ်းကပ်လာသည်။
မီးလျှံနှင့် အလင်းရောင်မှာ တစ္ဆေများအကြောက်ဆုံးအရာပင်။ သို့သော် သာမန်မီးလျှံများမှာ ဤကမ္ဘာ၏သတ္တဝါများကိုသာ ထိခိုက်စေနိုင်သည်။ ဤတစ္ဆေများကတော့ ထူးခြားလှသော အထူးဖြစ်တည်မှုတစ်ခုပင်။ သူတို့တွင် ရုပ်ခန္ဓာလည်းမရှိသလို သူတို့၏စွမ်းအားကလည်း အခြားကမ္ဘာတစ်ခုမှ ပုံရိပ်ယောင်တစ်ခုမျှသာ။ သာမန်မီးလျှံများက သူတို့ကို မတားဆီးနိုင်သလို အန္တရာယ်လည်း မပြုနိုင်ချေ။
သို့သော် ဤရှေးဟောင်းအံ့ဖွယ်မီးလျှံကတော့ အဆင့်အမြင့်ဆုံးအံ့ဖွယ်မီးလျှံများထဲမှ တစ်ခုဖြစ်ပြီး ထိုကမ္ဘာမှ တစ္ဆေများကို ထိခိုက်စေနိုင်သော အစွမ်းမျိုးရှိသည်။
ခဏလေးအတွင်းမှာပင် ဘရာမန်နိုင်ငံ၏ အသန်မာဆုံးနတ်ဘုရားများဖြစ်သော ဗိဿနိုးနတ်ဘုရားနှင့် ရှီဗာနတ်ဘုရားတို့မှာ ရေခဲစိုင်များအဖြစ် ပြောင်းလဲသွားပြီး ထိုရေခဲစိုင်များမှာ လောင်ကျွမ်းသွားကာ သူတို့၏ဝိညာဉ်များကို ပျက်စီးသွားစေသည်။
ထိုမီးတောက်က ဗုံးတစ်လုံးအလား ပျံ့နှံ့သွားပြီး ယဲ့ရင်၊ ဟုန်းရီ၊ အယ်လီဆာနှင့် အခြားလူများ၏အနားမှ ဖြတ်သန်းသွားပြီးနောက် ဟွိုက်ကျဲဆီသို့ တန်းတန်းမတ်မတ်ဦးတည်လေတော့သည်။
ဟွိုက်ကျဲခမျာ ကမ္ဘာပေါ်ရှိ ကြောက်စရာအကောင်ဆုံးအရာတစ်ခုကို မြင်လိုက်ရသည့်အလားပင်။ လက်ရှိအချိန်တွင် ကျန်းမုန့်လောင်ထံမှ ထွက်ပေါ်နေသော စွမ်အားများမှာ သူ့ထက် အဆပေါင်းများစွာ ပိုအစွမ်းထက်သည်။ သူထုတ်လွှတ်နေသည့် မီးတောက်များမှာ သူ့အကုသိုလ်ဝိပါက်များပင်။
ဟွိုက်ကျဲ၏စိတ်ထဲ ပထမဆုံးတွေးမိသောအရာမှာ အသက်လုပြီးပြေးရန်ပင်။ ယခုအချိန်အထိတိုင် သူနှင့် ကျန်းမုန့်လောင်ကြားတွင် ခွန်အားကွာခြားချက်အကြီးကြီးရှိနေလိမ့်ဦးမည်ဟု လုံးဝထင်မထားချေ။
သို့သော် ဤတစ်ခေါက်တွင်မူ ကွာဟချက်ကား အလွန်ကြီးမားလွန်းသဖြင့် သူ့ခမျာ ထွက်ပင်မပြေးနိုင်ပေ။
အဖြူရောင်မီးတောက်က အစွမ်းကုန်တောက်ပသွားချိန်တွင် ဟွိုက်ကျဲလည်း အရိုးထဲအထိ အေးစိမ့်သွားရသည်။ သူ့အမူအရာကား ကြောက်ရွံ့မှု၊ စိတ်ဓာတ်ကျမှုနှင့် နောင်တတို့ကြောင့် အေးခဲသွားသော်ငြား ကမ္ဘာပေါ်တွင် နောင်တကိုကုသနိုင်မည့်ဆေးဝါးမျိုး မရှိပေ။
"တူနတ်ဘုရား..သူတို့ကို အမြင့်ဆုံးအထိ ပို့ဆောင်ပေးလိုက်"
ကျန်းမုန့်လောင်က Thor၏တူကို ခပ်မြင့်မြင့်မြှောက်ကိုင်လိုက်လေရာ မိုးကြိုးများ ရုတ်ခြည်းပစ်ချလာပြီးနောက် ရေခဲစိုင်များကို ကွဲကြေသွားစေသည်။ ရေခဲစိုင်ထဲရှိ တစ္ဆေများလည်း မိုးကြိုးနှင့်လျှပ်စီး၏ သုတ်သင်မှုအောက်တွင် တစ်ပြိုင်တည်းပြိုကွဲကုန်ကြသည်။
မိုးကြိုးနှင့်လျှပ်စီးမှာ တစ္ဆေများ၏ ပျော့ကွက်ပင်တည်း။
ဟွိုက်ကျဲ၏ခန္ဓာကိုယ်မှာ ဧပြီလ၏မိုးကြိုးကြောင့် မည်းတူးသွားရှာသည်။ မသေသေးပါသော်ငြား ထိုတစ္ဆေများ၏စွမ်းအားများ မရှိတော့သဖြင့် သူ့ကျင့်စဉ်လည်း ချက်ချင်းထိုးကျသွားကာ စွမ်းအင်ပြင်းအားမှာ သုံးဆယ်ပင် မပြည့်တော့ချေ။
သူသာ အသတ်ခံလိုက်ရမည်ဆိုပါက ယခုလောက်ဆိုလျှင် သေနေလောက်ပြီဖြစ်၏။ သို့သော် ကျန်းမုန့်လောင်က သူ့အား သေခြင်းတရားထက် ပိုဆိုးဝါးသောဘဝမျိုးကို ခံစားစေချင်သောကြောင့် သတ်ဖြတ်ဖို့ စိတ်မကူးပေ။
ကျန်းမုန့်လောင်က ဟွိုက်ကျဲ၏ခေါင်းကို လက်ညှိုးထိုးပြလိုက်လေရာ ထိုမီးတောက်ကလည်း တိကျလှသောထိန်းချုပ်မှုနှုန်းဖြင့် ဟွိုက်ကျဲ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ပျံသန်း၍ သူ့ခွန်အားများကို ချိတ်ပိတ်လိုက်လေတော့သည်။
သူ့သွေးကြောများနှင့် ပင်မအချက်အချာနေရာများတစ်ဝိုက်တွင် အမြှေးပါးတစ်ခု ပေါ်ပေါက်လာသည့်အလား သူ့စွမ်းအားများကို တားမြစ်လိုက်သည်။ စွမ်းအင်ပြင်းအားငါးဆယ်ကျော်ရှိသော တစ်စုံတစ်ယောက်ကသာ သူ့အား ဤအမြှေးပါးကို ကူဖယ်ရှားပေးခြင်းမရှိပါက သူ့အနေနှင့် တစ်သက်လုံး မသန်မစွမ်းဖြစ်ရလေတော့မည်။
"ငါ့ကိုသတ်ပစ်လိုက်! မင်း ငါ့ကို ဘာလို့မသတ်တာလဲ!"
စွမ်အားများ ချိတ်ပိတ်ခံလိုက်ရသဖြင့် ဟွိုက်ကျဲခမျာ ရေထဲကထုတ်လိုက်သော ငါးတစ်ကောင်ပမာ မလုံခြုံတော့သလို ခံစားနေရပြီး မျှော်လင့်ချက်များ ပျက်သုဉ်းသွားလေသည်။
"ငါပြောခဲ့သားပဲ။ မင်းကို သေချင်လာအောင်လုပ်ပြမယ်လို့"
ကျန်းမုန့်လောင်က ပြုံးလိုက်၏။
"ဟုန်းရီ.. သူ့ကို လုံရှားအာဇာနည်အခြေစိုက်စခန်းကိုပို့ဖို့ လေယာဉ်တစ်စင်းစီစဉ်လိုက်"
"မင်းက ငါ့ကို သူတို့ရဲ့အုတ်ဂူကို စောင့်ကြပ်ခိုင်းမလို့လား"
"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး"
ကျန်းမုန့်လောင် ရယ်လိုက်မိသည်။
"ငါက မင်းကို သူတို့အတွက် ငိုပေးစေချင်တာ။ ဒီနေ့ကစပြီး မင်း နေ့တိုင်း ၂၄နာရီဆက်တိုက် ငိုပေးရမယ်။ မင်းကိုယ်မင်းလည်း ခွေးတွေဝက်တွေထက် ပိုဆိုးအောင် ဆဲရမယ်။ ငါ မင်းကိုစောင့်ကြည့်ဖို့ လူတစ်ယောက်လွှတ်ထားမယ်။ တစ်စက္ကန့်လောက်လေးရပ်လို့ကတော့ မင်းကို ကျာပွတ်နဲ့ရိုက်ခိုင်းမှာ"
ကျန်းမုန့်လောင်က ဆက်ပြောလိုက်၏။
"မင်းရဲ့စွမ်းအားတွေကို သုံးလို့မရဘူးဆိုပေမဲ့ မင်းရဲ့ရုပ်ပိုင်းဆိုင်ရာခွန်အားက သာမန်လူတစ်ယောက်ထက်သာတယ်ဆိုတာကိုတော့ ငါသိတယ်။ ဒီတော့ ရှစ်နှစ်ဆယ်နှစ်လောက် မအိပ်ရလို့လည်း သေမသွားပါဘူး။ တစ်နေ့ကို ကျာပွတ်နဲ့ အချက်ရေနည်းနည်းလောက်အရိုက်ခံရရုံနဲ့လည်း ဘာမှမဖြစ်ဘူး"
"မင်းက မကောင်းဆိုးဝါးတစ်ကောင်ပဲ"
"ဖြောင်း ဖြောင်း!"
ကျန်းမုန့်လောင်လည်း ရှေ့တိုး၍ သူ့အား ပါးနှစ်ချက်ချလိုက်သည်။ ထို့ကြောင့် သူ့မျက်နှာပေါ်တွင် လက်ဝါးရာနီနီကြီးနှစ်ခု ကျန်ရစ်ခဲ့သည်။
"ငါက မကောင်းဆိုးဝါးပဲ။ ရက်လည်းရက်စက်တယ်။ ဒီတော့ ဘာဖြစ်လဲ? မင်းမကျေနပ်ရင် ငါ့ကိုလာချလေ"
"ဒါပေမဲ့ မင်း ငါ့ကို မနိုင်ပါဘူး။ ဒေါသထွက်နေလား"
ဟွိုက်ကျဲ၏မျက်နှာကား နီမြန်းသွားချေသည်။ သူသာ လူသန်ကြီးတစ်ယောက်ဆိုပါက သူ့ဒေါသကြောင့် လူသန်ကြီးအဖြစ် ပြောင်းလဲသွားလောက်ပြီဖြစ်၏။
ကံဆိုးချင်တော့ မဟုတ်ခဲ့ပေ။ ယခုအချိန်တွင် ကြံ့ခိုင်သန်မာသော ခန္ဓာကိုယ်တစ်ခု ရှိတာကလွဲလျှင် သူသာ သာမန်လူတစ်ယောက်သာသာ ဖြစ်နေချေပြီ။ သူ့ဒေါသက ဘာမှအရာမထင်သလို အကျိုးလည်းမရှိပေ။
"သူ့ကိုခေါ်သွားလိုက်"
ကျန်းမုန့်လောင်လည်း လက်ယမ်းပြလိုက်လေရာ ယဲ့ရင်က ဟွိုက်ကျဲကို ကြက်လေးတစ်ကောင်ကိုသယ်သွားသည့်နှယ် သယ်သွားလေသည်။
...
"ဟူး!"
ကျန်းမုန့်လောင် စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်မိသည်။ ဟွိုက်ကျဲကို ဖမ်းမိလိုက်သဖြင့် သူလည်း စိတ်ပေါ့သွားပြီဖြစ်၏။ ထို့နောက် သူ အရှေ့ဘက်သို့ လှမ်းကြည့်ပြီး ကျရှုံးလေပြီးသော လုံရှားအဖွဲ့ဝင်များ၏ဝိညာဉ်များကို ဖြည်းဖြည်းချင်းအရိုအသေပေးလိုက်သည်။
"သခင်?"
"မြန်မြန်လာ အထဲကိုမြန်မြန်ဝင်ပြီး သခင့်ကိုသွားရှာချေ"
"သခင် အဆင်ပြေရဲ့လား"
ထိုအချိန်မှာပင် လူကာနှင့်ဆင်းတိုတို့က လူတစ်စုနှင့်အတူ ဗီလာသို့ ရောက်ချလာသည်။ ကျန်းမုန့်လောင်က တိတ်ဆိတ်မှုကို သဘောကျသောကြောင့် သူတို့၏နေအိမ်မှာ သူ့အိမ်နှင့် နှစ်ကီလိုမီတာ သို့မဟုတ် သုံးကီလိုမီတာမျှ အလှမ်းဝေးပြီး ဥယျာဉ်တစ်ခုဖြင့် ဝန်းရံထားသည်။
သို့သော် ယခုတော့ ဗီလာနှင့် ဥယျာဉ်တို့က ပြိုပျက်သွားလေပြီ။
"အဆင်ပြေပါတယ်"
ကျန်းမုန့်လောင် ခေါင်းညိတ်ပြလိုက်သည်။ လူကာတို့ကလည်း အနားသို့ အမြန်ရောက်လာကြသည်။ သို့သော် ကျန်းမုန့်လောင်က ဟွိုက်ကျဲကို ခပ်မြန်မြန်ရှင်းထုတ်ပစ်လိုက်ပြီဖြစ်၏။
"သူတို့က ငါ့ကိုသတ်ဖို့ လူလွှတ်လိုက်တာ။ ဒါပေမဲ့ ငါ သူတို့ကိုသတ်ပစ်လိုက်ပြီ။ နှမြောစရာပဲ။ မင်းတို့ဗီလာတော့ ပျက်စီးသွားပြီ"
"ဟားဟား သခင်..ဗီလာက ဘာဖြစ်သေးလဲ။ သခင်အဆင်ပြေရင် ရပါပြီ"
လူကာက ပြောလိုက်၏။
"သူတို့တွေ သခင့်ကိုသတ်ဖို့ လူလွှတ်ရဲတာ မယုံနိုင်စရာပဲ"
"ဟားဟား"
ကျန်းမုန့်လောင်လည်း တခစ်ခစ်ရယ်လိုက်မိသည်။
"စိတ်မပူနဲ့။ သူတို့တွေ ငါ့ကို အန္တရာယ်မပေးနိုင်ပါဘူး။ ဒါပေမဲ့ ငါ့ကိုသတ်ဖို့ လူလွှတ်ရဲတဲ့အတွက် တန်ရာတန်ကြေးကိုတော့ ပြန်ပေးဆပ်ရမယ်"
"အစတုန်းက ငါက သူတို့ဘက်က တောင်းပန်ပြီး ပိုင်ဆိုင်မှုတွေကို ပြန်ပေးရင် အသာတကြည်လွှတ်ပေးဖို့ စီစဉ်ထားတာ။ ဒါပေမဲ့ သူတို့က ကိုယ့်သေတွင်းကိုယ်တူးနေမှတော့ ဒီကိစ္စလည်း အဆုံးသတ်မလှနိုင်တော့ဘူး"
*****************