ဤသခင်လေးကိုအပြစ်ပြုမိသည့် အကျိုးဆက်များ
Vol. 33 Ch. 483
တိုက်ရိုက်ထုတ်လွှင့်မှုကို ဆက်လက်လုပ်ဆောင်နေသည်။ ကြည့်ရှုသူအရေအတွက်ကတော့ ပိုပိုပြီးတိုးလာလေသည်။ အစတုန်းက ကြည့်ရှုသူ၂၄သန်းရှိခဲ့ရာက သန်း၃၀အထိ တဖြည်းဖြည်းတိုးလာခဲ့သည်။ အဆုံးတွင်မူ သန်း၅၀ကျော်သွားခဲ့သည်။ ဤပမာဏကား ရူးသွပ်ဖွယ်ကောင်းအောင် ထိုးတက်သွားခြင်းပင်။
ထိုနေ့တုန်းက ဘရာမန်နိုင်ငံ၏ Hotlineနံပါတ်မှာလည်း ဖုန်းခေါ်ဆိုမှုများကြောင့် ပေါက်ကွဲလုမတတ်ပင်။ ဤသည်မှာ စစ်ရေးကိစ္စတစ်ခုဟု ထင်ရသော်လည်း တစ်နိုင်ငံလုံးကိုပါ ပါဝင်ပတ်သက်စေခဲ့သည်။
ဘရာမန်နိုင်ငံသားတစ်ယောက်ယောက်ကို မြင်လိုက်ရသည်နှင့် လူတွေက သူတို့အနားသို့ ဖုန်းယူ၍ အပြေးရောက်သွားကြကာ ဖုန်းဖန်သားပြင်ကို လက်ညှိုးထိုးပြ၍ ပြောလိုက်၏။
"ကြည့်လိုက်။ ဒါက နင်တို့ရဲ့လိင်ပြောင်းတပ်ဖွဲ့ကြီးလား"
ဘရာမန်နိုင်ငံအတွင်းမှာတော့ တစ်နိုင်ငံသားတည်းချင်းမို့ ခံသာသေးသည်။ အနည်းဆုံးတော့ သူတို့အချင်းချင်းကြားတွင် အရှက်ကွဲမှုကို မျှဝေခံစားနိုင်သည်။ သို့သော် နိုင်ငံခြားတွင် ပညာသင်ယူနေသော ကျောင်းသားများအတွက်တော့ ကပ်ဘေးတစ်ခုပင်။ သူတို့ခမျာ တွင်းတစ်တွင်းရှာ၍ တွားဝင်သွားပြီး ကမ္ဘာကြီးပေါ်မှ ပျောက်ကွယ်သွားချင်စိတ်ပင် ပေါက်မိသည်။
ဤသည်မှာ လူသိရှင်ကြားအရှက်ခွဲခြင်းသက်သက်မဟုတ်တော့ပေ။ ထိုအရာမှာ နို်ငငံတကာလူမှုရေးမျိုးဖြတ်မှုကြီးပင်။ နောက်ထပ်လှောင်ပြောင်မှုများကို မခံလိုပါက မားစ်ဂြိုလ်ပေါ်သို့ ထွက်ပြေးရန်သာ ရှိတော့သည်။
ဘရာမန်နိုင်ငံတွင်လည်း နည်းပညာဂုရုကြီးများ ရှိသည်။ သူတို့နို်ငငံမှာ ဤကဲ့သို့သောအကျပ်အတည်းမျိုးနှင့် ကြုံတွေ့နေရတာကို မြင်သောအခါ သူတို့အနေနှင့်လည်း နိုင်ငံတကာရှေ့တွင် ဟားတိုက်စရာတစ်ခုဖြစ်အောင် အသာငြိမ်ပြီး ထိုင်ကြည့်မနေနိုင်ပေ။
ကမ္ဘာ့ထိပ်တန်းဟက်ကာများထဲတွင် ဘရာမန်နိုင်ငံက အဆင့်ရှစ်နေရာတွင် ရပ်တည်နေသည်။ အွန်လိုင်းအမည်"ရီယို"ဟုခေါ်သော အမျိုးသားက အသက်ငယ်ငယ်လေးကတည်းက Hackingပညာကို သင်ယူခဲ့သည်ဖြစ်ရာ သူ့စွမ်းရည်များကို နိုင်ငံတကာက အသိအမှတ်ပြုထားသည်။
နောက်ပိုင်းတွင် သူသည် နိုင်ငံတကာလုံခြုံရေးဌာန၏ခေါင်းဆောင် ဖြစ်လာခဲ့သည်။ ဤအကြောင်းကို သူနှင့် ထိပ်တန်းအစိုးရပိုင်းရှိ လူတချို့ကသာ သိထားသည်။ သူသည် ထိပ်တန်းဟက်ကာတစ်ယောက်ဖြစ်ကြောင်း ဖော်ထုတ်လိုက်ပါက ယခင်တုန်းက သူ့လုပ်ရပ်များကြောင့် အကြီးအကျယ်ပြဿနာတက်သွားလိမ့်မည်။
ဟက်ကာပေါင်းများစွာကလည်း ချက်ချင်းဆိုသလို စုစည်းလိုက်ကြပြီး ထိုတိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်းကို စတင်တိုက်ခိုက်ကြလေတော့သည်။ သို့သော် ခံစစ်က ချိုးဖောက်၍မရနိုင်ချေ။
အဆုံးမှာတော့ နိုင်ငံတကာဟက်ကာများ၏ တောင်းဆိုမှုကြောင့် ရီယို ပေါ်လာခဲ့သည်။ သို့သော် မိနစ်နှစ်ဆယ်ကြာ ကြိုးစားပြီးသည့်တိုင် စာကြောင်းတစ်ကြောင်းတည်းကိုသာ သူ ပြန်ရခဲ့သည်။
"ဒီဂြိုလ်ပေါ်မှာ ဒီဝက်ဘ်ဆိုက်ကို ဖောက်ဝင်နိုင်တဲ့လူက တစ်ယောက်မှမရှိဘူး!"
ဤစာသားနှင့်အတူ မျှော်လင့်ချက်များအားလုံး ကွဲကြေသွားပြီး ရှက်ဖွယ်လိလိပုံရိပ်များကလည်း တစ်ကမ္ဘာလုံးရှေ့တွင် ဆက်လက်ပြသနေ၏။
….
တိုက်ရိုက်ထုတ်လွှင့်မှုကား ဆက်လက်ထုတ်လွှင့်နေဆဲပင်။ အမျိုးသမီးအဝတ်အစားများကို ဝတ်ဆင်ထားသော ယောကျ်ားရင့်မာကြီးများမှာ အတန်းလိုက်တန်းစီနေကြသည်။ လူပေါင်းများစွာကို ရှေ့တန်းစစ်မြေပြင်ထဲသို့ ခေါ်သွင်းလာသည်။ ကြည့်ရသည်မှာ အခြားကိစ္စတစ်ခု ဆက်ဖြစ်မည့်ဟန်ပင်။
"ဝူးဝူးဝူးဝူး!"
ဘရာမန်စစ်သားများမှာ စတင်ရုန်းကန်နေကြပြီး ဖိအားများအောက်တွင် အဆက်မပြတ်အော်ဟစ်နေကြလေသည်။
သို့သော် သိပ်မကြာခင်မှာပင် ဘရာမန်ဘာသာစကားကို ကျွမ်းကျင်စွာပြောဆိုနိုင်သော တန်ဘတ်စစ်သားတစ်ယောက်က အနားသို့ ချဉ်းကပ်လာသည်။
"မင်းတို့ဘာပြောချင်နေလဲဆိုတာ ငါသိတယ်။ မင်းတို့က မင်းတို့ကို ချက်ချင်းလက်စတုံးပစ်စေချင်နေတာမလား။ ဒါပေမဲ့ ငါတို့က မင်းတို့ကို အပျော်သက်သက် အရှက်ခွဲချင်တာ"
ဤစကားမှာ ဖန်သားပြင်နောက်ကွယ်ရှိ ထိပ်သီးပုဂ္ဂိုလ်ထံမှ ဘာသာပြန်ထားခြင်းဖြစ်၏။ ထို့ကြောင့် နောက်ထပ်ရယ်မောသံများ ထွက်ပေါ်လာသည်။
"ဟွာရှားဗန်းစကားက အခုဆိုရင် တအားတွင်တွင်ကျယ်ကျယ်အသုံးချနေကြပြီပေါ့ ဟားဟား"
"တန်ဘတ်စစ်တပ်ထဲမှာ ဟွာရှားနိုင်ငံက သူလျှိုတစ်ယောက်ရှိနေတယ်လို့ သံသယဖြစ်မိတယ်"
"အပေါ်ကလူရေ ယုံကြည်မှုရှိစမ်းပါ! သံသယဖြစ်မိတယ်ဆိုတာကို ဖယ်ထားလိုက်။ တခြားနိုင်ငံတွေမှာ ဒီလိုဗန်းစကားမျိုးရှိမှာမဟုတ်ဘူး။ အဲဒီလိုစကားမျိုးက လူတိုင်းပြောနိုင်တာမဟုတ်ဘူး"
"ဒါဆို ဟွာရှားဗန်းစကားက တွင်တွင်ကျယ်ကျယ်အသုံးချနေကြပြီပေါ့?"
ထိုစစ်သားလေး၏မျက်နှာကား နီမြန်းသွားချေသည်။ သို့သော် သူ့အား စစ်သားအမြောက်အများက တင်းတင်းကျပ်ကျပ်ဖမ်းချုပ်ထားပြီး ပါးစပ်ထဲတွင်လည်း သေကြောင်းကြံစည်၍မရအောင် ထည့်ထားသည့် အထူးကိရိယာတစ်မျိုးရှိနေသည်ဖြစ်ရာ သူ့မှာ ဒေါသထွက်နေရုံသာ တတ်နိုင်လေသည်။
"ကြည့်ရတာတော့ မင်းတို့က လက်မလျှော့သေးဘူးပဲ"
တန်ဘတ်စစ်သားလေးက တဟားဟားရယ်လိုက်၏။
"တကယ်တော့ မင်းတို့ ဒီပုံစံအတိုင်း လက်လျှော့လိုက်မယ်ဆိုရင်လည်း ပျော်ဖို့မကောင်းဘူးလေ။ ငါတို့ဗိုလ်ချုပ်က မင်းတို့အတွက် နောက်ထပ်လက်ဆောင်တွေကို ပြင်ထားတယ်"
ကုန်တင်ကားကြီးများထဲမှ ကုန်သေတ္တာတစ်လုံးပြီးတစ်လုံး ချလိုက်ကြသည်။ လိင်ပြောင်းအဝတ်အစားများကို ဝတ်ဆင်ထားသော စစ်သားများထံသို့ တွန်းလှည်းသေးသေးလေးများကို တွန်းလာလေသည်။ ပထမတွန်းလှည်းတစ်သုတ်ကား ထိန်းချုပ်ရေးကိရိယာများနှင့် ခလုတ်များပါဝင်သော သတ္တုခုတင်များပင်။
အင်တာနက်အသုံးပြုသူများမှာ အသက်ရှူအောင့်ထားလိုက်မိကြသည်။
ဒါက ထိတ်လန့်စက်ဆုပ်ဖွယ်ကောင်းတဲ့ အတွေ့အကြုံတစ်ခုများလား?
"ဒီပစ္စည်းကြီးကို ဘာလို့တအားရင်းနှီးနေပါလိမ့်"
"အဆင့်နိမ့်ဝက်ဘ်ဆိုက်တွေမှာ ငါမြင်ဖူးတဲ့အရာတစ်ခုခုလို့ထင်တာပဲဟေ့"
ဟွာရှားနိုင်ငံရှိ အင်တာနက်အသုံးပြုသူများမှာ ရင်းနှီးကျွမ်းဝင်နေသောအရာတစ်ခုကို ရိပ်စားမိလိုက်သော်ငြား ထိုအရာမှာ စစ်ပွဲနှင့် ဆက်စပ်မိရန် ခက်ခဲသောကြောင့် ထိုအရာက ဘာလဲဆိုတာကို အဖြေမရှာနိုင်ဖြစ်နေကြသည်။
ဘရာမန်နိုင်ငံ၏ စစ်သားတစ်ယောက်ခမျာ ထိုသတ္တုခုတင်ပေါ်သို့ အတင်းတွန်းလှဲခံလိုက်ရပြီး ခြေလက်များကို ကြိုးများဖြင့် တုပ်နှောင်ခံလိုက်ရ၏။ မော်တာဖွင့်လိုက်ချိန်မှာ ခုတင်က စတင်လည်ပတ်လာပြီး ထိုအကျဉ်းသား၏ခေါင်းကလည်း မြေပြင်ထက်သို့ တဖြည်းဖြည်းစိုက်ကျသွားပြီးနောက် လူတစ်ကိုယ်လုံး ဇောက်ထိုးဖြစ်သွားလေသည်။
ထို့နောက် ဖောက်ထွင်းမြင်နေရသော စည်ပိုင်းတစ်ခုက ခုတင်အောက်မှ ထွက်ပေါ်လာသည်။ ထိုစည်ပိုင်းထဲတွင် ရေများအပြည့်ဖြည့်ထားပြီး အထဲရှိ ပန်ကာဒလက်က အရူးအမူးထိုးမွှေနေချေသည်။
"သေစမ်း! ပန်းရောင်အတွင်းခံကြီးလား? ဒါက အရမ်းအပျက်မဆန်လွန်းဘူးလား"
"ဘာတွေဖြစ်နေတာလဲဟ"
"ပုံးတစ်ပုံးလား? အဲဒါကဘာလဲ? ခေါင်းလျှော်ရည်လား"
"လျှပ်စစ်ပန်ကာက အဲဒီမှာ ဘာလို့ရှိနေရတာလဲ"
အံ့အားသင့်နေသော အကြည့်များအောက်တွင် ဘရာမန်နိုင်ငံမှ အကျဉ်းသား၏ခေါင်းကို ထိုပုံးထဲသို့ နှစ်ချလိုက်ပြီးနောက် စစ်သားတစ်ယောက်က သူ့ခေါင်းပေါ်သို့ ခေါင်းလျှော်ရည်များ သုတ်လိမ်းလိုက်သည်။
"ဇောက်ထိုးဆွဲပြီး ခေါင်းလျှော်တာလား? ဒါက ဘယ်လိုဗျူဟာမျိုးလဲ"
"သေစမ်း! ဒါကဘာလဲဆိုတာ ငါသိတယ်! အဲဒါက ဇောက်ထိုးဆွဲပြီး ခေါင်းလျှော်ပေးတဲ့စက်ပဲ! ငါ Bilibiliမှာမြင်ဖူးတယ်။ လက်မှုပညာရှင်ကန်ဆိုတဲ့လူက ဖန်တီးထားတာ"
"သောက်ကျိုးနည်း! တရားရေးဝန်ကြီးရဲ့ကိရိယာက ပြည်ပကိုတောင် တင်သွင်းနိုင်နေပြီပေါ့"
"စတိုင်လ်က တစ်ခုခုထူးဆန်းနေသလိုမျိုး ငါ ဘာလို့ခံစားမိနေပါလိမ့်။ ဒါက စစ်သုံ့ပန်းတွေကို ပညာပေးတာမဟုတ်လား။ ဒီလိုမြင်ကွင်းမျိုးကို ငါ လုံးဝမမျှော်လင့်ထားဘူး"
"ဒီဗျူဟာရှင်က ငါတို့ဟွာရှားလူမျိုးတစ်ယောက်ပဲဖြစ်ရမယ်။ ဒါမှမဟုတ် ဟွာရှားနိုင်ငံမှာ ပညာသင်ဖူးတဲ့လူတစ်ယောက်ပေါ့။ မဟုတ်လို့ကတော့ ဘယ်သူကမှ ဒီလိုဦးနှောက်သေစေနိုင်တဲ့ အကြံမျိုးကို ရမှာမဟုတ်ဘူး"
အခြားနိုင်ငံများမှ အင်တာနက်အသုံးပြုသူများကလည်း စိတ်ရှုပ်ထွေးသွားကြသည်။
ဒါကဘာလဲ?
ဟွာရှားနိုင်ငံမှ အင်တာနက်အသုံးပြုသူများလည်း ကြောင်အကုန်ကြသည်။
ဒီအကျဉ်းသားတွေကို ဇောက်ထိုးဆွဲပြီး ခေါင်းလျှော်ခိုင်းတော့ ဘာရမှာမို့လို့လဲ?
လူတိုင်းက ကြံရာမရဖြစ်ပြီး ခေါင်းတကုတ်ကုတ်လုပ်နေကြချိန်ဝယ် အခြားစစ်သားတစ်ယောက်က လျှပ်စစ်ပန်ကာကို နံပါတ်သုံးအထိ ဖွင့်လိုက်ပြီးနောက် အကျဉ်းသားရှေ့သို့ ယူလာခဲ့သည်။
"ကိုယ့်လူတို့.. သူ နောက်ထပ် ဘာဆက်လုပ်မလဲဆိုတာကို ငါ ရုတ်တရက်ကြီးသိလိုက်ရသလိုပဲ"
"ငါလည်းသိတယ်ထင်တာပဲ"
တန်ဘတ်စစ်သားတစ်ယောက်က ထိုအကျဉ်းသား၏ဘောင်းဘီကို ချွတ်ချပြီးနောက် လျှပ်စစ်ပန်ကာကို ထိုနေရာသို့ တွန်းလိုက်သည်။
"အား!"
အော်ဟစ်သံတစ်သံက အခန်းထဲတွင် ပြည့်နှက်သွားပြီးနောက် ကြည့်ရှုသူများအားလုံးလည်း ခြေထောက်များကို စုထားလိုက်မိကြတော့သည်။ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာညှဉ်းဆဲမှုကား ကြောက်မက်ဖွယ်ရာပင်။ နာဇီများ၏ နှိပ်စက်ညှဉ်းပန်းမှုထက်ပင် ပိုဆိုးလောက်သည်။
"နေဦး။ သူတို့က သံဖတ်စတွေကိုပါ ယူလာတယ်ဟေ့!"
"လူတစ်ယောက်က ရေနွေးပူတစ်ဇလုံယူလာတယ်နော်။ အဲဒါက ဘာလဲ? ကတော့ကြီးလား? သူတို့က ဘယ်ကိုလောင်းချမလို့လဲ"
….
"အား!"
…..
တိုက်ရိုက်ထုတ်လွှင့်နေသည့် ကင်မရာက ထိုအရာကို တဖြည်းဖြည်းမြင်ကွင်းချုံ့လိုက်ပြီး စစ်မြေပြင်တစ်ခုလုံးကို ပြသချေသည်။ ဘရာမန်နိုင်ငံမှ စစ်အကျဉ်းသားအယောက်တစ်ရာကျော်ကို သပ်သပ်ရပ်ရပ်စီရီထား၏။ တချို့က အဆင့်သုံးလျှပ်စစ်ပန်ကာနှင့် ရင်ဆိုင်နေရပြီး တချို့ကမူ ရေနွေးပူလောင်နေကြသည်။ အချို့က စတီးစများနှင့် ပွတ်တိုက်ခံနေရရှာပြီး အချို့ကတော့ မီးတောက်နေသောစီးကရက်များကို ပါးစပ်ထဲသို့ ထိုးထည့်ခံနေရသည်။ အချို့ကမူ ဆေးလိပ်ပြာများကို အရည်ဖျော်၍ ပါးစပ်ထဲသို့ လောင်းချခံရရှာသည်။ တချို့ကမူ ဇောက်ထိုးဆွဲ၍ အသင့်စားခေါက်ဆွဲ စားနေရသည်။
ဤအပြစ်ပေးမှုများမှာ ထိခိုက်မှုနည်းပါးသော်ငြား အရှက်ကွဲမှုကတော့ ပြင်းထန်လှ၏။ ထို့ပြင် တန်ဘတ်စစ်သားများကလည်း လုပ်ငန်းစဉ်ကို တိတိကျကျလုပ်ဆောင်ကြသည်။ သူတို့အား သွေးတစ်စက်မှမထွက်စေရဘဲ အရှက်ကွဲပြီး နာကျင်ရသည့်ဝေဒနာကို ခံစားစေသည်။
သို့သော် ဘရာမန်နိုင်ငံတစ်နိုင်ငံလုံးကတော့ လုံးဝအတိသိက္ခာကျရလေပြီ။ သူတို့မှာ စစ်ပွဲတွင် ရှုံးနိမ့်ခဲ့ရုံသာမက သူတို့၏စစ်သားများကလည်း ရန်သူ့စစ်မြေပြင်တွင် ယခုလိုအရှက်ခွဲခံနေရရှာသည်။ ထို့ကြောင့် အရှက်တကွဲအကျိုးနည်းဖြစ်ရလေသည်။
….
"သခင်…ဒါတွေကို သခင်လုပ်ထားတာလား"
လူကာနှင့် ဆင်းတိုတို့က ဤမြင်ကွင်းကိုမြင်သောအခါ ကျန်းမုန့်လောင်၏လုပ်ရပ်ဖြစ်ကြောင်း ချက်ချင်းမှန်းဆမိကြသည်။ သူသာလျှင် ထိုကဲ့သို့ညစ်ညမ်းလှသော အကြံမျိုးကို ထုတ်နိုင်ပေသည်။
"ဟုတ်တယ်"
"အဲဒီကိရိယာတွေကိုရော သခင်ဝယ်ထားတာလား"
သိပ်မကြာခင်တုန်းက ကျန်းမုန့်လောင် ရွှီလိနယ်မြေသို့ သွားရောက်ခဲ့သေးသည်ဖြစ်ရာ အရာအားလုံးမှာ နေရာတကျဖြစ်နေချေသည်။
"ဟုတ်တယ်"
ကျန်းမုန့်လောင်က ခြေထောက်နှစ်ဖက်ကိုယှက်ထိုင်၍ မျက်နှာထက်တွင်လည်း ဘဝင်ခိုက်နေလေဟန်အပြုံးတစ်ပွင့်ကို ဆင်မြန်းထားရင်း ပြောလိုက်၏။
"ငါ့ကိုလာစော်ကားရဲမှတော့ သူတို့လည်း ဒီလိုကံကြမ္မာမျိုးနဲ့ ကြုံတွေ့ရမှာပဲလေ"
**************