← Chapters

မျိုးနွယ်စုတစ်သောင်း၏ တုန်လှုပ်မှု

Vol. 203 Ch. 3032

မျိုးနွယ်စုတစ်သောင်း၏ တုန်လှုပ်မှု

Vol. 203 Ch. 3032

“နင်ဘာတွေစဉ်းစားနေတာလဲ”

သိုင်းတာအိုပင်မခန္ဓာက ရံဖန်ရံခါ ငေးငိုင်သွားသည်ကို တွေ့မြင်သောအခါ တျဲယွဲ့က မေးလိုက်၏။

သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်လေသည်။

“အစိမ်းရောင်ကြာပန်းတစ်ခုခုဖြစ်နေတယ်”

အစစ်အမှန်ခန္ဓာနှစ်ခုသည် သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များနှင့်အတူ ယခုတင် ဆက်သွယ်ပြောဆိုထားလေသည်။

တျဲယွဲ့သည် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ တည်ရှိမှုအပေါ် နားလည်မှုတချို့ရှိထား၏။ သူမက မေးလိုက်သည်။

“အဲဒီမှာ အန္တရာယ်ရှိလို့လား.. အဲဒါက ဘယ်နေရာမှာလဲ”

သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။

“နီညိုရောင်မျောက်ဝံကမ္ဘာမှာ”

တျဲယွဲ့က ထိုစကားကိုကြားသောအခါ မျက်မှောင်ကြုတ်လိုက်၏။

“အဲဒါဆိုရင် နောက်ကျသွားလိမ့်မယ်… အထွတ်အထိပ်ဧကရာဇ်တစ်ပါးတောင်မှ အဲဒီကိုရောက်ဖို့ တစ်ရက်နီးပါး အချိန်ယူရလိမ့်မယ်”

“ရပါတယ်… အစိမ်းရောင်ကြာပန်းက သူ့ကိုယ်သူ ကာကွယ်နိုင်မှာပါ”

သိုင်းတာအိုပင်မခန္ဓာက ဂရုစိုက်သည့်ဟန်ဖြင့် ပြုံးပြလိုက်၏။

“သူက အန္တရာယ်ကျရောက်နေမယ်ဆိုရင်တောင် ငါအဲဒီကို အချိန်မီသွားနိုင်တယ်… ငါအဲဒီကို အတွေးတစ်ချက်နဲ့ရောက်နိုင်တယ်”

“နင်က အတွေးတစ်ချက်နဲ့ နီညိုရောင်မျောက်ဝံကမ္ဘာကို သွားနိုင်တာလား”

တျဲယွဲ့က ထိုစကားကိုကြားသောအခါ အံ့အားသင့်သွား၏။

“အင်း”

သိုင်းတာအို့ပင်မခန္ဓာက ခေါင်းညိတ်ပြလိုက်၏။

တျဲယွဲ့က ပြောလိုက်လေသည်။

“ပုံမှန်အခြေအနေမှာဆိုရင် မဟာဧကရာဇ်တွေပဲ အဲဒါကို လုပ်နိုင်တယ်… မဟာဧကရာဇ်တစ်ပါးက တာအိုကို အောင်မြင်ရရှိပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သူတို့ရဲ့တာအိုအမှတ်အသားကို ခတ်နှိပ်လိုက်တဲ့အခါမှပဲ မဟာဧကရာဇ်ရဲ့ စိတ်ဝိညာဉ်အမှတ်အသားက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရဲ့ တစ်ထောင့်တစ်နေရာမကျန် လွှမ်းခြုံပြီး ဘယ်နေရာကိုမဆို ချက်ချင်းရောက်ရှိနိုင်လိမ့်မယ်”

အထွတ်အထိပ်ဧကရာဇ်တစ်ပါးပင်လျှင် မရေမတွက်နိုင်သောကမ္ဘာများနှင့် အဆုံးမဲ့ကြယ်တာရာကို ဖြတ်ကျော်ဖို့အတွက် အနည်းဆုံး တစ်ရက်အချိန်ယူရပေလိမ့်မည်။

သို့သော်လည်း မဟာဧကရာဇ်တစ်ပါးဖြစ်လာသည်နှင့် သူတို့၏ စိတ်ဝိညာဉ်အသိစိတ်သည် ဆပွားတိုးလာပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို အုပ်မိုးသွားပေလိမ့်မည်။ သူတို့၏ တာအိုအမှတ်အသားနှင့်အတူ သူတို့သည် အတွေးတစ်ချက်နှင့်အတူ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရှိ မည်သည့်နေရာကိုမဆို ဆင်းသက်နိုင်ကြမည်ဖြစ်သည်။

ဤသည်က မဟာဧကရာဇ်တစ်ပါး၏ ကြောက်စရာကောင်းသော ခွန်အားဖြစ်သည်။

ဧကရာဇ်များနှင့် မဟာဧကရာဇ်များကြားမှာ ကွာဟချက်က မိုးနှင့်မြေလိုဖြစ်နေလေသည်။

ထို့ကြောင့်ပင် တျဲယွဲ့က အဲဒါကို မယုံကြည်နိုင်စရာကောင်းသည်ဟု ခံစားနေရခြင်းပင်။

“မဟာဧကရာဇ်တွေပဲ အဲဒါကို လုပ်နိုင်တာလား”

သိုင်းတာအိုပင်မခန္ဓာက အနည်းငယ်မှင်တက်သွား၏။

“ငါ့ရဲ့ သိုင်းစကြဝဠာထဲမှာ ငါက ငရဲဂိတ်တံခါးဆယ်ခုကို ကျင့်ကြံထားတယ်… အဲဒါက ဂိတ်တံခါးဆယ်ခုကို တစ်ချိန်တည်းမှာ ဖွင့်လိုက်သလိုပဲ”

“တကယ်တော့ ငါက အာကာသဆုံမှတ်တွေကိုဖြတ်ကျော်ပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရဲ့ နေရာတိုင်းကို ဆင်းသက်နိုင်တယ်”

ထို့ကြောင့်ပင် သိုင်းတာအိုပင်မခန္ဓာသည် ငရဲကမ္ဘာကနေ မဟာအရိုင်းကမ္ဘာသို့ တိုက်ရိုက်ပြန်လည်ရောက်ရှိလာနိုင်ခြင်းဖြစ်သည်။

ငရဲဂိတ်တံခါးဆယ်ချပ်။

တျဲယွဲ့သည် ငရဲဂိတ်တံခါးဆယ်ချပ်၏ စွမ်းအားကို တွေ့မြင်ထားခဲ့လေသည်။ စံအိမ်ဧကရာဇ်များပင်လျှင် သူတို့ကို မခုခံနိုင်ဘဲ သူတို့၏ ဝိညာဉ်များပျက်ပြယ်သွားပြီး အပိုင်းပိုင်း ကြေမွပျက်စီးခဲ့ရ၏။

ငရဲဂိတ်တံခါးဆယ်ချပ်မှာ ဤကဲ့သို့သော အသုံးဝင်မှုလည်းရှိနေသည်ဆိုတော့။

တကယ်တော့ ငရဲဂိတ်တံခါးဆယ်ချပ်၏ ပဟေဋိဆန်သောစွမ်းအားများက ထိုမျှသာမကပေ။

ဆီးနှင်းငရဲဂိတ်တံခါးကို ပထမဆုံးစုဖွဲ့ခဲ့စဉ်က သိုင်းတာအိုပင်မခန္ဓာသည် ဧကရာဇ်နယ်ပယ်ကို မတက်လှမ်းရသေးဘဲ ဆီးနှင်းငရဲကမ္ဘာမှာရှိသော အခြေအနေကို အာရုံခံရန် သူက ဆီးနှင်းငရဲဂိတ်တံခါးကို မထိန်းချုပ်နိုင်ခဲ့ပေ။

သို့သော်ယခု ငရဲဂိတ်တံခါးဆယ်ချပ်သည် ငရဲကိုးခုနှင့် မဟာအဝီစိနှင့် လုံးလုံးလျားလျားချိတ်ဆက်ထားလေသည်။

သိုင်းတာအိုပင်မခန္ဓာသည် အဝီစိဂိတ်တံခါးကနေတစ်ဆင့် မဟာအဝီစိ၏ အနက်ရှိုင်းဆုံးအပိုင်းထဲမှာ ပိတ်မိနေသော မဟာဧကရာဇ်နှစ်ပါး၏ အသိစိတ်များကိုပင် အာရုံခံမိနိုင်၏။

တကယ်တော့ သိုင်းတာအိုပင်မခန္ဓာအနေဖြင့် ထိုအသိစိတ်နှစ်ခုကို လွှတ်ပေးဖို့က မဖြစ်နိုင်ပေ။

သူသည် ထိုအသိစိတ်နှစ်ခုကို ဖျက်ဆီးဖို့လည်း ရွေးချယ်လိမ့်မည်မဟုတ်ပေ။

သူသည် မဟာဧကရာဇ်မီးတောက်ကောင်းကင်ဘုံနှင့် ငရဲအရှင်၏ အသိစိတ်များကို သတ်ဖြတ်လိုက်မည်ဆိုလျှင် ထိုလုပ်ရပ်သည် သူတို့နှစ်ယောက်ကို ကယ်တင်ပြီး ပြန်လည်မွေးဖွားခွင့်ပေးလိုက်ခြင်းနှင့် တူနေပေလိမ့်မည်။

မဟာဧကရာဇ်မီးတောက်ကောင်းကင်ဘုံနှင့် ငရဲအရှင်တို့ကို လုံးလုံးလျားလျားသတ်ဖြတ်နိုင်သည့် နည်းလမ်းတစ်ခုကို မပိုင်ဆိုင်သေးသရွေ့ သူက မဆင်မခြင် ပြုမူလှုပ်ရှားလိမ့်မည်မဟုတ်ပေ။

သို့သော်လည်း ငရဲဂိတ်တံခါးဆယ်ချပ်၏ အကူအညီနှင့်အတူ သူက အခြားသောစီစဉ်စရာများကို ပြုလုပ်နိုင်လေသည်။

သိုင်းတာအိုပင်မခန္ဓာသည် ငရဲသက်ရှိများအားလုံးကို ပိုမိုကောင်းမွန်သော အခွင့်အလမ်းများပေးမည်ဟု ပြောဆိုခဲ့ပြီး ငရဲအရှင်ခါးသက်စိမ့်စမ်းကိုပင် သေရလိမ့်မည်မဟုတ်ဟု အာမခံပေးထားခဲ့၏။

သူသည် ငရဲဂိတ်တံခါးကိုးခုကို အသုံးချကာ ငရဲကိုးခုမှ ကောင်းကင်လိုဏ်ဂူပညာရှင်များကို အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ ပို့ဆောင်နိုင်မည်ဖြစ်သည်။

ဤကောင်းကင်လိုဏ်ဂူဘုရင်များသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် ကောင်းကင်လိုဏ်ဂူနယ်ပယ်မှာ ရပ်တန့်နေခဲ့၏။ ငရဲကမ္ဘာမှာ သူတို့သည် အဆင့်ချိုးဖျက်တက်လှမ်းနိုင်ခြင်းမရှိသောကြောင့်ဖြစ်သည်။

သူသည် ဤကောင်းကင်လိုဏ်ဂူဘုရင်များနှင့် ဧကရာဇ်တစ်ပိုင်းများကို အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ ခေါ်ဆောင်လာနိုင်မည်ဆိုလျှင် သူတို့ကို အချိန်တချို့ပေးထားနိုင်သည်နှင့် သူတို့ထဲမှ အများစုက ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းလာကြပေလိမ့်မည်။

ငရဲအရှင်ခါးသက်စိမ့်စမ်း၏ ဘဝသက်တမ်းကလည်း မြင့်တက်လာပေလိမ့်မည်။

ထိုအချိန်မှာ ငရဲစစ်တပ်၏ အလုံးစုံခွန်အားကလည်း ခုန်ပေါက်၍ ကြီးမားစွာ မြင့်တက်လာပေလိမ့်မည်။

တကယ်တော့ အစစ်အမှန်ခန္ဓာနှစ်ခုကြား ကွာဟချက်ကလည်း တဖြည်းဖြည်းကြီးမားလာနေ၏။

အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် ယခုအချိန်မှာ သိပ်ပြီးအသုံးမဝင်တော့ဟု ထင်ရသော်လည်း ဆူဇီမို၏ ရင်ထဲမှာ အစိမ်းရောင်ကြာပန်းသည် အစားထိုးမရသော အဆင့်အတန်းတစ်ခုနှင့် အခန်းကဏ္ဍတစ်ရပ်ကို ပိုင်ဆိုင်ထားဆဲဖြစ်၏။

အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာက သူ၏ နောက်ဆုံးထွက်လမ်းဖြစ်လေသည်။

သိုင်းတာအိုပင်မခန္ဓာသည် လောက၏ မူကွဲတစ်ခုဖြစ်ပြီး ထူးခြားလွန်းနေ၏။

သူကျင့်ကြံသောတာအိုကပင် သမိုင်းတစ်လျှောက် မကြုံစဖူး ထူးခြားအံ့မခန်းဖြစ်နေ၏။

အရင်တုန်းက သိုင်းတာအိုပင်မခန္ဓာသည် အလွန်တရာကြောက်စရာကောင်းသော အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားမိခဲ့၏။ ထိုအန္တရာယ်က ဘယ်အချိန်မှာဆင်းသက်လာမည်ကို ဆူဇီမိုက မသိပေ။

ထိုအန္တရာယ်မရှိလျှင်တောင် သူသည် ကောင်းကင်ဘုံခုံရုံးနှင့် ရင်ဆိုင်တိုက်ခိုက်ရသည့်အခါ အသက်ရှင်ဖို့အတွက် မျှော်လင့်ချက်အနည်းငယ်သာရှိလေသည်။

မည်သို့ပင်ဆိုစေ ပြီးခဲ့သည့်ခေတ်များမှာ မဟာဧကရာဇ်အတော်များများက မအောင်မြင်ခဲ့ကြပေ။

ကောင်းကင်ဘုံကိုးလွှာနှင့် ဆန့်ကျင်တိုက်ခိုက်မှုက ဤတစ်ခေါက်မှာလည်း ကျရှုံးသွားမည်ဆိုလျှင် သိုင်းတာအိုပင်မခန္ဓာသည် သူ့အသက်နှင့်ရင်းပြီး စွန့်စားပါက အနည်းဆုံးတျဲယွဲ့ကိုတော့ ကယ်တင်ပေးနိုင်ပေလိမ့်မည်။

သိုင်းတာအိုပင်မခန္ဓာက သေဆုံးသွားမည်ဆိုလျှင်တောင် သူက တျဲယွဲ့နှင့် အတူနေထိုင်ဖို့အတွက် အခွင့်အရေးရှိနေသေးလေသည်။

တကယ်တော့ ဤသည်က သူ၏ အတ္တဆန်မှုလည်းဖြစ်လေသည်။

ဤအရာများက ကြိုတင်ပြင်ဆင်ထားမှုများသာဖြစ်ပြီး အရာရာတိုင်းက ဘာမှန်းမသိရသေးပေ။

ထိုအခိုက်အတန့်မှာ အခြားတစ်စုံတစ်ရာက သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲမှာ ဖျတ်ခနဲပေါ်ထွက်လာ၏။

ဧကရာဇ်မိုးပြာရောင်မီးတောက်နှင့် အခြားသူများနှင့် တိုက်ခိုက်ခဲ့ရသောတိုက်ပွဲမှာ သူသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ ဧကရာဇ်ပညာရှင်များစွာကို သာမန်ကာလျှံကာ သတ်ဖြတ်ခဲ့လေသည်။ မြင်းမျောက်ဘုရင်နှစ်ဦးသေဆုံးသွားစဉ်က စိမ်းညိုရောင်အလင်းတစ်ခုက ပေါ်ထွက်လာခဲ့၏။

ထိုအချိန်တုန်းက တိုက်ပွဲက ပြင်းထန်ကြမ်းတမ်းနေပြီး သူက အဲဒါနှင့်ပတ်သက်၍ များစွာစဉ်းစားတွေးတောမနေခဲ့ပေ။

ယခုအဲဒါနှင့်ပတ်သက်၍ သူက ပြန်လည်စဉ်းစားကြည့်လိုက်၏။

ထိုစွမ်းအားသည် စုန်းမျိုးနွယ်၏ ကျိန်စာတချို့မှ ဆင်းသက်လာခြင်းဖြစ်နိုင်လေသည်။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ ဧကရာဇ်နှစ်ဦးထံမှာ စုန်းမျိုးနွယ်ကျိန်စာများက ဘာ့ကြောင့်ရှိနေရတာလဲ။

………..

ထိုနေ့တုန်းက သံသရဖူဆောင်းအဖိုးအိုနှင့် အခြားနှစ်ယောက်သည် သားရဲဧကရီသွေးလိပ်ပြာအနိုင်ကျင့်ခံနေရသည်ကို မကြည့်ရက်နိုင်တော့ဘဲ ဓားကမ္ဘာသို့ အရင်ပြန်နှင့်သွားခဲ့လေသည်။

ရက်အနည်းငယ်ကြာပြီးနောက် ဓားတောင်ထွတ်ရှစ်ခုမှ တောင်ထွတ်သခင်များသည် အတူတကွစုရုံးပြီး အသည်းအသန်ပြေးလာကြလေသည်။

သူတို့သည် တစ်စုံတစ်ရာကို အစီရင်ခံတင်ပြခြင်းမရှိဘဲ သူတို့အားလုံး၏ အမူအရာများက တုန်လှုပ်နေကြ၏။

“မဟာအရိုင်းကမ္ဘာမှာ ကြီးကြီးမားမားကိစ္စတစ်ခုဖြစ်သွားတယ်”

နောက်ဆုံးမှာတော့ လုယွင်က တုန်လှုပ်စွာဖြင့် ပြောလိုက်၏။

“စိတ်ကိုလျှော့ထားစမ်းပါ”

ပိန်ပိန်အဖိုးအိုက မျက်မှောင်ကြုတ်ပြီး လုယွင်နှင့်အခြားသူများကို စိုက်ကြည့်ကာ အော်ငေါက်လိုက်၏။

“မင်းတို့တွေအားလုံးက တောင်ထွတ်သခင်တွေပဲ… မင်းတို့ကိုယ်မင်းတို့ ပြန်ကြည့်ကြဦး.. ငါတို့ အဲဒီကိစ္စကို သိထားပြီးသွားပြီ”

သံသရဖူဆောင်းအဖိုးအိုက ညင်သာစွာသက်ပြင်းချလိုက်၏။

“ဘာ့ကြောင့်လည်းတော့မသိဘူး… သားရဲဧကရီသွေးလိပ်ပြာက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာနောက်ကွယ်က အဖွဲ့အစည်းကို ဆန့်ကျင်မိပြီး ဧကရာဇ်ပညာရှင်တစ်ရာနဲ့ တစ်ယောက်တည်းတိုက်ခိုက်ခဲ့ရတယ်… သူက မသေခင် လူငါးယောက်ကို ပြန်သတ်နိုင်ခဲ့တာကတင် သူ့ရဲ့ခွန်အားကို ကောင်းကောင်းသက်သေပြပြီးနေပြီ… အဲဒါက ဂုဏ်သိက္ခာရှိတဲ့ သေဆုံးမှုတစ်ခုလို့ဆိုနိုင်တယ်”

“ရှေးဟောင်းခေတ်တွေကတည်းက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာနဲ့ ဆန့်ကျင်တိုက်ခိုက်ခဲ့တဲ့ကမ္ဘာတွေထဲ ဘယ်သူကမှ ချမ်းသာရာမရခဲ့ဘူး… မဟာအရိုင်းကမ္ဘာကတော့ တကယ့်ကို နှမြောစရာပဲ”

ဝဝအဖိုးအိုကလည်း သက်ပြင်းချလိုက်၏။

တောင်ထွတ်သခင်ရှစ်ဦးက ဓားကမ္ဘာ၏ ဧကရာဇ်သုံးဦးကို တုန်လှုပ်စွာဖြင့်ကြည့်နေကြ၏။

“အမ်း.. အဲဒါက...”

လုယွင်က ခဏမျှစဉ်းစားပြီးနောက် ပြောလိုက်၏။

“ဓားအရှင်တို့… သားရဲဧကရီသွေးလိပ်ပြာက မသေပါဘူး”

“ဟမ်”

ပိန်ပိန်အဖိုးအိုက မျက်မှောင်ကြုတ်ပြီးမေးလိုက်၏။

“မင်းဘာပြောလိုက်တာလဲ… သူက မသေဘူးလို့ပြောတာလား”

“သူက ဧကရာဇ်ပညာရှင်တစ်ရာရဲ့လက်ထဲကနေ ထွက်ပြေးလွတ်မြောက်သွားနိုင်တာလား”

“သူက ထွက်မပြေးခဲ့ဘူး”

လုယွင်က တံတွေးကို အလျင်စလိုမျိုချကာ ပြောလိုက်၏။

“သူ့ရဲ့တာအိုလက်တွဲဖော်ကြောင့်လို့ ကျုပ်ကြားတယ်… အထီးကျန်သိုင်းသခင်ဆိုတဲ့ဘွဲ့နဲ့လူက ပြန်ရောက်လာခဲ့တယ်”

“အထီးကျန်သိုင်းသခင်ရောက်လာတာက ဘာများလုပ်နိုင်မှာလဲ”

ပိန်ပိန်အဖိုးအိုက လုယွင်၏ စကားမဆုံးသေးခင် လှောင်ရယ်လိုက်၏။

လုယွင်က ဆက်ပြောလိုက်၏။

“အထီးကျန်သိုင်းသခင်ပြန်ရောက်လာပြီး ဧကရာဇ်ပညာရှင် လေးငါးဆယ်ကို တစ်ယောက်တည်းနဲ့ သတ်ဖြတ်ခဲ့တယ်… မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက ကြီးမားတဲ့ သေကြပျက်စီးမှုနဲ့ ကြုံတွေ့ပြီး အရှက်တကွဲရှုံးနိမ့်မှုနဲ့ ပြန်လာခဲ့ရတယ်… ဧကရာဇ်တွေရဲ့ သွေးက အရမ်းကိုချောက်ချားစရာကောင်းတဲ့ပုံစံနဲ့ အဲဒီတိုက်ပွဲက ကြယ်တာရာကောင်းကင်ကို နီစွေးသွားစေတယ်လို့ ကျုပ်ကြားတယ်”

သံသရဖူဆောင်းအဖိုးအိုနှင့် အခြားနှစ်ယောက်က ထခုန်လိုက်၏။

“ဘာဖြစ်တယ်”

ပိန်ပိန်အဖိုးအို၏ မျက်လုံးက မယုံကြည်နိုင်စွာပြူးကျယ်သွားပြီး သူက အံ့အားတသင့်ရေရွတ်လိုက်၏။

“ဓားအရှင်တို့ ကျေးဇူးပြုပြီး စိတ်ကိုလျှော့ထားပါ”

လုယွင်က ညင်သာစွာချောင်းဟန့်လိုက်၏။

သံသရဖူဆောင်းအဖိုးအိုနှင့် အခြားနှစ်ယောက်၏ မျက်နှာက နီမြန်းသွားလေသည်။

လုယွင်သည် ဤကဲ့သို့ကြီးမားသောကိစ္စနှင့်ပတ်သက်၍ လိမ်ညာလိမ့်မည်မဟုတ်သည်ကို သူတို့သုံးယောက်က သိရှိထား၏။

“အထီးကျန်သိုင်းသခင်က မဟာဧကရာဇ်တစ်ပါးဖြစ်လာပြီလား”

ဝဝအဖိုးအိုက ဖြစ်နိုင်ခြေတစ်ခုကို ချက်ချင်းပင်တွေးမိသွား၏။

သို့သော်လည်း သိပ်မကြာခင် ဝဝအဖိုးအိုက သူ၏ ခေါင်းကို ခါယမ်းလိုက်၏။

“အဲလိုလည်း မဟုတ်လောက်ဘူး… သူသာ မဟာဧကရာဇ်တစ်ပါးဖြစ်လာမယ်ဆိုရင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာရှိတဲ့ သက်ရှိတွေအားလုံးက အဲဒါကို အာရုံခံမိလိမ့်မယ်”

“ဘာတွေဖြစ်ခဲ့တာလဲ…ငါတို့ကို မြန်မြန်ပြောစမ်းပါ”

သံသရဖူဆောင်းအဖိုးအိုနှင့် အခြားနှစ်ယောက်က ရှေ့သို့ခြေတစ်လှမ်းတိုးပြီး လုယွင်၏ လက်ကိုဖမ်းဆွဲကာ အသည်းအသန်မေးမြန်းလိုက်၏။

တစ်ချိန်တည်းနီးပါးမှာပင် ထိပ်တန်းကမ္ဘာကြီးများသည် ထိုသတင်းကို အသီးသီးရရှိသွားကြပြီး အုန်းအုန်းကျက်ကျက်ဖြစ်သွားကြလေသည်။ ဧကရာဇ်များက အံ့အားသင့်မှင်တက်၍ မျိုးနွယ်စုတစ်သောင်းက တုန်လှုပ်ကုန်ကြလေသည်။

All Chapters