← Chapters

ကောင်းကင်လိုဏ်ဂူ ငါးခု

Vol. 203 Ch. 3033

ကောင်းကင်လိုဏ်ဂူ ငါးခု

Vol. 203 Ch. 3033

ဓားကမ္ဘာမှာ….

လုယွင်နှင့် အခြားသူများသည် သူတို့ကြားသိထားသည့် ကောလာဟလများစွာကို အသေးစိတ် ပြန်ပြောပြလိုက်၏။ သံသရဖူဆောင်းအဘိုးအိုနှင့် အခြားနှစ်ယောက်က သူတို့ကိုယ်သူတို့ မကျေမနပ်ဖြစ်နေပြီး သက်ပြင်းချလိုက်၏။

“ငါတို့ ဘာလို့ ပြန်လာခဲ့မိကြတာပါလိမ့်…. ငါတို့ အဲဒါကိုသာ ကြိုသိခဲ့ရင် ငါတို့ အဲဒီမှာ ဆက်ပြီးနေခဲ့ပါတယ်”

ဝဝအဘိုးအိုက မကျေမနပ်ပြောလိုက်၏။

တိုက်ပွဲမြင်ကွင်းများစွာသည် ပါးစပ်ပေါင်းများစွာကနေတစ်ဆင့် ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။ ထိုသို့ဆိုလျှင်တောင် လူတိုင်းသည် ထိုသတင်းကို ကြားသောအခါ မနှိုင်းယှဉ်သာအောင် တုန်လှုပ်၍ စိတ်ခံစားချက်များ မြင့်မားလာကြဆဲဖြစ်၏။

ထိုသူသည် ဧကရာဇ်ပညာရှင်တစ်ရာနီးပါးကို တစ်ယောက်တည်း တိုက်ခိုက်အနိုင်ယူခဲ့လေသည်။

ဒါက မည်ကဲ့သို့သော ခွန်အားမျိုးလဲ…။

ပိန်ပိန်အဘိုးအိုက အံ့အားသင့်မှင်တက်စွာဖြင့် ပြောလိုက်၏။

“အထီးကျန်သိုင်းသခင်က တကယ့်ကို အကြောက်အလန့်ကင်းမဲ့တာပဲ… သူက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရဲ့ နောက်ကွယ်က ကောင်းကင်ဘုံခုံရုံးရဲ့ ပညာရှင်တွေ အများကြီးကိုတောင်မှ သတ်ဖြတ်ခဲ့တယ်”

အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် ဓားကမ္ဘာကနေ မထွက်ခွာခင် သူသည် သံသရဖူဆောင်းအဘိုးအိုနှင့် အခြားနှစ်ယောက်နှင့်အတူ ဆွေးနွေးပြောဆိုခဲ့ပြီး သူတို့သည် ကောင်းကင်ဘုံခုံရုံး၏ တည်ရှိမှုအကြောင်း ပြောဆိုခဲ့ကြ၏။

ဝဝအဘိုးအိုက ဝေဖန်ဆန်းစစ်လိုက်၏။

“အထီးကျန်သိုင်းသခင်က တကယ့်ကို အကြောက်အလန့်ကင်းမဲ့တယ်… သူ့ကို မိစ္ဆာအရှင်လိုမျိုး ထူးခြားအံ့မခန်း ပညာရှင်တစ်ဦးက နောက်ခံပေးထားတာ ဖြစ်လောက်တယ်”

လုယွင်က ပြောလိုက်၏။

“ဧကရာဇ် အထီးကျန်သိုင်းသခင်က တိုက်ပွဲတစ်ပွဲတည်းနဲ့ ကျော်ကြားပြီး မျိုးနွယ်စုတစ်သောင်းကို တုန်လှုပ်စေခဲ့ပြီ… သူက ဒီဘက်မျိုးဆက်မှာ မဟာဧကရာဇ်တစ်ပါး ဖြစ်လာဖို့ ဖြစ်နိုင်ခြေ အမြင့်မားဆုံးပညာရှင် ဖြစ်လောက်တယ်”

“ပြောလို့မရသေးဘူး”

သံသရဖူဆောင်းအဘိုးအိုက သူ၏ ခေါင်းကို ခါယမ်းလိုက်သည်။

“မဟာဧကရာဇ်တစ်ပါး ဖြစ်လာဖို့ဆိုတာ ရိုးရှင်းတဲ့ကိစ္စ မဟုတ်ဘူး”

“အထီးကျန်သိုင်းသခင်က အသန်မာဆုံး တိုက်ခိုက်ရည်ခွန်အားကို ပိုင်ဆိုင်ထားတယ်… ဒါပေမဲ့ သူက မဟာဧကရာဇ်တစ်ပါး ဖြစ်လာချင်မှ ဖြစ်လာလိမ့်မယ်… အတိအကျပြောရရင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ဘယ်အထွတ်အထိပ်ဧကရာဇ်ပညာရှင်မဆို မဟာဧကရာဇ် ဖြစ်လာနိုင်တယ်”

“အနည်းဆုံးတော့ သားရဲဧကရီသွေးလိပ်ပြာမှာလည်း မဟာဧကရာဇ်ဖြစ်လာမယ့် မြင့်မားတဲ့ အခွင့်အရေး ရှိနေတယ်”

ဝဝအဘိုးအိုက ရေရွတ်ပြောဆိုလိုက်၏။

“သူတို့နှစ်ယောက်က တာအိုလက်တွဲဖော်တွေပဲ… ဘယ်သူပဲ မဟာဧကရာဇ်ဖြစ်ဖြစ် သူတို့နှစ်ယောက် ပူးပေါင်းထားမယ်ဆိုရင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သူတို့က လုပ်ချင်ရာလုပ်လို့ ရနေလောက်ပြီ”

“အဲဒါက တကယ့်ကို မထင်မှတ်ထားတဲ့ အရာပဲ”

ပိန်ပိန်အဘိုးအိုက သက်ပြင်းချကာ ပြောလိုက်၏။

“သားရဲဧကရီ သွေးလိပ်ပြာက ပြိုင်စံရှား ရက်စက်ကြမ်းတမ်းတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်လာပြီလို့ ငါထင်နေတာ… သူ့ထက်ပိုပြီး ရက်စက်ကြမ်းတမ်းတဲ့ နောက်ထပ်လူတစ်ယောက် ပေါ်ထွက်လာလိမ့်မယ်လို့ ဘယ်သူက တွေးမိပါ့မလဲ”

ယုလန်က မေးလိုက်၏။

“သူတို့နှစ်ယောက်က အရမ်းကို စွမ်းအားကြီးမားကြတာပဲ… သူတို့တွေက တစ်ချိန်တည်းမှာ မဟာဧကရာဇ်တွေ ဖြစ်လာနိုင်ကြမှာလား”

“မဖြစ်နိုင်ဘူး”

သံသရဖူဆောင်းအဘိုးအိုက ခေါင်းခါပြလိုက်၏။

“မင်းတို့တွေက ဧကရာဇ်နယ်ပယ်ကို မရောက်သေးတဲ့အတွက် အဲဒါကို နားလည်မှာ မဟုတ်ဘူး… သမိုင်းတစ်လျှောက်မှာ ခေတ်တိုင်းခေတ်တိုင်း မဟာဧကရာဇ်တစ်ပါးပဲ ရှိခဲ့တယ်… မဟာဧကရာဇ်နှစ်ပါး အတူယှဉ်တွဲပေါ်ထွက်ခဲ့တယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး”

“မဟာဧကရာဇ်တစ်ပါး အသက်ရှင်နေပြီး သူ့ရဲ့တာအိုအမှတ်အသားက မပျက်စီးသေးသရွေ့ တခြားဘယ်သူကမှ မဟာဧကရာဇ် ဖြစ်လာနိုင်မှာ မဟုတ်ဘူး”

သူက တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား ဝဝအဘိုးအိုက တောင်ထွတ်သခင်ရှစ်ဦးကိုကြည့်ပြီး မေးလိုက်၏။

“မင်းတို့တွေ ဒီနှစ်တွေထဲ ဆူဇီမိုရဲ့သတင်း ရသေးလား”

လုယွင်နှင့် အခြားနှစ်ယောက်၏ အမူအရာက သုန်မှုန်သွားပြီး သူတို့၏ ခေါင်းများကို ခါယမ်းပြလိုက်ကြ၏။

သံသရဖူဆောင်းအဘိုးအိုမှာ တွေဝေရှုပ်ထွေးသော အမူအရာတစ်ခု ရှိနေ၏။

“ဆူဇီမိုက အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာရဲ့ မျိုးဆက်သွေးကို ပိုင်ဆိုင်ထားပြီး ပကတိဧကနယ်ပယ်မှာတင် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားကိုးခုကို နားလည်ဆင်ခြင်ခဲ့ပြီ… အဲဒါက တကယ့်ကို ထူးခြားအံ့မခန်းပဲ”

“သူ့ကို လုံလောက်တဲ့အချိန်ပေးထားမယ်ဆိုရင် သူက အနာဂတ်မှာ မဟာဧကရာဇ်တစ်ပါး ဖြစ်လာနိုင်တယ်”

“ဒါပေမဲ့ ဒီဘက်မျိုးဆက်မှာ အထီးကျန်သိုင်းသခင်နဲ့ တျဲယွဲ့တို့လို ပညာရှင်တွေက အရမ်းကို တောက်ပလွန်းတယ်… သူက ကောင်းကောင်းကြီးပြင်းမလာခင် မဟာဧကရာဇ်တစ်ပါး ပေါ်ထွက်လာမှာကို ငါစိုးရိမ်မိတယ်”

ကျယ်ပြော၍ အဆုံးမဲ့သော ကြယ်တာရာကောင်းကင်ထဲမှာ ထူးဆန်းသော အာကာသတွင်းနက်တစ်ခုက လွင့်မျောနေ၏။

မဟာအရိုင်းကမ္ဘာမှ တိုက်ပွဲသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ အတော်လေး အုန်းအုန်းကျက်ကျက် ဖြစ်သွားစေ၏။

ထူးဆန်းသော အာကာသတွင်းနက်ကသာ တိတ်ဆိတ်ငြိမ်သက်နေပြီး လောကနှင့် ပိုင်းခြားခံထားရ၏။

အာကာသတွင်းနက်ထဲမှာ ကောင်းကင်ဘုံသို့သွားရာလမ်း ရှိနေ၏။ ထိုလမ်း၏ အဆုံးမှာ နက်မှောင်နေသော ဧရာမကျောက်တိုင်တစ်တိုင်ကို စိုက်ထူထားလေသည်။

ကျောက်တိုင်၏ ဘေးပတ်လည်မှာ ကောင်းကင်လိုဏ်ဂူဘုရင် ၁၈ဦး ရှိနေ၏။

သူတို့ထဲမှ သုံးယောက်က ရှေ့ဆုံးမှာထိုင်ပြီး နက်မှောင်နေသော ကျောက်တိုင်ကို အလှည့်ကျ သန့်စင်မွမ်းမံနေကြ၏။

နှစ်ပေါင်း ၂၈၀ ကုန်ဆုံးသွားခဲ့သည်။

မျောက်ဘုရင် နီရဲပင်လယ်သည် စိတ်ပိုင်းဖြတ်ထားပြီး သူက ဤနေရာမှာ နှစ်ပေါင်းထောင်ချီ သို့မဟုတ် နှစ်ပေါင်းသိန်းချီ ကုန်ဆုံးရမည်ဆိုလျှင်တောင် တွေဝေတုံ့ဆိုင်းနေလိမ့်မည် မဟုတ်ပေ။

မဟာဧကရာဇ်လက်နက်က အဓိကမဟုတ်သေးပေ။

ပို၍အရေးကြီးသည်မှာ မဟာဧကရာဇ်လက်နက်ထဲတွင် မဟာဧကရာဇ်တိုက်ပွဲ၏ အမွေအနှစ်ကို ချန်ထားခဲ့ဖို့ အခွင့်များနေသည်။

တဗူးဂမ္ဘီရကျင့်စဉ်၊ တိုက်ပွဲအမှတ်အသား ရုပ်ပုံလွှာ…။

အထဲမှာ ပိတ်မိနေသောလူကလည်း အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာမျိုးဆက်သွေးကို ပိုင်ဆိုင်ထားပြီး ရှားရှားပါးပါး အဆုံးစွန်ရတနာတစ်ခုဖြစ်နေ၏။

နက်မှောင်နေသော ကျောက်တိုင်ထဲမှာ…

လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ကျော်က ဆူဇီမိုနှင့် မျောက်သည် တိုက်ပွဲအမှတ်အသားရုပ်ပုံလွှာ၏ အမွေအနှစ်ကို ရရှိထားခဲ့ပြီဖြစ်သည်။

မျောက်သည် လက်ချင်းဆက် နီညိုရောင်မျောက်ဝံမျိုးဆက်သွေး ပါဝင်သည့် သွေးကန်ထဲသို့ ဝင်ရောက်ပြီး အမွေအနှစ်၏ ဆေးကြောသန့်စင်မှုကို ခံယူနေ၏။

ဆူဇီမိုကတော့ သူသည် မဟာဧကရာဇ်တိုက်ပွဲ၏ အုတ်ဂူရှေ့မှာထိုင်ပြီး ကောင်းကင်လိုဏ်ဂူ၏ လျှို့ဝှက်ချက်များကို နားလည်ဆင်ခြင်နေသည်။

တကယ်တော့ နေ့နှင့်ညကုန်းမြေမှာတုန်းက သူသည် ပကတိဧကနယ်ပယ်သို့ ဝင်ရောက်လာသည့်အချိန်မှာပင် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ထပ်မံ၍တက်လှမ်းနိုင်သည့် အခွင့်အရေးတစ်ခုကို ရရှိထားခဲ့သည်။

သို့သော်လည်း အကျိုးအပြစ်ကို အတန်ကြာအောင် ချိန်ဆပြီးနောက် ဆူဇီမိုက ထိုခြေလှမ်းကို လှမ်းဖို့ မရွေးချယ်ခဲ့ပေ။

သူ၏ တာအိုသစ်သီးကို ပြီးပြည့်စုံသော နယ်ပယ်အထိ မကျင့်ကြံရသေးပေ။

ဒါ့အပြင် သူ့မှာ ရဲတင်း၍ ပို၍ပင် ရူးမိုက်သော အတွေးတစ်ခု ရှိနေ၏။

သူ့ကျင့်ကြံမှု၏ ဤအဆင့်အထိ ဖန်ဆင်းခြင်းကြာပဒုမ္မာခန္ဓာ၏ အကူအညီနှင့်အတူ သူသည် အင်မော်တယ်၊ ဗုဒ္ဓ၊ မိစ္ဆာနှင့် သားရဲတာအိုများကို ကျင့်ကြံထားနိုင်ခဲ့သည်။ တကယ်ဆို သူ၏ ခန္ဓာကိုယ်ထဲမှာ ဓမ္မတာအိုလေးခုသည် မည်သည့်ပဋိပက္ခမှ မရှိဘဲ သူတို့အားလုံးက သူ၏ ဖန်တီးမှု ဖြစ်လာခဲ့၏။

အင်မော်တယ်တာအိုမှာဆိုလျှင် သူရရှိထားသည့် တဗူးဂမ္ဘီရကျင့်စဉ်များသည် သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းနှင့် အထွတ်အထိပ်ကောင်းကင်ဘုံဓားကျင့်စဉ် ဖြစ်လေသည်။ ထိပ်တန်းအဆင့် ကျင့်ကြံရေးနည်းစနစ်များမှာတော့ သူသည် အဆင့်မြင့်ဂမ္ဘီရစိတ်ဝိညာဉ်ခုနစ်စဉ်ကြယ်အစစ်အမှန်သုတ္တန်နှင့် ဗလာနယ်မိုးကြိုးကျမ်းကဲ့သို့ ကျင့်ကြံရေးနည်းစနစ်များကို ရရှိထားလေသည်။

ဗုဒ္ဓတာအိုမှာဆိုလျှင် သူရရှိထားသည့် တဗူးဂမ္ဘီရကျင့်စဉ်သည် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန် ဖြစ်လေသည်။ ထိုကျင့်စဉ်အပြင် သူ့မှာ မဟာဝရဇိန်လှည်းဘီးချိပ်စည်းနှင့် မဟာမြင်းမိုရ်တောင်ချိပ်စည်းကဲ့သို့ လျှို့ဝှက်အတတ်များစွာလည်း ရှိနေ၏။

မိစ္ဆာတာအိုမှာဆိုလျှင် သူသည် တဗူးဂမ္ဘီရကျင့်စဉ် ကောင်းကင်သင်္ချိုင်းသုတ္တန်ကို ရရှိထားလေသည်။

သားရဲတာအိုမှာ သူသည် တျဲယွဲ့ သူ့အား သင်ကြားပေးထားသည့် မဟာအရိုင်းကမ္ဘာမှ သားရဲဘုရင် ၁၂ပါး၏ ဂမ္ဘီရကျင့်စဉ်နှင့်အတူ လေလောလတ်လတ် ကျင့်ကြံထားသော တိုက်ပွဲအမှတ်အသားရုပ်ပုံလွှာ ရှိနေ၏။ တကယ်ဆို သူသည် မိုးပြာနဂါး၊ ဟင်္သပဒါးငှက်၊ ကျားဖြူနှင့် မဟူရာကုန်းလိပ် အထွတ်အမြတ်တောကောင်တို့၏ လျှို့ဝှက်အတတ်များကိုလည်း အမွေဆက်ခံရရှိထား၏။

သူ၏ တာအိုသစ်သီးထဲမှာ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားကိုးခုက ပေါင်းစည်းနေလေသည်။

အနည်းဆုံးတော့ ပကတိဧကနယ်ပယ်မှာ သူသည် မနှိုင်းယှဉ်သာအောင် စွမ်းအားကြီးမားပြီး ပြိုင်ဘက်ကင်းနေပြီဖြစ်သည်။

ဆူဇီမိုသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ တက်လှမ်းဖို့ ပြင်ဆင်လိုက်၏။

သို့သော်လည်း သူသည် ကောင်းကင်လိုဏ်ဂူတစ်ခုကိုသာ စုဖွဲ့မည်မဟုတ်ပေ။ သူက ကောင်းကင်လိုဏ်ဂူငါးခုကို စုဖွဲ့တော့မည်ဖြစ်သည်။

အင်မော်တယ်ကောင်းကင်လိုဏ်ဂူ၊ ဗုဒ္ဓကောင်းကင်လိုဏ်ဂူ၊ သားရဲကောင်းကင်လိုဏ်ဂူ၊ အထွတ်အထိပ်ကောင်းကင်ဘုံဓားသင်္ချိုင်းနှင့် ယင်ယန်ကောင်းကင်လိုဏ်ဂူ….။

မိစ္ဆာတာအိုမှာ သူသည် တဗူးဂမ္ဘီရကျင့်စဉ်တစ်ခုကိုသာ ကျင့်ကြံထားပြီး အဲဒါက အတော်အတန် အားနည်းနေ၏။

အထွတ်အထိပ်ကောင်းကင်ဘုံဓားကျင့်စဉ်ကို ထပ်ပေါင်းခြင်းနှင့်အတူ ၎င်းသည် မိစ္ဆာတာအိုကို ကိုယ်စားပြုသည့် အထွတ်အထိပ်ဓားသင်္ချိုင်း ဖြစ်လာခဲ့၏။

သူသည် နေ့နှင့်ညကုန်းမြေမှာတုန်းက ဤအတွေးကို ရရှိထားခဲ့လေသည်။

သူသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ တက်လှမ်းသည့်အချိန်မှာ ကောင်းကင်လိုဏ်ဂူငါးခုကို စုဖွဲ့နိုင်မည်ဆိုလျှင် သူ၏ တိုက်ခိုက်ရည်ခွန်အားသည် သေချာပေါက် ဆပွားမြင့်တက်လာပြီး အလွန်တရာ ကြောက်စရာကောင်းသော အဆင့်တစ်ခုအထိ ရောက်ရှိလာပေလိမ့်မည်။

ရှေးဟောင်းခေတ်အဆက်ဆက်မှာ မည်သူကမှ ထိုသို့မပြုလုပ်ခဲ့ဖူးပေ။

ထိုသို့ပြုလုပ်ဖို့က မဖြစ်နိုင်သောကြောင့်လည်းဖြစ်၏။

ကောင်းကင်လိုဏ်ဂူငါးခုကို စုဖွဲ့ဖို့အတွက် လိုအပ်သော စွမ်းအားက အရမ်းကို ကြီးမားလေသည်။

သူ၏ တာအိုသစ်သီးကို အနှိုင်းမဲ့နတ်ဘုရားစွမ်းအားကိုးခုနှင့် ပေါင်းစည်းထားပြီး ပကတိအဆင့်အထိ ကျင့်ကြံထားခဲ့ပြီဖြစ်သည်။ ထွက်ပေါ်လာမည့် စွမ်းအားက အလွန်ဆုံး ကောင်းကင်လိုဏ်ဂူနှစ်ခုကို စုဖွဲ့ဖို့သာ သူ့ကို ကူညီပေးနိုင်ပေလိမ့်မည်။

ကောင်းကင်လိုဏ်ဂူငါးခုကို စုဖွဲ့ဖို့က တကယ့်ကို မဖြစ်နိုင်ပေ။

ဤနေရာသည် မဟာဧကရာဇ်တိုက်ပွဲ၏ ဂူသင်္ချိုင်းဖြစ်သည်ကို ရှာဖွေတွေ့ရှိသည့်အချိန်မှာ သူက ထိုမေးခွန်းအတွက် အဖြေကို တွေးမိလာခဲ့၏။

ယခု သူသည် နှစ်ပေါင်း ၁၀၀ကျော်အောင် အားဖြည့်စုဆောင်းထားပြီး သူသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ဝင်ရောက်မည့် အခွင့်အလမ်းကို နောက်တစ်ဖန် ဖမ်းဆုပ်မိလာခဲ့လေပြီ။

ဝုန်း…

ဒီတစ်ခါမှာ ဆူဇီမိုက တွေဝေတုံ့ဆိုင်းမနေတော့ပေ။

သူ၏ နှာရောင်ထဲကနေ တာအိုသစ်သီးက ပစ်လွင့်ထွက်ပေါ်ပြီး သူ့စိတ်ဝိညာဉ်အသိစိတ်၏ လှည့်ပတ်မှုအောက်မှာ ပေါက်ကွဲထွက်သွား၏။ မနှိုင်းယှဉ်သာအောင် ကြောက်စရာကောင်းသော စွမ်းအားတစ်ခုနှင့်အတူ ပေါက်ကွဲမှုသည် လေဟာနယ်ကို ချက်ချင်းပင် ဆုတ်ဖြဲပြီး မိုးကောင်းကင်ထက်ထိ ရောက်ရှိနိုင်သော ဧရာမ အာကာသတွင်းနက်တစ်ခုကို ထွက်ပေါ်လာစေ၏။

ဆူဇီမို၏ မျက်လုံးနှစ်ဖက်က ပြူးကျယ်၍ နီရဲနေ၏။ သူ့စိတ်ဝိညာဉ်အသိစိတ်၏ အကူအညီနှင့်အတူ သူသည် သိပ်သည်းပြင်းထန်သော စွမ်းအားကို ထိန်းချုပ်၍ လေဟာနယ်ထဲမှာ အာကာသတွင်းနက်ငါးခုအဖြစ် တဖြည်းဖြည်း ခွဲထုတ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေ၏။

ကြောက်စရာကောင်းသော စွမ်းအားတစ်ခု ထွက်ပေါ်လာခြင်းအပြင် အစက တာအိုသစ်သီးထဲမှာ ပေါင်းစည်းနေသော ဓမ္မတာအိုများအားလုံးကလည်း ထိုအခိုက်အတန့်မှာ ထွက်ပေါ်လာကြ၏။

ဆူဇီမိုသည် ဓမ္မတာအိုများကို လျင်မြန်စွာ ခွဲထုတ်ပြီး အင်မော်တယ်တာအိုကို ကိုယ်စားပြုသည့် ဓမ္မတာအိုများကို ပထမဆုံးကောင်းကင်လိုဏ်ဂူထဲသို့ ပို့လွှတ်လိုက်၏။

သူသည် ဗုဒ္ဓတာအိုကို ကိုယ်စားပြုသည့် ဓမ္မတာအိုများကို ဒုတိယမြောက် ကောင်းကင်လိုဏ်ဂူထဲသို့ ပို့လွှတ်လိုက်လေသည်။

ပထမဆုံးကောင်းကင်လိုဏ်ဂူနှစ်ခုသည် တာအိုသစ်သီးကနေ ထုတ်ဖော်ထားသည့် စွမ်းအားများအားလုံးနီးပါးကို စုပ်ယူပြီး တဖြည်းဖြည်း တည်ငြိမ်လာခဲ့၏။

သို့သော်လည်း ကျန်ရှိနေသော ကောင်းကင်လိုဏ်ဂူသုံးခုကို ထောက်ပံ့ပေးမည့် လုံလောက်သည့်ခွန်အား မကျန်ရှိတော့သည့်အတွက်ကြောင့် သူတို့သည် လဲပြိုကျတော့မည့် လက္ခဏာများ ပြသလာခဲ့ပြီ ဖြစ်လေသည်။

All Chapters