ဂုဏ်ကျက်သရေ
Vol. 203 Ch. 3042
မျောက်ဝံအိုကြီးသည် သူတို့နှစ်ယောက်ကို သတိပေးစကားတချို့ပြောဆိုပြီးနောက် နီညိုရောင်မျောက်ဝံကမ္ဘာသို့ ပြန်လာခဲ့သည်။
မျောက်သည် ဆူဇီမို၏ ရင်ထဲရှိ စိုးရိမ်ပူပန်မှုကို အာရုံခံမိပုံရပြီး မေးလိုက်၏။
“နဂါးကမ္ဘာမှာ မင်းရဲ့မိတ်ဆွေဟောင်းတစ်ဦး ရှိတယ်မလား”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
လုံရန်…
လုံရန်သည် ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက မွေးနီတစ္ဆေဖြစ်လေသည်။
ဆူဇီမိုသည် ထျန်ဟွမ်ကုန်းမြေတိုက်တွင် နောက်ဆုံးမှာ အထွတ်အထိပ်တွင် ရပ်တည်နိုင်ခဲ့သည့် ကြီးမားသည့် အကြောင်းအရင်း တစ်စိတ်တစ်ပိုင်းမှာ မွေးနီတစ္ဆေ၏ အကူအညီကြောင့်ဖြစ်လေသည်။ တကယ်ဆို ထိုသူက သူ့အသက်ကိုပင် ကယ်တင်ပေးခဲ့ဖူးသည်။
တကယ်တမ်းမှာ နဂါးဖီးနစ်အစစ်အမှန်ခန္ဓာ၏ တည်ရှိမှုကလည်း မွေးနီတစ္ဆေ၏ ကျေးဇူးဖြင့် ဖြစ်ပေါ်လာခဲ့ခြင်းပင်။
ဆူဇီမိုသည် လုံရန်ကို မွေးနီတစ္ဆေဟု မကြာခဏ ခေါ်ဆိုခဲ့လေသည်။ သို့သော်လည်း တကယ်တမ်းမှာ သူသည် ထိုသူအပေါ် ရိုသေလေးစားမှု ရှိလေသည်။
ဆူဇီမို၏ ရင်ထဲမှာ လုံရန်သည် ဆရာတစ်ယောက်၊ ဖခင်တစ်ယောက်လို ဖြစ်ခဲ့၏။ သူသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ မိတ်ဆွေဟောင်းတစ်ဦးမျှသာ မဟုတ်ပေ။
ထို့ကြောင့် သူသည် နဂါးအသူတရာချောက်နက်ကြယ်မှာ လုံလီနှင့် တွေ့ဆုံခဲ့စဉ်က သူသည် မွေးနီတစ္ဆေအကြောင်း စတင်မေးမြန်းခဲ့ပြီး ထိုသူကို ဂရုစိုက်ပေးဖို့ လုံလီကို မှာကြားခဲ့လေသည်။
သူသည် ဤတစ်ခေါက် ဓားကမ္ဘာကနေ ထွက်ခွာလာသည့်အခါ သူရှာဖွေဖို့ ပထမဆုံးတွေးမိသည့်လူမှာ မျောက်ဖြစ်လေသည်။ ဒုတိယက မွေးနီတစ္ဆေဖြစ်သည်။
ညဝိညာဉ်၏ ဘယ်ဆီဘယ်ဝယ်က မသိရဘဲ သူ့ကို ရှာဖွေဖို့က မဖြစ်နိုင်သေးပေ။
ယွင်ကျူးသည် ယွင်ထင်နှင့် အမြဲတမ်း အဆက်အသွယ်ရှိပြီး ယွင်ထင်ထံကနေတစ်ဆင့် ရှောင်းနင်၏ အခြေအနေကို ဆူဇီမိုက သိရှိထားလေသည်။
ရှောင်းနင်သည် လက်ရှိကောင်းကင်ဘုံကမ္ဘာ၏ နတ်ဆေးမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ ရှိနေပြီး သူမ၏ အခြေအနေက အဆင်ပြေချောမွေ့နေ၏။
ဆူဇီမိုက သူမကို လွမ်းဆွတ်သတိရနေသော်လည်း သူက သိပ်ပြီးစိုးရိမ်မနေပေ။ တစ်နေ့မှာ သူသည် အငြိုးအတေးတချို့ကို လက်စသတ်ဖို့အတွက် ကောင်းကင်ဘုံကမ္ဘာသို့ ပြန်သွားရပေလိမ့်မည်။
မွေးနီတစ္ဆေကတော့… သူ့ကို နဂါးကမ္ဘာမှ လုံလီက ဂရုစိုက်ပေးနေသော်လည်း သူသည် နဂါးများနှင့် ဖီးနစ်များ၏ တိုက်ပွဲကြားမှာ ရောက်ရှိနေမည်ဆိုလျှင် သူ့လိုမျိုး ကောင်းကင်အမြုတေတစ်ဦးက အချိန်မရွေး သေဆုံးသွားနိုင်သည်။ ထိပ်တန်းကမ္ဘာကြီးများကြား စစ်ပွဲတစ်ခုသည် ကြီးမားသော မတည်ငြိမ်မှုတစ်ခုကို ဖြစ်ပေါ်လာစေပေလိမ့်မည်။
ယခု နဂါးများနှင့် ဖီးနစ်များ၏ တိုက်ပွဲက အရမ်းကို ပြင်းထန်ကြမ်းတမ်းလာသည်ဟု သူကြားသိရပြီး မွေးနီတစ္ဆေ၏ အခြေအနေကို သူက ပို၍ပင် စိုးရိမ်ပူပန်လာ၏။
မျောက်သည် ဆူဇီမို၏ ရင်ထဲမှာ မွေးနီတစ္ဆေ၏ အဆင့်အတန်းကို သိရှိထားလေသည်။
“နဂါးကမ္ဘာကို သွားကြတာပေါ့… ငါ အရင်တုန်းက ကမ္ဘာစစ်တစ်ခုကို တစ်ခါမှ မတွေ့မြင်ဖူးဘူး… အဲဒါ ငါ့ရဲ့အမြင်အာရုံကို ချဲ့ထွင်ပြီး ငါ့ရဲ့နည်းလမ်းတွေကို စမ်းသပ်ကြည့်ဖို့ ကောင်းမွန်တဲ့ အခွင့်အလမ်းတစ်ရပ်ပဲ”
“ဟုတ်ပြီလေ… ငါတို့ နဂါးကမ္ဘာကို သွားကြမယ်”
ဆူဇီမိုက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ဒါပေမဲ့ နဂါးတွေနဲ့ ဖီးနစ်တွေကြား ကမ္ဘာစစ်ပွဲမှာ ငါတို့တွေ ဝင်ပါမှာမဟုတ်ဘူး… ဖြစ်နိုင်ရင် ငါတို့က မွေးနီတစ္ဆေကို တစ်ခါတည်း ခေါ်ထုတ်သွားမယ်”
နဂါးများနှင့် ဖီးနစ်များ၏ တိုက်ပွဲသည် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး သူက အကြောင်းအရင်းကို လုံးဝမသိရှိပေ။
ဒါ့အပြင် ကမ္ဘာများကြား တိုက်ပွဲက ဤအဆင့်အထိ ရောက်ရှိလာခဲ့ပြီး နှစ်ဦးနှစ်ဖက်မှာ ဧကရာဇ်ပညာရှင်များပင် သေဆုံးထားခဲ့သည်ဆိုမှတော့ အခြေအနေက ညှိနှိုင်းဆွေးနွေးလို့ မရနိုင်တော့ပေ။
ဆူဇီမိုသည် သူ့အခြေအနေကိုသူ သိရှိထားဆဲဖြစ်၏။ အနည်းဆုံးတော့ သူ၏ လက်ရှိကျင့်ကြံမှုနယ်ပယ်အရ သူသည် ဤကဲ့သို့ ကမ္ဘာစစ်တစ်ခုမှာ ပါဝင်မည်ဆိုလျှင် သူက အလုံးစုံ အခြေအနေအပေါ် သက်ရောက်မှုရှိစေလိမ့်မည် မဟုတ်ပေ။
သူသည် ဤတစ်ခေါက် နဂါးကမ္ဘာသို့ သွားရောက်ခြင်းမှာ ရည်ရွယ်ချက်တစ်ခုသာ ရှိလေသည်။ မွေးနီတစ္ဆေကို အန္တရာယ်ကြားကနေ ခေါ်ထုတ်လာရန်ဖြစ်သည်။
မျောက်ဝံအိုကြီးသည် အလွန်တရာ မြန်ဆန်သော အလျင်အဟုန်ဖြင့် အာကာသဥမင်ထဲကနေ ဖြတ်သန်းလာနေ၏။
သူ အပြင်သို့ ထွက်လာခဲ့သည်မှာ အတော်အတန် ကြာသွားခဲ့ပြီဖြစ်သည်။ မြင်းမျောက်ဧကရာဇ်နှစ်ဦး ပြန်ရောက်မလာခင် သူက နီညိုရောင်မျောက်ဝံကမ္ဘာကို ပြန်ရောက်အောင် သွားရပေမည်။
မျောက်ဝံအိုကြီးသည် မည်သို့ပင်ဆိုစေ အထွတ်အထိပ်ဧကရာဇ်တစ်ဦးဖြစ်ပြီး လေးနာရီမကြာခင် နီညိုရောင်မျောက်ဝံကမ္ဘာသို့ ပြန်လည်ရောက်ရှိသွားသည်။
သူက လိုဏ်ဂူခန်းဝါရှေ့သို့ ဆင်းသက်လိုက်သည့်ခဏမှာပင် အခြားသော နီညိုရောင်မျောက်ဝံဧကရာဇ်တစ်ဦးက အလွန်တရာ တုန်လှုပ်နေသော အမူအရာနှင့်အတူ သူ့ကို ကြိုဆိုလိုက်၏။ သူက အသံနှိမ့်ကာ ပြောလိုက်၏။
“လောကအရှင်… ကြီးကြီးမားမားကိစ္စတစ်ခု ဖြစ်သွားတယ်”
မျောက်ဝံအိုကြီးက ရင်ထဲမှာ နင့်ခနဲဖြစ်သွားပြီး အလောတကြီး မေးလိုက်၏။
“ဟိုမြင်းမျောက်နှစ်ကောင် ပြန်ရောက်နေပြီလား”
“မဟုတ်ဘူး”
နီညိုရောင်မျောက်ဝံဧကရာဇ်က သူ့ဦးခေါင်းကို ခါယမ်းပြီး တံတွေးကို အလျင်စလို မျိုချကာ ပြောလိုက်၏။
“သူတို့တွေ ပြန်လာမှာ မဟုတ်လောက်တော့ဘူး”
“ဟမ်”
မျောက်ဝံအိုကြီးက မျက်မှောင်ကြုတ်လိုက်၏။ သူသည် ထိုစကားကို မကြာသေးခင်ကမှ ကြားဖူးထားပုံရလေသည်။
“အဲဒါ ဘာအဓိပ္ပာယ်လဲ”
မျောက်ဝံအိုကြီးက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
နီညိုရောင်မျောက်ဝံဧကရာဇ်က သွားဖြီးကာ ပြောလိုက်၏။
“မဟာအရိုင်းကမ္ဘာမှာ ကြီးမားတဲ့တိုက်ပွဲတစ်ခု ဖြစ်သွားခဲ့တယ်… မွန်မြတ်ကောင်းကင်ဘုံကမ္ဘာနဲ့ သူတို့ကို နောက်ခံပေးထားတဲ့ အဖွဲ့အစည်းက သားရဲဧကရီ သွေးလိပ်ပြာကို သတ်ဖြတ်ဖို့အတွက် ဧကရာဇ်ပညာရှင် ၁၀၀ ကို ဦးဆောင်လာခဲ့တယ်”
“အဲဒါကို ငါသိသားပဲ”
မျောက်ဝံအိုကြီးက အနည်းငယ် စိတ်မရှည်ဖြစ်နေပြီး ဖြတ်ပြောလိုက်၏။
“ဟိုမြင်းမျောက်နှစ်ကောင်ကလည်း ထွက်သွားတာပဲ… သားရဲဧကရီ သွေးလိပ်ပြာက ပြိုင်ဘက်ကင်းတယ်ဆိုပေမယ့် သူက ဧကရာဇ် ၁၀၀ ကိုတော့ ခုခံနိုင်မှာမဟုတ်ဘူး… သူက သေချာပေါက် သေရလိမ့်မယ်… သူတို့တွေက ပြန်မလာတော့ဘူးဆိုတဲ့ မင်းစကားက ဘာအဓိပ္ပာယ်လဲ”
“လောကအရှင်… ခင်ဗျားပြောတာ မှားနေတယ်”
ထိုအကြောင်းကို ပြောဆိုချိန်မှာ နီညိုရောင်မျောက်ဝံဧကရာဇ်က အလွန်တရာ စိတ်လှုပ်ရှားတက်ကြွလာပုံရပြီး တုန်ယင်သောအသံဖြင့် ပြောလိုက်၏။
“မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရဲ့ ဧကရာဇ်ပညာရှင် ၁၀၀ထဲ ထက်ဝက်ကျော်က သေဆုံးပြီး သူတို့က အရှက်တကွဲရှုံးနိမ့်မှုနဲ့ ပြန်ရောက်လာကြတယ်”
“ဘာဖြစ်တယ်”
မျောက်ဝံအိုကြီးက တုန်လှုပ်သွားပြီး အံ့အားတသင့် ပြောလိုက်၏။
“သွေးလိပ်ပြာက မဟာဧကရာဇ်တစ်ပါး ဖြစ်လာပြီလား”
မျောက်ဝံအိုကြီးက လွှတ်ခနဲပြောလိုက်ပြီးနောက် ထိုစကားကို ချက်ချင်းပင် ပယ်ချလိုက်၏။
“မဟုတ်သေးဘူး… မဖြစ်နိုင်ဘူး… မဟာဧကရာဇ်တစ်ပါးဖြစ်လာပြီးရင် နိမိတ်ဖြစ်စဉ်တစ်ခု သေချာပေါက် ပေါ်ထွက်လာလိမ့်မယ်… မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေအားလုံးကလည်း အဲဒါကို အာရုံခံမိလိမ့်မယ်”
“အဲဒါ အထီးကျန်သိုင်းသခင်ပဲ”
နီညိုရောင်မျောက်ဝံဧကရာဇ်က ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်က အချိန်မီပြန်ရောက်လာပြီး ဧကရာဇ်ပညာရှင် ၁၀၀ကို တစ်ယောက်တည်း ဖိနှိမ်ခဲ့တယ်… သူက ပြိုင်ဘက်ကင်းနေပြီး အထွတ်အထိပ်ဧကရာဇ်ပညာရှင် ၁၀ဦးကျော်တောင်မှ သေဆုံးခဲ့ရတယ်… ဟိုမြင်းမျောက်နှစ်ကောင်ကလည်း အထီးကျန်သိုင်းသခင်ရဲ့ လက်ထဲမှာ သေသွားရတယ်”
မျောက်ဝံအိုကြီးက ထိုစကားကို ကြားသောအခါ သူက အလိုလိုပါးစပ်အဟောင်းသားနှင့် မျက်လုံးအပြူးသား ဖြစ်သွားလေသည်။ သူ၏ စိတ်ခံစားချက်များက ရောထွေးလာပြီး သူက အတန်ကြာသည်အထိ သူ၏ စိတ်ကို မငြိမ်သက်စေနိုင်ပေ။
ဧကရာဇ်ပညာရှင် ၁၀၀ထဲ ထက်ဝက်ကျော်က သေဆုံးသွားခဲ့လေသည်။
အထွတ်အထိပ်ဧကရာဇ် ၁၀ ဦးကျော်ပင်လျှင် သေဆုံးခဲ့ရသည်။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက အရှက်တကွဲ ရှုံးနိမ့်ခဲ့ရ၏။
ဒါ့အပြင် သူတို့က ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခဲ့ခြင်းပင်။
တစ်ဖက်မှာတော့ အထီးကျန်သိုင်းသခင် ပြသခဲ့သော ကြောက်စရာကောင်းသည့် တိုက်ခိုက်ရည်ခွန်အားမှာ မျောက်ဝံအိုကြီးကို တုန်လှုပ်နေ၏။
တစ်ဖက်မှာတော့ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသည် ဆိုးဆိုးဝါးဝါးရှုံးနိမ့်ပြီး မြင်းမျောက်ဧကရာဇ်နှစ်ဦးက သေဆုံးသွားသည့်အတွက် သူက ဖော်မပြတတ်သော ဝမ်းသာအားရမှုတစ်ခုကို ခံစားနေရ၏။
သူ နှစ်ပေါင်းများစွာ မျိုသိပ်ထားခဲ့ရသည့် စိတ်ခံစားချက်များအားလုံးက ထိုအခိုက်အတန့်မှာ ပွင့်ထွက်လာသည့်အလားပင်။
“ကောင်းတယ်ကွာ… ကောင်းလိုက်တာ…..”
အတန်ကြာပြီးနောက် မျောက်ဝံအိုကြီးက ကောင်းလိုက်တာဟူသော စကားကိုသာ ထပ်တလဲလဲ ရေရွတ်နေ၏။
“အဲဒါတင်မကဘူး”
နီညိုရောင်မျောက်ဝံဧကရာဇ်က ဆက်ပြောလိုက်သည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ကျော်က ယွမ်ဟွမ်နဲ့ ဟိုဓားကျင့်ကြံသူနောက်ကို လိုက်သွားတဲ့ မျောက်ဘုရင်နီရဲပင်လယ်နဲ့ တခြားသူတွေက ဒီနှစ်တွေထဲမှာ ပြန်ရောက်မလာခဲ့ကြဘူး”
“မကြာသေးခင်တုန်းက အဲဒီ ဘုရင် ၁၈ ဦးရဲ့ ဝိညာဉ်စာလိပ်တွေက ကြေမွသွားပြီဆိုတဲ့သတင်း မြင်းမျောက်မျိုးရိုးဘက်ကနေ ထွက်ပေါ်လာတယ်”
မျောက်ဝံအိုကြီး၏ မျက်လုံးက ဝင်းလက်သွား၏။ ဝိညာဉ်စာလိပ်များ ကြေမွပျက်စီးသွားခြင်းသည် ထိုကောင်းကင်လိုဏ်ဂူဘုရင် ၁၈ ဦးက သေဆုံးသွားပြီဟု ဆိုလိုလေသည်။
စောစောက မျောက်သည် သူတို့၏ အခြေအနေနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း များစွာမပြောဆိုခဲ့ပေ။
သူတို့နှစ်ယောက်သည် အာကာသတွင်းနက်ထဲမှာ နှစ် ၂၀၀ကျော်ကြာအောင် ပိတ်မိနေခဲ့ပြီး အကြောင်းအခွင့်တိုက်ဆိုင်စွာဖြင့် မဟာဧကရာဇ်တိုက်ပွဲ၏ အမွေအနှစ်ကို ရရှိခဲ့သည်ဟုသာ သူက ပြောဆိုခဲ့လေသည်။
မျောက်ဘုရင် နီရဲပင်လယ်နှင့် အခြားသူများသည် သူတို့နှင့် လမ်းလွဲသွားသည်ဟု မျောက်ဝံအိုကြီးက တွေးပြီး ထပ်မံ၍ မမေးမြန်းခဲ့ပေ။
ထိုမြင်းမျောက်ဘုရင် ၁၈ဦးက သေဆုံးသွားသည်ကို ယခုအခါမှာသာ သူက သိရှိလိုက်ရ၏။
ဖြစ်ပွားခဲ့သော အချိန်အရ မြင်းမျောက်ဘုရင်နီရဲပင်လယ်နှင့် အခြားသူများ၏ သေဆုံးမှုသည် မျောက်နှင့်ဆူဇီမိုနှင့် ပတ်သက်ဆက်စပ်မှု ရှိနိုင်မလား။
မဖြစ်နိုင်ပေ။
ဆူဇီမို၏ အော်ရာအရ သူသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ဝင်ရောက်ခါစ ဖြစ်သည်။ သူသည် မြင်းမျောက်ဘုရင်နီရဲပင်လယ်နှင့် အခြားဘုရင် ၁၇ ဦးကို ဘယ်လိုလုပ် သတ်ဖြတ်နိုင်ပါ့မလဲ။
ကြားထဲမှာ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ရပေမည်။
မျောက်ဝံအိုကြီးက သူ၏ ခေါင်းကို ညင်သာစွာခါပြီး ထိုအကြောင်းကို ထပ်မံ၍ မစဉ်းစားတော့ပေ။
မည်သို့ပင်ဆိုစေ မဟာအရိုင်းကမ္ဘာမှ တိုက်ပွဲနှင့်ယှဉ်လျှင် မြင်းမျောက်ဘုရင် ၁၈ဦး၏ သေဆုံးမှုက မပြောပလောက်ပေ။
ထိုအခိုက်အတန့်မှသာ ဆူဇီမို၏ ယခင်စကားအဓိပ္ပာယ်ကို သူက နားလည်သဘောပေါက်လိုက်၏။
“ဟမ်…”
ရုတ်တရက်ဆိုသလို….
မျောက်ဝံအိုကြီးအမူအရာက ပြောင်းလဲသွားလေသည်။
တစ်စုံတစ်ရာ လွဲမှားနေသည်။
မျောက်ပြောပုံအရ သူတို့နှစ်ယောက်သည် အာကာသတွင်းနက်ထဲမှာ နှစ် ၂၀၀ ကျော်ကြာအောင် ပိတ်မိနေပြီး ထိုအချိန်ကမှ ထွက်ခွာလာခဲ့လေသည်။ ဆူဇီမိုသည် မြင်းမျောက်ဧကရာဇ်နှစ်ဦး၏ သေဆုံးမှုနှင့် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ ဆိုးဆိုးဝါးဝါးရှုံးနိမ့်မှုအကြောင်း ဘယ်လိုလုပ် သိရှိနိုင်ပါ့မလဲ။
မျောက်ဝံအိုကြီးက တွေဝေရှုပ်ထွေးစွာဖြင့် မျက်မှောင်ကြုတ်လိုက်၏။
“ဧကရာဇ်တွေ ဘုရင်တွေက တစ်ယောက်ပြီးတစ်ယောက် သေဆုံးပြီး မြင်းမျောက်မျိုးရိုးက ဖရိုဖရဲဖြစ်နေပြီ… မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရဲ့ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်မှုနဲ့ဆိုလျှင် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက သူတို့တွေကို ဆက်ပြီးဂရုစိုက်မှာ မဟုတ်တော့ဘူး”
နီညိုရောင်မျောက်ဝံဧကရာဇ်က ပြုံး၍ပြောလိုက်၏။
ထိုအကြောင်းကို ပြောဆိုချိန်မှာ မျောက်ဝံအိုကြီးမျက်လုံးထဲတွင် သွေးနီရောင်အလင်းတစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။
“ငါတို့တွေ ဒီအခွင့်အလမ်းကို အသုံးချပြီး အဲဒီမြင်းမျောက်အုပ်စုနဲ့ စာရင်းရှင်းရမယ်”
မျောက်ဝံအိုကြီးက အေးစက်နေသော လေသံဖြင့် ဖြည်းဖြည်းချင်းပြောလိုက်၏။ သူ၏ အိုမင်းရင့်ရော်နေသော အော်ရာကလည်း ပျောက်ကွယ်သွားလေသည်။
ဤအခွင့်အလမ်းကနေတစ်ဆင့် မျောက်ဝံအိုကြီး၏ အစွမ်းအစနှင့် နည်းလမ်းများနှင့်အတူ သူသည် နီညိုရောင်မျောက်ဝံကမ္ဘာကို နောက်တစ်ဖန်ထိန်းချုပ်ပြီး မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ စောင့်ကြည့်မှုနှင့် ကန့်သတ်မှုများကနေ လွတ်မြောက်နိုင်ပေမည်။
သို့သော်လည်း မျောက်ဝံအိုကြီးသည် မျောက်ကို ပြန်မခေါ်ချင်သေးပေ။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ကစဉ့်ကလျားများက ပေါ်ထွက်လာခဲ့ပြီး ကြီးမားသော တိုက်ပွဲတစ်ခုက စတင်ဖြစ်ပွားတော့ပေမည်။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာက သူသည် သူ၏ ဂုဏ်သိက္ခာကို ချနင်းပြီး မွန်မြတ်ကောင်းကင်ဘုံကမ္ဘာထံ ဦးညွှတ်ခဲ့ရ၏။
ဤတစ်ခေါက်မှာ သူသည် သူ၏ ခေါင်းကိုမော့ထားပြီး ဘယ်တော့မှ ဦးညွှတ်တော့မည် မဟုတ်ပေ။
ကောင်းကင်နှင့်မြေကြီးနှင့် ဆန့်ကျင်ကာ အနိုင်မခံ အရှုံးမပေးဘဲ တိုက်ခိုက်ခြင်း…
ဤသည်ကား နီညိုရောင်မျောက်ဝံမျိုးနွယ်၏ ဂုဏ်ကျက်သရေဖြစ်သည်။
သူရှုံးနိမ့်သွားမည်ဆိုလျှင် မျောက်သည် နီညိုရောင်မျောက်ဝံကမ္ဘာ၏ အနာဂတ်မျှော်လင့်ချက် ဖြစ်လာပေလိမ့်မည်။