← Chapters

ဆူကျူးအလည်လာတယ်

Vol. 203 Ch. 3043

ဆူကျူးအလည်လာတယ်

Vol. 203 Ch. 3043

နဂါးများနှင့် ဖီးနစ်များ၏ တိုက်ပွဲက နှစ်ပေါင်းများစွာကြာမြင့်ခဲ့၏။

တိုက်ပွဲ၏ အစမှာ သေးငယ်သော ပဋိပက္ခများသာရှိခဲ့သော်လည်း သိပ်မကြာခင် တိုက်ပွဲက အရှိန်အဟုန်မြင့်တက်လာပြီး လျင်မြန်စွာကျယ်ပြန့်ကာ ကမ္ဘာပေါင်းရာချီနှင့်အခြားသော ထိပ်တန်းကမ္ဘာကြီးများပင် ပါဝင်ပတ်သက်လာရ၏။

အစမှာ တိုက်ပွဲက မျှခြေတွင်ရှိနေခဲ့၏။ အချိန်ကြာလာသည်နှင့်အမျှ နဂါးကမ္ဘာဘက်မှာရပ်တည်သော အမျိုးမျိုးသော မျိုးနွယ်များမှ ပညာရှင်များ၏ အရေအတွက်က လျော့ကျလာခဲ့ပြီး အခြေအနေက တဖြည်းဖြည်းပြောင်းလဲလာခဲ့၏။

နဂါးမျိုးနွယ်သည် ရှုံးနိမ့်တော့မည့်လက္ခဏာများ တဖြည်းဖြည်းပြသလာခဲ့၏။

အရင်တုန်း သူတို့သိမ်းပိုက်အုပ်စိုးထားသည့် ကမ္ဘာကြီးတချို့နှင့် ကမ္ဘာငယ်တချိုကလည်း သူတို့၏ ထိန်းချုပ်မှုကနေ လွတ်ထွက်လာခဲ့၏။

သူတို့သည် နေကာသစ်ပင်ကမ္ဘာသို့ ဝင်ရောက်ခြင်း သို့မဟုတ် နှုတ်ထွက်ခြင်းများ ပြုလုပ်လာကြ၏။

သွေးကမ္ဘာကဲ့သို့ ထိပ်တန်းကမ္ဘာကြီးများက တိုက်ပွဲမှာပါဝင်လာပြီး မကြာသေးခင်နှစ်များမှာ မြင့်မားတိုးတက်လာသော အုတ်ဂူကမ္ဘာ၊ အဆိပ်ကမ္ဘာနှင့် အရိုးဖြူကမ္ဘာကဲ့သို့ စွမ်းအားကြီးမားသော ကမ္ဘာများက နေကာသစ်ပင်ကမ္ဘာဘက်မှာ ရပ်တည်လာကြ၏။

နဂါးမျိုးနွယ်သည် တစ်လှမ်းပြီးတစ်လှမ်းနောက်သို့ ဆုတ်ပေးလာရလေသည်။ တကယ်ဆို နှစ်ဦးနှစ်ဖက် ကြီးမားစွာ သေကြေပျက်စီးထိခိုက်ဆုံးရှုံးခဲ့သော ဧကရာဇ်အဆင့် တိုက်ပွဲတစ်ပွဲပင် ရှိခဲ့လေသည်။ သို့သော်လည်း နဂါးမျိုးနွယ်၏ အရေအတွက်နည်းပါးမှုနှင့် သူတို့မှာ အကူများစွာမရှိသည့်အတွက်ကြောင့် ဤတစ်ခေါက် ရှုံးနိမ့်မှုသည် နဂါးမျိုးနွယ်အပေါ် ပို၍ပင်ကြီးမားသည့် ဆုံးရှုံးမှုတစ်ရပ်ဖြစ်လာခဲ့၏။

နဂါးကမ္ဘာမှ ဦးချိုနဂါးပိုင်နယ်နယ်မြေ၊ အပြာရောင်နဂါးပိုင်နက်နယ်မြေ၊ ဦးချိုမဲ့နဂါးပိုင်နက်နယ်မြေ၊ မီးပဒေသာနဂါးပိုင်နက်နယ်မြေနှင့် တောင်ပံနဂါးပိုင်နက်နယ်မြေတို့ရှိလေသည်။ နဂါးပိုင်နက်နယ်မြေငါးခုက ချိတ်ဆက်နေပြီး စွမ်းအားကြီးမားသော ရစ်ခွေနဂါးဝင်္ကပါတစ်ခုအဖြစ် စုဖွဲ့ထားလေသည်။

ယခုအချိန်မှာ နဂါးများအားလုံးသည် နဂါးကမ္ဘာသို့ ပြန်လည်ရောက်ရှိလာပြီး ဤဝင်္ကပါနှင့်အတူ ခုခံနေရသည်။

ဆူဇီမိုနှင့် မျောက်သည် ခရီးထွက်လာကြပြီး လမ်းတစ်လျှောက်မှာ နဂါးများနှင့် ဖီးနစ်များ၏ တိုက်ပွဲနှင့်ပတ်သက်သည့် သတင်းအချက်အလက်များစွာကို ကြားသိခဲ့ရ၏။

သူတို့နှစ်ယောက်သည် တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်သည့် ကောလာဟလများစွာကိုလည်း ကြားခဲ့ရ၏။

ဤနေ့မှာ..။

ကြယ်တာရာကောင်းကင်မြေပုံ၏ လမ်းညွှန်မှုအရ ဆူဇီမိုနှင့် မျောက်သည် နဂါးကမ္ဘာအနီးနားသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ သူတို့သည် သူတို့၏ အာကာသဥမင်ထဲကနေ ထွက်ခွာလိုက်ကြ၏။

ကြယ်တာရာကောင်းကင်ထဲသို့ သူတို့ရောက်ရှိလာသည့်ခဏမှာပင် သန်မာသော သွေးရနံ့က ပျံ့လွင့်လာပြီး အဲဒါက မွန်းကျပ်ဖွယ်ရာကောင်းနေ၏။

သူတို့နှစ်ယောက်သည် လှည့်ပတ်ကြည့်ရှုလိုက်ပြီး ရင်တစ်ချက်ထိတ်သွားသည်။

သူတို့ကြည့်လေရာနေရာတိုင်းမှာ ကျိန်းစပ်နေသော သွေးနီရောင်က ရှိနေ၏။

နေရာတိုင်းမှာ သွေးကရှိနေပြီး မူလကြယ်တာရာကောင်းကင်၏ အရောင်ကို မတွေ့မြင်ရတော့ပေ။

အရင်တုန်းက ဓားကမ္ဘာမှ လူတိုင်းနှင့်အတူ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ ပထမဆုံးအကြိမ်သွားရောက်ရာ ခရီးစဉ်မှာ ဆူဇီမိုသည် ခုနှစ်စင်ကြယ်ဓားကမ္ဘာ၏ ဖျက်ဆီးခံရမှုနှင့် ဘီလီယံနှင့်ချီသော သက်ရှိများ၏ သေကြေပျက်စီးမှုကို မြင်တွေ့ခဲ့ရလေသည်။ သူတို့၏ သွေးများက သိပ်သည်းစုဖွဲ့ပြီး ကြယ်တာရာကောင်းကင်ထဲမှာ အလွန်တရာတုန်လှုပ်စရာကောင်းသော သွေးမြစ်တစ်စင်းကို ဖြစ်ပေါ်လာစေ၏။

သို့သော် ယခု ကျယ်ပြောသော ကြယ်တာရာကောင်းကင်က အဆုံးမဲ့သွေးပင်လယ်အဖြစ် နီစွေးသွားခဲ့ပြီဖြစ်သည်။

“ဒီနေရာမှာ လူတွေဘယ်လောက်တောင် သေခဲ့ရတာလဲ”

မျောက်က ပင့်သက်ကိုရှိုက်ကာ ပြောလိုက်၏။

မည်သို့ပင်ဆိုစေ ဆူဇီမိုသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ လှည့်ပတ်သွားလာခဲ့ပြီး အစစ်အမှန်ခန္ဓာနှစ်ခု၏ ဗဟုသုတက အခြားသူများထက် သာလွန်လေသည်။

သို့သော်လည်း မျောက်သည် တက်လှမ်းလာပြီးကတည်းက နီညိုရောင်မျောက်ဝံကမ္ဘာမှာ တစ်ချိန်လုံးနေထိုင်ခဲ့ပြီး ဤကဲ့သို့သောမြင်ကွင်းတစ်ခုကို ဘယ်တုန်းကမှ မတွေ့မြင်ဖူးခဲ့ပေ။

သူတို့နှစ်ယောက်သည် နေ့တစ်ဝက်နီးပါးကြာအောင် ရှေ့သို့လျှောက်လှမ်းလာစဉ် သူတို့၏ ခြေဖဝါးအောက်မှာရှိသော ကြယ်တာရာကောင်းကင်က သွေးများဖြင့် နီရဲနေဆဲဖြစ်၏။ အရင်တုန်းကတိုက်ပွဲက ဘယ်လောက်တောင် ချောက်ချားစရာကောင်းခဲ့သလဲ စဉ်းစားကြည့်နိုင်၏။

ဤသည်မှာ ထိပ်တန်းကမ္ဘာကြီးများကြား တိုက်ပွဲတစ်ခုဖြစ်လေသည်။

ဤကဲ့သို့သော အဆုံးမဲ့သွေးပင်လယ်တစ်စင်းဖြစ်ပေါ်လာစေရန် မရေမတွက်နိုင်သော သက်ရှိများက သေကြေခဲ့ရပေလိမ့်မည်။

“နှစ်ဦးနှစ်ဖက်ကြားတိုက်ပွဲက အတော်ကို ပြင်းထန်ကြမ်းတမ်းနေတာပဲ”

မျောက်က လျှောက်လှမ်းလာစဉ် တီးတိုးရေရွတ်လိုက်၏။

ဒီလိုမျိုးအခြေအနေမှာ တိုက်ပွဲနယ်မြေမှာ အလောင်းတွေက ရှိမနေတော့ဘူး… ပြတ်တောက်သွားတဲ့ခြေလက်တွေကိုတောင်မှ သိပ်မမြင်ရဘူး”

ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။

ယေဘုယျအားဖြင့်ပြောရလျှင် တိုက်ပွဲတစ်ပွဲအပြီးမှာ လူများသည် တိုက်ပွဲကွင်းကို ရှင်းလင်းပြီး ကျန်ရစ်ခဲ့သော ရတနာတချို့ကို သိမ်းဆည်းကြပေလိမ့်မည်။

သို့သော်လည်း တိုက်ပွဲကွင်းကို ဤမျှအတိုင်းအတာထိ ရှင်းလင်းထားသည်က တကယ့်ကို ရှားရှားပါးပါးဖြစ်လေသည်။

“နဂါးကမ္ဘာက ဘယ်မှာလဲ… ငါသူတို့ရဲ့ အရိပ်အယောင်ကို ဘာလို့မတွေ့မြင်ရတာလဲ”

သူတို့နှစ်ယောက်သည် နေ့တစ်ဝက်ကြာအောင် ရှာဖွေနေခဲ့ပြီး မျောက်က တဖြည်းဖြည်းစိတ်မရှည်ဖြစ်လာလေသည်။

“အဲဒါက ရှေ့တည့်တည့်မှာပဲ”

ဆူဇီမိုက တဖျတ်ဖျတ်လက်နေသော အကြည့်နှင့်အတူ ရှေ့တည့်တည့်ကို လက်ညှိုးထိုးပြလိုက်၏။

ဘေးပတ်လည်မှာရှိသောသွေးများသည် တစ်စုံတစ်ရာဖြင့် ပိတ်ဆို့တားဆီးခံထားရသည့်အလား ရှေ့သို့ ဆက်လက်မဖြန့်ကြက်နိုင်တော့ပေ။

ဆူဇီမိုထင်တာမမှားဘူးဆိုလျှင် နဂါးကမ္ဘာက ရှေ့တည့်တည့်မှာရှိနေ၏။

ရစ်ခွေနဂါးဝင်္ကပါကြောင့် ၎င်းသည် နဂါးကမ္ဘာ၏ ပိုင်နက်နယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားပေလိမ့်မည်။ ထို့ကြောင့်ပင် သူတို့၏ ခြေဖဝါးအောက်မှာရှိသော သွေးပင်လယ်က ဆက်လက်၍ မစီးဆင်းနိုင်တော့ခြင်းဖြစ်သည်။

အခုချိန်မှာ နဂါးများနှင့် ဖီးနစ်များ၏ တိုက်ပွဲက မပြီးဆုံးသေးပေ။

သူတို့နှစ်ယောက်က ရန်လိုစိတ်မရှိသော်လည်း သူတို့အနေဖြင့် အရမ်းကာရော ဝင်ရောက်ဖို့က မသင့်လျော်ပေ။

“အဲဒီမှာ တစ်ယောက်ယောက်များရှိကြလား”

မျောက်က နဂါးကမ္ဘာ၏ အပြင်ဘက်မှာ မတ်တတ်ရပ်ပြီး လှမ်းအော်ပြောလိုက်၏။

“ကျုပ်တို့ညီကိုတွေ မိတ်ဆွေဟောင်းတစ်ဦးဆီ အလည်လာဖို့ ဒီကိုရောက်လာတယ်”

ဤကဲ့သို့သော အချိန်မှာ နဂါးကမ္ဘာထဲ ကင်းလှည့်နေသော နဂါးများ သေချာပေါက်ရှိပေလိမ့်မည်။ သူတို့နှစ်ယောက်ရောက်ရှိလာပြီး မကြာခင် သူတို့သည် နဂါးတချို့၏ စိတ်အာရုံကို ဆွဲဆောင်မိသွား၏။

ရုတ်တရက်ဆိုသလို။

ရှေ့တည့်တည့်လေဟာနယ်က ရေပြင်ပိတ်ကားတစ်ချပ်ကဲ့သို့ ဝဲဂယက်များပေါ်ထွက်လာ၏။

“မင်းတို့တွေ ဘာတွေလျှောက်အော်နေတာလဲ”

သူတို့ချဉ်းကပ်လာစဉ် ရေပြင်ပိတ်ကားက ပွင့်ဟသွားပြီး နဂါးနှစ်ကောင်က လျှောက်လှမ်းထွက်လာ၏။ သူတို့သည် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး လှံရှည်များကို ကိုင်ဆွဲထားကြ၏။

သူတို့က စိမ်းသက်နေသော အမူအရာဖြင့် မျောက်ကိုကြည့်ပြီး အော်ငေါက်လိုက်၏။

“ဒါက ဘယ်လိုလေသံမျိုးလဲ”

မျောက်က ကြမ်းကြုတ်ခက်ထန်သော အကြည့်နှင့်အတူ မျက်ခုံးပင့်လိုက်၏။

သို့သော်လည်း သိပ်မကြာခင် သူတို့နှစ်ယောက် ဤနေရာသို့ ရောက်ရှိလာသည့်အကြောင်းအရင်းကို သူက အမှတ်ရသွားပြီး အဲဒါကို သည်းခံလိုက်၏။ သူက သူ၏ နှုတ်ခမ်းကိုသာ လျှာဖြင့်သပ်ပြီး နဂါးငယ်နှစ်ကောင်ကို လျစ်လျူရှုထားလေသည်။

သူတို့ရှေ့မှာရှိသော နဂါးနှစ်ကောင်ထဲမှာ တစ်ကောင်သည် ပကတိဧကနယ်ပယ်မှာရှိပြီး အခြားတစ်ကောင်က ကောင်းကင်အမြုတေနယ်ပယ်မှာသာရှိလေသည်။

မျောက်၏ လက်ရှိတိုက်ခိုက်ရည်ခွန်အားအရ နဂါးနှစ်ကောင်သည် သူ၏ စိတ်အာရုံကို ရရှိဖို့ တကယ်ပင် မထိုက်တန်ပေ။

“ဟမ်”

ပကတိနဂါးက ဆူဇီမိုနှင့်မျောက်ကို ကြည့်လိုက်၏။ သူက ဆူဇီမို၏ ကောင်းကင်လိုဏ်ဂူနယ်ပယ်ကျင့်ကြံမှုကို အာရုံခံမိလျှင်တောင် သူ၏ မျက်နှာပေါ်မှာ မည်သည့်ကြောက်ရွံ့မှုမှ မရှိပေ။ သူက သူတို့နှစ်ယောက်ကို အကြိမ်ရေအနည်းငယ်အကဲခတ်ကြည့်ပြီးနောက် သူ၏ နှုတ်ခမ်းက အထင်အမြင်သေးစွာဖြင့် ကွေးညွှတ်သွား၏။

“ငါတို့နဂါးမျိုးနွယ်က မင်းတို့လို တခြားမျိုးနွယ်က လူပျော့တွေနဲ့ မိတ်ဆွေဖွဲ့မှာ မဟုတ်ဘူး… မင်းတို့နှစ်ယောက်က နဂါးကမ္ဘာကို ခိုးဝင်ဖို့ ကြိုးစားနေတာလားဆိုတာ ဘယ်သူသိမှာလဲ”

“ဟုတ်တယ်”

ကောင်းကင်အမြုတေနယ်ပယ်နဂါးကလည်း လှောင်ရယ်လိုက်၏။

“နဂါးမျိုးနွယ်မှာ မင်းတို့လိုမျိုးမိတ်ဆွေတွေမရှိဘူး… မျောက်တစ်ကောင်နဲ့ လူသားတစ်ယောက်က နဂါးမျိုးနွယ်နဲ့ မိတ်ဆွေဖွဲ့ဖို့ ထိုက်တန်မှာလား”

ဆူဇီမိုက ထိုစကားကိုကြားသောအခါ မျက်မှောင်ကြုတ်လိုက်၏။

နဂါးမျိုးနွယ်က ဘယ်အချိန်တုန်းက ဤကဲ့သို့သောပုံစံ ဖြစ်လာတာလဲ..

မျောက်က ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ အော်ငေါက်လိုက်၏။

“မင်းတို့နဂါးမျိုးနွယ်က ဘာတွေများထူးခြားနေလို့လဲ… မင်းတို့ရဲ့ မျက်နှာအမူအရာကို ကြည့်ရတာ ကောလာဟလတွေက မှန်နေတယ်ဆို ငါသိလိုက်ပြီ… နဂါးမျိုးနွယ်က အရှုံးနဲ့ တကယ်ပဲ ထိုက်တန်တယ်”

“မင်းဘာစကားပြောတာလဲ”

ထိုစကားသည် နဂါးမျိုးနွယ်၏ အရှိုက်ကို ထိသွားပြီး နဂါးနှစ်ကောင်၏ အမူအရာက ချက်ချင်းပင်ပြောင်းလဲသွား၏။

“ဒီမျောက်က ဘယ်ကနေ ရောက်လာတာလဲ… မင်းက ငါတို့ နဂါးကမ္ဘာမှာ ဘယ်လိုတောင် မောက်မာရိုင်းစိုင်းရဲတာလဲ”

ချက်ချင်းပင် ပကတိနဂါးက ကြမ်းကြုတ်ခက်ထန်လာပြီး အေးစက်စွာပြောလိုက်၏။

“မင်းတို့တွေက ခိုးကြောင်ခိုးဝှက်နဲ့ သံသယဝင်စရာကောင်းတယ်… မင်းတို့တွေက နေကာသစ်ပင်ကမ္ဘာက လွှတ်လိုက်တဲ့ သူလျှိုတွေဖြစ်မယ်လို့ ငါထင်တယ်”

သူ့စကားမဆုံးသေးခင် ပကတိနဂါးက တိုက်ခိုက်လိုက်ပြီဖြစ်သည်။

ဘေးမှာ ဆူဇီမိုကဲ့သို့ ကောင်းကင်လိုဏ်ဂူဘုရင်တစ်ဦးရှိနေလျှင်တောင် ပကတိနဂါးက မည်သည့်ထိန်ချန်ငဲ့ကွက်မှုမှ မရှိပေ။

ပကတိနဂါးက ရှေ့သို့ ပြေးဝင်လာသည့်ခဏမှာပင် မျောက်၏ ထိုးချက်ဖြင့် သူက လွင့်စင်ထွက်သွားပြီး သွေးများစွာကို ထွေးထုတ်လိုက်ရ၏။ သူ၏ ဆံပင်များက ဖရိုဖရဲဖြစ်သွားပြီး သူက အလွန်တရာဆိုးဆိုးဝါးဝါးအခြေအနေမှာ ရောက်ရှိသွားလေသည်။

မျိုးဆက်သွေးလေးခု၏ ပေါင်းစည်းမှုနှင့်အတူ မျောက်သည် အနီးကပ်တိုက်ခိုက်ရည်မှာ သာမန်နဂါးများကို ဖိနှိမ်နိုင်လေသည်။

ပကတိနဂါး၏ အမူအရာက တုန်လှုပ်သွားပြီး စဉ်းစားခြင်းမရှိဘဲ နဂါးကမ္ဘာဘက်သို့ ဆုတ်ခွာဖို့လှည့်လိုက်၏။

သူသည် အကြောက်အလန့်ကင်းမဲ့နေသည်မှာ သူ့နောက်ဘက်မှာရှိသော ရစ်ခွေနဂါးဝင်္ကပါကြောင့်ဖြစ်လေသည်။

သူက တစ်စုံတစ်ရာလွဲမှားနေသည်ကို အာရုံခံမိမည်ဆိုလျှင် သူသည် နောက်သို့ ခြေတစ်လှမ်းဆုတ်ခြင်းဖြင့် ဝင်္ကပါထဲသို့ ဝင်ရောက်နိုင်လေသည်။

အပြင်လူများက နဂါးကမ္ဘာသို့ အတင်းအကျပ်ဝင်ရောက်မည်ဆိုလျှင် သူတို့သည် ရစ်ခွေနဂါးဝင်္ကပါကို သေချာပေါက် နှိုးဆွမိသွားပေလိမ့်မည်။

ထိုလူသားက သာမန်ဘုရင်တစ်ဦးသာ ဖြစ်နေသည်ကို‌ မပြောနှင့် အထွတ်အထိပ်ဘုရင်များပင်လျှင် ရစ်ခွေနဂါးဝင်္ကပါ၏ သတ်ဖြတ်ခြင်းစွမ်းအားကို ခုခံနိုင်မည် မဟုတ်ပေ။ သို့သော်လည်း ပကတိနဂါးက တစ်ဘက်သို့ လှည့်လိုက်သည့်အချိန်မှာပင် သူက သူ့ရှေ့မှာမတ်တတ်ရပ်နေသည့် လူတစ်ယောက်ကို တွေ့မြင်လိုက်ရ၏။

အဲဒါက ထိုလူသားဖြစ်လေသည်။

သူသည် နဂါးကမ္ဘာသို့ ပြန်လည်ဝင်ရောက်ဖို့ ခြေတစ်လှမ်းသာလိုတော့၏။

သို့သော်လည်း သူက ထိုခြေလှမ်းကို ဆက်လက်၍ မလှမ်းနိုင်တော့ပေ။ လူသားက တိုက်ခိုက်ခြင်းမရှိပေ။ သူက မည်သည့်ရန်လိုစိတ်မှမရှိဘဲ သူ၏ အမူအရာက တည်ငြိမ်နေ၏။

သို့သော်လည်း နဂါးက ရပ်တန့်တားဆီးမရနိုင်သော ဖိအားတစ်ခုကို ခံစားနေရ၏။

ဤလူသား၏ ရှေ့မှာ သူက လုံးဝမလှုပ်ရှားနိုင်တော့ပေ။

ကောင်းကင်အမြုတေနယ်ပယ်နဂါးကလည်း ထိတ်လန့်တကြားအမူအရာနှင့်အတူ နေရာမှာပင်‌ အေးခဲတောင့်တင်းနေ၏။

“မကြောက်ပါနဲ့ ငါမင်းကို မသတ်ပါဘူး”

ဆူဇီမိုက ညင်သာသောလေသံဖြင့် ဖြည်းဖြည်းချင်းပြောလိုက်၏။

ဘာ့ကြောင့်ရယ်မသိ သူတို့က ထိုစကားကိုကြားသောအခါ နဂါးနှစ်ကောင်၏ ရင်ထဲမှာ ထိန်းချုပ်မရနိုင်သော အကြောက်တရားက တလိပ်လိပ်ထိုးတက်လာ၏။

ဤလူသားရှေ့မှာ သူတို့ဂုဏ်ယူဝင့်ကြွားရသော မျိုးဆက်သွေးကပင်လျှင် ဖိနှိမ်ခံလာရသည့်ပုံပင်။

အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ထိုစဉ်မှာပင် လူသားက ဂရုမစိုက်သည့်ဟန်ဖြင့်ပြောလိုက်၏။

“ဦးချိုနဂါးပိုင်နက်နယ်မြေကိုသွားပြီး လုံလီကို သတင်းပို့လိုက်… ဆူကျူး ဒီကို အလည်လာတယ်လို့။”

All Chapters