အထီးကျန်သိုင်းသခင်လား
Vol. 203 Ch. 3045
နဂါးကမ္ဘာကာကွယ်ပေးထားသော ရစ်ခွေနဂါးဝင်္ကပါကို နဂါးပိုင်နက်နယ်မြေငါးခုဖြင့် ချိတ်ဆက်ထား၏။
နယ်မြေဒေသတစ်ခုကို စောင့်ကြပ်နေသော နဂါးပိုင်နက်နယ်မြေတိုင်းက အလွန်တရာ အရေးပါလေသည်။
နဂါးပိုင်နက်နယ်မြေတိုင်းတွင် ကြယ်တာရာကောင်းကင်ထဲမှာ တည်ဆောက်ထားသော ဧရာမကြယ်တစ်လုံးနှင့် ရှေးဟောင်းမြို့တော်ဆယ်မြို့ ရှိကြသည်။
ဥပမာ မီးပဒေသာနဂါးပိုင်နက်နယ်မြေကို မီးပဒေသာနဂါးကြယ်နှင့် နဂါးမြို့တော်ဆယ်မြို့ဖြင့် ဖွဲ့စည်းထား၏။
မီးပဒေသာနဂါးကြယ်ဖြစ်စေ၊ ရှေးဟောင်းမြို့တော်ဆယ်မြို့ဖြစ်စေ.. သူတို့သည် ရစ်ခွေနဂါးဝင်္ကပါ၏ ဝင်္ကပါမျက်လုံးများ ဖြစ်ကြသည်။ သူတို့၏ တည်နေရာများက ထူးခြားပြီး အလွန်တရာ အရေးပါလေသည်။
လုံရန်သည် မီးပဒေသာနဂါးပိုင်နက်နယ်မြေ၏ နဂါးမြို့တော်ဆယ်မြို့ထဲမှ ဖုန့်မြို့တော်မှာ ရှိနေသည်။
ဆူဇီမိုနှင့် မျောက်သည် လုံလီ၏ ဦးဆောင်မှုဖြင့် မီးပဒေသာနဂါးပိုင်နက်နယ်မြေသို့ လိုက်ပါလာခဲ့ကြ၏။ လမ်းတစ်လျှောက်မှာ သူတို့သည် လုံလီပြောပြသည့် လုံရန်အကြောင်း ကြားသိခဲ့ရ၏။
“ရစ်ခွေနဂါးဝင်္ကပါက ဧကရာဇ်ပညာရှင်တွေရဲ့ တိုက်ခိုက်မှုကို ခုခံပေးနိုင်လား”
မျောက်က သိချင်စိတ်ဖြင့် မေးမြန်းလိုက်၏။
“မခံနိုင်ဘူး”
လုံလီက ခေါင်းခါပြလိုက်၏။
“ဒါပေမယ့်.. ဧကရာဇ်ပညာရှင်တစ်ဦးက နဂါးကမ္ဘာရဲ့ အပြင်ဘက်မှာ ပေါ်လာပြီး ရစ်ခွေနဂါးဝင်္ကပါကို တိုက်ခိုက်မယ်ဆိုရင် နဂါးမျိုးနွယ်ရဲ့ ဧကရာဇ်တွေက အဲ့ဒါကို အာရုံခံမိပြီး ချက်ချင်း ပေါ်ထွက်လာကြလိမ့်မယ်”
“နောက်ပြီး ဧကရာဇ်အဆင့်တိုက်ပွဲ ပြီးကတည်းက နှစ်ဖက်စလုံးက ကြီးမားတဲ့ သေကြေပျက်စီးထိခိုက်မှုတွေနဲ့ ကြုံတွေ့ထားတယ်.. ဧကရာဇ်ပညာရှင်တွေက တစ်ယောက်ကိုတစ်ယောက် ရှိန်နေကြတဲ့အတွက် တိုက်ခိုက်လေ့ သိပ်မရှိဘူး”
ခဏမျှ ရပ်တန့်ပြီးနောက် လုံလီက ပြောလိုက်၏။
“အစ်ကိုဆူ.. မပူပါနဲ့.. နေကာသစ်ပင်စစ်တပ်က ကြောက်စရာကောင်းတယ်ဆိုပေမယ့် ရစ်ခွေနဂါးဝင်္ကပါကို ချိုးဖျက်ဖို့က ကောင်းကင်ဘုံကို တက်လှမ်းရသလောက် ခက်ခဲတယ်.. ဖုန့်မြို့တော်မှာ လုံရန်က အန္တရာယ်ရှိမှာ မဟုတ်ဘူး”
လုံလီ၏ ဦးဆောင်မှုနှင့်အတူ သူတို့သုံးယောက်သည် မီးပဒေသာ နဂါးပိုင်နက်နယ်မြေမှ မည်သည့်အတားအဆီးနှင့်မှ မကြုံတွေ့ရဟု ဆိုရပေမည်။
လမ်းတစ်လျှောက်မှာ သူတို့သည် အခြားသော နဂါးတချို့နှင့် ကြုံတွေ့ပြီး ရန်လိုစိတ် ရောထွေးနေသည့် ထူးဆန်းသောအကြည့်တချို့ကို တကယ်ပင် ရရှိခဲ့သည်။ သို့သော်လည်း ထိုနဂါးများသည် လုံလီ၏ သရုပ်သကန်ကို မှတ်မိသွားပြီး မည်သည့်စကားမှ မဆိုခဲ့ကြပေ။
နေ့တစ်ဝက်ခန့်ကြာပြီးနောက် သူတို့သုံးယောက်သည် ဖုန့်မြို့တော်ကို ရောက်ရှိလာကြ၏။
အဝေးကနေကြည့်ရင် ဖုန့်မြို့တော်သည် ကြယ်တာရာကောင်းကင်ထဲမှာ မတ်တတ်ရပ်နေသာ သတ္တဝါကြီးတစ်ကောင်နှင့် တူလေသည်။
အဲဒါက မြို့တစ်မြို့သာ ဖြစ်သော်လည်း ၎င်းသိမ်းပိုက်ထားသည် အတိုင်းအတာနှင့် အကျယ်အဝန်းသည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှ မဟာအင်မော်တယ်နိုင်ငံလေးနိုင်ငံထက် မနိမ့်ကျပေ။
အနားကို သူတို့ချဉ်းကပ်လာစဉ် ဖုန့်မြို့တော်၏ မြို့ရိုးများပေါ်မှာ ဓား၊ ဆေဘာနှင့် မီးတောက်တို့ဖြင့် ဒဏ်သင့်ခံထားရသော နီရဲနေသည့် ကျောက်တုံးကြီးများကို မြင်တွေ့လိုက်ရ၏။ လုံလီသည် လုံရန်ထံ အကြိမ်ရေအနည်းငယ် အလည်လာဖူးပုံရပြီး လမ်းတစ်လျှောက် ရင်းနှီးကျွမ်းဝင်မှုရှိကာ ဆူဇီမိုနှင့် မျောက်ကို ချောချောမွေ့မွေ့ ခေါ်ဆောင်လာခဲ့သည်။ ဖုန့်မြို့တော်၏ လမ်းပေါ်မှာလျှောက်ရင်း ဆူဇီမိုက သူ၏ စိတ်ဝိညာဉ်အသိစိတ် ထုတ်လွှတ်ထား၏။
ဂမ္ဘီရမိုးကောင်းကင်မဟာနယ်မြေ၏ အင်မော်တယ်နိုင်ငံသုံးနိုင်ငံထဲ တစ်နေရာစီမှာ လူဦးရေ ဘီလီယံနှင့်ချီ ရှိလေသည်။
အင်မော်တယ်နိုင်ငံလေးနိုင်ငံနှင့် ယှဉ်နိုင်သော ဤမြို့တော်၏ တောင်ဘက်မှာတော့ နဂါးအရေအတွက် သောင်းချီသာ ရှိနေ၏။ အကြမ်းဖျင်းတွက်ချက်မှုအရ.. ဖုန့် မြို့တော်မှာ နဂါးအရေအတွက် နှစ်သိန်းသုံးသိန်းသာ ရှိနေပေလိမ့်မည်။
နဂါးမျိုးနွယ်၏ အရေအတွက် နည်းပါးမှုက သိသာထင်ရှားနေ၏။
ဤကဲ့သို့သော အခြေအနေအောက်မှာ သူတို့သည် ကမ္ဘာစစ်၏ တိုက်စားမှုဒဏ်ကို တောင့်ခံထားနိုင်သည်မှာ တကယ်ပင် အထင်ကြီးစရာကောင်းလေသည်။
ဆူဇီမိုက အတွေးနက်နေစဉ် သူက ရင်တစ်ချက်ထိတ်သွား၏။ တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား သူက မလှမ်းမကမ်းမှာ ဖြတ်လျှောက်သွားသော နဂါးအဖွဲ့တစ်ဖွဲ့ကို လှမ်းကြည့်လိုက်၏။
ထိုအဖွဲ့၏ ခေါင်းဆောင်က အရပ်ရှည်ရှည်၊ ဆံပင်အနီရောင်နှင့် ဖြစ်သည်။ သူ့မှာ ကြမ်းတမ်းသော မျက်နှာပေါက်ရှိပြီး တောက်လောင်ပြင်းပြသောအကြည့်ဖြင့် ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုနေသည်။
ထိုလူကို တွေ့မြင်သောအခါ ဆူဇီမိုက သူ၏ ခြေလှမ်းကို အလိုလိုရပ်တန့်ပြီး ပြုံးလိုက်၏။
ဆံပင်နီအမျိုးသားကလည်း တစ်စုံတစ်ရာကို သတိထားမိသွားပုံရပြီး လှည့်ကြည့်လာသည်။ သူတို့က အကြည့်ချင်း ဆုံသွားလေသည်။
ဆံပင်နီအမျိုးသားက နေရာမှာတင် မှင်တက်သွား၏။
အစကတော့ ဆံပင်နီအမျိုးသားက ငေးငိုင်နေပြီး ခဏကြာသည့်အထိ မယုံကြည်နိုင်ပေ။ သို့သော်လည် သိပ်မကြာခင် သူက ဝမ်းသာအားရဖြစ်သွား၏။
“ဇီမို....”
ဆံပင်နီအမျိုးသားက အော်ခေါ်ပြီးနောက် ဟားတိုက်ရယ်မောလိုက်၏။
“မွေးနီတစ္ဆေ...”
ဆူဇီမိုကလည်း ပြုံးပြီး ပြန်နှုတ်ဆက်လိုက်၏။
ဆံပင်နီအမျိုးသားက မွေးနီတစ္ဆေ.. လုံရန် ဖြစ်သည်။
လုံရန်က ခြေလှမ်းကျဲဖြင့် လျှောက်လှမ်းလာပြီး အခြားသူများ၏ အကြည့်များကို လှစ်လျူရှုပြီး ဆူဇီမိုကို ပွေ့ဖက်လိုက်လေသည်။ သူ့မျက်နှာက စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေပြီး အဆက်မပြတ် ရယ်မောနေ၏။
“ကောင်လေး.. မင်း နောက်ဆုံးတော့ ငါ့ကို အ....”
လုံရန်က ဆူဇီမိုကို ရင်ဘတ်ကို ပြင်းထန်စွာ ပစ်ထိုးလိုက်၏။ သို့သော်လည်း သူ၏ အမူအယာက ချက်ချင်းပြောင်းလဲသွားပြီး သူ့နှုတ်ခမ်းက နာကျင်မှုဖြင့် တွန့်သွား၏။
“အဟမ်း.. မင်း နောက်ဆုံးတော့ ငါ့ကို လာရှာပြီပဲ”
လုံရန်က ညင်သာစွာ ချောင်းဟန့်ကာ ရောင်ကိုင်းသွားသော သူ့လက်ကို တိတ်တဆိတ် ရုပ်သိမ်းလိုက်၏။ သူက မှင်သေသေဖြင့် ပြောလိုက်၏။
“မင်းက အပြင်ဘက်မှာ နာမည်အတော်ကြီးနေပြီပဲ.. သမိုင်းတစ်လျှောက် နံပါတ်တစ်ပကတိစိတ်ဝိညာဉ်ဆိုလား...”
ဆူဇီမိုက စကားမပြောရသေးခင် လုံလီက ရုတ်တရတ် မျက်မှောင်ကြုတ်ပြီး လုံရန်ကိုကြည့်ကာ ဖြတ်မေးလိုက်၏။
“နင် စောစောက သူ့ကို ဘယ်လိုခေါ်လိုက်တာလဲ.. ဇီမိုလား”
လုံရန်က လိမ္မာပါးနပ်ပြီး ချက်ချင်းပင် တုံ့ပြန်လိုက်၏။
လုံလီ၏ မေးခွန်းကို ကြားသောအခါ သူက ရယ်မောကာ ပြောလိုက်၏။
“အမ်း.. သူ့ရဲ့မျိုးရိုးနာမည်က ဆူလေ.. သူ့နာမည်က ကျူးဇီမို”
ထိုစကားက အဓိပ္ပါယ်ရှိလေသည်။ သို့သော်လည်း လုံလီကို အရူးလုပ်ဖို့က မလွယ်ကူပေ။ သူမက သံသယတစ်စွန်းတစ်စနှင့်အတူ ဆူဇီမိုကို မေးခွန်းထုတ်သလို ကြည့်နေ၏။
“တကယ်တော့ ငါ့ရဲ့နာမည်က ဆူဇီမိုပါ”
ဆူဇီမိုက ဆက်လက်၍ ဖုံးကွယ်မထားတော့ဘဲ ရှင်းပြလိုက်၏။ အရင်တုန်းက ကောင်းကင်ဘုံကမ္ဘာက ငါ့ကို အမဲလိုက်ခဲ့တယ်.. မတတ်သာဘဲ ငါက ဆူကျူးအဖြစ်နဲ့ ဓားကမ္ဘာမှာ ကျင့်ကြံခဲ့ရတယ်”
ထိုအချက်ကို ဆက်လက်၍ လျှို့ဝှက်ထားစရာ မလိုတော့ပေ။
ထိုအချက်ကို ဆက်လက်၍ လျှို့ဝှက်ထားစရာ မလိုတော့ပေ။ ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ဝင်ရောက်လာပြီးနောက် ဆူဇီမိုက အဲဒါကို ပို၍ပင် ဂရုမစိုက်တော့ပေ။
ဒါ့အပြင် လုံလီကို အတော်လေး ယုံကြည်ထားသည်။ သူက ဆက်လက်၍ ဖုံးကွယ်ထားမည်ဆိုလျှင် မရိုးဖြောင့်ရာ ကျနေပေလိမ့်မည်။
လုံလီက ဒေါသထွက်မသွားပေ။ သို့သော်လည်း သူမက လက်သီးကိုဆုပ်ပြီး ဟန်ဆောင်ကာ ခြိမ်းခြောက်လိုက်ဆဲဖြစ်သည်။
“ရှင် ကျမကို လိမ်တာ နှစ်ခါရှိသွားပြီ.. နောက်တစ်ခါဆိုရင်တော့.. ဟွန်း...”
ဆူဇီမိုက ပြုံး၍ လုံရန်ကို ကြည့်နေ၏။ သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်ဖော်ပြီးနောက် ပြုံးစစဖြင့် ပြောလိုက်သည်။
“ခင်ဗျားရဲ့ ကျင့်ကြံမှုအလျင်အဟုန်က ကျဆင်းသွားပြီးပဲ.. အခုမှ ပကတိဧကနယ်ပယ်ကို ဝင်ရောက်ခါစပဲ ရှိသေးတယ်”
သူတို့နှစ်ယောက်က အမြဲတမ်း ထိုသို့ပင် ဖြစ်သည်။ နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာတုန်းက သူတို့က ဘာမဟုတ်တာနှင့် ငြင်းခုန်ကြပြီး တစ်ယောက်ကိုတစ်ယောက် အခွင့်ရရင်ရသလို လှောင်ပြောင်ထေ့ငေါ့တတ်ကြ၏။
ထျန်ဟွမ်ကုန်းမြေတိုက်မှာဆိုလျှင် လုံရန်က ခွန်းတုံ့ပြန်မိပေလိမ့်မည်။
ယခု ဆူဇီမို၏ စကားကို ကြားသောအခါ လုံရန်က အတော်လေး စိတ်ခံစားချက်မြင့်တက်လာပြီး သူ၏ အပြုံးကို တဖြည်းဖြည်း ရုပ်သိမ်းလိုက်၏။
“ဟုတ်တယ်.. တက်လှမ်းလာပြီးတဲ့နောက် ငါ တကယ်ပဲ အားနည်းသွားတယ်.. ငါ တခြားသူတွေကို မယှဉ်နိုင်တော့ဘူး”
“ဒီနှစ်တွေထဲမှာ ညီမလုံလီရဲ့ အကူအညီကြောင့်မဟုတ်ရင်.. ငါက ကောင်းကင်အမြုတေနယ်ပယ်မှာပဲ ရှိနေဦးမှာ”
“ထားလိုက်ပါ.. ငါတို့ ဝိုင်သောက်ရင်း စကားပြောရအောင် ငါ့ရဲ့လိုဏ်ဂူခန်းဝါဆီ သွားကြတာပေါ့”
လုံရန်က သူ့နောက်ဘက်ရှိ နဂါးတချို့နှင့် စကားအနည်းငယ် ပြောဆို၍ လက်ပြပြီးနောက် ဆူဇီမိုတို့နှင့်အတူ လှည့်ထွက်လာခဲ့သည်။
“ခေါင်းဆောင်တပ်မှူးလုံရန်က အဲဒီပြင်ပမျိုးနွယ်နှစ်ဦးနဲ့ တကယ်သိကျွမ်းနေတာပဲ.. သူတို့မှာ အတော်လေးကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတဲ့ပုံပဲ”
“ဟီးဟီး.. ဘာပဲပြောပြော သူက အောက်ဘုံကနေ တက်လှမ်းလာတာပဲ.. အဲဒါကြောင့် သူက မိတ်ဆွေဖွဲ့တဲ့နေရာမှာ စိစိစစ်စစ် မရှိတာပေါ့”
“ဖုန့်မြို့တော်မှာ သူ့ထက် ကျင့်ကြံမှုနဲ့ နောက်ခံ ပိုမြင့်မားတဲ့ မျိုးနွယ်ဝင်တွေ အများကြီးရှိတယ်.. မြို့တော်အရှင်က သူ့ကို ဘာတွေအထင်ကြီးနေတာပါလိမ့်”
လုံရန် ထွက်လာပြီး မကြာခင် နဂါးတချို့က ဝေဖန်လေကန်လိုက်ကြ၏။
မျောက်နှင့် ဆူဇီမိုကို မပြောနှင့်.. လုံရန်ပင်လျှင် သူတို့ပြောနေသည့် စကားများကို ကြားနေရသည်။ သို့သော်လည်း သူက ဘာကိုမှ မကြားရသည့်အလား သူ့အမူအယာက တည်ငြိမ်နေ၏။
သူ၏ လိုဏ်ဂူခန်းဝါသို့ ရောက်မှသာ လုံရန်က သက်ပြင်းချကာ ပြောလိုက်၏။
“ငါ တက်လှမ်းလာတုန်းက နဂါးကမ္ဘာက အခုလို မဟုတ်ဘူး.. နဂါးမျိုးနွယ်က အောက်ဘုံကနေ တက်လှမ်းလာတဲ့ သူတို့ရဲ့ မျိုးနွယ်ဝင်တွေကိုလဲ အထင်မသေးတတ်ဘူး”
“အဲတုန်းက နဂါးမျိုးနွယ်က သူတို့ကိုယ်သူတို့ အထင်ကြီးတတ်ကြပေမယ့်.. သူတို့က တခြားမျိုးနွယ်တွေအပေါ် ထူးထူးခြားခြား ရန်လိုစိတ် မရှိကြဘူး.. ဒါပေမယ့် မကြာသေးခင် နှစ်တွေမှာတော့....”
ဆူဇီမိုက တည်တံ့စွာ ပြောလိုက်၏။
“ဒီတစ်ခေါက် ကျုပ်ရောက်လာတာ ခင်ဗျားကို ခေါ်သွားမလို့ပဲ”
အစက သူ့မှာ ထိုအတွေးသာ ရှိခဲ့သည်။ ယခု သူက နဂါးကမ္ဘာသို့ ရောက်ရှိလာပြီး ပတ်ဝန်းကျင်အနေအထားကို တွေ့မြင်သောအခါ သူက ပို၍ပင် ဆုံးဖြတ်ချက် ပြတ်သားသွားသည်။
ဤနှစ်များမှာ လုံရန်သည် နဂါးကမ္ဘာကို အတော်လေး စိတ်ပျက်နေမည်ဖြစ်ပြီး သူ့မှာ နဂါးကမ္ဘာနှင့် ချည်နှောင်မှုများစွာ ရှိတော့မည် မဟုတ်ပေ။
သို့သော်လည်း လုံရန်က ကြီးမားသောတိုက်ပွဲ ဖြစ်ပွားနေစဉ် ဤကဲ့သို့ ထွက်သွားရမည်ကို ဝန်လေးနေဆဲဖြစ်သည်။
“နင် ထွက်သွားဖို့ အခွင့်အရေးရလာပြီဆိုမှတော့ ထွက်သွားတာ ပိုကောင်းလိမ့်မယ်”
လုံလီကလည်း သက်ပြင်းချကာ ပြောလိုက်၏။
“ဒီပုံစံနဲ့ဆိုရင် နဂါးကမ္ဘာက ဘယ်လောက်ကြာကြာ တောင့်ခံထားနိုင်မလဲ မသိနိုင်ဘူး”
“စစ်ပြေငြိမ်းဖို့ ဖြစ်နိုင်ခြေ မရှိဘူးလား”
လုံရန်က မေးလိုက်၏။
လုံလီက ခေါင်းခါပြီး ခါးသက်သောအပြုံးနှင့်အတူ ပြောလိုက်၏။
“နှစ်ဖက်စလုံးက ဧကရာဇ်တွေက သေခဲ့ကြရတယ်.. သူတို့တွေက အသေအကြေ တိုက်ခိုက်ခဲ့ကြပြီးပြီ.. ကမ္ဘာပေါင်းရာချီ ပါဝင်ပတ်သက်နေတဲ့ စစ်ပွဲတစ်ပွဲကို တားဆီးနိုင်စွမ်း ဘယ်သူ့မှာ ရှိမှာလဲ”
“မဟာဧကရာဇ်တစ်ပါး ဆင်းသက်မလာသရွေ့ပေါ့... အမ်း.. မဟာအရိုင်းကမ္ဘာက ဧကရာဇ်အထီးကျန်သိုင်းသခင် ပေါ်ထွက်ရင်တော့ ဖြစ်နိုင်လောက်တယ်”
“ငါ့လခွမ်း....”
လုံရန်က ဆတ်ကနဲ တုန်ယင်သွားပြီး ဆူဇီမိုကို ကြည့်လိုက်၏။ ထို့နောက် သူက လုံလီကို စိုက်ကြည့်ပြီး မေးလိုက်လေသည်။
“အထီးကျန်သိုင်းသခင်လား။”