← Chapters

ယောကျ်ား ကာကွယ်ပေးမယ်

Vol. 3 Ch. 29

ယောကျ်ား ကာကွယ်ပေးမယ်

Vol. 3 Ch. 29

"မိန်းမ ငါနောက်သာလိုက်ခဲ့၊ ငါမင်းကို ကာကွယ်ပေးမယ်"

လမ့်ရိုလီသည် တွေဝေသွားစဉ် စုရွှမ်၏အသံသည် သူမ၏နားထဲ၌ ရုတ်တရက် ထွက်ပေါ်လာလေသည်။

"လဲသေလိုက်လေ။ ဘယ်သူက ရှင့်အကာအကွယ်ကို လိုချင်နေလို့လဲ"

လမ့်ရိုလီသည် စုရွှမ်အား အေးစက်စွာ ကြည့်လိုက်၏။ သူမ၏ အရှိန်အဝါသည် ပေါက်ကွဲထွက်လာပြီး နတ်မီးတောက်ဖြင့် ဖွဲ့စည်းထားသော နတ်ဖီးနစ်ငှက်တစ်ကောင်သည် ချက်ချင်းပင် ပျံသန်းထွက်သွားလေသည်။

ဝုန်း!

နတ်ဖီးနစ်ငှက်၏ စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းလှပြီး ရှေးဟောင်းမျိုးဆက်တကောင်ကိုပင် ချက်ချင်းပင် ချေမှုန်းဖျက်ဆီးသွား၏။

လမ့်ရိုလီသည် စုရွှမ်အား ဂုဏ်ယူစွာဖြင့် ကြည့်လိုက်သည်။

တွေ့လား၊ ဒါက ကျွန်မရဲ့စွမ်းအားပဲ။

စုရွှမ်သည် ခေါင်းခါလိုက်ပြီး တုန်လှုပ်ဖွယ်ကောင်းသော လက်သီးချက်များ ဆက်တိုက် ထိုးထုတ်လိုက်လေသည်။ ချက်ချင်းပင် လေဟာနယ်သည် ကွဲအက်သွား၏။ တောင်တန်းများနှင့် မြစ်ချောင်းများမှာ အလင်းရောင် ကင်းမဲ့သွားပြီး ရှေးဟောင်းမျိုးဆက် အများအပြားလည်းသေဆုံးသွားခဲ့လေသည်။

စုရွှမ်အဖို့ ဤကောင်များကို ဖြေရှင်းရန်မှာ ဖိအားတစ်စုံတစ်ရာ မရှိခဲ့ပေ။

ရှီးးးး

ပါရမီရှင် အများအပြားသည် စုရွှမ်အား သတိပြုမိသွားကြ၏။ရှေးဟောင်းမျိုးဆက်အများအပြား စုရွှမ်၏ လက်ချက်ဖြင့် ချက်ချင်း အသတ်ခံလိုက်ရသည်ကို မြင်သောအခါ အားလုံးမှာ အသက်ရှူမှားသွားကြရသည်။

စုရွှမ်၏ နည်းလမ်းများမှာ အလွန်ပင် တုန်လှုပ်ဖွယ်ကောင်းလှရာ ပါရမီရှင်အများအပြား၏ ဦးရေပြားများပင် ထုံကျဉ်သွားစေသည်။

သူတို့သည် ရှေးဟောင်းမျိုးဆက်တကောင်ကို ရင်ဆိုင်ရန်အတွက် သူတို့၏ နည်းလမ်းပေါင်းစုံကို အသုံးပြုကာ အစွမ်းကုန် ကြိုးစားရန် လိုအပ်လေသည်။ စုရွှမ်ကမူ သူတို့ကို လွယ်လင့်တကူပင် ချေမှုန်းလိုက်၏။

ဒါ လူသား ဟုတ်ရဲ့လား။

ပါရမီရှင်အများအပြားသည် ထိုလက်သီးချက်သာ သူတို့အပေါ် ကျရောက်ခဲ့ပါက မည်သို့ဖြစ်သွားမည်ကို မတွေးဘဲ မနေနိုင်ကြတော့ပေ။

မတွေးလျှင် ပိုကောင်းပေမည်။ တွေးလိုက်သည်နှင့် ရုတ်တရက် အေးစက်မှုကို ခံစားလိုက်ရပြီး ချွေးစေးများမှာ သူတို့၏ ကျောပြင်တစ်လျှောက် လျင်မြန်စွာ စီးကျလာသည်။

သို့သော် လူအချင်းချင်းကြားရှိ ကွာဟချက်သည် တစ်ခါတစ်ရံတွင် လူနှင့်ဝက်ကြားရှိ ကွာဟချက်ထက်ပင် ပို၍ကြီးမားသည်ကိုမူ သူတို့ ဝန်ခံကြရပေသည်။

ထို့နောက်တွင် စုရွှမ်နှင့် အခြားသူများသည် တောနက်ကြီးထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်သွားကြသည်။ ထိပ်ဆုံး၌ အဆင့်သတ်မှတ်ခံရသူများမှာ သဘာဝအတိုင်းပင် ရှေ့ပိုင်းစွန့်ပစ်နယ်မြေ ပါရမီရှင်စာရင်းတွင် အဆင့်မြင့်မားသော ပါရမီရှင်များ ဖြစ်ကြသည်။

ဒုတိယမှာမူ ရှေ့ပိုင်းစွန့်ပစ်နယ်မြေမှ ထိပ်တန်းအင်အားစုအချို့မှ ပါရမီရှင်များ ဖြစ်ကြသည်။ ပါရမီရှင်အများအပြားမှာ အလွန်ပင် ပါးနပ်ကြပြီး စုရွှမ်၏အနီးတွင် ကပ်၍ လိုက်ပါရန် ရွေးချယ်ခဲ့ကြသည်။

စုရွှမ်၏ နတ်ဘုရားတမျှ စွမ်းအားသည် သူတို့ကို တုန်လှုပ်စေခဲ့ပြီး တောနက်ကြီးတစ်ခုလုံးတွင် အလုံခြုံဆုံးနေရာမှာ စုရွှမ်၏ အရိပ် ဖြစ်သည်ကိုလည်း သူတို့အား နားလည်သွားစေခဲ့၏။

ဂရားးး!

ရေနဂါးတစ်ကောင်သည် လူတိုင်း၏ ရှေ့မှောက်တွင် ပေါ်ထွက်လာသည်။ ၎င်းသည် သုံးမီတာမျှ မြင့်မားကာ အပြာရောင် ရေခဲမြစ်ကြီး တစ်ခုနှင့်တူ၍ အလွန်ပင် အေးစက်လှ၏။ လက်သည်းတစ်ချက်ဖြင့်ပင် နတ်နဂါးအသွင်ပြောင်းခြင်းအဆင့် အစောပိုင်းမှ ပါရမီရှင်အချို့မှာ အသားစများအဖြစ် ကြေမွသွားကြရသည်။

သို့သော် နောက်တစ်စက္ကန့်တွင်မူ ပြိုင်ဘက်ကင်းလက်သီးအလင်းတန်းတစ်ခု ပေါ်ထွက်လာလေသည်။

"ငါတို့ ရောက်တော့မယ်။ ဆက်သွားကြစို့"

သူတို့သည် စုရွှမ်၏ ကြောက်မက်ဖွယ်ကောင်းမှုကို မျက်မြင်တွေ့ခဲ့ရသော်လည်း ပါရမီရှင်အုပ်စုသည် တံတွေးကို တိတ်တဆိတ် မျိုချမိကြ၏။ သူတို့၏ မျက်လုံးများမှာ တုန်လှုပ်ခြင်းများဖြင့် ပြည့်နှက်နေသည်။ စုရွှမ်၏ စွမ်းအားမှာ အဆုံးမရှိသော တွင်းနက်ကြီးတစ်ခုနှင့် တူလှပြီး မည်မျှ နက်ရှိုင်းသည်ကို မည်သူမျှ မသိနိုင်ပေ။

"မဟာဧကရာဇ် နတ်သိနှစ်ခု ကျင့်ကြံထားတဲ့ တာယန်မြင့်မြတ်သားတော် ဖြစ်ထိုက်တယ်။ လက်သီးတစ်ချက်တည်းနဲ့တောင် ရေနဂါးတစ်ကောင်ကို သတ်နိုင်တယ်"

အချို့လူများကအံသြတကြီးရေရွတ် လိုက်ကြသည်။

"ချီးး ဒီ တာယန်မြင့်မြတ်သားတော်က ငါ့အရှိန်အဝါကို လုံးဝ လုသွားတာပဲ" ပါရမီရှင်များအကြားတွင် လင်းဧကရာဇ်(လင်းတိ)သည် မျက်မှောက်ကြုတ်ကာ ရှိနေလေသည်။

စုရွှမ်၏ စွမ်းအားမှာ အမှန်ပင် ကြောက်မက်ဖွယ်ကောင်းကြောင်း သူ ဝန်ခံရမည် ဖြစ်သော်လည်း သို့သော် ဤသည်မှာ သူ၏ အရှိန်အဝါကို လုယူရန် အကြောင်းပြချက် မဟုတ်ပေ။ သူသည် ရှေ့ပိုင်းစွန့်ပစ်နယ်မြေ၏ နံပါတ်တစ် ပါရမီရှင် ဖြစ်လေသည်။

"တာယန်မြင့်မြတ်သားတော်က စွမ်းအားကြီးတာသာမကဘူး။ ဒီလောက်လှတဲ့ မိန်းမတစ်ယောက်လည်း ရှိသေးတယ်။ ငါ လက်မခံနိုင်ဘူး"

ကျဲ့ထျန်းဂိုဏ်း၏ မြင့်မြတ်သားတော် နျဲချန်းသည် စုရွှမ်အပေါ် အလွန်ပင် မကျေမနပ် ဖြစ်နေလေသည်။ မနာလိုဝန်တိုစိတ်သည် သူ့အား မှတ်မိနိုင်စရာ မရှိအောင်ပင် ပြောင်းလဲသွားစေခဲ့သည်။

"ဟားဟား မကျေနပ်ရင် သူ့ကို သတ်လိုက်ပေါ့။ အဓိပတိ လျှို့ဝှက်နယ်မြေထဲမှာ ဘာဖြစ်ဖြစ် ဘယ်သူမှ သိမှာမဟုတ်ဘူး..."

သူ၏ဘေးတွင် ဘူထျန်းဂိုဏ်း၏ သူတော်စင် တောက်ရီက တိုးတိုးလေး ပြောလိုက်၏။ နျဲချန်း၏ မျက်လုံးများ၌ အလင်းရောင်တစ်ချက် ရုတ်တရက် လက်ခနဲ ဖြစ်သွားပြီး သူသည် တောက်ရီအား လှမ်းကြည့်လိုက်သည်။

"မင်းနဲ့ငါ ပူးပေါင်းကြမလား"

"ကောင်းပြီလေ" တောက်ရီသည် ခပ်အေးအေး ပြောလိုက်ရာ သူ၏ အသံမှာ မကြားတကြားမျှသာ ရှိလေသည်။

"အချိန်တန်ရင် မင်းနဲ့ငါ အဲဒီမိန်းမကို ခွဲယူကြတာပေါ့"

တောက်ရီက ထပ်ပြောလိုက်သည်။

သူသည် လူကောင်းတယောက်နှင့် တူသော်လည်း အလွန်ပင် ယောင်ဆောင်ကောင်းသူ ဖြစ်သည်။

စုရွှမ်၏ ဦးဆောင်မှုအောက်တွင် ပါရမီရှင်အုပ်စုနှင့် တကိုယ်တော် ကျင့်ကြံသူအချို့သည် နောက်ဆုံးတွင် တောနက်ကြီး၏ အနက်ရှိုင်းဆုံး အပိုင်းသို့ ဝင်ရောက်ခဲ့ကြသည်။

"တာယန်မြင့်မြတ်သားတော် အဓိပတိ လျှို့ဝှက်နယ်မြေ ပွင့်သွားပါပြီ။ တာယန်မြင့်မြတ်သားတော် ဆုံးဖြတ်ပေးပါ။ ငါတို့ တန်းဝင်သင့်ပါလား"

ပါရမီရှင်တစ်ဦးက စုရွှမ်၏ သဘောထားကို မေးမြန်းလိုက်သည်။

လမ်းတစ်လျှောက် စုရွှမ် ပြသခဲ့သော ကြောက်မက်ဖွယ် စွမ်းအားသည် ပါရမီရှင်များစွာကို အထင်ကြီးစေခဲ့ပြီး သူတို့သည် တဖြည်းဖြည်းနှင့် သူ့အား ခေါင်းဆောင်အဖြစ် လိုက်နာလာကြသည်။

စုရွှမ်သည် အဝေးသို့ စိုက်ကြည့်ရင်း တိတ်ဆိတ်နေ၏။ ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ တောနက်ကြီးထဲတွင် မြေကြီး၏ အက်ရာတစ်ခုကဲ့သို့ ကြီးမားသော အနက်ရောင် အက်ကွဲကြောင်းကြီးတစ်ခု ရှိနေသည်။

ထူးဆန်းသော မီးခိုးရောင် မြူခိုးများသည် ၎င်းထံမှ ထွက်ပေါ်နေသည်။

ဤနေရာသို့ ရောက်သောအခါ လူတိုင်းသည် မီးခိုးရောင် မြူခိုးများ၏ အန္တရာယ်ရှိသောအကျိုးသက်ရောက်မှုများကို သိရှိသွားကြပြီး သူတို့ကိုယ်သူတို့စွမ်းအားများဖြင့် ကာကွယ်ထားလိုက်ကြသည်။

ဤနည်းဖြင့် မီးခိုးရောင် မြူခိုးများ၏ ကျူးကျော်ခြင်းမှ ရှောင်ရှားနိုင်ပေမည်။

"အဓိပတိ လျှို့ဝှက်နယ်မြေက ဒီမြေကြီးအက်ကွဲကြောင်းအောက်မှာ ရှိပုံပဲ။ ဒါပေမဲ့ ထူးဆန်းတဲ့ ပြောင်းလဲမှုတချို့လည်း ရှိခဲ့ပုံရတယ်"

စုရွှမ်သည် ချောက်နက်ကြီးကို စိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။

ဂရား!

ဤအခိုက်အတန့်တွင် ဟိန်းသံတစ်ခု ထပ်မံ ထွက်ပေါ်လာသည်။

တောနက်ကြီး၏ နက်ရှိုင်းသော နေရာတွင် တည်ရှိသော ကြောက်မက်ဖွယ် ဟိန်းသံသည် မြေကြီးကို တုန်ခါသွားစေသည်။ နောက်တစ်ခဏတွင် ကြောက်မက်ဖွယ် ရှေးဟောင်းမျိုးစိတ်(ဆက်)တစ်ကောင် ပေါ်ထွက်လာသည်။

မျက်လုံးလေးလုံး၊ အနက်ရောင် အသားအရေ၊ လည်ပင်းရှည်ရှည်၊ ခြေလေးချောင်းနှင့် သူ၏ ဦးခေါင်းထက်တွင် ချိုနှစ်ချောင်းရှိပြီး သူ၏ ခန္ဓာကိုယ်ကို အေးစက်သောလေများက ဝန်းရံထားသည်။ ၎င်းသည် ပြာလဲ့လဲ့အရောင်ရှိပြီး ပေပေါင်းများစွာ ရှည်လျားကာ တောင်ငယ်တစ်လုံးနှင့် တူလှသည်။

သူ၏ မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းပြီး သူ၏ မျက်လုံးများမှာ တောက်ပကာ ထက်မြက်၏။ သူ၏ နှာခေါင်းမှာ ထိုးထွက်နေပြီး ဦးခေါင်းထက်တွင် ကွေးကောက်သော ချိုတစ်စုံ ရှိကာ သူ၏ ကြီးမားသော ပါးစပ်မှာ လွှသွားကဲ့သို့ ထက်မြက်သော သွားများဖြင့် ပြည့်နှက်နေသည်။

"ဒါက ရှေးဟောင်း မျိုးစိတ်တစ်မျိုးဖြစ်တဲ့ ထောင်ထျဲ့မလား။ သူက ပင်ကိုသဘာဝအရ ရက်စက်ပြီး သက်ရှိတွေကို အရှင်လတ်လတ် ဝါးမျိုရတာကြိုက်တယ်။ မယုံနိုင်လောက်အောင် ကြောက်ဖို့ကောင်းတယ်!"

တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။

"လခွမ်း။ ထောင်ထျဲ့လား၊ နတ်နဂါးအသွင်ပြောင်းခြင်းအဆင့် အထွတ်အထိပ်က ထောင်ထျဲ့တဲ့လား။ သွားပြီ၊ ငါတို့ သေဖို့ပဲ စောင့်ရတော့မယ်"

အချို့လူများမှာ ကြက်သေသေသွားကြပြီး သူတို့၏ မျက်နှာများမှာ မျှော်လင့်ချက်ကင်းမဲ့ခြင်းများဖြင့် ပြည့်နှက်သွားသည်။

ထောင်ထျဲ့သည် ရှေးဟောင်းမျိုးစိတ်များထဲမှ နာမည်ကျော် ကြမ်းကြုတ်သော သားရဲတစ်ကောင်ဖြစ်ရာ သူ၏ ကြောက်မက်ဖွယ်ကောင်းမှုမှာ စိတ်ကူးမယဉ်နိုင်စရာပင်။ နတ်နဂါးအသွင်ပြောင်းခြင်းအဆင့် အထွတ်အထိပ်ရှိ သူ၏ ကျင့်ကြံမှုအဆင့်နှင့် ပေါင်းစပ်လိုက်သောအခါ ရှိနေသော ပါရမီရှင်များသည် အခြေအနေကို ပြောင်းပြန်လှန်ရန် စွမ်းအားမရှိတော့ဟု ခံစားလိုက်ရသည်။

"ချီးး လွန်ခဲ့တဲ့ဆယ်နှစ်တုန်း အဓိပတိလျှို့ဝှက်နယ်မြေ ဖွင့်တုန်းက နတ်နဂါးအသွင်ပြောင်းခြင်းအဆင့်အထွတ်အထိပ်က ကြမ်းကြုတ်တဲ့သားရဲတစ်ကောင် ပေါ်လာမယ်လို့ ငါ့ကို မပြောခဲ့ဘူး..."

လင်းတိ၏ မျက်လုံးများမှာ နက်ရှိုင်းနေပြီး သူရေရွတ်လိုက်သည်။

"ဟားဟား၊ တာယန်မြင့်မြတ်သားတော်ကို သွားခိုင်းလိုက်။ နှစ်ဖက်လုံး နစ်နာသွားရင် ငါတို့လည်း အကျိုးအမြတ် ရနိုင်တာပေါ့"

ဘူထျန်းဂိုဏ်း၏ သူတော်စင်သည် ကျဲ့ထျန်းဂိုဏ်း၏ သူတော်စင်ထံ ချဉ်းကပ်ကာ သူတို့နှစ်ဦးသာ ကြားနိုင်သော အသံဖြင့် ပြောလိုက်သည်။

"ငါလည်း အဲဒီလိုပဲ ဆိုလိုတာ"

ကျဲ့ထျန်းဂိုဏ်း၏ မြင့်မြတ်သားတော်က အသံတိုးတိုးဖြင့် တုံ့ပြန်လိုက်သည်။

"နတ်နဂါးအသွင်ပြောင်းခြင်းအဆင့် အထွတ်အထိပ်မှာ သူ့ကို သတ်ဖို့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး"

လမ့်ရိုလီ၏ မျက်လုံးများမှာ လင်းလက်နေသော်လည်း သူမသည် ကြောက်ရွံ့ခြင်းမရှိဘဲ အလွန်ပင် တည်ငြိမ်နေသည်။

ဂရားး

ကြမ်းကြုတ်သောသားရဲ ထောင်ထျဲ့သည် ထပ်မံ ဟိန်းဟောက်လိုက်သည်။ မီးခိုးရောင် မြူခိုးများနှင့် ထိတွေ့ပြီးနောက် ထောင်ထျဲ့၏ မျက်လုံးများသည် သွေးရောင်ပြောင်းသွားပြီး သူ၏ မူလကတည်းက ဒေါသကြီးသော စိတ်နေသဘောထားမှာ ပို၍ပင် ရူးသွပ်လာသည်။

သူသည် လူအုပ်ထံသို့ တိုက်ရိုက် ပြေးဝင်၏။ လမ်းတစ်လျှောက်တွင် မြေများ ပြိုကျကုန်သည်။ လူတိုင်း၏ မျက်လုံးများမှာ စူးစိုက်နေကြသည်။

ဘုန်!

နောက်တစ်စက္ကန့်တွင် တုန်လှုပ်ဖွယ် လက်သီးအလင်းတန်းတစ်ခုသည် ၎င်းအား ရုတ်တရက် ထိမှန်သွားသည်။

ဘန်း!

ထောင်ထျဲ့၏ ကြီးမားသော ခန္ဓာကိုယ်သည် ပေပေါင်းများစွာ နောက်သို့ လွင့်စင်သွားပြီး ကြီးမားသော ရှေးဟောင်းသစ်ပင်များစွာကို တိုက်မိလေသည်။

မြေပြင်ပေါ်တွင် ကြောက်မက်ဖွယ် ခြစ်ရာနှစ်ခုမှာ အလွန်ပင် မျက်စိထဲ စွဲထင်နေသည်။

"သူ မသေသေးဘူးလား"

စုရွှမ်၏ မျက်နှာထက်တွင် ရှားပါးသော လှုပ်ခတ်မှုတစ်ရပ် ပေါ်ထွက်လာသည်။

ထို့နောက်...

"လျှို့ဝှက်စကားလုံးကျိန်စာ(ကျဲ့)!"

"ကောင်းကင်ဘုံကပ်ဘေးအလင်းတန်း!"

ဘုန်း!

ဆယ်ဆတိုး တိုက်ခိုက်ရေး စွမ်းအားနှင့်အတူ ကောင်းကင်ဘုံကပ်ဘေး အလင်းတန်းသည် ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးနိုင်ပြီး လေဟာနယ်ကိုပင် ကွဲကြေစေနိုင်စွမ်း ရှိလေသည်။

တစ်ခဏအတွင်းမှာပင် ကပ်ဘေးအလင်းသည် ထိန်ထိန်ညီးအောင် လင်းလက်သွားလေသည်။

ထောင်ထျဲ့၏ ကြီးမားသော ခန္ဓာကိုယ်သည် အစိတ်စိတ်အမြွှာမြွှာ စုတ်ပြဲသွားလေတော့သည်။

All Chapters