မူလကတော့ သူ့ဘဝဟာ ဒီလိုမျိုး ရိုးရှင်းပြီး သာမန်အတိုင်းပဲ ဆက်သွားလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် စုရွှမ် မမျှော်လင့်ထားခဲ့တာကတော့...။ အသက် ၁၈ နစ်မှာ စနစ် နိုးထလာခဲ့တယ်။ ပြီးတော့ စနစ်က ထုတ်ပေးတဲ့ ပထမဆုံးတာဝန်က သူ့ကို လက်ထပ်ခိုင်းတာပဲ။ ဒါ့အပြင် စနစ်က သူ့အတွက် လက်ထပ်ရမဲ့သူကိုတောင် တိတိကျကျ သတ်မှတ်ပေးထားခဲ့တယ်။ အဲ့ဒီသူကတော့ ကောင်းကင်ဘုံကိုးခု မြင့်မြတ်နယ်မြေက သူတော်စင်မလေး လမ့်ရိုလီပဲ။ စနစ်ဆီကနေ ရက်ရောတဲ့ ဆုလာဘ်တွေ ရရှိဖို့ ထာဝရအမှန်တရားကို သက်သေပြဖို့အတွက်ပေါ့။ စုရွှမ်ဟာ လမ့်ရိုလီကို လက်ထပ်လာအောင် အတင်းအကျပ်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဘာလဲ သဘောမတူဘူးလား။ မြောက်ပိုင်းနယ်မြေရဲ့ စုမိသားစုရဲ့ တန်ဖိုးကို နားလည်ရဲ့လား။ သူ့မိသားစုရဲ့ ပံ့ပိုးမှုနဲ့ သူ့ရဲ့ ကိုယ်ပိုင်ကြိုးစားမှုတွေနဲ့အတူ စုရွှမ်ဟာ သူ့ဆန္ဒအတိုင်း လမ့်ရိုလီနဲ့ လက်ထပ်လိုက်ရတယ်။ "ဒင်! လက်ထပ်ပြီး ပထမဆုံးနေ့မှာ ဟွမ်သွမ့်နတ်မိစ္ဆာခန္ဓာ ကို ဆုချီးမြှင့်လိုက်ပါတယ်!" "ဒင်! လက်ထပ်ပြီး ဒုတိယနေ့မှာ ပြန်လည်မွေးဖွားခြင်း လမ်းခြောက်သွယ် လက်သီးသိုင်းကို ဆုချီးမြှင့်လိုက်ပါတယ်!" "ဒင်! လက်ထပ်ပြီး ပဉ္စမမြောက်နေ့မှာ ထာဝရဧကရာဇ်ကျမ်း ကို ဆုချီးမြှင့်လိုက်ပါတယ်!" ပြိုက်ဘက်ကင်းဖြစ်ဖို့ လက်ထပ်ခြင်းက စတင်ခြင်းပင်တည်း။ ***** ကျွန်မနာမည်က လမ့်ရိုလီ။ ကျွန်မဟာ အမတဘုံရဲ့ ဧကရီဘုရင်မ ပြန်ဝင်စားခြင်းပဲ။ ကျွန်မကတော့ ပုံမှန်အတိုင်း ကျင့်ကြံပြီး အရင်ဘဝက လက်စားချေဖို့အတွက် အထွတ်အထိပ်ကို ပြန်သွားဖို့ စီစဉ်ထားခဲ့တာ။ ဒါပေမဲ့ မမျှော်လင့်ဘဲ စုရွှမ်ဆိုတဲ့ ကောင်ဆိုးလေးတစ်ယောက်ရဲ့ လက်ထပ်ခွင့်တောင်းခြင်းကို ခံလိုက်ရတယ်။ ဧကရီတစ်ပါးအနေနဲ့ ဘယ်လိုလုပ် လက်ထပ်နိုင်မှာလဲ။ ဒါပေမဲ့ စုရွှမ်ရဲ့နောက်ကွယ်က အင်အားက အရမ်းကြီးမားပြီး တိုက်ရိုက်ငြင်းဆိုလိုက်ရင် ကျွန်မရဲ့နောက်ကွယ်က အင်အားကို ထိခိုက်စေလိမ့်မယ်။ ဒါကြောင့် ကျွန်မက ပြိုင်ပွဲတစ်ခုလုပ်ဖို့ အဆိုပြုခဲ့တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ရှုံးနိမ့်သွားလိမ့်မယ်လို့တော့ မထင်ခဲ့ဘူး။ ဒါပေမဲ့ အဲ့တော့ ဘာဖြစ်လဲ။ ဧကရီတစ်ပါးအနေနဲ့ ကျွန်မကတော့ အလျှော့ပေးမှာ မဟုတ်ဘူး...။ တဖြည်းဖြည်းနဲ့ စုရွှမ်မှာ တစ်ခုခု မှားနေတယ်ဆိုတာကို ကျွန်မ ရှာဖွေတွေ့ရှိခဲ့တယ်။ ကြောက်မက်ဖွယ်ကောင်းတဲ့ ခန္ဓာကိုယ်၊ အဆုံးမရှိတဲ့ တန်ခိုးစွမ်းအားတွေ၊ တရိပ်ရိပ်တက်လာတဲ့ ကျင့်ကြံမှုအဆင့်တွေ...။

