ငါမိန်းမကို တိုက်ခိုက်ရဲ့တာလား။ သေခြင်းတရားဆိုတဲ့စကားလုံးကို ဘယ်လိုရေးရမလဲမသိတာလား
Vol. 3 Ch. 35
ဤအခိုက်အတန့်တွင် လင်းတိ၏စိတ်ထဲမှ ဧကရာဇ်၏ ကြွင်းကျန်သောဝိညာဉ်ပင်လျှင် ကြက်သေသေသွားလေသည်။ ယခု ဤခန္ဓာကိုယ်ကို ထိန်းချုပ်နေသူမှာ သူပင်ဖြစ်သည်။ သူသည် ကြွယ်ဝသော တိုက်ခိုက်ရေးအတွေ့အကြုံများ ရှိရုံသာမက သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း များစွာ တိုးတက်လာခဲ့သည်။
သို့သော် ဤအခြေအနေ၌ပင် သူ ရှုံးနိမ့်သွားခဲ့သည်လ။ ဤသည်မှာ မည်သို့ ဖြစ်နိုင်မည်နည်။
တစ်ချိန်က သူသည် ခေတ်တစ်ခေတ်လုံးကို ဖိနှိပ်နိုင်ခဲ့သော ကြောက်မက်ဖွယ်ရာ ဖြစ်တည်မှုတစ်ခု ဖြစ်ခဲ့သည်။
ယခုမူ မိန်းကလေးငယ်တစ်ဦး၏ အရှက်ခွဲခြင်းကို ခံနေရ၏။ ဤမိန်းကလေးသည်လည်း ဧကရာဇ်တစ်ပါး ဝင်စားလာခြင်းများ ဖြစ်နေမလား။
“ရှင်က ကျွန်မကို မဖိနှိပ်နိုင်ဘူးထင်တယ်”
လမ့်ရိုလီသည် သူမ၏ နှုတ်ခမ်းနီလေးကို ဖွင့်ဟလိုက်ပြီး သူမ၏ ကျောက်စိမ်းကဲ့သို့သော လက်များကို လှုပ်ရှားလိုက်သည်။ ရုတ်တရက် အနီရောင်တိုက်ကွက်တစ်ခု ထပ်မံထွက်ပေါ်လာသည်။
လေဟာနယ်ထဲတွင် မန္တန်များ ယှက်ဖြာသွားပြီး စွမ်းအင်များ တိုးထွက်လာခဲ့သည်။
“မဟုတ်ဘူး။ ဒါက မဖြစ်နိုင်ဘူး။ ငါက ဘယ်လိုလုပ် ရှုံးနိမ့်နိုင်မှာလဲ”
လင်းတိ၏ မျက်လုံးများမှာ သွေးရောင်လွှမ်းနေပြီး သူသည် မိန်းကလေးငယ်တစ်ဦး၏ ဖိနှိပ်ခြင်းကို ခံရမည်ဟု မည်သည့်အခါကမျှ မတွေးထင်ခဲ့ပေ။ တစ်ခဏအတွင်း၌ လင်းတိသည် သူ၏ လျှို့ဝှက်ကျင့်စဉ်များကို ထုတ်သုံးလိုက်သည်။
ရုတ်တရက် ရွှေရောင်လက်ကြီးတစ်ဖက်သည် လေဟာနယ်ထဲ၌ စုစည်းလာပြီး တလက်လက်တောက်ပနေသော ရွှေရောင်အလင်းတန်းများကြောင့် လူအများသည် တိုက်ရိုက်မကြည့်ဝံ့ဘဲ မျက်လုံးများပင် ဖွင့်ရန် ခက်ခဲနေသည်။
ဘုန်း
သို့သော် သူသည် လမ့်ရိုလီ၏ ပြိုင်ဘက်မဟုတ်သေးဘဲ သူမ၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။
ရွမ်းး
အနီရောင်အလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်။ လင်းတိ၏ အသက်သည် တစ်ခဏအတွင်း၌ ပျောက်ကွယ်သွားသည်။
ရှီး...
တစ်ခဏအတွင်း၌ နေရာတစ်ခုလုံး တိတ်ဆိတ်သွားပြီး မည်သည့်အသံမျှ မကြားရတော့ပေ။
တစ်ခဏမျှသာ သာမန်ပါရမီရှင်များဖြစ်စေ၊ ထိပ်တန်းပါရမီရှင်များဖြစ်စေ အားလုံး ကြက်သေသေသွားကြသည်။
လူတိုင်းသည် အဖြူရောင်ဝတ်စုံနှင့် ရင်သပ်ရှုမောဖွယ် ပုံရိပ်ကို အံ့ဩတကြီး စိုက်ကြည့်နေကြသည်။ ကြောက်စရာကောင်းလှ၏။ အလွန်ပင် ကြောက်စရာကောင်းလှ၏။
ဤသည်မှာ သူတို့မျိုးဆက်မှ လူတစ်ယောက်ဖြစ်သည်ဟု စိတ်ကူးရန်ပင် ခက်ခဲလှသည်။
“ရှင်တို့အားလုံး ကျွန်မဆီကနေ အမတဆေးကို လုယူဖို့ ကြိုးစားချင်သေးလား”
လမ့်ရိုလီသည် လှည့်ကြည့်လိုက်ပြီး ရှိနေသော ပါရမီရှင်များကို တစ်ချက် ကြည့်လိုက်သည်။
တစ်ခဏအတွင်း၌ သူတို့၏ စိတ်ဝိညာဉ်အနက်ရှိုင်းမှ ကြောက်ရွံ့မှုတစ်ခုသည် သူတို့၏ ခန္ဓာကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်လာသည်။
“မ...မဝံ့ပါဘူး” ပါရမီရှင်တစ်ဦးက အလျင်အမြန် ခေါင်းခါလိုက်သည်။
“ဒီခံစားချက်က အရမ်း ရင်းနှီးနေသလိုပဲ”
ကျီဖူမြင့်မြတ်နယ်မြေမှ သူတော်စင်သားတော်၊ ယောင်ကွမ်းမြင့်မြတ်နယ်မြေမှ သူတော်စင်သမီးတော်နှင့် ဓားခန်းမ ဆက်ခံသူတို့ အားလုံး တုန်လှုပ်သွားကြသည်။ သူတို့သည် ဤခံစားချက်နှင့် အလွန် ရင်းနှီးနေသည်။
နောက်ဆုံး တာယန်တောင်ထွတ်ကိုးခုပြိုင်ပွဲတွင် စုရွှမ်အပေါ်၌ ဤသို့သော ရင်တုန်မှုမျိုးကို သူတို့ ခံစားခဲ့ရသည်။ ထိုအချိန်က စုရွှမ်ကို ရင်ဆိုင်ရခြင်းသည် တောင်တစ်လုံးကို ရင်ဆိုင်ရသကဲ့သို့ တက်မကျော်နိုင်သကဲ့သို့ ရှိခဲ့သည်။
ယခု လမ့်ရိုလီကို ရင်ဆိုင်ရသောအခါ သူတို့တွင် အလားတူ ခံစားချက်မျိုး ဖြစ်ပေါ်လာပြန်သည်။
ဤသည်မှာ သူတို့ပြောလေ့ရှိသော "တစ်အိမ်တည်းသားတွေက အတူတူနဲ့နူနူပဲ" ဆိုသည့် အဓိပ္ပာယ်လား။
“ချမ်းသွမ့်အဆင့်ကို ရောက်နေတဲ့ လင်းတိတောင် သူ့လက်ချက်နဲ့ သေသွားမှတော့ ငါတို့ တက်သွားလဲ ဘာထူးမှာလဲ။ ငါတို့လည်း ကြိတ်ချေခံရမှာပဲ မဟုတ်လား”
ပါရမီရှင်အားလုံးသည် ထိုသို့ တွေးလိုက်ကြသည်။
ဤအခိုက်အတန့်တွင် ကျန်းမိသားစု၏ ဧကရာဇ်သားတော် ကျန်းဝူကျီ၊ ယဲ့မိသားစု၏ ဧကရာဇ်သားတော် ယဲ့ယွင်နှင့် ပိုင်မိသားစု၏ ဧကရာဇ်သားတော် ပိုင်ရှန့်တို့ အားလုံးတွင် တူညီသော အတွေးတစ်ခု ရှိနေသည်။
ရှေ့ပိုင်းစွန့်ပစ်နယ်မြေမှ နံပါတ်တစ် ပါရမီရှင်သည် ဤအမျိုးသမီး၏ လက်ထဲတွင် လွယ်ကူစွာ ဖိနှိပ်ခံလိုက်ရသည်ဖြစ်ရာ သူတို့ တက်သွားလျှင်ရော ဘာထူးမည်နည်။
မည်သူမျှ စကားမပြောသည်ကို မြင်သောအခါ လမ့်ရိုလီသည် ကြာပန်းခြေလှမ်းများဖြင့် အလင်းတန်းများ တောက်ပနေသော မီးခိုးရောင်မြူခိုးများ၏ နက်ရှိုင်းရာဆီသို့ ဖြည်းညင်းစွာ လျှောက်သွားသည်။ ထိုနေရာသည် အမတဆေး ဖီးနစ်သစ်သီး ရှိရာနေရာ ဖြစ်သည်။
ရှေ့ပိုင်းစွန့်ပစ်နယ်မြေမှ ပါရမီရှင်များစွာသည် အကူအညီမဲ့နေပြီး လမ့်ရိုလီ အမတဆေးဆီသို့ ချဉ်းကပ်သွားသည်ကို ကြည့်နေရုံမှတစ်ပါး အခြားမရှိချေ။
ဤအခိုက်အတန့်တွင် ရုတ်တရက် ပြင်းထန်သော တိုက်ကွက်နှစ်ခုသည် လမ့်ရိုလီထံသို့ တစ်ချိန်တည်းမှာပင် ဦးတည်လာသည်။
“အွမ်”
လမ့်ရိုလီသည် သူမ၏ နောက်မှ တိုက်ကွက်ကို အာရုံခံမိလိုက်သည်။ သို့သော် နောက်ကျသွားခဲ့ပြီ။
ချီစွမ်းအင်ကို လျင်မြန်စွာ စုစည်းလိုက်သည်။
အနီရောင်အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး တိုက်ကွက်အများစုကို ချေဖျက်လိုက်သည်။
ဘုန်း
သို့သော်ယင်းက သူ့ကို ထိမှန်သွားဆဲဖြစ်ပြီး လွင့်ထွက်သွားသည်။ ဤအခိုက်အတန့်မှာပင် အဖြူရောင်ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာပြီး လမ့်ရိုလီကို ဖမ်းထိန်းလိုက်သည်။
အွမ်
လမ့်ရိုလီ အနည်းငယ် ကြောင်သွား၏။
မော့ကြည့်လိုက်ရာ အပြစ်ကင်းလုနီးပါး ပြီးပြည့်စုံသော ပန်းပုရုပ်ကဲ့သို့ ထုဆစ်ထားသည့် မျက်နှာတစ်ခု မြင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့သည်။စုရွှမ် ပင်။
လမ့်ရိုလီ၏ နှလုံးသည် တဒုတ်ဒုတ် ခုန်သွား၏။
သို့သော် သူမသည် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ကိုယ်ကို မတ်ကာ ပြန်လည် ရပ်လိုက်သည်။
“ကျေးဇူး... ကျေးဇူးတင်ပါတယ်”
လမ့်ရိုလီသည် စုရွှမ်ကို ကြည့်ကာ ညင်သာစွာ ကျေးဇူးတင်စကား ဆိုလိုက်သည်။ သူမ သိပ်မလိုလားသော်လည်း တစ်ဖက်လူက သူမကို ကူညီခဲ့သည် မဟုတ်ပါလား။
“မဟုတ်ဘူး။ ငါတို့နှစ်ယောက်ကြားမှာ ဒီလိုစကားတွေ ပြောဖို့မလိုဘူး”
စုရွှမ်သည် လမ့်ရိုလီကို ပြုံးကြည့်ကာ ညင်သာစွာ ပြောလိုက်သည်။
“ရှင်...”
လမ့်ရိုလီသည် စုရွှမ်ကို ချေပရန် ပြင်လိုက်စဉ်မှာပင် စုရွှမ်သည် ထိုနေရာမှ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။
ဘုန်း! ဘုန်း!
စုရွှမ်သည် လက်သီးနှစ်ချက် ဆက်တိုက် ထိုးလိုက်သည်။ လွတ်မြောက်ရန် ကြိုးစားနေသော ပုံရိပ်နှစ်ခုမှာ အသားစများအဖြစ် ကြေမွသွားခဲ့သည်။
လူအများ ကြည့်လိုက်သောအခါမှ ယခုလေးတင် လှုပ်ရှားခဲ့သူများမှာ ဘူထျန်းနှင့် ကျဲ့ထျန်း ဟူသော အဓိကနတ်ဘုရားဂိုဏ်းကြီးနှစ်ခုမှ သူတော်စင်သားတော်များ ဖြစ်ကြောင်း သိလိုက်ရသည်။
“ငါမိန်းမကို တိုက်ခိုက်ရဲ့တာလား။ သေခြင်းတရားဆိုတဲ့စကားလုံးကို ဘယ်လိုရေးရမလဲမသိတာလား။”
"
စုရွှမ်၏ အေးစက်သော အသံသည် လူတိုင်း၏ နားထဲတွင် မိုးခြိမ်းသံကဲ့သို့ မြည်ဟည်းသွားပြီး လူများစွာကို သက်ပြင်းချစေခဲ့သည်။
ကံကောင်းစွာပင် သူတို့သည် စိတ်နှစ်ခွဖြစ်ပြီး ထိုအမျိုးသမီးကို မတိုက်ခိုက်ခဲ့မိပေ။
မဟုတ်ပါက သူတို့သည် ယခုအချိန်တွင် အသားစများဖြစ်နေလောက်ပြီ။ စုရွှမ်၏ မာန်ပါသော စကားကို ကြားသောအခါ လမ့်ရိုလီ၏ ပါးပြင်သည် အနည်းငယ် နီမြန်းသွားသည်။သူ အနည်းငယ် စိတ်လှုပ်ရှားမိသွားသည် မဟုတ်ပါလား။
သို့သော် လမ့်ရိုလီသည် ထူးဆန်းသော မျက်နှာအမူအရာဖြင့် စုရွှမ်ကို စိုက်ကြည့်လိုက်သည်။
အရှက်မရှိဘူးလား။
လမ့်ရိုလီ၏ အကြည့်ကို လျစ်လျူရှုကာ စုရွှမ်သည် သူမအနားသို့ တစ်ဖန် ချဉ်းကပ်လာသည်။
“ရိုလီ ငါ ခုနက ခန့်ညားခဲ့ရဲ့လား”
လမ့်ရိုလီ “...”
ပါရမီရှင်များ “......”
ဘုန်း!
ရုတ်တရက် နေရာတစ်ခုအတွင်းမှ မိုးခြိမ်းသံကဲ့သို့သော အသံတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ဤမြင့်မြတ်သော တံဆိပ်သည် လူတိုင်းကို လန့်သွားစေပြီး မီးခိုးရောင်မြူခိုးများ၏ နက်ရှိုင်းရာကို ကြည့်စေသည်။
ထိုနေရာတွင် ထူးဆန်းသော ခရမ်းအနက်ရောင် အလင်းတန်းတစ်ခု ထွက်ပေါ်နေသည်။
“အဲဒီမှာ အခေါင်းကြီးတစ်လုံး ရှိတယ်”
တစ်ယောက်ယောက်သည် သူ၏နတ်မျက်စိကျင့်စဥ်ကို သုံး၍ မြင်ကွင်းကို ရှင်းလင်းစွာ မြင်လိုက်ရပြီး အံ့ဩတကြီး အော်လိုက်သည်။
“ဘာလဲ။ အခေါင်းတလားလား။ ခုနက ဆူညံသံက အဲဒီအခေါင်းကနေ ထွက်လာတာလား”
“ငါထင်တာတော့... ဟုတ်မယ်ထင်တယ်”
“ချီးးး အဲဒီအခေါင်းထဲမှာ ကြောက်စရာတစ်ခုခုများ ရှိနေတာလား”
“...”
“အဓိပတိလျှို့ဝှက်နယ်မြေရဲ့ အပြောင်းအလဲတွေက ဒီအခေါင်းတလာယကနေ စတင်ခဲ့တာ ဖြစ်နိုင်တယ်”
စုရွှမ်သည် စိတ်ထဲမှ တွေးလိုက်ပြီး သူ၏ မျက်နှာအမူအရာမှာ ပို၍ တည်ကြည်လာသည်။ အဓိပတိလျှို့ဝှက်နယ်မြေဟူသည် အမည်နှင့်အညီ အဓိပတိတစ်ပါး ချန်ထားခဲ့သော လျှို့ဝှက်နယ်မြေပင် ဖြစ်သည်။
သို့ဆိုလျှင် ဤအခေါင်းတလားထဲမှ ခန္ဓာကိုယ်သည် အဓိပတိတစ်ပါး၏ ခန္ဓာကိုယ် ဖြစ်နိုင်ခြေ အလွန်များသည်။
ဘုန်း!
နောက်ထပ် အသံကျယ်ကြီးတစ်ချက် ထွက်ပေါ်လာသည်။
နောက်တစ်စက္ကန့်တွင် အခေါင်းသည် တဝီဝီ မြည်လာသည်။
“ဘာတွေဖြစ်နေတာလဲ။ အဲဒီအခေါင်းတလားထဲကနေ တစ်ခုခု တကယ် ထွက်လာတော့မှာလား”
ကျီဖူမြင့်မြတ်နယ်မြေမှ သူတော်စင်သည် သူ၏ မျက်နှာပေါ်တွင် အံ့ဩခြင်းနှင့် သံသယအမူအရာများ ပြသနေသည်။
“အတွင်းထဲက အရာက အဓိပတိရဲ့ အလောင်းများ ဖြစ်နေမလား”
ယောင်ကွမ်းမြင့်မြတ်နယ်မြေမှ သူတော်စင်သမီးတော်သည် မှိန်ဖျော့သော မြင့်မြတ်သည့်အလင်းတန်းဖြင့် ဝန်းရံထားပြီး အသင့်အနေအထား ဖြစ်နေ၏။
ရှီး
ယောင်ကွမ်းမြင့်မြတ်နယ်မြေမှ သူတော်စင်သမီးတော်၏ စကားကို ကြားသောအခါ လူတိုင်း မအောင့်နိုင်ဘဲ အသက်ရှူမှားသွားကြသည်။
ယောင်ကွမ်းမြင့်မြတ်နယ်မြေမှ သူတော်စင်သမီးတော်၏ အဆိုအရ ဒါက တကယ် ဖြစ်နိုင်ပုံရ၏။
ဘုန်း
နောက်တစ်စက္ကန့်တွင် ကြီးမားသော အနက်ရောင်အခေါင်းတလားသည် ပေါက်ကွဲသွားသည်။ တစ်ခဏအတွင်း၌ မရေမတွက်နိုင်သော မီးခိုးရောင်မြူခိုးများသည် အတွင်းမှ လျှံပယ်ထွက်လာပြီး အဆုံးမဲ့သော သမုဒ္ဒရာကဲ့သို့ အရာအားလုံးကို နစ်မြုပ်စေတော့မည့်အလား အဆုံးမရှိ စီးဆင်းလာသည်။
“မကောင်းတော့ဘူး၊ မြန်မြန် ချီစွမ်းအင်ကို စုစည်းပြီး ခုခံကြ”
ကျန်းမိသားစု၏ ဧကရာဇ်သားတော် ကျန်းဝူကျီက အသံကျယ်ဖြင့် အော်ဟစ်ကာ လူတိုင်းကို သတိပေးလိုက်သည်။ ကျန်းဝူကျီ၏ အသံကို ကြားပြီးနောက် လူတိုင်းသည် ထိတ်လန့်မှုမှ သတိပြန်ဝင်လာကြပြီး ခုခံကာကွယ်ရန် သူတို့၏ နည်းလမ်းများကို လျင်မြန်စွာ အသုံးပြုကြသည်။
သို့သော် အခေါင်းတလားထဲမှ တဟူးဟူးထွက်လာသော မီးခိုးရောင်မြူခိုးများမှာ အလွန်များပြားလှသည်။ ကျင့်ကြံမှုအဆင့် နိမ့်သော ပါရမီရှင်အချို့သည် သူတို့၏ ချီစွမ်းအင်ကို အသုံးပြုလိုက်သော်လည်း လုံးဝ ခုခံနိုင်ခြင်း မရှိကြောင်း တွေ့ရှိလိုက်ရသည်။ တစ်ခဏအတွင်း၌ သူတို့၏ ခန္ဓာကိုယ်များသည် ထူးဆန်းသော မီးခိုးရောင်မြူခိုးများကြောင့် တိုက်ရိုက် ကြေမွသွားပြီး အရိုးတစ်ပုံ ဖြစ်သွားသည်။
“ရှီးးး ကြောက်စရာကောင်းလိုက်တာ”
ကျန်ရှိသော ပါရမီရှင်များအားလုံး ကြောက်လန့်သွားကြပြီး သူတို့၏ ခန္ဓာကိုယ်များမှာ အနည်းငယ် တုန်ယင်နေသည်။