မိစ္ဆာနတ်ဘုရားသားတော် vs လင်းထျန်း (၂)
Vol. 7 Ch. 92
နှစ်ဦးသားမှာ ခုနစ်ဆယ့်ငါးထစ်အမြင့်သို့ ရောက်ရှိနိုင်ခြင်းအပေါ် ကျင့်ကြံသူအားလုံးမှာ အလွန်တရာ တုန်လှုပ်ခြောက်ခြားသွားကြသည်။
ဤသည်မှာ အလွန် စိတ်ကူးမယဉ်နိုင်စရာ ဖြစ်သည်။
“ခုနစ်ဆယ့်ငါးထစ်လားတကယ်ကို အံ့မခန်းလို့ ဆိုနိုင်တယ်... သမိုင်းမှာ အသန်မာဆုံး ကောင်းကင်ပါရမီရှင်... နှစ်တစ်သောင်းအကြာက ထိုအမျိုးသမီး... ရှစ်ဆယ်ထစ်အထိပဲ တက်လှမ်းနိုင်ခဲ့တယ်... နောက်ပိုင်းမှာ အမတနယ်မြေကို တက်လှမ်းသွားခဲ့တယ်…’’
နှစ်ဦးသား၏ နောက်ဆုံး ရောက်ရှိသွားသော အမြင့်ကို မြင်သောအခါ ချီဖုန်း၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အရောင်များ တောက်ပလာပြီး တိုးတိုးလေး ချီးကျူးလိုက်သည်။
ပထမစမ်းသပ်မှု၏ ပြိုင်ပွဲ ပြီးဆုံးသွားပြီး သူတို့သည် ချက်ချင်း ဒုတိယစမ်းသပ်မှုသို့ ထွက်ခွာသွားကြသည်။
ရှေးဟောင်းခေါင်းလောင်းထိုးခြင်း။
စည်းမျဉ်းမှာ အလွန် ရိုးရှင်းသည်။
နာမည်အတိုင်းပင် တန်ခိုးစွမ်းအင်ကို အသုံးပြု၍ ခေါင်းလောင်းကို ထိုးနှက်ပြီး ခေါင်းလောင်းကို တုန်ခါစေကာ အသံထွက်ပေါ်စေရန် ဖြစ်သည်။
ဤသည်မှာ အလွန် ရိုးရှင်းပုံရသည်။
သို့သော် ကြိုးစားကြည့်ဖူးသူများသာလျှင် ၎င်း မည်မျှ ခက်ခဲသည်ကို သိရှိကြသည်။
မြင့်မားသော စင်မြင့်ထက်တွင် ခေါင်းလောင်းကြီးတစ်ခု တည်ရှိနေပြီး အပေါ်တွင် အမျိုးမျိုးသော ရုန်းသင်္ကေတများ ထွင်းထုထားကာ ဖျော့တော့သော အလင်းတန်းကို ထုတ်လွှတ်နေသဖြင့် အလွန်ပင် ထူးဆန်းလှ၏။
“ဒီခေါင်းလောင်းကြီးကို ငါ သုံးချက်ပဲ ထိုးနိုင်တယ်... လေးချက်မြောက်ကိုတော့ ဘယ်လိုမှ ထိုးမထွက်နိုင်ဘူး…’’
“ဟုတ်တယ်... ဒီခေါင်းလောင်းကြီးထဲမှာ အားကောင်းတဲ့ တပ်ဖြန့်မှုပညာတစ်ခုခု ပါဝင်နေပုံရတယ်... တန်ခိုးစွမ်းအင်တိုက်ခိုက်မှုအများစုကို ချေဖျက်ပစ်နိုင်တယ်... အကြိမ်များများ ထိုးချင်တယ်ဆိုရင်တော့ အလွန်အားကောင်းတဲ့ ချီနဲ့သွေး လိုအပ်လောက်တယ်…’’
ကျင့်ကြံသူတစ်ဦးက ဆွေးနွေးရင်း ချီးကျူးလိုက်သည်။
မိစ္ဆာနတ်ဘုရားသားတော်နှင့် လင်းထျန်းမှာ တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက် မကျေမနပ်ဖြစ်ကာ ခေါင်းလောင်းကို စတင် ထိုးနှက်လိုက်ကြသည်။
ဦးစွာ မိစ္ဆာနတ်ဘုရားသားတော်မှာ သူ၏ အရှိန်အဝါကို အပြည့်အဝ ထုတ်ဖော်လိုက်ပြီး ကိုယ်ခန္ဓာတစ်ခုလုံးကို ထူထဲသော မိစ္ဆာချီဖြင့် လွှမ်းခြုံထားကာ သတ်ဖြတ်လိုစိတ်တစ်ခုမှာ ကောင်းကင်ဘုံကိုးထပ်သို့ တိုးဝင်သွားသည်။
နောက်တစ်ခဏတွင် သူ၏ လက်ထဲတွင် အလွန်တရာ သန့်စင်သော မိစ္ဆာချီတစ်ခုကို စုစည်းလိုက်ပြီး ပြင်းထန်စွာ တစ်ချက် ထိုးထုတ်လိုက်သည်။
ဒေါင်...။
ကောင်းကင်နှင့်မြေကြီးကြားတွင် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး လေဟာနယ်ကို တုန်ခါစေကာ ကောင်းကင်သို့ ပဲ့တင်ထပ်သွားပြီး အလွန် ဝေးကွာသော နေရာအထိ ပျံ့နှံ့သွားသည်။
တစ်ခဏအတွင်းမှာပင် ကောင်းကင်နှင့်မြေကြီးမှာပင် ၎င်းနှင့်အတူ လိုက်လံတုန်ခါနေသကဲ့သို့ ရှိနေ၏။
ဤသည်က ကျင့်ကြံသူများစွာကို အလွန် အံ့အားသင့်စေသည်။
ကြောက်စရာကောင်းတဲ့ ခွန်အား။
ဒေါင်... ဒေါင်... ဒေါင်...
မိစ္ဆာနတ်ဘုရားသားတော်မှာ တုံ့ဆိုင်းမနေဘဲ ဆက်လက် အားထုတ်ကာ တစ်ချက်ပြီးတစ်ချက် ထိုးနှက်လိုက်သည်။
နောက်ဆုံးတွင် ခုနစ်ချက်အထိ ထိုးနှက်နိုင်ခဲ့သည်။
အမ်...
ဤသို့သော ခမ်းနားသည့် စွမ်းဆောင်ရည်ကြောင့် မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ အသက်ရှူမှားသွားကြပြီး မျက်လုံးသူငယ်အိမ်များ ပြင်းထန်စွာ ကျုံ့ဝင်သွားကာ သူတို့၏ မျက်နှာများမှာ မယုံနိုင်သော အမူအရာများဖြင့် ပြည့်နှက်နေသည်။
ခုနစ်ချက်။ ခုနစ်ချက်အထိ ထိုးနှက်နိုင်ခဲ့၏။
ဤသည်မှာ အလွန် အံ့ဩစရာကောင်းပြီး အခြားကောင်းကင်ပါရမီရှင်များထက် များစွာ သာလွန်နေသည်။
အခြားကောင်းကင်ပါရမီရှင်များအတွက်မူ ငါးချက် ထိုးနှက်နိုင်လျှင်ပင် အလွန် ဂုဏ်ယူစရာ ဖြစ်နေပြီ ဖြစ်သည်။
“မင်းအလှည့်ပဲ... ကောင်းကင်ပါရမီရှင်စာရင်း ပထမနေရာက မင်းင ငါ့ကို စိတ်မပျက်စေလောက်ဘူးမလား…’’
မိစ္ဆာနတ်ဘုရားသားတော်မှာ ခပ်ဖွဖွ ပြုံးလိုက်ပြီး သူ၏ မျက်နှာထက်တွင် လှောင်ပြောင်သော အမူအရာတစ်ခု ပေါ်လာကာ အခြားတစ်ဖက်မှ လင်းထျန်းကို ကြည့်လိုက်သည်။
သိသာထင်ရှားစွာပင် သူသည် တစ်ဖက်လူ၏ ကောင်းကင်ပါရမီရှင်စာရင်း ပထမကို ထပ်မံ၍ လှောင်ပြောင်နေခြင်း ဖြစ်သည်။
“ဟားဟား... မင်း ဘာတွေ ဟန်ဆောင်နေတာလဲ မသိဘူး..’’.
လင်းထျန်းမှာ အေးစက်စွာ ဟောက်လိုက်ပြီး အရှိန်အဝါကို ထုတ်လွှတ်ကာ တန်ခိုးစွမ်းအင်ကို လက်ဖဝါးတွင် စုစည်းကာ တစ်ချက် ထိုးလိုက်သည်။
ဒေါင်...။
ထိုနည်းတူစွာ ကောင်းကင်နှင့်မြေကြီးမှာ တုန်ခါသွားသည်။
ဒေါင်... ဒေါင်... ဒေါင်...
...
လင်းထျန်းမှာ တစ်ရှိန်ထိုး ဆက်လက်၍ လက်သီးများ ဝှေ့ယမ်းလိုက်သည်။
နောက်ဆုံးတွင်မူ ခုနစ်ချက်အထိ ထိုးနှက်နိုင်ခဲ့သော စွမ်းဆောင်ရည်ကို ရရှိခဲ့သည်။
“ အမ်.. လင်းထျန်းကလည်း ခုနစ်ချက်ထိ ထိုးနိုင်တယ်... ငါတို့ အလယ်ပိုင်းဒေသရဲ့ ကောင်းကင်ပါရမီရှင်စာရင်း ပထမ ဆိုတဲ့အတိုင်းပဲ... အရမ်းကြောက်စရာကောင်းတယ်... ဒီနှစ်ယောက်... နှစ်ယောက်လုံး အရမ်းအံ့ဩစရာကောင်းတာပဲ…’’
“နှစ်ယောက်စလုံးက ပြိုင်ဘက်ကင်း ကောင်းကင်ပါရမီရှင်တွေပဲ... ဒါပေမဲ့ ဒါက အနိုင်အရှုံး ခွဲလို့မရဘူးထင်တယ်…’’
“ဒီကောင်လေးနှစ်ယောက်လုံးက ခုနစ်ချက်... မဆိုးဘူး... အရင်က ငါက ခြောက်ချက်ပဲ... နှစ်တစ်သောင်းအကြာက ဒီအမျိုးသမီးလည်း ရှစ်ချက်ပဲ…’’
ချီဖုန်းမှာ တိုးတိုးလေး ရေရွတ်လိုက်သည်။
“ခုနစ်ချက်... ဒီလောက်ပါပဲ…’’
လင်းထျန်းမှာ မိစ္ဆာနတ်ဘုရားသားတော်ကို ကြည့်၍ တည်ငြိမ်စွာ ဆိုလိုက်ပြီး လေသံတွင် မထီမဲ့မြင်ပြုသည့် အငွေ့အသက်များ ပါဝင်နေသည်။
“ဟားဟား... မင်းကရော ဘာတွေ ဟန်ဆောင်နေတာလဲ... ဒါက မင်းရဲ့ အဆုံးစွန် မဟုတ်ဘူးလား…’’
မိစ္ဆာနတ်ဘုရားသားတော်က အေးစက်စွာ ပြန်လည်တုံ့ပြန်လိုက်သည်။
အမှန်တကယ်တွင် နှစ်ဦးသား၏ အဆုံးစွန်မှာ ခုနစ်ချက်ပင် ဖြစ်သည်။
သို့သော် နှစ်ဦးသားလုံးမှာ လက်မခံဘဲ ပါးစပ်ဖြင့်သာ အနိုင်ယူလိုကြသည်။
“နောက်ဆုံးစမ်းသပ်မှုမှာ သေမသွားစေနဲ့ဦး’’
မိစ္ဆာနတ်ဘုရားသားတော်၏ မျက်နှာမှာ မည်းမှောင်နေပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။