← Chapters

ကျိမိသားစုမှ လူ ရောက်လာသည် (၂)

Vol. 8 Ch. 102

ကျိမိသားစုမှ လူ ရောက်လာသည် (၂)

Vol. 8 Ch. 102

သကြားရုပ်မှာ အလွန် ကောင်းမွန်စွာ ဆွဲထားပြီး အသက်ဝင်လှကာ လမ့်ရိုလီ၏ အငွေ့အသက်အချို့ကိုပင် အမှန်တကယ် ဆွဲပြနိုင်ခဲ့သည်။

ဤဆိုင်ပိုင်ရှင်မှာလည်း သာမန်လူတစ်ယောက် မဟုတ်ကြောင်းကို စုရွှမ် သိလိုက်သည်။

သို့သော် ဤနေရာသည် မည်ကဲ့သို့သော နေရာဖြစ်သည်ကို စဉ်းစားမိချိန်တွင် အရာအားလုံးမှာ သဘာဝကျကြောင်း ခံစားလိုက်ရသည်။

ဆက်လက် လျှောက်လှမ်းလာခဲ့ရာ ၊ စုရွှမ်နှင့် လမ့်ရိုလီတို့နှစ်ဦးစလုံးမှာ မြို့ပြ၏ အငွေ့အသက်ထဲတွင် လုံးဝ နစ်မြုပ်သွားခဲ့သည်။

အချိန်မှာ ကုန်ဆုံးလာပြီး မကြာမီပင် ညနေစောင်းသို့ ရောက်ရှိလာခဲ့သည်။

နေဝင်ချိန်၏ ရောင်ခြည်များမှာ ကျဆင်းလာပြီး လမ်းမကြီးတစ်ခုလုံးကို လိမ္မော်ရောင်ကမ္ဘာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားစေကာ အလွန် လှပတင့်တယ်လှသည်။

နေဝင်ချိန်အောက်တွင် စုရွှမ်သည် လမ့်ရိုလီအတွက် ပစ္စည်းတစ်ခုကို ဝယ်ယူပေးလိုက်သည်။

“ရိုလီ… ဒါက နေဝင်ချိန်ပန်းပဲ… မင်းကို ထာဝရ နုပျိုစေပြီး အလှဆုံးအရွယ် ဖြစ်အောင် အမြဲ ထိန်းသိမ်းပေးထားမယ်လို့တော့ မဟုတ်ပေမဲ့..ဒါပေမဲ့ ဒါက ငါ မင်းအပေါ်မှာ ထားတဲ့ ဆုတောင်းတစ်ခုလို့ပဲ သဘောထားလိုက်ပါ…”

စုရွှမ်သည် ထူးဆန်းသော အလင်းများဖြင့် တောက်ပပွင့်လန်းနေသော ပန်းတစ်ပွင့်ကို ပေးအပ်လိုက်သည်။

လမ့်ရိုလီမှာ ကြောင်အမ်းသွားပြီး နေဝင်ချိန်အောက်တွင် အနည်းငယ် မျက်နှာပျက်သွားသည်။

သူမ၏ စိတ်ထဲတွင် လှိုင်းတံပိုးများ ရိုက်ခတ်သွားသည်။

စုရွှမ်၏ လေးနက်သော အမူအရာကို ကြည့်၍ ခဏတာ တိတ်ဆိတ်သွားပြီးနောက် ၊ သူမသည် ပန်းကို လက်ခံလိုက်သည်။

“ကျေးဇူးတင်ပါတယ်… စုရွှမ်…”

လမ့်ရိုလီသည် တိုးတိုးလေး ဆိုလိုက်ပြီး ၊ သူမ၏လေသံမှာ နူးညံ့ပေသည်။

“ဟားး… ငါ့မိန်းမ… စိတ်လှုပ်ရှားသွားတာလား…”

စုရွှမ်သည် ယခင်ကဲ့သို့ အလေးအနက်မရှိသော အမူအရာ အဖြစ်သို့ ပြန်လည်ရောက်ရှိသွားသည်။

လမ့်ရိုလီမှာ စကားမဲ့သွားသည်။

လမ့်ရိုလီသည် စုရွှမ်ကို မျက်စောင်းထိုးလိုက်ပြီး သူ့ကို ထပ်မံ၍ အာရုံမစိုက်တော့ချေ။

သို့သော် သူမ၏ စိတ်ထဲတွင်မူ ပြန်ဖြေလိုက်သည် ။

အင်း.. စိတ်လှုပ်ရှားခဲ့တယ်…

ကောင်းကင်မှာ မှောင်စပြုလာပြီး စုရွှမ်နှင့် လမ့်ရိုလီတို့မှာ ကျောင်းတော်သို့ ပြန်ရန် ပြင်ဆင်လိုက်ကြသည်။

ကျောင်းတော်သည် သူတို့အတွက် ကျင့်ကြံရန် နေရာတစ်ခု ပြင်ဆင်ပေးထားသည်။

လူသူကင်းမဲ့သော လမ်းတစ်ခုအ‌ရောက်တွင် စုရွှမ်၏ ခြေလှမ်းများမှာ ရုတ်တရက် ရပ်တန့်သွားသည်။

“ရောက်လာပြီးမှတော့ ဘာလို့ ပုန်းလျှိုးကွယ်လျှိုး လုပ်နေသေးတာလဲ…”

စုရွှမ်သည် လေဟာနယ် တစ်နေရာကို စိုက်ကြည့်၍ အေးစက်စွာ ဆိုလိုက်သည်။

သူ့ကို သတ်ရန်ကြံစည်ဝံ့ပါက ထိုသူ၏ သူ့လက်ချက်ဖြင့် သေဆုံးရန် ပြင်ဆင်ထားရပေလိမ့်မည်။

လမ့်ရိုလီသည် မျက်မှောင်ကြုတ်လိုက်သည်။ သူမသည်လည်း ထိုအငွေ့အသက်ကို ခံစားမိသော်လည်း အနည်းငယ် မသေချာခဲ့ပေ။

“ကောင်လေး… တော်သားပဲ… ငါ့ကို မြင်နိုင်တယ်တဲ့လား…”

လေဟာနယ်ထဲတွင် အရိပ်တစ်ခု ပေါ်ထွက်လာသည်။

၎င်းမှာ ခရမ်းရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး အရှိန်အဝါမှာ တည်ငြိမ်ကာ သာမန်မဟုတ်သည်ကို မြင်နိုင်သည်။

“ကျိမိသားစုကလူလား…”

စုရွှမ်သည် မျက်ခုံးတွန့်သွားပြီး ၊ သူ၏ လေသံမှာ တည်ငြိမ်နေသည်။

အကယ်၍ ကျိမိသားစုဖြစ်ပါက ၊ စုရွှမ် နားလည်သွားပြီ ဖြစ်သည်။

ကျိမိသားစု၏ လေဟာနယ်ကျမ်းသည် အရှိန်အဝါနှင့် ကျင့်ကြံမှုအဆင့်ကို ကောင်းစွာ ဖုံးကွယ်နိုင်သည်။

သူသည် တာယန်မြင့်မြတ်နယ်မြေတွင် ကျိမိသားစု၏ ဆက်ခံသူကို ဖျက်ဆီးခဲ့သည်။

“မင်း ဘယ်လိုလုပ် သိသွားတာလဲ…”

ထိုအမျိုးသားသည် ရှုပ်ထွေးသွားသည်။

“မိုက်မဲတဲ့ကောင်… မင်းရဲ့ ဝတ်ရုံပေါ်မှာ ရေးထိုးထားတယ် မဟုတ်လား…”

စုရွှမ်သည် ထိုအနှီလူအား အရူးတစ်ယောက်ကို စိုက်ကြည့်နေသကဲ့သို့ ကြည့်ရှုလိုက်သည်။

အမျိုးသားသည် ထိုစကားကို ကြားသည်နှင့် သူ၏ ကိုယ်ပေါ်သို့ ပြန်ကြည့်လိုက်ရာ အမှန်ပင် “ကျိ” ဟူသော စာလုံးကြီးတစ်လုံး ရှိနေသည်။

“ကောင်လေး… ငါက ကျိမိသားစုကလူဆိုတာ မင်းသိပြီးမှတော့ ဒီနေ့ မင်း သေရမယ်ဆိုတာကိုလည်း မင်း နားလည်သင့်တယ်…”

အမျိုးသားက ပြန်ပြောလိုက်သည်။ ၎င်း၏ လေသံသည် အေးစက်ပြီး လူကို ရေခဲတောင်ထဲသို့ ကျဆင်းသွားစေသကဲ့သို့ ရှိ‌ပေသည်။

သူသည် အမှန်အားဖြင့် ကျိမိသားစု၏ သခင်ဖြစ်သူ ကျိချန်တောက်မှ စုရွှမ်ကို သတ်ရန် စေလွှတ်လိုက်သောသူ ဖြစ်သည်။

တစ်ခဏအတွင်းမှာပင် ၊ အမျိုးသားသည် သူ၏ အရှိန်အဝါကို နည်းနည်းမှ မထိန်းချုပ်တော့ဘဲ အားလုံးကို ထုတ်လွှတ်လိုက်ရာ အရှင်မြတ်တစ်ပါး ဖြစ်နေခဲ့သည်။

ထို့အပြင် အရှင်မြတ် နှောင်းပိုင်းအဆင့်ကို ရောက်ရှိထားပြီးသူ ဖြစ်သည်။

“ကောင်လေး… ငါတို့ သခင်ငယ်ကို အနိုင်ယူနိုင်တာ မင်း တော်တယ်… ဒါပေမဲ့ ငါနဲ့ ရင်ဆိုင်ရင်တော့ မင်းမှာ ခုခံနိုင်စွမ်း တစ်စုံတစ်ရာမှ ရှိမှာ မဟုတ်ဘူး…”

အမျိုးသား၏ လေသံအရ သူ့ကိုယ်သူ ယုံကြည်ချက် ပြင်းထန်‌သည်ကို သိနိုင်သည်။

သူ နားမလည်ခဲ့ချေ။ ကောင်လေးတစ်ယောက်ကို ရင်ဆိုင်ရန်အတွက် အဘယ်ကြောင့် သူ့လို စွမ်းအားရှင်တစ်ပါးကို စေလွှတ်ရသနည်း။

ဤသည်မှာ ကြီးမားသော ပစ္စည်းကို သေးငယ်သော နေရာတွင် အသုံးပြုခြင်းနှင့် တူပေသည် မဟုတ်လော။

“တကယ်ပဲ အပိုစကားတွေ များလွန်းတယ်…”

စုရွှမ်၏ နှုတ်ခမ်းထောင့်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။

သူ၏မျက်လုံးများကို မှိတ်လိုက်ပြီး ပြန်ဖွင့်လိုက်ချိန်တွင် တစ်ခဏအတွင်းမှာပင် စုရွှမ်၏ အရှိန်အဝါမှာ ကြီးမားစွာ ပြောင်းလဲသွားခဲ့သည်။

အထူးသဖြင့် သူ၏မျက်ဝန်းတစ်စုံ။

ထိုအတွင်း၌ ဟွမ်သွမ့်ချီများ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေပြီး မရေမတွက်နိုင်သော လောကများ ပါဝင်နေသကဲ့သို့ ဖန်တီးခြင်းနှင့် ဖျက်ဆီးခြင်းများ ဖြစ်ပေါ်နေသည်။

“ဒါက… မျက်လုံးနှစ်သွယ်…”

All Chapters