ခေါင်းကိုးလုံးခြင်္သေ့အားနိုင်ယူခြင်း
Vol. 3 Ch. 30
ချီးး
ထိုနေရာ၌ ရှိနေကြသော ပါရမီရှင်များ အားလုံးသည် ချက်ချင်းပင် အသက်ပြင်းပြင်း ရှူရှိုက်လိုက်ကြ၏။
နတ်နဂါးအသွင်ပြောင်းခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသော ရှေးဟောင်းမျိုးစိတ်အား သုတ်သင်ရှင်းလင်းခြင်း။ မည်သို့သော သတ်ဖြတ်စွမ်းအားမျိုးပါနည်း။
တာယန်မြင့်မြတ်သားတော်သည် ကောင်းကင်ဘုံ၏ ဆန္ဒအား အမှန်တကယ် ဆန့်ကျင်လိုသည်လား။
“ဒီလို ပြိုင်ဆိုင်မှုကြီးတဲ့ ခေတ်ကြီးမှာ တာယန်မြင့်မြတ်သားတော် ရှိနေတာနဲ့တော့ ငါတို့က အရံဇာတ်ပို့သက်သက်ပဲ ဖြစ်လာဖို့ပဲ ကံပါလာတာပဲ”
ပါရမီရှင်များစွာသည် သူတို့၏ ခံစားချက်များအား ထုတ်ဖော်ပြောကြဆို၏။ ဤအခိုက်အတန့်တွင် အဓိပတိလျှို့ဝှက်နယ်မြေအနီးသို့ ဘိုးဘေးနဂါးသိုက်မှ နဂါးသမီးတော်၊ ခေါင်းကိုးလုံးခြင်္သေ့နှင့် ကောင်းကင်ဝါးမျိုငှက်တို့သည် အသီးသီး အပြေးအလွှား ရောက်ရှိလာကြ၏။
ဤမျိုးနွယ်သုံးခုမှာ တောနက်ကြီးအတွင်း အင်အားအကြီးမားဆုံး မျိုးနွယ်စုများ ဖြစ်ကြသည်။ အဓိပတိလျှို့ဝှက်နယ်မြေမှာ ဖွင့်လှစ်ထားသည်မှာ အချိန်အတော်ကြာပြီဖြစ်ရာ သူတို့သည် ၎င်းအား စောင့်မျှော်နေခဲ့ကြပြီး ရရှိရန်မှာလည်း သန္နိဋ္ဌာန်ချထားပြီး ဖြစ်လေသည်။
သူတို့၏ ရုတ်တရက် ပေါ်ထွက်လာခြင်းကို သတိပြုမိလိုက်ကြ၏။ တစ်ခဏအတွင်း၌ အဓိပတိလျှို့ဝှက်နယ်မြေ အပြင်ဘက်ရှိ အခြေအနေမှာ ရုတ်ခြည်း တင်းမာသွားလေတော့သည်။ မကြာမီပင် အင်အားကြီးသူအားလုံးသည် အဓိပတိလျှို့ဝှက်နယ်မြေ အပြင်ဘက်သို့ စုရုံးရောက်ရှိလာကြသည်။
“ဟားဟား လူသားကောင်လေးတွေ မင်းတို့တွေ အခု ထွက်သွားလို့ရပြီ။ အဓိပတိလျှို့ဝှက်နယ်မြေထဲ ဝင်ခွင့်ရမယ့် အခွင့်အရေးက မင်းတို့နဲ့ဆိုင်ဖို့ ကံပါမလာဘူး” မောက်မာလှသော အသံတစ်သံ ထွက်ပေါ်လာ၏။
ထိုနေရာမှ ရွှေရောင်နတ်အလင်းတန်းသည် ကောင်းကင်နှင့် မြေကြီးတစ်ခွင်လုံးအား ထွန်းလင်းတောက်စေ၏။ တန်ခိုးကြီး၍ ခန့်ညားထည်ဝါသော ရွှေရောင်ခြင်္သေ့တစ်ကောင်သည် ကောင်းကင်ကို တုန်ခါစေလျက် လေထဲသို့ လှမ်းတက်လာလေသည်။
အထူးခြားဆုံး အချက်မှာမူ ၎င်း၌ ဦးခေါင်းကိုးလုံး ရှိနေခြင်းဖြစ်ပြီး သူ၏ သွေးနှင့် စွမ်းအင်များမှာ နက်ရှိုင်းသော ပင်လယ်ကြီးကဲ့သို့ တဟုန်ထိုး စီးဆင်းနေလေသည်။ တစ်ခဏအတွင်း၌ ခေါင်းကိုးလုံးရှိသော ခြင်္သေ့သည် တစ်ချိန်တည်း ဟိန်းဟောက်လိုက်ရာ ကောင်းကင်ထက်၌ မိုးကြိုးများ ပေါက်ကွဲသွားသည့်အလား အရှိန်အဝါမှာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှ၏။
“ဒါက ခေါင်းကိုးလုံးခြင်္သေ့မျိုးနွယ်ရဲ့ မြင့်မြတ်သားတော်ပဲ”
တစ်ခဏအတွင်း၌ ရှေ့ပိုင်းစွန့်ပစ်နယ်မြေမှ ကောင်းကင်ပါရမီရှင် အားလုံး တုန်လှုပ်သွားကြ၏။ သူတို့သည် ခေါင်းကိုးလုံးခြင်္သေ့မျိုးနွယ် အကြောင်းကိုမူ သဘာဝကျကျပင် သိရှိကြလေသည်။ ၎င်းမှာ အလွန်အမင်း ကြမ်းတမ်းရက်စက်သော ရှေးဟောင်းမျိုးနွယ်တစ်စုပင်။
လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းက ခေါင်းကိုးလုံးခြင်္သေ့မျိုးဆက်သည် ကမောက်ကမ ဖြစ်စေခဲ့ပြီး မည်သူမျှ တားဆီးနိုင်ခြင်း မရှိခဲ့ပေ။
နောက်ဆုံးတွင် လူသားမျိုးနွယ်မှ မဟာဧကရာဇ်တစ်ပါးသည် ခေါင်းကိုးလုံးခြင်္သေ့မျိုးဆက်အား အသွင်ပြောင်းစေကာ စီးတော်ယာဉ်အဖြစ် ပြောင်းလဲပစ်ခဲ့သည်။ ယနေ့ခေတ်ကာလတွင် ခေါင်းကိုးလုံးခြင်္သေ့ အရေအတွက်မှာ နည်းပါးသော်လည်း လောက၌ အဓိပတိ ပုဂ္ဂိုလ်များ ရှိနေသေးပြီး ကောင်းကင်ဘုံကိုးခုအဓိပတိဟု လူသိများလေသည်။
“ဒီခေါင်းကိုးလုံးခြင်္သေ့က သာမန်မဟုတ်ဘူး။ သူက ကောင်းကင်ဘုံကိုးအဓိပတိရဲ့ မျိုးဆက် ဖြစ်နေမလားပဲ” တစ်စုံတစ်ယောက်သည် သူ၏ ခန္ဓာကိုယ် တုန်ယင်နေလျက် ကြောက်ရွံ့စွာ ပြောဆိုလိုက်သည်။
သူ၏ နောက်တွင်မူ သေးငယ်သော အင်အားစုတစ်ခုသာ ရှိရာ ဤကဲ့သို့သော တည်ရှိမှုကို သူ မပြစ်မှားနိုင်ပေ။
“မင်းတို့က ဒီခေတ်လူသားမျိုးနွယ်ရဲ့ အသန်မာဆုံး ပါရမီရှင်တွေလား” ခေါင်းကိုးလုံးခြင်္သေ့၏ မျက်လုံးများမှ ရွှေရောင်အလင်းများ လက်ခနဲ ဖြစ်သွားပြီး မောက်မာစွာ ပြောဆိုလိုက်သည်။
“ဟုတ်တယ်။ ငါတို့က ရှေ့ပိုင်းစွန့်ပစ်နယ်မြေက ထိပ်တန်းပါရမီရှင်တွေပဲ”
ချန်မိသားစု၏ ဧကရာဇ်သားတော် ချန်ချန်းရှန်းသည် စူးရှသော အကြည့်နှင့် ခိုင်မာသော ယုံကြည်ချက်တို့ဖြင့် ပြောဆိုလိုက်သည်။
ဝုန်း
ခေါင်းကိုးလုံးခြင်္သေ့သည် လက်သည်းတစ်ဖက်ဖြင့် ရိုက်ချလိုက်၏။
ချန်ချန်းရှန်းမှာ အသားစအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
ချီးးး
ယခုအခါတွင်မူ လူတိုင်း စိတ်အနှောင့်အယှက် ဖြစ်သွားကြလေသည်။
ဤခေါင်းကိုးလုံးခြင်္သေ့သည် ဧကရာဇ်မျိုးဆက်တစ်ဦးအား တိုက်ရိုက် သတ်ဖြတ်ရဲလောက်အောင် ရဲတင်းလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။ သူ လက်စားချေခံရမှာကို မကြောက်ရွံ့ဘူးလား။
“ငါ့လူကို ငါ့မျက်စိရှေ့မှာ သတ်ရဲတယ်ပေါ့၊ ခြင်္သေ့လေး။ ဒီတစ်ခါတော့ မင်းလမ်းကျဉ်းသွားပြီ” တည်ငြိမ်အေးစက်သော အသံတစ်သံသည် တိုးညင်းစွာ ထွက်ပေါ်လာသည်။
“ဟွမ်သွမ့်ကြာပန်းစိမ်းရယ်၊ ကောင်းကင်ဘုံကိုးခုသို့ အမတဘုရင်ဆင်းသက်ခြင်းရယ် ဒီလူသားကောင်လေးက ပါရမီရှိသားပဲ။ ငါ့နောက်လိုက်လုပ်ဖို့ အတော်ပဲ”
ခေါင်းကိုးလုံးခြင်္သေ့သည် မောက်မာနေဆဲပင်။ သူသည် စုရွှမ်အား ကြည့်ကာ ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
နောက်တစ်စက္ကန့်၌
ကောင်းကင်နှင့်မြေကြီးအား တစစီကြေမွသွားစေသော ထိတ်လန့်ဖွယ် လက်သီးတစ်ချက် ထွက်ပေါ်လာ၏။
လျှို့ဝှက်စကားလုံးကျိန်စာ၊ ဆယ်ဆ တိုက်ခိုက်စွမ်းအား။
ပြန်လည်မွေးဖွားခြင်းလမ်းခြောက်သွယ် လက်သီးကွက်၏ စွမ်းအားသည် ကမ္ဘာလောကကြီးအား တုန်လှုပ်စေ၏။
ဘုန်း။
တစ်ခဏအတွင်း၌ ခေါင်းကိုးလုံးခြင်္သေ့သည် ကြောက်မက်ဖွယ် လက်သီးရောင်စဉ်ကြောင့် လွင့်စင်သွားလေ၏။
ဘုန်း ဘုန်း ဘုန်း။
စုရွှမ်သည် ခေါင်းကိုးလုံးခြင်္သေ့အား အသက်ရှူချိန် ပေးရန် ရည်ရွယ်ခြင်းမရှိဘဲ အလွန်အမင်း ကြမ်းတမ်းလှသော လက်သီးချက်များဖြင့် ဆက်တိုက် ထိုးနှက်၏။
လက်သီးသုံးချက်အပြီးတွင် မြေပြင်ထက်၌ ဝါးတားတား သွေးများနှင့် အသားစတို့သာ ကျန်ရစ်ခဲ့တော့၏။
ချီးး
ဤရက်စက်ကြမ်းကြုတ်လှသော မြင်ကွင်းကို မြင်တွေ့ရသောအခါ ရှေ့ပိုင်းစွန့်ပစ်နယ်မြေမှ ကောင်းကင်ပါရမီရှင်အားလုံး ထိတ်လန့်တုန်လှုပ်သွားကြလေသည်။ တစ်ချိန်တည်းမှာပင် အနာဂတ်တွင် မည်သူ့ကိုပင် ရန်ပြုသည်ဖြစ်စေ တာယန်မြင့်မြတ်သားတော်ကိုမူ မည်သည့်အခါမျှ ရန်မပြုသင့်ကြောင်း လူအများအပြားသည် သူတို့၏ စိတ်အတွင်း၌ လျှို့ဝှက်စွာ ပြောဆိုလိုက်ကြ၏။ ဤလူမှာ အလွန်အမင်း ရက်စက်လှသည်။
“ဟင်။ ခေါင်းကိုးလုံးခြင်္သေ့ ဘယ်မှာလဲ။ သူ ဘာလို့ ပျောက်သွားတာလဲ။ သူ ဒီကို အရင်ရောက်တာ မဟုတ်ဘူးလား” အခြားအသံတစ်သံ ထွက်ပေါ်လာသည်။
သို့သော် ဤတစ်ကြိမ်တွင်မူ နူးညံ့သော အမျိုးသမီးအသံတစ်သံ ဖြစ်သည်။ နောက်တစ်ခဏ၌ ကျော့ရှင်းလှပသော ပုံရိပ်တစ်ခုသည် ဤလေဟာနယ်အတွင်း ပေါ်ထွက်လာ၏။ သူမသည် အရပ်ရှည်ပြီး ဖြူစင်သော အသားအရေ၊ ရှည်လျားသော ခြေတံများနှင့် အပြစ်အနာအဆာကင်းသော မျက်နှာကို ပိုင်ဆိုင်ထားသည်။
“နဂါးသမီးတော်ပဲ။ သူပဲ သူလည်း ဒီကို ရောက်လာပြီ”
နဂါးသမီးတော်သည် နဂါးမျိုးနွယ်မှ ဆင်းသက်လာသူဖြစ်ပြီး တောနက်အုပ်ကြီးရှိ ဘိုးဘေးနဂါးသိုက် နေထိုင်၏။သူမ၏ ပေါ်ထွက်လာခြင်းမှာ အဓိပတိလျှို့ဝှက်နယ်မြေကြောင့် ဖြစ်သည်မှာ ပြောစရာပင် မလိုတော့ပေ။
“အစ်ကို ခေါင်းကိုးလုံးခြင်္သေ့ သေပြီလား။ ဘယ်သူက ငါ့အစ်ကိုကို သတ်ရဲတာလဲ” နဂါးသမီးတော် ပေါ်လာပြီးနောက် ရုတ်တရက် အေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည်။
ရုတ်တရက် ကောင်းကင်၏ အခြားတစ်ဖက်မှ လေပြင်းတစ်ချက် တိုက်ခတ်လာသည်။ ကောင်းကင်နှင့် နေကိုပင် ပိတ်ဆို့ထားသော ငှက်နက်ကြီးတစ်ကောင်သည် ထူထပ်သော တိမ်တိုက်များကြားမှ ထွက်ပေါ်လာ၏။ သူ၏ အတောင်နှစ်စုံမှာ ကောင်းကင်၌ ချိတ်ဆွဲထားသော တိမ်တိုက်များနှင့် တူလှသည်။
နီရဲသော မျက်လုံးတစ်စုံမှာ ချိတ်ဆွဲထားသော သွေးလမင်းနှစ်စင်းနှင့်ပင် တူနေသည်။ သူ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ဟောဟာနယ်ကို တုန်ခါစေပြီး ကြောက်မက်ဖွယ် သတ်ဖြတ်လိုသည့် အရှိန်အဝါများက လူသားပါရမီရှင်များစွာကိုမျက်နှာ ဖြူရော်သွားစေခဲ့သည်။
ကောင်းကင်ဝါးမျိုငှက်ပင်။
ရှေးခေတ်မတိုင်မီက ကောင်းကင်ဝါးမျိုငှက်မျိုးဆက်သည် အထွတ်အထိပ်သို့ ရောက်ရှိချိန်၌ ကောင်းကင်နှင့်မြေကြီးကို ဝါးမျိုခဲ့ပြီး သူ၏ ဘုန်းတန်ခိုးသည် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်ဟု ကောလာဟလများ ရှိခဲ့သည်။
သို့သော် နောက်ပိုင်းတွင် ခေါင်းကိုးလုံးခြင်္သေ့မျိုးနွယ်ကဲ့သို့ပင် သူသည် လူသားမဟာဧကရာဇ်၏ နှိမ်နင်းခြင်းကို ခံရကာ စီးတော်ယာဉ်ဖြစ်လာခဲ့သည်။ ယခုအချိန်၌သာ ပြန်လည် ထကြွလာမည့် အရိပ်အယောင်များ ရှိနေခြင်း ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူ၏ သွေးမျိုးဆက်၏ အစွမ်းသတ္တိမှာမူ ငြင်းဆိုဖွယ်မရှိပေ။ ထို့အပြင် ကောင်းကင်ဝါးမျိုငှက်မျိုးဆက်သည် အလွန်အမင်း ကြမ်းတမ်းရက်စက်ပြီး လူသားများ၏ အသားနှင့်သွေးကိုနှစ်သက်၏။
အထူးသဖြင့် လူသားမျိုးနွယ်မှ ပါရမီရှင်များသည် သူတို့၏ အနှစ်သက်ဆုံးအရာ ဖြစ်သည်။
ဝါးမျိုပြီးနောက်တွင် သူတို့၏ ကျင့်ကြံခြင်းအဆင့်ကိုပင် မြှင့်တင်နိုင်သေးသည်။ ဤ၌ ပေါ်ထွက်လာသည့်အခိုက်တွင် ကောင်းကင်ဝါးမျိုငှက်သည် သူ၏ နောက်၌ လှုပ်ယမ်းနေသော ဟွမ်သွမ့်ကြာပန်းစိမ်း၊ ကောင်းကင်၌ တင်ပျဉ်ခွေထိုင်နေသော အမတဘုရင်နှင့် မဟာဧကရာဇ် နတ်အသိနှစ်ခုဖြင့် ပေါ်ထွက်နေသော စုရွှမ်အား သတိပြုမိလိုက်သည်။
စုရွှမ်အား စိုက်ကြည့်နေသော ကောင်းကင်ဝါးမျိုငှက်၏ မျက်လုံးများသည် မီးပန်းကဲ့သို့ ထတောက်ပနေပြီး သိုးငယ်လေးတစ်ကောင်ကို မြင်လိုက်ရသော ဝံပုလွေကြီးတစ်ကောင်အလား ရုတ်တရက် စိတ်လှုပ်ရှားလာလေသည်။
မဟာဧကရာဇ်နတ်အသိနှစ်ခုသည် စုရွှမ်၏ ကြောက်မက်ဖွယ် ပါရမီကို ပြသရန် လုံလောက်နေပေသည်။ ထို့ကြောင့် ကောင်းကင်ဝါးမျိုငှက်သည် စုရွှမ်မှာ အလွန်အမင်း အစွမ်းထက်သော လူသားပါရမီရှင်တစ်ဦး ဖြစ်ကြောင်း ချက်ချင်း ဆုံးဖြတ်လိုက်သည်။
စုရွှမ်အား ဝါးမျိုခြင်းဖြင့် သူသည် သူ၏အစ်ကို ခေါင်းကိုးလုံးခြင်္သေ့အတွက် လက်စားချေနိုင်ရုံသာမက သူ၏ ကျင့်ကြံခြင်းအဆင့်ကိုပါ မြှင့်တင်နိုင်ပေမည်။ ၎င်းမှာ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပင် ဖြစ်၏။
ဤသို့ တွေးမိသောအခါ ကောင်းကင်ဝါးမျိုငှက်သည် သူ၏ ခြောက်သွေ့သော နှုတ်ခမ်းကို လျှာဖြင့် မသပ်ဘဲ မနေနိုင်တော့ဘဲ သွေးနံ့များမှာ လေထုထဲ၌ ပြည့်နှက်သွားသည်။
သူ၏ အရှိန်အဝါမှာ ချမ်းသွမ့်အဆင့် ပုဂ္ဂိုလ်တစ်ဦး၏ အရှိန်အဝါပင်တည်း။ သူသည် ချမ်းသွမ့်အဆင့်သို့ တက်လှမ်းး တစ်ဦးသာ ဖြစ်သော်လည်း သူမှာ အစစ်အမှန် ချမ်းသွမ့်အဆင့် ပုဂ္ဂိုလ်တစ်ဦးပင်။
“မင်းက အစ်ကို ခေါင်းကိုးလုံးခြင်္သေ့ကို သတ်လိုက်တာလား”
ကောင်းကင်ဝါးမျိုငှက်သည် သွေးလမင်းနှင့်တူသော သူ၏ နီရဲသော မျက်လုံးများဖြင့် စုရွှမ်အား မျက်တောင်မခတ်တမ်း စိုက်ကြည့်လိုက်ရာ သွေးဆာခြင်းနှင့် တောင့်တခြင်းတို့ဖြင့် ပြည့်နှက်နေသည်။
“ငှက်နက်တစ်ကောင်လား။ ငါ ဗိုက်ဆာနေတာနဲ့ အတော်ပဲ။ သူ့ကို ကင်ပြီးတော့ ငါ့စွမ်းအင်ကို ဖြည့်တင်းလို့ရတာပေါ့”
စုရွှမ်သည် တည်ငြိမ်စွာ ပြောဆိုလိုက်၏။ သူ၏ မျက်နှာထက်တွင် နှလုံးသားကိုပင် တုန်လှုပ်စေနိုင်သော တည်ငြိမ်အေးဆေးမှုများ ပြည့်နှက်နေလေသည်။